Tuesday, July 5, 2011
Oh Skand...what have you missed.....
မနေ့ညက ဝက်သားဆီပျံ ချက်စားကြမယ် လို့ မောင့်ကို ပြောပြီး ညနေကတည်းက အလုပ်ကနေ ဖုန်းဆက်ပြီး ဝက်သား ချခိုင်းထားပါတယ်။ ဝက်သားကတော့ ထုံးစံ အတိုင်း အသား နံပါတ်တစ် ကွာလတီ ပါရာဂွမ် ကနေ ဝယ်လာတာပေါ့အေတို့ ရယ်။ အဲ့တာနဲ့ ချက်စားကြမယ် ဆိုတော့ ထုံးစံအတိုင်း ဝက်သားဆီပျံ တော့ စားချင်ဘူး အပြောင်းအလဲ လေးဖြစ်အောင်ဆိုပြီးတော့ တနေ့က ဘတ်ထားတဲ့ လွယ်ကူစားမြိန် ရဲ့ ကြက်သားဆွမ်းချက် ဆိုတာ ကို သဘောကျနေပါတယ် အဲ့မှာ ပါတဲ့ သရက်သီး သနပ် ထည့်တာ ကို သိပ်သိပ် စိတ်ဝင်စားနေတာပေါ့။ ချဉ်ပြုံးလေး ဖြစ်မှာပဲ ဆိုပြီးတော့လေ။ သူကလဲ အဲ့ဒီ နည်းကို အဖြူရောင်နတ်သမီး ဆီက ရတာပါတဲ့ တဆင့်စီပေါ့။ အားလုံး ကျေးဇူး တင်ပါတယ်။ တီချမ်းဆီရောက်တော့ တီချမ်းနည်းပေါ့နော်။ ဘယ်လိုဖြစ်သွားလဲ ဟုတ်လား ပြောပြမယ်လေ ဖြေးဖြေးပေါ့ မလောပါနဲ့.....
ဖြစ်ပုံက ဒီလိုပါ မောင့်ကို ချက်စားကြမယ် ပြောထားတော့ မောင်က ထုံးစံအတိုင်း ကြက်သွန်ဖြူ နီ ကြိတ်ထားပြီးသားဖြစ်နေတယ် အဲ့တာနဲ့ သူတို့ လို မချက်တော့ပဲ တခါတည်းပဲ ဝက်သား ကို တုံး ဆားအချိုမှုန့် ငါးငံပြာရည် နည်းနည်းရယ် နနွင်းနည်းနည်းရယ် ငရုတ်သီးမှုန့် အရောင်တင် အစိမ်းမှုန့် နည်းနည်း ရယ် နဲ့ နယ် ပြီး နှပ်ထားတယ်။ နောက်တော့ ဆီနဲ့ ဝက်သား ကိုအရင်သတ်ပါတယ် ကြက်သွန်ဖြူ နီ မထည့်သေးပါဘူး ဝက်သားတွေ နည်းနည်း လုံးသွားပြီ မွှေးတက်လာပြီ ဆိုမှ ကြက်သွန်ဖြူနီ ထည့်ပါတယ် ပြီးတော့ သရက်သီး သနပ် ၂ ဖတ် ၃ ဖတ် တော့ ကဘူး ၄ ၅ ၆ ဖတ်လောက်ကို ထည့်ပလိုက်တယ် အေးရော.....နောက် တော့ ခဏ ထပ်ကြော် ရေ ထည့် ပြီး နူး တဲ့ အထိ တည်ပလိုက်တာပဲ ဆီပျံလေးပေါ့အေ နောက်ဆုံးတော့လဲ သို့သော် သရက်သီး သနှပ် ထည့်ထားလို့ အရသာကတော့ တီ မှန်းထားသလိုပဲ ချဉ်ပြုံးလေးဗျ မိုက်မှမိုက်ပဲ အိုအိရှိ အရသာရှိ ကောင်းမှကောင်းလေ..........ပုံသာ ကြည့်ကြပေတော့......
ဖြစ်ချင်တော့ အိမ်မှာ ဆန်ကုန်နေပါတယ် ကိုယ် ပရီးမီးယား ၂ အန် ၁ ကော်ဖီ နဲ့ သောက်နေကျ နွားနို့ကလဲ ကုန်နေပြန်ပါတယ် ဟင်းချက်ကာနီး ကျမှ ဆီကလဲ ကုန်နေပြန်ပါတယ် အဲ့တာနဲ့ မောင့်ကို ၇=၁၁ ကိုလွှတ်တော့ ဒင်းက ဝက်သားချဉ်ပါ ဝယ်လာပါတယ် ကိုယ်မသိအောင်ပေါ့လေ ထားတော့ ထုံးစံအတိုင်း ပဲ ကြက်သွန်နီ ပါးပါးလှီး ပြီးတော့ ဆား အချိုမှုန့် နည်းနည်း ငရုတ်သီးစိမ်းလေးတွေပါးပါးလှီး ပြီး သံပရာရည်လေးနဲ့သုပ်ပါတယ်။ ဒါကလဲ ကောင်းမှကောင်း စူပါရှယ် အိုအိရှိ ပဲ...........
ဒါကတော့ တနေ့ က ဈေးထဲက တွေ့တဲ့ မျှစ်ပြုတ်တို့ ရယ် ထူးထူးဆန်းဆန်း ရှာတွေ့တဲ့ ဟင်းကလာချဉ်ဖတ်ရယ် ပါ ဒါတွေကတော့ ဝယ်တာဆိုတော့ အထွေအထူးပြောစရာမလိုပေါ့...
ဒါကတော့ သူငယ်ချင်းကို ဖုန်းဆက်ခေါ်တော့ သူက ဝက်သားဆီပျံ အသံလဲကြားရော စွန်တန်သောက် ချင်ပါတယ်တဲ့ အိုကေပေါ့ သိပ်လွယ်တယ်လေ ချက်ရတာ ရေ လိုသလောက်ထည့် ဆူအောင် အရင်တည်လိုက်ပါတယ်။ ပြီးတော့ ရေဆူလာတော့ စွန်တန်ဖတ် ထည့်ပါတယ်။ အချဉ် ကြိုက်ရင် ပိုထည့် ခရမ်းချဉ်သီး နှစ်လုံး ကို ၆ စိပ်စီ နဲ့လှီး ပြီး ပစ်ထည့် ငရုတ်သီးစိမ်းလေးတွေကို ဓါးပြားရိုက်...၈ တောင့်ပါ။ ကြက်သါန်နီ ၂ ဥ ကို ၈ စိပ်စီ လှီး ပြီးတော့ ရေဆူတာနဲ့ အကုန်ပစ်ထည့်လိုက်ပါတယ်။ ပြီးတော့ ဝက်သားတုံး ခနော်ခဲ နှစ်တုံး ပစ်ထည့်လိုက်ပါတယ်။ တခါ ထပ်ဆူရင်တော့ အပေါ့အငံမြည်း ကိုယ်ကြိုက်တဲ့ အနေအထား ရရင် အိုချ လိုက်လို့ ရပါပြီ။ ဒါလေးကလဲ ရှုးရှဲစပ် ချဉ်စူး လေးနဲ့ မိုက်မှမိုက်ပါပဲ.....ဂွတ်ထ အန် သည်ဘက်စ် ပေါ့
အမှန်ကတော့ နံနံပင်လေး ထပ်ထည့်လို်က်ရင် သည်ဂွတ် သည်ဘက်တာ သည်ဘက်စ် တောင် မက သည် ဂရိတ် တောင်ဖြစ်သွားအုံးမယ် မွှေးမွှေးလေးနဲ့ လေ ခုတော့ မရှိတော့ ထားပါတော့... ရှိတာလေးနဲ့ ကောင်းအောင် အရသာရှိအောင် ချက်တတ်တာ က မှ အိမ်ထောင်ရှင် မိန်းမကောင်းမှလား.....ငှဲငှဲငှဲ....
ကဲ ချုပ်ရရင်တော့ ပရိတ်သတ်ရယ် စဉ်းစားကြည့်ပါ ဝက်သား သရက်သီးသနှပ် ချဉ်အီပြုံးလေး ဝက်သားချဉ်သုပ်လေး အတို့အမြုပ်ကလေး၊ စွန်တန် ရှုးရှဲစပ်ကလေး နဲ့ ဘယ်လောက်များ ထမင်းမြိန်လိုက်မလဲလို့ ကိုယ်တို့ ၃ယောက် (ကိုယ်ရယ် မောင်ရယ် သူငယ်ချင်းရယ်) အုပ်လိုက်ကြ တီးလိုက်ကြ လွေးလိုက်ကြ မြိန်လိုက်ကြတာ ထမင်း ၃ လုံးချက် ကုန်သွားပါတယ် ခါတိုင်း ၃ လုံးချက်ရင် ကိုယ်တို့ လူ ၅ ယောက် စားကြတာပါ ဆန်ကောင်းသုံးတော့ အီတယ်လေ (ညှင်းညှင်းညှင်း)
အဲ့တော့ ပရိတ်သတ်ကြီးလဲ သွားရည်ကျ ရအောင် တင်ပေးလိုက်ပါတယ် ချက်နည်းတွေကတော့ တင်ပြီးသားတွေပါ စားကြပါအုံးနော်.............
A Chen
4:37PM
Tuesday
5th July 2011
Bangkok
10 comments:
  1. အဲလိုမျိုးကို အိမ်မှာတော့ ၀က်သားဟင်းလေးလို့ခေါ်တယ်။ မော်လမြိုင်ဘက်အခေါ်အဝေါ်လားတော့ မသိဘူး။ အမေတို့တော့ ဟင်းကျက်ခါနီးရင် ဂျင်းကိုအချောင်းလိုက်လေးတွေလှီးထည့်တာတွေ့ဖူးတယ်။ တော်တော်လည်းမွှေးတယ်။
    ReplyDelete
  2. မော်လမြိုင်ဘက်ကလို မရမ်းသီးခြောက်ကလေးထည့်ချက်စားရင် တီချမ်းပြောသလို ကောင်းမှကောင်း စူပါရှယ် အိုအိရှိ ပဲ...........
    ReplyDelete
  3. အီဗီ ပြောတာဖြစ်နိုင်တယ် အဖြူရောင်နတ်သမီးကတော့ သူတို့ ဆွေစဉ်မျိုးဆက် လက်ရာ လို့ပြောတယ် ဂျင်း အချောင်းလေးတွေလဲ သူတို့ ထည့်တယ် တီကတော့ တီ့နည်း နဲ့ ကြည့်ကျက်ဆော် လိုက်တာပဲ
    ဟေမာ ပြောတာ ဖြစ်နိုင်တယ် နောက်တခါကျရင် သရက်သီးသနှပ် အစား မရမ်းသီး နဲ့ ကစ်ကြည့်ရမယ်
    ReplyDelete
  4. သွားရေ ကျသွားပါတယ်
    ဝက်သား ဟင်းကတော့ ရှယ်သလားမမေးနဲ့
    နောက်နေ့ တီချမ်းချက်သလို ချက်စားလိုက်ဦးမယ် ...
    အဲ့ထက်ကောင်းအောင်ချက်လိုက်မယ်.. :P
    ReplyDelete
  5. Super special all I like,yummy yummy,watery...sha lout sha lout...
    T-chan yay.....
    please post for cooking method for pig organ sticks.
    ReplyDelete
  6. နွေးနေခြည်July 6, 2011 at 8:25 AM
    စမ်းကြည့်ဦးမယ် လုံးချက်တာနဲ့မတူဘူးနော်။ ဒီနည်းက နောက်မှအုပ်ရတာ။ မွှေးနေမှာပဲ... ခုတောင်စားချင်လာပြီး)
    ReplyDelete
  7. mango pickle pork, sour pork, sour soup..
    All three dishes are sour.....but I like it.... hee.hee :D
    ReplyDelete
  8. တီရေ..တီကြွားတဲ့(အဲ)တီကျွေးတဲ့ဟင်းတွေသရေကျပြီးသကာလချက်စားဖြစ်
    အောင်ချက်စားမယ်လို့တေးမှတ်သွားပါကြောင်းးD
    ReplyDelete
  9. ဟုတ်တယ်တီ...
    ဒါနဲ့ တီဟာက အချဉ်တွေကြီးပဲ.. ၀က်သားသရက်သီးသနပ် ၀က်သားချဉ်သုတ် စွန်တန်ဟင်းချို..း))))))
    ReplyDelete
  10. ၀က်သားချဉ်ကော စွန်တန်ကော ၀က်ဆီပြန်ချဉ်စပ်ကော အားလုံးစားချင်တယ် ကျန်သေးတယ် ဟင်းကလာချဉ်ကော
    ပြီးတော့သွားတွေကျိန်းမကျန်ရစ်ဘူးလား တီချမ်း :P
    ReplyDelete