Tuesday, July 5, 2011

အချဉ်ပေါင်းများ အပိုင်း (၁)

ဒီခေါင်းစဉ်နဲ့ ရွှေနိုင်ငံပြန်ရာမှာ ကြုံတွေ့ ရတဲ့ အချဉ်ပေါက်မှု တွေကိုပြောချင်ရေးချင်တာပါ။ တချို့ ကိစ္စတွေ က သေးသေးလေးတွေပါ။ တိုးတက်စေချင်တာလေးတွေလို့ပြောရင် တီချမ်း အပိုပြောတာပါ တကယ်က အမြင်ကပ်တာတွေပြောမှာ။ အပြုသဘော ဘာသဘောမျိုးမှ မဟုတ်ဘဲ ကိုယ်တွေ့ ကိုယ့်အတွေ့အကြုံ ကိုယ့် ပုဂ္ဂလ အယူအဆ သဘောထား စတာတွေနဲ့ပဲ တုတ်ထိုးအိုးပေါက် တင်ပြမှာ ဖြစ်ပါတယ် အဲ့တာကြောင့် သဘောထားချင်း တိုက်ဆိုင်တာ ရှိမယ် မတိုက်ဆိုင်တာ ရှိမယ် သဘောတူတာရှိမယ် မတူတာရှိမယ် လွတ်လပ်စွာ ကွဲလွဲပါ။

စာဘတ်သူတွေလဲ ကိုယ်ကြုံတာ ကြိုက်တာ မကြိုက်တာတွေကို ကန်မန့်နေရာမှာ ရေးခဲ့ပါ ခုအောက်မှာ ရေးထားတာကတော့ တီ ၆ လပိုင်း ပြန်တုံးက တွေ့ခဲ့တဲ့ စိတ်အချဉ်ပေါက်မှုလေးတွေပါ။ သရော်ချင်တာလေးတွေ ကညော့ထားတာလေးတွေပေါ့။ အပျင်းပြေအပျော်ဘတ် လို့သဘောထားပေါ့လေ။

၁) ရန်ကုန်မြို့ ပြည်လမ်းတွင် အသစ်ဖွင့်လှစ်လိုက်သော တော်ဝင်စင်တာကြီးသည် ရောင်းသူ-ရောင်းသူ များဖြင့် စည်းကားလျက်ရှိပါသည်။

၁.၅) နောက်တိုးအတင်းအနေနဲ့ တော်ဝင်စင်တာရဲ့ ဓါတ်လှေကားတွေဟာ အင်မတန်မှ စတုပစ်ဖြစ်ကြောင်း တခုနှိပ်မှ တခုသာလာကြောင်း ဆိုင်များ၏ အခင်းအကျင်းသည်လည်း ကာစတမ်မာ ဖရန်းလီးမဖြစ်ကြောင်း ကြပ်ညပ်ပြွတ်သိပ်နေကာ ကြည့်ရှုရတာ အဆင်မပြေလှကြောင်း....စာဘတ်သူတဦး က ထည့်ဝင်အတင်းတုတ်ပေးပါတယ်။ တီချမ်းက အပရူလုပ်ပါတယ်။ ဓါတ်လှေကားတွေဟာအင်မတန်ကို အဆင်မပြေတာ ဖြစ်ပါတယ်။ နောက်တိုး နောက်တခုအနေနဲ့အပေါ်ဆုံးထပ် ဖွတ်ကော့ဒ် မှာ ရှိတဲ့ တခုတည်းသော ဒင်းဆမ်း ဆိုင်က အသိုးတွေအနံ့ထွက်နေတာ တွေ ရောင်းတာ ဖြစ်တဲ့ အကြောင်းလည်း ကိုယ်တွေ့ အတွေ့အကြုံအရ အတင်းသစ်တခု ထပ်မံ ရရှိပါတယ်။


၂) တော်ဝင်စင်တာမှာ တော်ဝင်အိမ်ရာဆိုပြီး အရစ်ကျပေးစနစ်ကွန်ဒိုတွေ သမိုင်းလမ်းဆုံဘက်ကနေ ခွဲတဲ့ ဗဟိုလမ်း (ဦးဘညိမ်း သို့ ဦးဘငြိမ်လမ်းထင်တယ်) ဘက်မှာ ဆောက်ပြီး ရောင်းမယ်လို့ ကြားတော့ လက်ထဲမှာ ငွေယားလေးရှိနေတဲ့ တီချမ်းတယောက် သွားစပ်စုပါတယ်။ တွေ့ရတာကတော့ တော်ဝင်စင်တာ ၃ ထပ်မှာ ရှိတဲ့ အရောင်းခန်းမက ဝန်ထမ်းမိန်းမတယောက်က အင်မတန်မှကို ကတ်စတမ်မာ ဆားဗစ် ဆိုတာလဲ နားမလည် ကာစတမ်မာ အစ် အော်ဝေ့စ်ရိုက် စတာတွေ ကြားတောင် ကြားဖူးရဲ့လားမသိ၊ ငါးစိမ်းသည်မ မျက်နှာနဲ့ တိုက်ခန်းရောင်းဖို့ ကြံစည်နေတာ တွေ့ရတာပါပဲ။ သူများ ဝန်ထမ်းအနေနဲ့ သူများဆီမှာ လခစားလုပ်ပြီး တိုက်ခန်း လပေးရောင်းလို့သာတော်တော့ တယ် ရွှေရောင်းရင် ဘယ်လိုနေမယ်မသိ၊ တကမ္ဘာလုံး သူလုပ်ကျွေးနေရတဲ့ မျက်နှာ၊ လူတွေပြောပြောနေတဲ့ ခမဲလိုနေတယ် ဆိုတဲ့ ပုံစံ စတဲ့ နာမဝိသေသနတွေ နဲ့ သင့်တော်နေတဲ့ အရောင်း ဝန်ထမ်း တယောက်ကို အံ့သြဖွယ်ရာ ကြုံတွေ့ရတာပါပဲ။ တခြား ကောင်းမွန်တဲ့ ဝန်ထမ်းကောင်းတွေ ရှိနိုင်ပါတယ်။ သေချာတာကတော့ အဲ့ဒီ မိန်းမက ဝန်ထမ်းကောင်း မဟုတ်တာကတော့ သေချာတယ်။ အမှန်ကတော့ သူများ ကို ဒီလိုလဲ မပြောချင်ပါဘူး မပြောတတ်ပါဘူး (အံမလေး မပြောတတ်ပေလို့ပဲနော် ကြောက်ထှာအေ) အခုကတော့ ငါးခုံးမတကောင်ကြောင် ပုပ်ရတဲ့လှေပါပဲ။ အမြင်မတော် လို့ ပြောမိတာပါ။

၂.၅) အကြမ်းဖျင်းကတော့ ဒီလိုပါ ကွန်ဒိုက ၃ မျိုးရှိတယ် ဆိုပါတော့ တီသွားကြည့်တာက တိုက်ပ် C ဆိုပါတော့ ရောင်းဈေးက ၁၂၈ သိန်းပါ ဒေါင်းပေးမန့် က ၃၂ သိန်းပေးရပါမယ် နောက် တလ ကို ၈ သိန်း နဲ့ ၁၂ လ ကြာတော့ တခါတည်းအကျေပေါ့လေ။ တခုမကောင်းတာ က ဒီမှာ ဘန်ကောက်မှာ ဆိုရင် ဈေးက ဘယ်လောက်ပဲဖြစ်ဖြစ် ဒေါင်းပေးမန့် ချေပြီးတာနဲ့ တက်နေလို့ ရပြီ။ တော်ဝင်က အဲ့လို မဟုတ်ဘူး သူက အခန်းတွေအကုန်ရောင်းပြီးမှ စဆောက်မှာ။ ဆောက်နေရင်းနဲ့ အခန်းဝယ်ထားတဲ့ လူတွေ ဆက်ဆက် ပေးနေတာတွေနဲ့ ဆက်ဆောက်နေမယ် သဘောပေါက်လား အဲ့တော့ ကိုယ်တွေ က နောက်ဆုံးပေးပြီးတော့ တက်နေလို့ ရမယ် ကြားထဲမှာ မပေးနိုင်တော့ ရင် ကိုယ်က အရှုံး ဒါကတော့ ဘယ်မှာပဲ ဖြစ်ဖြစ် အတူတူပါ ကွန်ဒစ်ရှင်တွေတော့ ရှိမှာပေါ့။

တခုပဲ မြန်မာပြည်ဖြစ်နေတော့ ဂရမ်တီ မရှိ ဘူးလေ။ နောက်ပြီး ပြီးခါနီးမှ ကွာလတီ ကျကျ လာတာ ဥပမာတွေရှိတယ် နောက် ငွေတွေအစုလိုက်အပြုံလိုက် လိမ်တာ တွေ ရှိတယ် (ဥပမာ အရင်က လုပ်သွားတဲ့ ဧရာမြေ)။ မကောင်းတာကတော့ ကိုယ်က ပေးနေပြီးတော့ မနေရသေးတာပဲ အဲ့တာ အင်စတောမန် မဟုတ်ဘူး။ ကိုယ့်ပိုက်ဆံ နဲ့ သူတို့က ဆောက်မှာ လုပ်စားမှာ။ စတာတွေတွက်ချက်ပြီးသကာလ မဝယ်ဖြစ်တော့ဘူး။ တကယ်လို့ တကယ်လုပ်ကြတယ်ဆိုရင် နောက်လဲ တခြား ဆောက်လုပ်ရေးတွေက လုပ်လာကြအုံးမှာပဲလေနော်။ ကိုယ်က က ငွေစုထားဖို့ ပဲလိုတယ်။

၃) ရွှေလီ အသားကင်ဆိုင်သည် လူ ၂ယောက် ၃ ယောက် သာမန်မျှ မှာကာ တခါစားလျှင် အနည်းဆုံး ၅ သောင်းနှင့် အထက် ကုန်သောကြောင့် နောင်အခါတွင်မစားသင့်သော ဆိုင်အဖြစ် နိုင်ဂန်ဂျားပြန်များက သတ်မှတ်သည် ဟု စလုံး ဘန်ကောက် စသော အိမ်နီးနားချင်းနိုင်ငံများတွင်နေထိုင် ကြသော ပြည်ပရောက်ရွှေ များက ပြောကြားလာပါသည်။ တကယ်ကို သေချာပြန်တွက်ကြည့်လျှင်လည်း မြန်မာနိုင်ငံ ရန်ကုန်ရွှေမြို့တော်သည် သာမန် လက်လုပ်လက်စား အများစု သီသီကလေးမျှ မကပ်နိုင်သော ဈေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားနေကြသည်မှာ အိမ်နီးနားချင် ဘန်ကောက် နှင့်ယှဉ်လျှင်သော်မှ လူနေမှု စရိတ်မြင့်တက်နေကြောင်း သိရှိရပါသည်။ သို့သော်လည်း ဖော်ပြပါဆိုင်များတွင် စားသုံးသူများသည် အလှုပေးသည့် အလား ကြိတ်ကြိတ်တိုး စားသောက်နေကြသည်မှာ မုဒိတာပွားစရာ ဖြစ်ကြောင်း ဘန်ကောက်မြို့နေ ပြည်သူ့အချစ်တော် ဘလောခ်ဂါ အန်တီချမ်း မှ ဖြည့် စွက်ပြောကြားသွားပါသည်။

ဤတွင် အတင်းများ ကိုကြေညာလို့ ပြီးပါပြီ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ လန်းဖြာ ကြပါစေရှင်။

XOXO....bisou bisou.....gossip girl...

A Chen
5:13 PM
Tuesday
5th July 2011
Bangkok

14 comments:

  1. အာ.. တီချမ်းကလည်း အများကြီးလားလို့  (3) ခုဘဲ၊ ဖတ်ရင်းနဲ့ ကောင်းခန်း ရောက်မှ ရပ်သွားတယ်။ တော်ဝင် အိမ်ယာ ကွန်ဒို လေးလည်း ဗဟုသုတ လေးတွေ မျှပါအုံးနော်။ တီချမ်း နေကောင်းသွားပြီလား၊ ဟိုနေ့ က တီချမ်း စာဖတ်ပြီးတော့ နေမကောင်းဘူး တုတ်ကွေးချင်နေတယ် ဆိုလို့  ကွန်မန့် သာ မရေးဖြစ်လိုက်တာ။ စိတ်မကောင်းဖြစ်သွားတယ်။ သတိတောင် ရ နေသေး။ အမြန်နေကောင်းပြီး ကျန်းမာ ချမ်းသာပါစေလို့ ဆုမွန်ကောင်း များတောင်းပေးသွားပါတယ်နော်။ အခုတော့ ပို့ စ် အဟောင်းတွေပါ ဖတ်သွား ပါတယ်။ စားကောင်း သောက်ကောင်းတယ် ဆိုလို့ အင်မတန် ၀မ်းမြောက် သွားပါတယ်နော်။

    ReplyDelete
  2. ရောင်းသူ-ကြည့်သူ (အိမ်မှာ အိုက်လို့ အေးအောင် လာနေတာ) များဖြင့် စည်ကားလျက်ရှိ ... :D

    ReplyDelete
  3. တီချမ်း တော်ဝင်စင်တာက lift သုံးခဲ.သေးလား အကုန်လုံးရဲ.ခလုတ်တွေကို လိုက်နှိပ်ထားရတာလေ .. ၁ခုပဲနှိပ်ရင်အဲဒီ၁ခုကပဲ ကိုယ်.ဆီလာတာ.. အလုပ်ကိုရှုပ်လို.

    ReplyDelete
  4. အချဉ်ပေါင်း ၁ ဆိုတော. ဆက်ရန်ရှိသေးတယ်ပေါ.နော် ..မျှော်နေမယ်..

    ReplyDelete
  5. အချဉ်ပေါင်းဆိုလို့ စားတဲ့ အချဉ်ပေါင်းမှတ်လို့ :D

    ReplyDelete
  6. Some more gossips...please!!!

    ReplyDelete
  7. T Chan...please share some more info about Taw Win Condo...installment schemes and prices...thanks!!!

    ReplyDelete
  8. :-) :D :P...Agree with T-chan.
    look forward for more posts..

    ReplyDelete
  9. agree.another post twe wait nae mae kwe.
    :D

    ReplyDelete
  10. တီကလဲ အမှန်တွေ ပြောနေပြန်ပြီ...း))))))))))

    ReplyDelete
  11. Bravo!!!
    Waiting for Part 2.

    ReplyDelete
  12. ကိုးမိုင်က အိမ်ယာစဆောက်တော့ ၉၇လောက်ကပေါ့ အလုပ်ဝင်ခဲ့ဖူးတယ်..ဖွန်ကြောင်တဲ့ဒဏ်မခံနိုင်တာရယ်ဆွေမျိုးတွေ ဒဏ်မခံနိုင်တာနဲ့ သိပ်မကြာလိုက်ဘူးထင်တယ် အလုပ်ပြန်ထွက်လိုက်တယ်..ရိုးရိုးတောင်မဟုတ်ဘူးနော် လျှော်ကြေးပေးပြီးထွက်ရမယ်ဆိုတဲ့စာထွက်လာတာ..တို့ကလည်း ဘယ်ရမလည်း မဟုတ်မခံ အမှန်သမားဆိုတော့ ရဲစခန်းရောက်ဘယ်ရောက်ရောက် မကြောက်ပါဘူး..အလုပ်ထွက်တဲ့ reson report ကိုကောင်းကောင်းရေးပစ်လိုက်တာ လျှော်ကြေးမပေးရပဲတောင်းပန်ပါတယ်ထွက်ပါလို့တောင်ပြောလို်က်ရမလို့ဖြစ်သွားတယ်..ဘယ်လိုရေးလိုက်လည်း သိလား ပညာတတ်ပရောဖတ်ရှင်နယ်တယောက်အနေနဲ့ဖင်ပုတ်ခေါင်းပုတ်လက်မခံနိုင်ပါကြောင်း..၀န်ထမ်းဆွေမျိုးတစ်စုရဲ့
    မောက်မာမိုက်ရိုင်းမှု့ကို မခံနိုင်တဲ့အတွက် ကိုးမိုင်းသင်းချိုင်းမြေဟာသူ့တို့အတွက်ဖြစ်သွားမယ်လို့ကြော်ငြာခဲ့တယ်လေ.တီချမ်းပြောသလိုပဲ ငါးစိမ်းသည်မမျက်နှာနဲ့ တိုက်ခန်းရောင်းနေတယ်ဆိုတာလေ..အင်ဂျင်နီယာလစာ လာထုတ်ဆိုရင်လေ အလုပ်သမားလစာပေးသလို တန်းစီးထုတ်ပြီး မောက်မာတဲ့မျက်နှာထားတွေနဲ့ မျက်နှာမြင် ပါးရိုက်ချင်ပါစေ ဆိုတဲ့ ဆုတောင်းတွေနဲ့ပြည့်ကြတယ်.တီချမ်းပြောတာ အပြတ်အသတ်ကို ထောက်ခံတယ်။ သခင်းအားရ ကျွန်ပါးဝတွေကလေ လစာထုတ်ပေးတာကို သူတို့ပေးလို့ စားနေသောက်နေရတဲ့စတိုင်နဲ့..ကိုယ်ကလည်းလေ ကိုယ့်ချွေးနည်းစာလည်းဖြစ်.. ကျောင်းပြီးပြီးချင်း ၀င်တဲ့အလုပ်ဖြစ်လို့သာ. နို့မို့ဆို ပိုက်ဆံနဲ့ပေါက်ပစ်လိုက်တယ်..

    ReplyDelete
  13. တီချမ်းရဲ့ အချဉ်ပေါင်းများဆိုတဲ့ ခေါင်းစဉ်ကိုကြည့်လိုက်တော့ အော် ဇီးသီးတို့ သရက်သီး ချဉ်ပေါင်းတို့လုပ်ထားတယ်ထင်တာတကယ် :) အဲဒါနဲ့စဖတ်တော့ အချဉ်ပေါင်းဆိုပီး ရေးထားတဲ့စာတွေက တီချမ်းအတွေ့အကြုံတွေ ကို ဒါပေမယ့် ဖတ်လို့လဲ ကောင်း တချို ဟာတွေဆိုကိုလဲမသိတော့ (ဗဟုသုတရတယ်)လေ ဆက် ဖတ်ရင်းနဲ့ နောက်ပိုင်းတော့ပါမယ်နဲ့တူတယ်ဆိုပီး အချဉ်ပေါင်းများ အပိုင်း (၁) ဆိုတဲ့ ခေါင်းစဉ်အောက်က စာတွေကိုဖတ်တော့မှ ကွက်ကွက်ကွင်းကွင်းမြင်တော့တယ် . အချဉ်ပေါင်းဆိုတာ.. ဒါပေမယ့် ကျေးဇူး ပါ တီချမ်းရဲ့ blog ကို သိတာမကြာသေးပေမယ့် ခု သူများတွေနဲ့မှီအောင်အချိန်အားတိုင်းဝင်ဖတ်ဖြစ်ပါတယ် ရှင် :)

    ReplyDelete
  14. တီချမ်းရဲ့ အချဉ်ပေါင်း လေးတွေ လို့ ပြန်လာဖတ် ပါတယ် ..ဟုတ်ပ ဗမာပြည်မှာ အချိုးမပြေတာကြီးပဲ

    ReplyDelete