Thursday, March 31, 2011

မှိုငရုတ်ပွပြုတ်ကြော် နဲ့ ဝက်သားပြုတ်ကြော်

့အစကတော့ အေးဆေးသက်သာမှ ပိုစ့် ကို သေချာရေးမယ်ဆိုပြီး ပုံတွေ တင်ထားတာ။ ခုတော့ လုပ်စရာမရှိတာနဲ့ ရေးလိုက်တယ်။ တလောက ချက်စားတာပါ ပုံမှာ ဒိတ်ကြည့်ရင် သိလိမ့်မယ် ဝက်သားကတော့ မနက်ကတောင် စားခဲ့သေးတယ် မကုန်သေးဘူး။ ရေခဲသေတ္တာ (သိပ်မသစ်) ထဲမှာ ခဲထားတာ။ ဟိဟိ။

ဒီလိုလေ အစက သေချာရေးမယ် ဆိုတာ မင်းင်္သိခ လိုလို တနေ့သော အခါ မြေလတ်မြို့တနေရာဝယ်ကနေစရမလား ဆရာကြီး ရွှေဥဒေါင်း လို မိုးရွာပြီးစ မြေသင်းနံ့ကလေးနဲ့ စရမလား သော်တာဆွေလို ကျတော် မြင်းလှည်းမောင်းတဲ့အချိန်က နဲ့ စရမလား...ကိုတာရာလို တေးသွားများပျံလွင့်လာသည် နဲ့ စရမလား မင်းခိုက်စိုးစံ လိုမြူမှုန်များ ကျလာသော အကာလ ညအခါဝယ်နဲ့ စရမလား....စသဖြင့်ပေါ့ တွေးနေတာနဲ့ ကြာနေတာ အဲ့တာနဲ့ ပဲ အန်တီချမ်း လိုပဲ အစကတော့ နဲ့ စလိုက်တယ် ပြီးရော...ဘာမှသေချာမချက်စားဖြစ်တာလဲ ကြာပါပြီ စာလဲကောင်းကောင်းမရေးဖြစ်တာကြာပြီ ဘာမှသေချာမလုပ်ချင်ဘူးဖြစ်နေတယ် တနှစ်မှာ ၃ခါလောက် တခါကို ၄ လလောက် အဲ့လိုပဲ ဘာမှ လုပ်ချင်ကိုင်ချင်စိတ်မရှိဘဲ စိတ်လေနေတတ်တယ်.....တလောက ညဘက်ကြီး မနက်ပေါ့ ၃ နာရီလောက် ပန်းဈေး ကိုသွားတယ်(နန်းတော် မြဘုရားနားမှာ) ပန်းဈေးကနေ ဆက်သွားရင် အသီးအရွက်တွေ ဘာတွေ လက်လီလက်ကားရောင်းတဲ့နေရာရှိတယ် အများစုက အင်ပိုထ့်တွေပါ ကိုက်လန်တို့ မှုန်ညှင်းတို့ ထိုင်ဝမ်ဘက်ကလာတာတွေရောင်းတယ် မှိုလဲပေါပေါရတယ် ကီလိုလိုက် ဆိုရင် စားပါလေ့ပဲ
တခါတခါ စိတ်ကူးပေါက်ရင် ညဘက် အဲ့ကိုသွားတတ်တယ်။ အဲ့နေ့ကလဲ ရောက်တော့ မှိုတွေ တွေ့တာနဲ့ဝယ်လာဖြစ်တယ် ဆိုက် နှစ်ဆိုက် ကီလိုဝက်ဆီ (နောက်နေ့ကျတော့ ရေခဲသေတ္တာ၉ သိပ်မသစ်)ထဲထည့်ထားတာတောင် အရည်တွေထွက်ပြီးမဲကုန်တယ် မှိုတွေက ဆေးပြီးရောင်းတာလေ...ထားတော့ နောက် ပန်းငရုတ်တွေ တွေ့တာနဲ့မောင်က ကြော်စားချင်တယ်ဆိုပြီး ဝယ်လာတယ် ကိုယ်ကတော့ မကြိုက် ငရုတ်ပွတော့စားတယ်....

နောက်နေ့ကျတော့ ပန်းငရုတ်နဲ့ မှို ကိုရောကြော်မယ်တဲ့ ကိုယ်က မှို ကိုကြော်ချက်ကလေးစားချင်တာနဲ့ငရုတ်သီးစိမ်းထည့်ခိုင်းတယ် ငရုတ်သီးစိမ်းလဲ အဲ့ကနေပဲ ဝယ်တာ ဘတ် ၂၀ ဖိုး ကို တအိတ်ကြီးရတယ်....မောင့်ကိုတောင် ပြောဖြစ်သေးတယ် အဲ့ကနေ ကီလိုလိုက်ဝယ်ပြီး ကိုယ်တို့နားမှာ ဘန်းလေးနဲ့ ပြန်ထိုင်ရောင်းရင်တောင် တော်တော်မြတ်မယ်လို့ကိုယ်တို့နားက ဈေးလေးက နည်းနည်းဈေးကြီးတယ်။ထားပါတော့ ပြောရင်းနဲ့ တီချမ်းထုံးစံ ဘေးရောက်ပြန်ပြီ....





ကဲကဲ ပထမဆုံး ပန်းငရုတ်သီးတွေကို ဓါးစောင်းလေးလှီးထားပါမယ်။ တည့်တည့်လှီးလဲ ရပါတယ်။ တစောင်းလေးလှီးတော့ ပိုလှတာပေါ့။ (ပြောဖူးတယ်လေ ဖြစ်ကတတ်ဆန်းချက်ရအောင် မိန်းမလဲ မဟုတ်ဘူးလို့ ဟိ) ဘေးက ပုံ ၂ ကတော့ မှို ကိုရေးဆေးပြီး စစ်ထားတာပါ ပုံ ၃ ကတော့ ငရုတ်သီးပု ကို ဓါးပြားဖိ ထားပါမယ်။ ကြော်ရင် ထည့်ဖို့ ပါ။





ပုံ ၄ ၅ ၆ မှာ ပြထားတဲ့ အတိုင်း ပထမဆုံးဆီပူလာရင် ငရုတ်ပုသီး တွေကို ထည့်ကြော်ပါမယ် မွှေးလာပြီဆိုရင်တော့ ပန်းငရုတ်အလှည့်ပါ။ ပန်းငရုတ်လေးတွေ နည်းနည်းလေးနွမ်းပြီးဆိုရင် အောက် ကိုဆက်ကြည့်ပါ။





ပုံ ၇ အရ မှိုထည့်ပါမယ် ပြီးရင် နည်းနည်းလေး မွှေးလာအောင် ကြော်ပေးပါမယ်။ နောက်တော့ ရေလေးပါလေကာလောက်ထပ်ထည့်ပြီး ခဏ တည်ပေးပါတယ် ကြော်ချက် လုပ်တဲ့ သဘောပါ။ ရေခမ်းပြီးဆိုရင်တော့ ရပါပြီ။ ပန်းငရုတ်မှိုကြော်ချက်လေးပါ။





တွေ့တဲ့ အတိုင်း တီချမ်း မိုတိုထဲကလို လွယ်ကူမြန်ဆန် ရသာမှန် ပန်းငရုတ်မှို ကြော်ချက်လေးပေါ့။ ဘေးကတော့ ဝက်သား ပြုတ်ကြော်ပါ။ လွယ်လွန်လွန်းလို့ နည်းတောင် အဆင့်ဆင့် မပြတော့ပါဘူး။ ပြောပဲပြောလိုက်မယ် တီချမ်းစာဘတ်သူဆိုရင် လူလည်ချည်းပဲပေါ့နော့။ ဝက်သား ကိုရေဆေးပြီးတော့ အနေတော်လေး ကိုယ်လိုချင်တဲ့ အရွယ်အတုံးတုံးပါ။ နောက်တော့ ဆား အချိုမှုန့် ပဲငံပြာရည်အကြည့် အနည်းငယ် နယ်ပြီး ခဏနပ် ထားပါ။ ပြီးရင်တော့ ဆီပူလေးထဲမှာ လုံးလိုက်ပါ။ ကျက်ပြီဆိုရင် ရေ ကိုအသားဖုံးရုံထည့် ပြီး ရေခမ်းတည်လိုက်ရင် ဝက်သားပြုတ်ကြော် ရပြီပေါ့။ နလံထစ လူမမာတွေအတွက်လဲ ဝက်သား ကြက်သား အမဲသား စတာတွေနဲ့ ကြိုက်နှစ်သက်ရာ လုပ်ပေးလို့ ရပါတယ်။ ထမင်းပူပူလေး ကိုဆီလေးဆမ်း၊ ဆားလေးဖြူးပြီး နယ်ပေးလိုက်ရင် ရွှေလင်ဘမ်း မလိုပါဘူးနော်။ ဖိုးလမင်းကြီးတောင် ဆင်းလာလုစား လိမ့်အုံးမယ်။





ဘေးက ဆတ်သားခြောက်အမွကြော်ပါ ချစ်သူငယ်ချင်းအမေ လုပ်ပေးလိုက်တာ ကောင်းမှကောင်း။ တခါတလေ ဘာမှမရှိရင် ဖြစ်ဖြစ် ပျင်းနေရင်ဖြစ်ဖြစ် အဲ့လိုပဲ စားလိုက်တယ် လွယ်လို့





ဒီမှာ ခုနက ပြောထားသလို ဆားလေးနဲ့ ဆီလေးဆမ်းပြီးနယ်ထားတာပါ မှိုက ပါတယ်ဆိုရုံပဲ ထည့်စားတာ အဓိက က ခုနက ပြောသလို ဝက်သားပြုတ်ကြော်လေး ကိုထမင်းပူပူလေးနဲ့ စားချင်တာ တခါတခါ ကိုယ်စားချင်တာကိုလုပ်စားရတာ အင်မတန်မှကို အရသာရှိပါတယ် ဟင်းချက်ပျင်းတဲ့ ဒေါ်ရီတာ တို့ မမကွမ်တို့တော့ ငတ်တာပေါ့အေ.............




ဒါတွေကတော့ ဘောနပ်စ်ပါ

ပုံ၁ က မြန်မာပြည်က ပြန်လာတုံးက သူငယ်ချင်းထမင်းဆိုင် (နောက်မှ သပ်သပ်ကြော်ညာပေးအုံးမယ်) ကနေဝယ်လာတဲ့ ရခိုင်ငပိထောင်းစစ်စစ်ပါ။ ဘူးလိုက် ဝယ်လာလိုက်တယ် ပြီးရော သူကရှယ်ထောင်းပေးလိုက်ရှာတာပါ (ကျေးဇူးအထူး) ဘူးလေးနဲ့ ရေခဲသေတ္တာ (သိပ်မသစ်တော့)ထဲမှာ ထည့်ထားရင် ၂ လ ၃ လ လောက်အထိ အထားခံတယ်လို့ ပြောပါတယ်။
ဘေးက ပုံ ၂ နဲ့ ၃ ကတော့ တိုးစားဖို့ သခွားသီး နုနုလေးတွေနဲ့ ဝက်ခေါက်ပါ။ ဒီမှာ သခွားသီး အသေးမျိုးထင်တယ် အမြဲရတယ် ကိုယ်ကလဲသိပ်ကြိုက်တာနဲ့ တော့ အတော်ပါပဲ။ ဝက်ခေါက်လေးကလဲ ငပိထောင်း နဲ့ ကော်စားရင် ရှယ်ရှယ့်ရှယ်





ဒါတွေကလဲ နောက်ဆက်တွဲ ဘောနပ်စ်တွေပါ မြန်မာပြည်ကပြန်လာတုံးက သူငယ်ချင်း လုပ်ဖော်ကိုင်ဘက် တဘက်သတ် ကိုယ်ကကြိုက်နေ ရဲ့ မိန်းမ လုပ်ပေးလိုက်တဲ့ ငါးဖယ်ကြော်ပါ (မဝေ ကျေးဇူးနော် ခိစ်) သုပ်စားတာ အရင် ဝက်သားချဉ် သုပ်သလိုပဲ ရှမ်း လိုသုပ်လိုက်တယ်။ ကြက်သွန်နီ ပါးပါး ငရုတ်သီး စိမ်းပါးပါး နဲ့ သံပရာသီးလေးညစ် ဆား အချိုမှုန့်လေး ခတ် လိုက်ရင် ရှယ်ပဲပေါ့ အအီလဲပြေတယ် ငါးဖယ် က ကိုယ်တိုင် လုပ် အစစ် ဆိုတော့ စားရတာ ဆတ်တောက်တောက် နဲ့ တယ်အရသာရှိ

နောက်တပုံကတော့ တလောက လုပ်စားတဲ့ နန်းကြီးသုပ် ပါ အိမ်ဖော်တွေ ကို ပွဲကြီး လုပ်ပြီး သွားကျွေးတာ ကို ရိုက်ထားတာ ပိုစ့်ကတော့ အရင်က ဒီမှာ တင်ပြီးသားဖြစ်တဲ့ အတွက် ချက်နည်း ကို ပြန်မရေးတော့ဘူး
ပြောထားတယ်လေ ဘောနပ်စ် ပါဆို......................

ခဏနေရင် ကူမင်း သွားတော့မှာပါ မနေ့ ကပြန်လာကတည်းက အိပ်လိုက်တာ ည ၂ နာရီမှာ ပြန်နိုးလာလို့ မောင်က အင်္ကျီတွေ ပြင်ပေးနေတာ ခရီးသွားဖို့ အဲ့တာနဲ့ ၂ နာရီ ကျတော့ သူငယ်ချင်းတယောက်ကို ဖုန်းဆက် အပြင်ထွက် မုန့်စား (ည ၂ နာရီ ပါ ဟုတ်ကဲ့) ပြန်လာကတည်းက ပိုစ့်တွေ စကက်ဂျူး နဲ့ တင်နေလိုက်တာ ၈ ရက်နေ့ လား ၉ ရက်နေ့လားအထိ မသိဘူး ရှိတယ်။
ခုတော့ ၆ နာရီ ခွဲပြီ ၈ နာရီခွဲလောက်ကျရင် လေဆိပ် ဆင်းမှာ ကော်ဖီသောက် လိုက်အုံးမယ် နော်...ပြီး မှ မောင်ထည့်ပေးထားတဲ့ အိပ်ကို ပြန်စစ်ကြည့်ရမယ် နောက် ဘတ်စရာ စာအုပ်လေးဘာလေးပြင်မယ်
နောက် ဝယ်စရာ တရုတ် ဝတ္ထု စာရင်းလုပ်ရမယ်
အခွေစာရင်းလုပ်ရမယ်....

A Chen
6:39 AM
31st march 2011
Thursday
Home
Bangkok

2 comments:

  1. မှိုငရုတ်ပွ နဲ့ ငပိထောင်း စားချင်တယ်
    ငပိထောင်းဆိုင်လေးအညွန်းကိုစောင့်နေပါတယ်တီချမ်း။

    ReplyDelete
  2. ကြည့်ရတာ စားချင်စရာလေးတွေချည်းပဲ။ ဟင်းချက်တကယ်တော်တယ်

    ReplyDelete