Monday, July 4, 2011

ကိုယ့်ရဲ့ အချစ်ဆုံး က မင်းပါ….“xxx”

ကိုယ့်ရဲ့ အချစ်ဆုံး က မင်းပါ….“xxx”

ပုံပြင်လေး တပုဒ်ပြောပြဖို့ အချိန်ကျလာပြန်ပါပြီ။ ပြောကြည့်မယ်နော်…

တလောက ကြားမိတဲ့ ဇာတ်လမ်းလေးပါ။ ဆရာဝန်တွေက ကုလို့မရနိုင်တော့ဘူးပြောလို့ မျှော်လင့်ချက် မဲ့နေတဲ့ နာတာရှည်မိန်းမကို ယောက်ျား လုပ်တဲ့သူက တခြားမိန်းမ တယောက် နဲ့ ဖောက်ပြန်ပါ သတဲ့။ မိန်းမဆုံးတော့မှ ကျန်နေတဲ့ သားလေးကို လက်တွဲပြီးတော့ မိန်းမ လုပ်သူရဲ့အလောင်း ရှေ့မှာ “ကိုယ် အချစ်ဆုံးက မင်းပါ မိန်းမရယ်” လို့ပြောပါသတဲ့။ (မောင်တို့ ……ယောက်ျားတွေများနော် တရားကျဖို့ ကောင်းနေပုံများတော့ ပြောကိုမပြောချင်ဘူး …….ထားပါ)

တကယ်လို့ ယောက်ျားတယောက်က သေသွားတဲ့ မိန်းမရဲ့အလောင်းရှေ့မှာ “ကိုယ့်အချစ်ဆုံး က မင်းပါ” လို့ ပြောထွက်နေသေးရင် ဘာလို့များ အစကတည်းက ဖောက်ပြန်ခဲ့သေးလဲနော်။

ဒါမှမဟုတ် အဲ့တာကို က အချစ်ရဲ့ကြောက်စရာ အကောင်းဆုံး အပိုင်းပဲထင်ပါတယ်။ လူ တယောက်က ကိုယ့်ကို ချစ်ပါတယ်ဆိုတိုင်းလဲကိုယ့်အပေါ် မဖောက်ပြန်ဘူး လို့မှ ပြောလို့မရ တာနော်။ နောက် သူက ကိုယ့်အပေါ်မှာ ဖောက်ပြန်တိုင်းလဲ ကိုယ့်ကို သူမချစ်ဘူး လို့ အဓိပ္ဗါယ် မရပြန်ဘူးလေနော်။ ရှုပ်ကုန်ပြီလား…..ထား။

“ချစ်တယ်” ဆိုတာနဲ့ “အချစ်ဆုံး” ဆိုတာရဲ့ ကွာခြားမှုက ဘာလဲ။ သူနဲ့ကိုယ်ဆံဖြူသွားကျိုးထိ ဟပ်ပီးလီ အဲဗားအာဖတာ ဖြစ်စရာမလိုသလို၊ လက်ရှိ လောလောဆယ် အခိုက်အတန့်မှာ ကိုယ့် အနားသူရှိမရှိ စတာတွေနဲ့လဲ မဆိုင်ဘူးလို့ ကိုယ်ကတော့ ထင်တယ်။ အဲ့တော့ ခုနပြော တဲ့ “အချစ်ဆုံး” ဆိုတာက ကိုယ်တို့တွေက ကိုယ်တို့တွေ ချစ်ခဲ့ဘူးတဲ့ သူတွေ ကို တယောက် နဲ့ တယောက် ယှဉ်ပြီး ပြော နေကြတာသာပဲ။ ဥပမာ ကိုယ်ဆို အချစ်ဆုံးတွေက အခုအနားမှာ မရှိဘူး။ အခုအနားမှာ ရှိနေတာက အချစ်ဆုံး လို့ကိုယ့်ဘာသာ ထင်ထား သတ်မှတ်ထားတာ မဟုတ်ဘူး။ သို့သော် ဘဝ တခု ကို လာတူတူ တည်ဆောက်ကြမယ်ဆိုရင်တော့ ခုနက ပြော တဲ့ အချစ်ဆုံးဆိုတာတွေ ကိုကျော်ပြီး သူ့ကိုရွေးမယ်။ ရွေးခဲ့တယ်။ သဘောပေါက်လား။

ခုနက ဇာတ်လမ်းကိုပြန်ဆက်ရရင်လဲ အဲ့ဒီ လူ က သူ့မိန်းမ ကိုချစ်ခဲ့တုံးကလဲ ၁၀၀% ပဲဖြစ် မယ်ဆိုတာ ကိုယ်ကသေချာပါတယ်။ အနက်ရှိုင်းဆုံး အလေးနက်ဆုံးချစ်ခဲ့တာလဲဖြစ်မယ်။ အဲ့ဒီ ၁၀၀ % ရတဲ့ အချိန်ကာလ အပိုင်းအခြား ဘယ်လောက်ကြာမယ်ဆိုတာမပြောနိုင်ပေ မယ့် ရနေတုံးကတော့ သေချာတယ် ၁၀၀% ပဲ တပြားမှ မလျော့ဘူး။ မလျော့ခဲ့ဘူး။ ခု သူက နောက်မိန်းမ တယောက်ကို ချစ်နေတယ်။ ကဲ တကယ်လို့သူ့မိန်းမက မသေခဲ့ဘဲ သူက လက် ရှိ ချစ်နေတဲ့ မိန်းမအတွက် အရင်မိန်းမကို စွန့်ပစ်မယ်ဆိုရင်လဲ သူ့ ရဲ့ လက်ရှိ “အချစ်ဆုံး” က နောက်မိန်းမပေါ့။ ဒါပေမယ့် သူ သူမ ကိုချစ်တဲ့ အချစ်ကတော့ ၈၀% ပဲ။ သူမအတွက် ဇနီး ကိုဖောက်ပြန်ခဲ့တယ်။ ဖောက်ပြန်သူကြီးဆိုတဲ့ နာမည်ဆိုးကို သူ သူမအတွက် ခံခဲ့တယ်။ ဒါပေမယ့် အဲ့တာ ၈၀% ပဲရှိတဲ့ အချစ်ပဲ ၁၀၀% နဲ့ ဘယ်လိုပဲ ယှဉ်ယှဉ် ၂၀ % ကတော့ ကွာဟနေသေးတယ်။

အရင်တုံးက လူတယောက်ကို ကိုယ်ချစ်ခဲ့ဘူးတယ်။ လေးလေးနက်နက် နက်နက်ရှိုင်းရှိုင်း ချစ်ခဲ့တယ် ၁၀၀% ပေါ့လေ။ ခုတော့ နောက်လူတယောက်ကို ချစ်နေတယ် သို့သော် …. ကိုယ်တို့တွေက အရင်လိုမဟုတ်တော့ဘူး။ အရင်လိုလူတယောက်ကို ၁၀၀% ထပ်ချစ်နိုင် ဖို့ဆိုတာ မဖြစ်နို်င်တော့ဘူး။ လူတယောက်ဟာ ပိုအိုလာပြီ။ ဒါမှမဟုတ် အရွယ်ရောက်လာပြီ ဆိုတဲ့အခါမှာ အတွေ့အကြုံတွေကလဲများလာပြီလေ။ ဝမ်းနည်း ဝမ်းသာဖြစ်ရပ်များစွာ ကိုလဲ တွေ့ကြုံခဲ့ဘူးပြီ။ အရင်လို လူတယောက်ကို အရူးအမူး နက်နက်ရှိုင်းရှိုင်း ၁၀၀% ပြည့်ပြည့်ဝဝ ချစ်ပါတယ်ဆိုတဲ့ အနေအထား ကို ဘယ်လိုမှ ပြန်မရောက်နိုင်တော့ဘူး။ သူ့အတွက် ခူးဆွတ် မယ့် ဓူဝံကြယ်တို့ အသက်ပင် သေသေတို့ ပြောရင်တောင် ရယ်ချင်လို့စကားထဲတောင် ကြုံလို့ ထည့်မပြောတော့ဘူး။ ၈၀% က အများဆုံးပေးနိုင်တဲ့ အနေအထားပဲ။ ဂိတ်ဆုံးပဲ။ အရင်က ၁၀၀% ချစ်နိုင်ခဲ့တယ်ဆိုတာ တကယ်ပြန်တွေးကြည့်တော့ ဘယ်လိုမှ ပြန်မရနိုင်တော့မယ့် ဘဝ ရဲ့အချိုမြိန်ဆုံးနေ့ရက်တွေပဲလေ။ နောက်ပိုင်းမှာ ရက်ကော့ ကျလာလို့ ၆၀% ပဲရှိတော့ မယ်ဆိုရင်လဲ သူကသာ (သူမကသာ) ကိုယ်တခါက ၁၀၀% ပြည့်ချစ်ခဲ့ဘူးတဲ့ တဦးတည်း သော တစုံတယောက် ပဲပေါ့။

မှတ်ချက်။

သူငယ်ချင်းတယောက်ဆီက ကြားတဲ့ဇာတ်လမ်းပေါ်အခြေခံပြီးရေးထားတာပါ။ မရေးတာကြာလို့ လက်ပျက်နေတယ် လို့ကိုယ့်ကိုယ်ကို ထင်နေတယ်။ ပြန်ပြင်ရမှာလဲပျင်းလို့ ပြန်တောင် မစစ်ဘဲတင်လိုက်တယ် လာလေ့ရော့….

A Chen
5:34 PM
July 4, 2011
Home
Bangkok

4 comments:

  1. တီ ဆိုလိုတာကို လုံးဝ သဘောပေါက်တယ်...အဲဒီ ၁၀၀% ကလဲ ဘ၀လက်တွဲဖော်ဖြစ်မနေပါဘူး..ဖြစ်မလာပါဘူး။ အဲတာဟုတ်ပါတယ်။

    ReplyDelete
  2. ဟုတ်တယ် အနောနိမတ်စ်ရေ

    အဲ့ဒီ ၁၀၀% တွေက ကြာခဲ့သော ပေါ့နော်

    ReplyDelete
  3. မှန်လိုက်တာ တီချမ်းရေ့...

    ReplyDelete
  4. အဲ့ဒီကိုယ်ချစ်ခဲ့ဖူးတဲ့သူကကို ပြောခဲ့ဖူးတယ်။ The first cut is the deepest.

    ReplyDelete