Friday, July 8, 2011

အချဉ်ပေါင်း (၂)

တနေ့ကပဲ ရေးနေသေးတယ် ခုတော့ နောက်ထပ်နောက်ဆက်တွဲ အပုပ်နံက ဆက်တိုက် ဆိုသလို လိုက်ချလာတာပါပဲ မြန်မာစကား ပုပ်လို့ ပေါ် ဟုတ်လို့ကျော်ဆိုတာ သိပ်မှန်တယ် ရှေးလူကြီးတွေ သိပ်ပြောတတ်တာပဲ

ဖော်ဝပ်မေးက နေရလာတာလေးပါ အရင်ပိုစ့် နဲ့ဆက်နေလို့ တင်ဆက်ပေးလိုက်ပါတယ် ဘာလိုလိုနဲ့ တီချမ်း ရဲ့ဘလောခ်လဲ အတင်းအဖျင်း သတင်းစဉ် ဖြစ်တော့မယ်

ဘီစူ ဘီစူ

ချမ်း

etone says:

မေးလ်ကနေရလို့ ဖြန့်ဝေတာပါ… ။ စာရေးသူက ဦးကိုကိုဌေးလို့ ရေးထားပေမဲ့… နာမည်အမှန်ကတော့ ဦးကိုကိုထွေးပါနော် ။
%%%%%%%%%%%%%%%%%%%%%
တော်ဝင်စင်တာအပုတ်နံ့ 

ကျွန်တော်တို့ရန်ကုန်မြို့ရဲ့ကျက်သရေဆောင်
ကြီးကျယ်ခန်းနားလှတဲ့တော်ဝင်စင်တာကြီး ဖွင့်ပြီးလို့မှ
မကြာအပုတ်နံ့သတင်းတွေက
တထောင်းထောင်းထွက်လာပါရောလားဗျို့ ။
ပြွတ်သိပ်အောင်မတရားပိုက်ဆံကြိုတင်ငွေတွေယူထည့်သွင်းခံထားတဲ့
ဆိုင်ခန်းပိုင်ရှင် တွေစီကမကြေလည်သံတွေကကြွက်စီကြွက်စီပေါ့။
ဒီအဆောက်အဦးကြီးမပြီးခင်ထဲကကြော်ညာပန်းဖလက်ကို
စပါယ်ရှယ်ရိုက် ကြော်ညာကောင်းကောင်းနဲ့ အခုဆိုင်ရှင်တွေဆီ က
ဆိုင်ခန်းခငွေကတနှစ်စာ၃နှစ်စာစသဖြင့ိုကြိုတင်ယူပြီးမှ
ဒီငွေတွေနဲ့ဒီအဆောက်အဥှီးကိုဆောက်ခဲ့တာ။
ပုံမှာပြတော့တမျိုးမိုးလားကဲလားပြီးလဲပြီးရော
ဆိုင်ခန်းတွေဆေးဆိုးပန်း၇ိုက်မတရာပြွတ်သိပ်နေ
၊ ဆိုင်ခန်းအမှတ်ဆိုင်ခန်းနာမည်နဲ့လမ်းညွှန်တွေ
ကနိုင်ငံခြားမှာလိုရှိမနေ
ပြီးတော့နိမ့်လိုက်တဲ့မျက်နှာကျက်
အိမ်မြှောင်ကတောင်ခေါင်းကိုလျှာနဲ့လျှက်သွားနိုင်တယ်။
လေပိုက်တွေကရုပ်ဆိုးစွာအစီအရီ။ထားလိုက်ပါတော့လေ။
ဒီ အထိဆိုင်ရှင်တွေ က မေ့ထားနိုင်ပါတယ်။
ပထမဆုံးကြားရတာကတော့အစားအသောက်တန်းပြသနာပါဘဲ။
ဆိုင်ခန်းတခန်းကျဉ်းးကျဉ်းလေးကိုတလ၅သိန်းအထက်
တနှစ်စာအစောကြီးထဲကကြိုယူထားတဲ့တော်ဝင်စင်တာပိုင်ရှင်ဦးကိုကိုဌေးက
ဆိုင်ခန်းတွေမှာလေထုတ်စစ်စတန်တည်ဆောက်ပုံမမှန်ကန်လို့
အကြော်အလှော်နံွ့တထောင်းထောင်းအသက်ရှုမဝ
ရောဂါရလောက်တဲ့ကိစ္စကိုမသိကျိုးကြဉ်ပြုနေပါသတဲ့
။ အစားအသောက်တန်းကဆိုင်ပိုင်ရှင်တွေ
တညီတညွတ်ထဲတောင်းဆိုမှုကိုယခုထက်ထိပြုပြင်ပေးခြင်းမရှိပါတဲ့။
တိုင်ချင်တဲ့နေရာတိုင်ဖို့စိန်ခေါ်တယ်တောင်သဲ့သဲ့ကြားနေရပါတယ်။
ယနေ့အာဏာရှိလူကြီးအသိုင်းအ၀ိုင်းတချို့နဲ့လုပ်ငန်းရှယ်ယာပတ်သက်တယ်
သတင်းထွက်တဲ့ဦးကိုကိုဌေးရဲ့မောက်မာမှုလူလယ်ကြမှုနဲ့
သူရဲ့သခင်အားရကျွန်ပါးဝတပည့်တပန်းတချို့ရဲ့စကားပြောရင့်သီးမှုကို
ဆိုင်ခန်းပိုင်ရှင်များကခံပြင်းနေကြတယ်လို့ကြားရပါတယ်။
ညှော်နံ့မီးခိုးနံ့တွေကြောင့်စားသုံးသူအတော်များများကလဲ
အပေါ်ထပ်စားသောက်တန်းကိုရှောင်ဖယ်ကုန်တော့
ဆိုင်ပိုင်ရှင်တွေခမြာကျန်းမာရေးထိခိုက်ရုံမက
ရင်းထားတဲ့ဆိုင်ဘိုးပစ္စည်းဘိုးအလုပ်သမားခ
တနှစ်စာကအရှုံးလဲပေါ်နေကြပါပြီ။
ရပ်လိုက်ရင်လဲငွေပြန်အမ်းမဲ့သူမျိုးကမဟုတ်
ဆက်လုပ်ရင်လဲဆေးရုံပါတက်ကြရတော့မယ့်အတိုင်းပါ။
ဆုတ်လဲစူးစားလဲရူးဆိုတာကဒီကိစ္စမျိုးကိုခေါ်တာပါဘဲ။
ဒီပုံအတိုင်းဆိုရင်တော်ဝင်စင်တာက
နှစ်ရှည်မခံလောက်ဘူးလို့ အားလုံးက ခန့်မှန်းနေကြပါတယ်။
ဟောအခုနောက်တမျိုးကြားရပြန်ပါဘီ
။ မိုးရာသီအရောင်းမြှင်တင်ရေးပေါ့လေ။
တကယ်တော့ဆိုင်ခန်းပိုင်ရှင်တွေ ကို
အစည်းအဝေးခေါ်တိုင်ပင်သင့်ပေမယ့် ဦးကိုကိုထွေးက
သူ့သဘောနဲ့သူကံစမ်းမဲကိုသူ့အရောင်းထိုင်းတိုက်ခန်း
မဲဖောက်မယ်ဆိုပြီးမြူဆွယ်လိုက်ပါပြီ။
စားသုံးသူတွေလားပျော်တာပေါ့တိုက်ခန်းရမှာဘဲ။
သူ့တိုက်ခန်းကရေမလာတဲ့တိုက်ခန်းလား
ဘိလပ်မြေမပါတဲ့တိုက်ခန်းလား
ဘယ်သိနိုင်ပါ့မလဲ။အလကားရမှာဘဲလေ။
မပျော်သူတွေကဘယ်သူတွေလဲဆိုင်ပိုင်ရှင်တွေပါ။
သူ့သေဘာနဲ့သူမတိုင္ပင္ဘဲလုပ္တာေ
ပြီးတော့သူတိုက်ခန်းဘိုးငွေကိုဆိုင်ရှင်တွေစီက
အချိုးကျ လယ်ပင်းညှစ်တောင်းတာစနေပြီတဲ့။
ပရိုမိုးရှင်းကာလတွေမှာဆိုင်ရှင်ပါရမယ်ပြောထားတာတော့ရှိတယ်။
ဒါပေမယ့်ဒီလောက်ပြင်းထန်မယ်တော့တွေးမထားမိတဲ့
ဆိုင်ရှင်တွေအငိုက်မိတာပေါ့။ မိုးရာသီ၃လမှာ
ဆိုင်အကျယ်အ၀န်းအလိုက်တလ၃သောင်းခွဲ၎သောင်းခွဲ
၃လဆက်တိုက်ပေးရမယ်။ လမ်းကြားလည်ချထားတဲ့စင်ကလေးနဲ့
ကလေးအကျီင်္ဘီဒိုသမားလဲ ၂သောင်းခွဲ၊
စသဖြင့်companyletterhead ရိုက်မထားတဲ့စာရွက်
လိုက်ဝေပြီး အားလုံးကိုလိုက်တောင်းပါတယ်။
မပါလဲရတယ်။မပါတဲ့သူဆိုင်နံပါတ်နဲ့
ဆိုင်ပိုင်ရှင်လက်မှတ်ထိုးပါလို
ပထမအဖွဲ့ကခပ်မာမာခြိမ်းခြောက်ပြောပါတယ်။
မပါလဲရတယ်ဆိုတော့မပါဘူးဆိုပြီး
ရေးပြီးစာတင်လိုက်တဲ့ဆိုင်ပိုင်ရှင်တွေရဲ့
အိမ်ဖုန်းတွေကိုရွေးပြီးနောက်တဖွဲ့ က ထပ်ဆက်ပါတယ်။
၁၆ ရက်ဇွန်လ ၂၀၁၁ ကပါ။
၁၈ ဇွန်လ၂၀၁၁ မှာမှ ငွေလာမသွင်းရင်
နောက်တပတ် မှာ ဒါဏ်ငွေကောက်မှာမို့
၃၅၀၀၀ သမားသည် ၇၀၀၀၀၊
၄၅၀၀၀ သမားသည် ၉၀၀၀၀ လို့ဆိုပါတယ်။
နောက်ထပ်တပါတ်မှာမှလာမသွင်းရင်
ငွပြန်အမ်းမည်မဟုတ် ဆိုတဲ့ခြိမ်းခြောက်တဲ့စကားကို
လက်တောက်လောက်ရုံးဝန်ထမ်းတွေက
ဆိုင်ပိုင်ရှင်ဝန်ထမ်းတွေကိုပြောပါသတဲ့။
အေးလေ
သူတို့လဲသခင်ခိုင်းလို့ကိုက်ရတဲ့ခွေးတွေဘဲ
လို့နှလုံးသွင်းကြပြီး ဆိုင်ရှင်တွေခေါင်းခြင်းရိုက်ကုန်ကြပါပြီ။
၁၇ရက်နေ့အဖွဲ့ကတော့သမီးတို့ကိုကူညီပေးတယ်လို့ဘဲ
သတ်မှတ်ပါ လို့ချိုချိုသာသာနဲ့
ဘဲအေးဓါးပြတိုက်တယ်လို့ကြားပါတယ်။
ဓါးပြတိုက်ခံရတာခြင်းတူတူတော့ချိုချိုသာသာနှိုက်ယူတာက
တော်သေးတာပေါ။့
မအေနှမမဆဲရုံတမယ်တောင်းတာတော့မကောင်းပါဘူးလို့
တချို့ကလဲပြောနေပါတယ်။နောက်ဆုံး သတင်းကို အခုထွသေချာမသိရသေးပေမယ့် ဒီ ၂ပတ်အတွင်း
ဦးကိုကိုဌေးရဲ့တုန့်ပြန်မှုကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။
ရှော့ပင်စင်တာတစ်ခုရဲ့
အသက်သွေးကြောဖြစ်တဲ့အစားအသောက်တန်း ကတော့
တပြားမှမပေးဘူးလို့လူညီနေတာတွေ့ရပါတယ်
သူတို့က အခံစားရဆုံးလူတွေ ကိုး။
အသက်သွေးကြောလို့ပြောရတာက
ရာသီဥတုလေးပူတယ်လူတွေ က အားနေတယ်ဆို
အိမ်မှာမနေလဲ ရှော့ ပင်စင်တာလေးလျှောက်ကြည့်
မျက်လုံးနဲ့စိတ်ကူးနဲ့ဘဲ ဈေးဝယ်
(တကယ်လဲ မြန်မာတွေ အပို မဖြုန်းနိုင်တော့တဲ့ ဘ၀ပါ)
ပြီး၇င် အစားအသောက်ဆိုင်လေးခနထိုင်ပြီးနားကြတာဘဲလေ။
ဒါပေမဲ့
တလ၅သိန်းကျော်ပေးထားရတဲ့တော်ဝင်စားသောက်ခန်းတွေက
နဲနဲလေးမှတခေါက်နားချင်စရာမကောင်းတဲ့နေရာတွေဖြစ်နေပါတယ်။
တလ၁၀သိန်းကျော်ပေးပြီးဖွင့်ထားတဲ့မြေအောက်ထပ်
မွန်းဘိခရီတို့ကြက်ကြော်ဆိုင်တို့
ကိုရီးယားစားသောက်ဆိုင်တို့ကတော
တော်ပါသေးတယ်လေ
။ အခုတလောအမည်းဝမ်းဆက်ကိုယ်ရံတော်၎၊၅၊၆ယောက်
နဲ့ဈေးကို ဟန်ရေးပြပတ်တတ်တဲ့ဦးကိုကိုဌေးသမီးတော်ရော
ဦးကိုကိုဌေးရောတော်ဝင်ကိုရောက်မလာလို့
လူရိုက်ခံရမှာကြောက်လို့လားမသိဘူးလို့
ရယ်စရာပြောနေကြပါတယ်
။နောက်ပြီး
ဒီလောက်သူ့ကိုယ်ပိုင်ငွေ တပြားမှ မထွက်ဘဲ
သူများငွေကိုသာကိုယ့်အိပ်ထဲ အရောက်
သဲ့ယူတတ်တဲ့ သူဌေးက ဒီစင်တာဖွင့်ပွဲမှာ
ကိုရီးယားစားသောက်ဆိုင်ပိုင်ရှင် ကိုရီးယားလူမျိုးကို
ကိုရီးယားမင်းသားမင်းသမီးတွေခ်ါပေးဖို့ကြိုတင်ငွေ
ဒေါ်လာ၅သောင်းပေးလိုက်တယ်ဆိုပြီးတရားစွဲထားတဲ့
ကိစ္စဟာလုံးဝကို မဖြစ်နိုင်တဲ့ကိစ္စလို့တွက်ချက်နေကြတယ်လေ။
သူ့လိုလူမျိုးက ဘယ်လိုလုပ်ငွေကြိုပေးတာဖြစ်နိုင်ပါ့မလဲတဲံ့။
ပင်ပမ်းရတဲ့ ဘ၀အပမ်းတွေ ကြားမှာရယ်စရာတွေ
ရှာပြောနေပေမယ့် တကယ်တော့ တော်ဝင်က ဘယ်ဆိုင်ရှင်မှ
ဟက်ဟက်ပက်ပက် မရယ်နိုင်တာကြာပါပြီ။

7 comments:

  1. တီတို့လည်း ဒါမျိုးတွေ လုပ်တယ်ပေါ့လေ....ဟဟဟ စူပါဂေါ့စစ်ကြီး :))

    ReplyDelete
  2. ရှော့ပင်းစင်တာမှာ ဆိုင်ဖွင့်မလား စဉ်းစားနေတာ။ ဒါဖတ်ပြီး တော်တော်လန့်သွားတယ်။ ထိုင်နေရင်မှ ငွေက လက်ထဲမှာ ဒီအတိုင်းလေး နေနေဦးမယ်နော်။
    ရှဲတာ ကျေးဇူးတင်ပါတယ်။ ပြည်တွင်းသတင်းတွေ သိရတာပေါ့။

    ReplyDelete
  3. daw chit......

    i know u all are waiting for this from me,
    and i know u love it

    these are just the bits and pieces,
    till the big one then...

    XOXO gossip girl....

    ReplyDelete
  4. တော်ဝင် ဆိုတဲ့နာမယ်နဲ့ဆိုရင် မကောင်းတာဘဲဖြစ်မယ် များဖြစ်နေလားမသိဘူး
    စလုံးက တော်ဝင်ဆိုင်ကလဲပိုင်ရှင်ကသိတ်မိုက်ရိုင်းတာ

    ReplyDelete
  5. Hi,
    U are right to say. I know about him and company.Last 12years ago i worked in there as QS post and they want us to train @ head office about 3months. During 3 months we dont want to work any more there and resigned. Cos he always came and see to us and talking dont like. Really rude and crude if we are not follow him.
    That means he want to tough our head or something like as.
    We are professional and dont want his manner anymore. when our group resign from there he did not accept. We are dont care. His father, brother,sister also same as him , so proud , rude and crude.

    ReplyDelete
  6. တော်တော်လေးကို မိုက်ရိုင်းတဲ့သူပါ..ရိုင်းတာမှလေ မျိုးနဲ့ရိုးနဲ့ဆိုသလိုပဲ..တရုံးလုံဆွေမျိုးချည်းပဲခန်းထားတာ..အမျိုးမတော်တာဆို သူ့အတွင်းရေးမှူးအမျိုးသမိးပဲရှိတယ်..အဲဒါကတော့တစိမ်းခန့်မှကောင်းတာလေ..ကိုင်ချင်တာကိုင်ထိချင်တာထိလို့ရအောင်..
    တစ်ကယ်ပြောတာ စကားပြောရင်လေ. ခေါင်းကိုင်လိုက်. ပုခုံးလိုက်နဲ့ နှာဘူးအမျိုးအနွယ်ကုမဏီ..သမီးကရော ဘာထူးလည်းကိုးရီးယားကားတွေကအခုမှပေါ်ပြီးတဖက်သတ်ကြိုက်တာတွေ မြင်ဘူးတာမလား..သူ့သမီးကခိုင်သင်းကြည်မောင်မြတ်မင်းမောင်ကိုကြိုက်လိုက်တာမှ .ရှက်ဖို့တောင်ကောင်းတယ်..တစ်ခုတော်တာက မြတ်မင်းမောင်တော်တော်လေးကိုတော်ပါတယ်..လုံးဝကို မလှုပ်ဘူး..

    ReplyDelete