Tuesday, July 5, 2011

မသိမ်မွေ့တဲ့သူ....

မနေ့က ဒီသူငယ်ချင်းတယောက်ကမေးလာပါတယ်။ ကိုယ့် ချစ်သူနဲ့ ကိုယ်အတူနေတာ(လစ်ဗင်းတူ ရှစ်ပဲသားပေါ့လေ) ကိုသူသိနေတော့ သူမေးတာက “အတူနေလာတာ ကြာလာတော့ တယောက်ကိုတယောက်ပိုချစ်လာသလား?”တဲ့။

သူဒီလိုမေးတော့ ကိုယ်အဖြစ်အပျက်လေးတခုကို သတိရမိပါတယ်။ ကိုယ့်ညီဝမ်းကွဲ မိန်းမ ကလေးမွေးတော့ ကိုယ်တို့ သွားကြည့်ကြတုံးကပါ။ ကလေးမွေးပြီးခါစ သူမက ကုတင်ပေါ်မှာ နွမ်းပန်းလျလျပေါ့။ ကိုယ်တို့ရောက်သွားတော့ နွားနို့ နဲ့ မုန့်စားနေပါပြီ။ ရောက်ရောက်ချင်းဆိုသလိုပဲ ကိုယ့်ညီဝမ်းကွဲ က ဘာမေးသလဲဆိုတော့...

“ဒီနေ့အီးပါ ပြီးပြီလား” တဲ့
ညီ့မိန်းမ က အမြဲလိုလို သိမ်သိမ်မွေ့မွေ့ နေတတ်တဲ့ ယဉ်ကျေးသူလေးပါ။ ကိုယ့်ညီ ဆီက ဒီလိုအမေးလဲကြားရော မျက်လုံးပြူးသွားလိုက်တာ ကျွတ်ထွက်လာတော့မလိုပါပဲ။ ကိုယ့်ကို မော့ကြည့်ရင်း နေရထိုင်ရ တော်တော်ခက်သွားပုံပါပဲ။ သူ့ယောက်ျားဘက်လှည့်ပြီး ချက်ချင်း “ရှင်စကားပြောတာ တော်တော် ညစ်စုတ်ပါလား၊ သိမ်သိမ်မွေ့မွေ့ ကိုမရှိဘူး” လို့လှည့်ပြီးရန်တွေ့တယ်။

ကိုယ့်ရှေ့မှာ သူ့ယောကျာ်း ကို ကျတော့ရှေ့မှာ အဲ့လို နားထောင်ရတောင့်တဲ့ စကားကြီး ရှေ့နောက်မဆင်ခြင်ပြောလို့ အပြစ်တင်နေတာပါ။ တကယ်တန်း အဲ့ဒီစကားက သူ့ကို ဂရုစိုက်လို့ဆိုတာကို သိနေရက်နဲ့လေ။

တကယ့်လို့သာ “အပြင်လူ“ မရှိနေဘူးဆိုရင်တော့ ဘာအရေးလဲနော်။ အဲ့ဒီစကားတခွန်းဟာ လင်မယားကြားက ပုံမှန်စကားတခွန်းသာပါပဲပေါ့။

အချစ်က သိပ်ပြီးတော့ သိမ်မွေ့ပါတယ်။ နူးညံ့ပါတယ်၊ ရိုမန်တစ်ဖြစ်ပါတယ်။ အဲ အိမ်ထောင်ရေးကျတော့ အဲ့လိုတရားသေမပြောနိုင်တော့ဘူး။ အဲ့လောက်မသိမ်မွေ့ မနူးညံ့ တော့ဘူးပေါ့။

ဥပမာ...

လင်။ ။မိန်းမရေ မောင်တော့ ဒီနေ့ ဝမ်းချုပ်နေတယ်ကွာ။
မိန်းမ။ ။ အောင်မလေး ကျမဆို အီးမပါတာ ၃ ၄ ရက်တောင်ရှိနေပြီ။

ကြာပြီဆိုတော့ မှတ်မိပါအုံးမလားတော့မသိဘူး။ သမီးရည်းစားဘဝကလေ။ ဘယ် ကို်ယ်တို့ ဒီလောက်နားထောင်ရခက်တဲ့ စကားတွေပြောမလဲ။ ချိန်းတွေပြီး တခုခုသွားစားလို့ စားသောက်ဆိုင်မှာ ကိုယ်အိမ်သာသွားတာ ကြာသွားရင်တောင် သူက ကိုယ် အီးသွားပါတယ်ထင်မလား စိုးရိမ်ခဲ့ဖူးတာလေ။ ချိန်းတွေ့ကြတဲ့အခါ လက်ကလေးကိုကိုင်ထားပြီး ချစ်စကားလေးတွေပြောကြတဲ့အခါ အီးပေါက်ချင်ရင်တောင် အောင့်ထားခဲ့ကြတာကလား။ အော် ပြောခဲ့ပါပကော ချစ်နေကြတုံးလို့။ သမီးရည်းစားဘဝ လို့။

အချစ်မှာ ကိုယ့်ရဲ့ အလှဆုံးတခြမ်း ကို တဘက်က မြင်အောင်အမြဲပြကြပါတယ်။ တခါတခါ ကိုယ့်ရဲ့ ရုပ်အဆိုးဆုံးအခြမ်း ကို ပြဖြစ်သွားတဲ့အခါလဲရှိမယ်။

ဒါပေမယ့် .....အိမ်ထောင်ရေးမှာကျတော့ ကိုယ့်ရဲ့ “အစစ်မှန်ဆုံး” အခြမ်းကို တဘက်သားကိုသေချာပြမှအဆင်ပြေမယ်။

တခါက မိန်းမတယောက်တွေ့ဘူးသေးတယ်။ သူ့ထက်အသက်ကြီးတဲ့ ယောက်ျားတယောက်ကို ယူထားတာပါ။ သူတို့အချင်းချင်း ချစ်လို့ယူထားကြတာပါပဲ။ အဲ့ဒီမိန်းမက ဘာအမြဲပြောလေ့ရှိလဲဆိုတော့ သူ့ယောက်ျားကို သူက ဘယ်လောက်တောင်ချစ်သလဲဆိုရင် သူ့ယောက်ျားအတွက် လိုအပ်လာရင် သူ့အသက်လဲ စွန့်ဝံ့ပါတယ်တဲ့။
ဒီလိုနဲ့ တခါကျတော့ သူ့ယောက်ျားဆေးရုံတက်ရပါလေရော။ ကုတင်ပေါ်မှာချည်းပဲ အိပ်နေရတာကြာလာတော့ sponge bath ရေမြုပ်နဲ့ ရေပတ်တိုက်ပေးဖို့ လိုလာတယ်လေ။ အဲ့အခါကျမှ မရွှေချောက မလုပ်ချင်ပါဘူး ရွံစရာကြီးတဲ့။ ဒီလိုမိန်းမလား တကယ့်အရေးကျရင် အသက်စွန့်မှာ။ ကိုယ့်ကတော့ မထင်။ မထင်၊ တကယ့်ကိုမထင်၊ သိပ်မထင်။

ပြောချင်တာက....အိမ်ထောင်ရေးဆိုတာ အခါခပ်သိမ်းတော့ ဘယ်လာ သိမ်မွေ့နေနိုင်ပါ့မလဲနော်။ အသွင်တူ အိမ်သူ ကိုယ့်ဘက်သားရှာတယ် ဆိုတာ တကယ်လို့ တနေ့ကျ ကိုယ်တို့တွေ ဆံဖြူသွားကျိုး အသက်တွေ ကြီးလာကြတဲ့အခါ အမှီသဟဲလေးပဲဖြစ်ဖြစ်၊ စကားပြောဖော် ရန်ဖြစ်ဖော်လေးပဲဖြစ်ဖြစ် ကိုယ်လဲ သူထု သူလဲ ကိုယ်ထူ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီလေး ဆိုတာလို လူတယောက်ရှာတာပဲမှလား။

Dedication: David and Awin or Noel or pastor or xx htun myint or BDA or da a thar

A Chen
12:06 PM
Tuesday
5th July 2011
Home
Bangkok

2 comments:

  1. ငါသိရသလောက်တော့ ချီးအကြောင်းပြောတာ တခြားသူ မဟုတ်ဘူး။ နင်တို့ လင်မယားပဲ ရှိတာ။

    ReplyDelete
  2. TChan,, I love your writing... and I like your comment too Myat. haha.,

    ReplyDelete