Sunday, July 24, 2011

တီတီ့ စာအုပ်စင်

ဘန်ကောက် ကီနိုကုနိယ က ၂၀ ရက်နေ့ကနေစပြီး စာအုပ်တွေ ဈေးချပါတယ် သြဂုတ်လ ၂ ရက်နေ့ ထိ ချမယ် ပြောပါတယ် ဖြစ်ချင်တော့ ကိုယ်က ဈေးစချတဲ့ နေ့ က ရောက်သွားပါတယ် သူငယ်ချင်း နဲ့ ကိုယ် နှစ်ယောက် ပေါင်းပြီး တော်တော်ဝယ်ဖြစ်ပါတယ် တနေ့ က ပိုစ့် ထင်ပြီးပါပြီ နောက်နေ့ ကျတော့ မကျေနပ်သေးတာနဲ့ ထပ်သွားပါသေးတယ် တော်တော်ကို ချတာပါ ကြေငြာထားတာကတော့ အပ်တူ ၇၀% ထိ လို့ ဆိုပါတယ် တကယ်က မကဘူးထင်ပါတယ် ဝတ္ထုတွေဆို ဘတ် ၅၀ ပဲ မြန်မာငွေနဲ့ တွက်ရင်တောင်တန်ပါတယ် မြန်မာစာအုပ်ထက်ကို ဈေးပေါတယ် စာရွက်အသားကောင်းတယ် ကျန်တာကတော့ ပြောစရာမရှိ ဒီလိုမျိုးက ကြုံခဲ့တယ် တနှစ်မှ တခါ ပဲထင်တယ် ကိုယ်ကတော့ ဒီမှာနေတာ ၃ နှစ်ရှိပြီ ထားတော့ အရင်ကလဲ ဝယ်ပါတယ် အရင်က ဘတ် ၃၀၀၀ ဖိုး ဝယ်ရင် ၄ ၅ အုပ်လောက်ပဲ ရတာ ခု က ဘတ် ၃၀၀၀ ဖိုး ဝယ်ရင် အုပ် ၂၀ လောက်ရတယ် ဆိုတော့ ဘယ်ပြောကောင်းမလဲအန်တီချမ်းတို့ နှစ်ရက်ရှိပြီ ရောက်တာ တခါ ကို ၅ နာရီထက်မနည်းပဲ ခြေထောက်တောင့်နေအောင် ရပ်ပြီး ကြည့်တာနော်...သူက တကယ်တော့ ရောင်းမကောင်းတဲ့ စာအုပ်တွေ ချတာပါ နာမည်ကြီး စာရေးဆရာတွေမပါဘူး ဥပမာ ဟယ်ရီပေါ်တာတို့ တွိုင့်လိုက် တို့ မပါဘူး ဂေါ့ဇစ်ပ်ဂဲလ် လဲ မပါဘူး ကိုယ်လိုချင်တာတွေပြောနေတာ သို့သော် သူက အမျိုးအစားစုံချတယ် တရုတ်စာအုပ်တွေလဲပါတယ် နည်းနည်း ဝယ်ခဲ့တယ် ဆေးစာအုပ် လီဒါးရှပ် ဘီးဇိနက် အို အကုန်အကုန် ကာတွန်းတွေလဲ ချတယ် သူရဲစာအုပ်တွေကော ဝယ်ကောင်းကောင်းနဲ့အသေဝဝယ်တာပဲ နောက်နေ့ ထပ်သွားအုံးမယ်လဲမှန်းပါတယ် ကိုယ်ကလဲ စာအုပ်သရဲလေ.....နင်နဲ့ငါ လယ်ပြင်မှာတွေ့ကြပြီပေါ့ ကီနိုကုနိယ ရယ် ညှင်းညှင်းညှင်း ဆိုပြီး ပါရာဂွမ်ထဲမဝင်ခင် ကိုယ်ပျောက်ဝိဇ္ဇာ ဓါးသမား ပုံစံ နဲ့ ကျူးရင့်ပါသေးတယ် မြင်ယောင်သာကြည့်ကြပေတော့ ပြီးတာနဲ့ ပိုက်ဆံအိတ်ထဲ ကခရက်ဒစ်ကဒ် ကို လက်နက်ပုန်း ထုတ်သလို ရွှတ်ခနဲထုတ်ပြီး သကလာ ဝှစ်ဝှစ်ဝှစ် ဆိုပြီး တက်သွားပါတော့တယ်......

ထားတော့ အဲ့တာနဲ့ ဘလာဘလာဘလာ တွေကိုကျော်လိုက်ရင် အောက်က ပုံတွေရောက်တာပဲ ဒီပိုစ့်တင်ရတဲ့ နောက်ကွယ်က အတွေးအခေါ်က ဒီလိုပါ....ဝယ်လာတဲ့ စာအုပ်တွေကို ကြွား အဲလေ ပိုစ့် တခု အဖြစ် တင်ထားရင် ကောင်းမယ် ဆိုပြီး ဓါတ်ပုံ ရိုက် ပိုစ့်တင် သေချာ ကြွား အဲလေ စကားက ခဏခဏ မှားတယ် ....သေချာ ပြန်စုထားတဲ့ သဘောပါ
ကြည့်ကြပေတော့ သွားရည်တွေဘာတွေကျတတ်ရင် သွားရည်ခံလေးပါလေး ယူထားကြ ငှဲငှဲငှဲ

ကြွားတာ အဲလေ....ရှယ်တာ အားမရလို့ မြန်မာပြည်က သူငယ်ချင်းတွေကိုတောင် ပီဒီအက်ဖ် နဲ့ မေးလ် ပို့တော့ တယောက်က သတ်ချင်တယ် ပြောပါတယ် မေတ္တာထားကြတယ်လေ ငှဲငှဲငှဲ....

ကဲ ကြိုက်သလောက်သာ သဘောရှိ ဂလောဟိ ကြည့်ကြပေတော့ ....

အော် အရေးကြီးတာ မေ့နေတယ် ပြောဖို့ ဒေါ်ရီတာ ကို အားကျလို့ပါ

“စာအုပ်များ ကို လုံးဝ လုံးဝ လုံးဝ ငှားမည်မဟုတ်ပါ”

သူ့ပိုစ့် ကို ဘတ်ပြီးတော့ အကြံပေါ်တာဆိုတော့ ကိုယ့် အပြစ်မဟုတ် မေတ္တာပို့ချင်ကြရင် အဲ့လို အကြံကောင်းရအောင် ပေးတဲ့ ဒေါ်ရီတာ ကိုသာ ပို့ ကြပေတော့ ........





































10 comments:

  1. hi Good Day, I envy you, all the book are nice.

    Rgds/Nang Myint

    ReplyDelete
  2. Hey TT Chan,

    What will you do with Primary Books( Conquer - Editing and Punctuation, Composition,...?

    ReplyDelete
  3. အားမကျဘူး။ သွားရည်မယိုဘူး။
    တို့က အင်္ဂလိပ်စာနဲ့ တရုတ်စာ မတတ်လို့။
    kwi kwi. J/K
    :))

    ReplyDelete
  4. ခရစ္စတလ်July 24, 2011 at 4:30 PM

    တို့လည်း အားမကျပါဘူးအေ၊ လာငေးကြည့်ရုံသက်သက်ပဲ၊ မျက်စိအားနည်းတော့ အွန်လိုင်းတောင် အနိုင်နိုင်ပါကွယ်။
    ဝယ်နိုင်အားနဲ့ စာပေကို မြတ်နိုးတဲ့စိတ်လေးကိုတော့
    ကောင်းချီးပေးသွားပါတယ်...

    ReplyDelete
  5. ဖြူ ကျေးဇူးပါ

    အနောနိ အဲ့စာအုပ်တွေ က တီလဲ လေ့လာတယ် နောင်ကလေးတွေအတွက်ကျောင်းဖွင့်ရင် စာသင်နည်းတွေပေါ့ ခုတော့ မောင်လဲ လေ့လာနေတယ်

    ဂျူ စပျစ်သီးက ချဉ်တာလား ဟိ

    ဒေါ်သလင်း အဲ့တာတွေက တီနောင်အချိန်ကျရင် စာကြည့်တိုက် အတွက် စုနေတာလဲ ပါတယ်လေ အဲ့တာကြောင့်ပါ နောက် စာအုပ်တွေကို ချစ်ကိုချစ်တာ စာအုပ်ပုံထဲ ထိုင်နေရရင် ပျော်တယ် စာအုပ်တွေရှင်းလိုက်ထပ်လိုက် လုပ်နေရရင်လဲ ပျော်တယ်

    ReplyDelete
  6. Robin Cook တော့ကြိုက်တယ် ထွက်သမျှအကုန်ဖတ်တယ်. fatal cure ဖတ်ပြီးသွားပြီ
    ကျန်တာတွေတော့ ချိတ်မဝင်ချားဘူး
    အဲ့လောက်ဖတ်နိုင်တဲ့ တီချမ်းကိုလေးစားပါတယ်
    nn

    ReplyDelete
  7. စာအုပ်ဓါတ်ပုံတွေ မကြည့်ခင် ပို့စ်ကိုဖတ်နေရင်းနဲ့ တွေးမိတာ Public Speaking နဲ့ The Big Talk များပါနေမလားလို့...:)

    အားကျတယ်...စာအုပ်တွေများကြီးဘဲ...

    ReplyDelete
  8. လေးစားပါတယ်။ စာဖတ်နိုင်တာ။ အိမ်ပြောင်းရလွန်းလို့ စာအုပ်တွေကို မ၀ယ်တာကြာဘီ

    ReplyDelete
  9. စာအုပ်တွေကို ငှားစရာ မလိုပါဘူး။

    စကင်န်ဖတ်ပြီး တင်ပေးရင် ရပါပြီ။ :D

    ReplyDelete
  10. အောက်တိုဘာလ ကျမှ ဒီစာအုပ်တွေအကုန် amazon က၀ယ်ပြီး iPad 3 ထဲထည့်လိုက်မယ်။

    ReplyDelete