Thursday, January 12, 2012

အချဉ်ပေါင်း (၃)

တကယ်ပါပဲ မြန်မာပြည်တခါပြန်ရင် တခါ မုဒိတာတွေပွားလာတယ် ခန္တီစပါရမီ ရင့်သန်လာတယ်။ မေတ္တာထားတတ်လာတယ်။ တကယ်ပါပဲ။ မြန်မာပြည်မှာ ကြာကြာနေရင် နိဗ္ဗာန်နဲ့မြန်မြန်နီးနိုင်ပါတယ်။ ထားတော့ လိုရင်းတွေကိုပဲပြောပါမယ်။

ကြုံရတာကတော့ များပါတယ်။ တချို့ဟာတွေကျတော့ မမှတ်မိတော့ဘူး။ ဒင်းတို့တွေကံကောင်းတာပဲ။

၁) ညီဝမ်းကွဲတယောက်ကပြောလာပါတယ်။ သူတနေ့ပါရမီတက်စီကို ငှားစီးပါတယ်တဲ့။ ပါရမီတက်စီ သည် မြန်မာနိုင်ငံတွင် ပထမဆုံး မီတာ စနစ်ဖြင့်မောင်းမည်။ အဲကွန်းပါမည် လို့ ကြေငြာပြီး လုပ်တဲ့ ကားလိုင်းထင်ပါတယ်။ ပါရမီ တက်စီ အများစုသည်တကယ်ပဲ အဲကွန်းဖွင့်ပါသည်။ ထားတော့။ သို့သော် မီတာ ဘယ်လောက်ပဲ တပ်တပ် မြန်မာပြည်သည် မြန်မာပြည်သာပဲ ဖြစ်တဲ့ အတွက် ဒီမိုကရေစီ ဘယ်လောက်ပဲ ရရ မီတာနဲ့မမောင်းပါဘူး။ အခုထိ ဈေးဆစ်ရနေသေးတာပါပဲ။ ထားတော့။ ဖြစ်ပုံကတော့ ညီက ဈေးတည့်လို့ စီးတော့ ကားပေါ် အတက်မှာ ကားမောင်းသူက အဲကွန်းကို ပိတ်လိုက်ပါတယ်တဲ့။ အစက သူ့ဘာသာသူ လျောက်မောင်းနေတုံးကတော့ ဖွင့်ထားတယ်နော်။ ထားတော့။ အဲ့တာနဲ့ ညီကလဲ ကားပေါ်က အဆင်းမှာ ကားနံပါတ်ကို မှတ်ထားပြီး ပါရမီ တက်စီ ကို ဖုန်းဆက်တိုင်ပါတယ်တဲ့။ အံ့သြစရာ က အခုမှ စတာပါ။
နောက်နေ့မှာ ညီ ဖြစ်သူဆီကို ဖုန်းတခုပြန်ဝင်လာပြီး သကာလ မနေ့က ပါရမီ တက်စီ ကားမောင်းသမားက တောင်းပန်စကားပြောပါတယ်တဲ့။ ကျန်တာတော့ စာဘတ်သူပဲ ဆက်စဉ်းစားပါ။ တီက အဖြစ်အပျက်ကိုပဲ ပြောပြချင်တာ။ တီပြောချင်တာ အကုန်ပြောပြီးပြီ။

၂) တီ့ကိုယ်တွေ့ပါ။ တီ့ အိမ်က ဘလေဇုန် နဲ့ နီးပါတယ်။ တနေ့ ညနေဘက်ကို ညနေစာ စားပြီးအပြန် ဘလေဇုန်က ဂျေဒိုးနတ်မှာ ကော်ဖီသောက်မယ် လို့ စဉ်းစားပြီး မောင်နဲ့ သွားထိုင်ပါတယ်။ အဲ့မှာ အလယ်က ခုံနားမှာ ဂျေဒိုးနတ်က အအေးခွက်(သောက်ဖူးသူများသိပါလိမ့်မယ်၊ မသိသေးသူများ ပုံကိုရှု) ကို ပုံပါအတိုင်း ကော်နဲ့ကပ်ထားတာ မြင်ခဲ့ရပါတယ်။ အဲ့မှာ ရေးထားတာကပုံမှာ ပါတဲ့ အတိုင်းပါပဲ။သေချာမမြင်ရမှာ စိုးလို့ နောက်တပုံသေချာ ခိုးရိုက်ခဲ့ပါသေးတယ်။ တီ့ ရဲ့အသစ်ဝယ်ထားတဲ့ ၅၅၀ ဒီ နဲ့ ပါ။ နောက်ပုံတွေတော့ ခိုးရိုက်လို့ မရလို့ ဖုန်းနဲ့ပဲ ရိုက်ခဲ့ရတယ်။





နောက်တခုက ကောင်တာ မှာရေးထားတဲ့ စာပါ။ အဲ့တာ က ဖုန်းနဲ့ခိုးရိုက်ရတာ ဖြစ်တဲ့ အတွင် သေချာ မကြည်ပါဘူး။ စာမှာ ရေးထားတာက “ဖျော်ရည်သုံးဆောင်သူများ ရေခဲ ကို မိမိတို့ စိတ်တိုင်းကျ ထည်၍ သုံးဆောင်နိုင်ပါသည်” တဲ့။ ဟုတ်ကဲ့ ဘေးမှာ ရေခဲဘုံးလေး ထားပေးထားပါသေးတယ်။ ကောင်တာက အရောင်းဝန်းထမ်းမမ က အအေးမှာ ရင် ကော်ခွက်တခု နဲ့ချင်ပြီး ထည့်ပေးပါတယ်။ သေချာအောင်လို့ မောင့်ကို အအေးတခွက်သွားဝယ်သောက်ခိုင်းလိုက်ပါသေးတယ်။ တကယ့်ကို ကော်ခွက်နဲ့ ချင်ပေးတာပါ။ ဒီလိုလေ ဘုံးထဲက အအေးကို ကော်ခွက်နဲ့ ချင်ထည့်တယ် ပြီးတော့မှ စားသုံးသူရှေ့မှာ ဖန်ခွက်ထဲကိုလောင်းထည့်ပြတယ်။ အဲ့ဒီမှာ ခုနက ပြထားတဲ့ ခွက် က မြားလေးနဲ့ကွက်တိ။ ရေခဲကိစ္စကတော့ အောက်မှာ ဆက်ရှု။





တွေ့တယ်နော်။ ပုံလေးကတော့ နည်းနည်းဝါးနေတယ်။ ဘေးမှာက ဖျော်ရည်ဘူး။ စက္ကူနောက်မှာ ရေခဲဘုံး။ ဘယ်လိုဖြစ်တာလဲလို့ ကောင်တာက မမ ကိုမေးကြည့်တော့ စားသုံးသူက ကွန်ပလိမ့် တက်လို့ လို့ဖြေပါတယ်။ တော်တော်ကျေနပ်သွားပါတယ်။ စကားစပ်မိလို့ မဂ္ဂဇင်းတခုထဲမှာ ဆရာတယောက် ရေးထားတဲ့ မြန်မာပြည်နဲ့ AFTA အာစီယံ လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီစာချုပ် အကြောင်းပါ။ ခြုံပြောရရင်တော့ သူပြောချင်တာ ၂၀၁၅ မှာ မြန်မာပြည်က အဲ့ဒီ စာချုပ်မှာ လက်မှတ်ထိုးပြီဆိုရင် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေပိုလာမယ့်အကြောင်း အဲ့အတွက် ပြည်တွင်း ရင်းနှီးမြုပ်နှံမှု လုပ်ငန်းရှင်တွေအနေနဲ့ အပြိုင်အဆိုင်တွေ ကို ပိုမိုကြုံတွေ့လာမယ့် အကြောင်းပါ။ အဲ့ဒီလို စာချုပ်တွေကြောင့် ကြုံတွေ့နိုင်တဲ့ အခက်အခဲတွေ နောက်ဆက်တွဲ ပြဿနာတွေ ပြည်သူတွေ ကြုံတွေ့နိုင်တဲ့ ဆုံးရှုံးမှုတွေကို မသိမသာ မပြပဲ ကောင်းကွက်လေးတွေကိုပဲ အလေးပေးရေးသွားတာပါ။ ရေးလို့မရလို့လဲ ဖြစ်နိုင်တာပေါ့လေ။ ထားတော့ ပြောချင်တာကတော့ ခုလိုလေးတွေမြင်ရတော့ စိတ်ထဲမှာ ကျေနပ်မိပါတယ်။ ဒါလေးတွေကတော့ ကြိုက်တာလေးတွေပေါ့။ မကြိုက်တာလေးတွေလဲ ရေးမှာပါ။ ပိုစ့်နာမည်က အချဉ်ပေါင်းမှလား။

၃) ခုနက ပြောသလိုပါပဲ တီက ဘလေဇုန်နားမှာ နေပါတယ်။ အထင်မကြီးပါနဲ့ မြေနီကုန်းဘက်အခြမ်းပါ။ ပြီးတော့ တီချမ်း အိမ်မှာ ကားမရှိပါဘူး။ အဲ့တော့ ကားငှားစီးရပါတယ်။ အဲ့တော့ ဦးဝိစာရ လမ်းကို အမြဲ ဖြတ်ရပါတယ်။ သိကြမှာပါ အလယ်မှာ ကျွန်းမျောလေးတွေရှိပါတယ်။ အိမ်ကိုဝင်တဲ့လမ်းက (စကားမစပ်ပြောရရင်တော့ အတွင်းရေးမှုး (၁) ဦးခင်ညွှန့် ဖွင့်ခဲ့တာပါ) ဘလေဇုန် နားကနေ မျက်စောင်းထိုးလိုက်ရင် ကွန်စထရပ်ရှင်ကြီး ဆောက်မယ် ဆောက်မယ် နဲ့ကာထားတဲ့ (တီတို့ အဲ့မှာ အိမ်ဝယ်တာ ၁၀ နှစ်ကျော်ပါပြီ။ မဝယ်ခင်ကတည်းက ရှိတာပါ။ ခုထိ မဆောက်သေးပါဘူး ထားတော့) ကြားကလမ်းပါ။ ဈေးလမ်း ခေါ်ပါတယ်။ အရှည်ကတော့ မြေနီကုန်းဈေးလမ်းပေါ့။ သူက ဟိုဘက် ပြည်လမ်းအထိ ပေါက်တယ်။ အလယ်ထဲမှာ ဇစ်ဇက်ပါ။ အဲ့လမ်းကိုဖြတ်ဖို့ အလယ်က ကျွန်းမျောတွေကို ဖြတ်ရင် ကွေ့ရပါမယ်။ ပြောချင်တာက အဲ့မှာပါ။ မြန်မာပြည်က ကားမောင်းတဲ့ လူ ၁၀ ယောက်မှာ ၉ ယောက် က စည်းကမ်းကို မသိတာလား၊ နားမလည်တာလား၊ သတိမမှုတာလား၊ သဘောမပေါက်တာလား၊ မလိုက်နာတာလား၊ ဥပေက္ခာပြုတာလား၊ တခုခုတော့ တခုခုပါပဲ။ အဲ့လိုနေရာမှာ ကွေ့မယ်ဆိုရင် ဥပမာ ဦးဝိစာရ လမ်းပေါ်မှာကိုပဲ တီ့အိမ်ဘက်ကိုကွေ့မယ့်ကား ဆိုပါတော့ မြင်အောင်ပြောရရင် ဗားကရာ မီးပွိုင့်ဘက်ကလာတဲ့ကားက ညာဘက်ကို ပမ်းယူရပါမယ် မြန်မာပြည်က ညာမောင်းဖြစ်လို့ပါ။ အဲ့လိုပဲ ဟံသာဝတီဘက်ကလာတဲ့ကားက ဦးဝိစာရအတိုင်း ဆင်းလာလို့ ဘလေဇုန် ဘက်ကို ကွေ့မယ်ဆိုရင်လဲပဲ သူက ညာဘက်က ပမ်းယူရပါမယ် အဲ့တာဆိုရင် ကားနှစ်စီး စလုံးသည် သူ့နေရာနဲ့ သူ အလိုလို အိုကေပြီးသား။ အဲ့တာကို ခုန က ပြောတဲ့ မြန်မာပြည်မှာ ကားမောင်းနေတဲ့ ၁၀ ယောက်မှာ ၉ ယောက်က စည်းကမ်းကို မသိတာလား၊ နားမလည်တာလား၊ သတိမမှုတာလား၊ သဘောမပေါက်တာလား၊ မလိုက်နာတာလား၊ ဥပေက္ခာပြုတာလား စတဲ့ အကြောင်းတခုခုကြောင့်ပေါ့ အမြဲ လိုလိုေ-ာက်တလွဲ ကွေ့ကြပါတယ်။ တဘက်လူကို ကါန်စစ်ဒရိတ်လုပ်ဖို့ မပြောနဲ့ သူ့ဘာသာတောင် မှားနေတာ သိရဲ့လား သိသိနဲ့ မှားတာလား တော်ပါပြီလေ။ ပြောချင်တာက အဲ့တာပဲ။ ဒီမိုကရေစီနဲ့ အတူ စည်းကမ်းတွေပါလာမယ်ဆိုတာတော့ သတိမူသင့်ပါတယ်။ (ဆိုင်ဆို်င်မဆိုင်ဆိုင် ဒီမှာ မဆိုင်ရင် တနေရာရာမှာတော့ ဆိုင်မှာပဲ) အောက်မှာ များစွာသော တလွဲမောင်းသူများထဲမှာ တယောက်ပေါ့။ ရှု......





၎) နောက်တခုကတော့ တက်စီသမားတွေပါပဲ။ ကြည့်ပါ ပုံက သူ့ဘာသာ ပြောပြပြီးသားပါ။ တီ အထွေအထူးမပြောတော့ဘူး။ အပေါ်မှာ ခုနက ပြောတဲ့ ဒီမိုကရေစီ နဲ့ စည်းကမ်း တာဝန်တွေ က ဒီမှာလာဆိုင်တယ် တွေ့လား။





ခပ်တည်တည်ပါပဲ လမ်းမပေါ်မှာ ရပ်ပြီးတော့ ကွမ်းတံတွေးကို ရေနဲ့ ထွေးချနေပါတယ်။ မိုက်ပါလေ့။





ဒါလေးကတော့ တီငှားစီးလာသော တယောက်သော ကားသမားပါ။ အခု မြန်မာပြည်မှာ ဖုန်းတွေ ပေါပေါသီသီ (အရင်နဲ့စာရင်) ကိုင်လာနိုင်ကြတာ ကောင်းပါတယ်။ ဒီမှာ (ထိုင်းမှာ) လဲ ကားသမားတွေကားမောင်းရင်း ဖုန်းပြောကြပါတယ်။ သို့သော် အီးယားဖုန်းလေးတွေနဲ့ပါ။ တီက တော့ သေချာ မသိပါဘူး။ ကားမောင်းရင်း ဖုန်းမပြောရဘူးလားလို့ပါ။ ဘေးက ပုံကတော့ သူ့ နာမည်နဲ့ ကားနံပါတ်ပေါ့။ တမင်ဝါးထားတာ မဟုတ်ပါဘူး။ ဖုန်းက သိပ်မကောင်းလို့ပါ။


၅) ဒါလေးကလဲ တီ့အိမ်နားကပါပဲ။ တီချမ်း အိမ်နားမှာ ဘာဆိုင်မှ ဖွင့်ကြတော့မယ်မထင်.......မွန်းဘေကရီပေါ့ ဗားကရာ ဓမ္မာရုံလမ်းထိပ်ကဆိုင်ပါ။ ဟုတ်ကဲ့ ကြက်လျှာစွန်း နဲ့ကပ်ရက်ပါ။ တလက်စတည်း ကြက်လျှာစွန်းအကြောင်းလဲ ပြောပါအုံးမယ်။ အဲ့ဒီမွန်းဘေကရီက ပုံကို ရိုက်ကလစ် ခေါက်ပြီး အကျယ်ချဲ့ ကြည့်ပါ။ ဝန်ထမ်း တွေကောင်တာအနောက်မှာ အခုပုံမှာ မြင်နေရတာကိုက ၄ ယောက်ပါ။ တီတို့ ထိုင်နေတဲ့ နောက်မှာ ကော်ဖီကောင်တာက တယောက် နောက် စာပွဲထိုးတွေနဲ့ ဆိုရင် အနည်းကလေး ၁၀ ယောက်ကျော်ပါတယ်။ စားသုံးသူက တီတို့ စားပွဲပါမှ လေးလုံးလားပါ။ ဝန်ထမ်းတော်တော်များများက ဘာမှ မလုပ်ပဲ ကောင်တာနောက်မှာ ဟီလာထ နေကြပါတယ်။ တကယ်ပြောတာပါ။ ဟီလာထနေတယ်ဆိုတဲ့ စကားကို ဒီနေရာမှာ အတိအကျ သုံးလို့ ကိုရပါတယ်။ စားသုံးသူတွေဘာလိုနေမလဲ။ ဘယ်လိုဝန်ဆောင်မှုပေးရင် ငါတို့ ဆိုင်ကို လူပိုဝင်မလဲ၊ စတာတွေက သူတို့နဲ့ လုံးလုံးမဆိုင်တဲ့ အလားပါ။ ပြီးတော့ ကက်ရှာ မိန်းမက လဲ ကော်ဖီဆိုင်က မို့လို့သာပါ။ မျက်နှာက ၁၆ ခေါက်ချိုးပါ။ အမှန်က ကိုယ့်မှာ ဘာပဲ ဖြစ်ဖြစ် ဘာပြဿနာပဲ ရှိနေနေ ဝန်ဆောင်မှုပေးတဲ့ အလုပ်လုပ်နေရင် ကိုယ်က ချိုသာရပါမယ်။ ပိုက်ဆံပေးပြီး လာသောက်တဲ့ စားသုံးသူတွေဟာ ဒီလိုမျက်နှာ လာကြည့်တာ မဟုတ်ပါဘူး။ ကော်ဖီတခွက် (အရသာ အရ ပေးရတဲ့ ငွေနဲ့ လုံးဝမတန်တဲ့ ကော်ဖီ) ကို လာသောက်တဲ့ အခါ ဝန်ထမ်းတွေက ချိုသာတယ်ဆိုရင် တော်ပါသေးတယ်။ ဒီလိုသာ ၁၆ ခေါက်ချိုးဆိုရ်ငတော့ နောက်တခေါက်လာဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ဟုတ်ကဲ့ ပုံထဲမှာ ပါနေတာ ကြည်လဲ့လဲ့ဦး တုတ်ထိုးက ကြည်လဲ့လဲ့ဦး ပါ။





၆) တလက်စတည်း ကြက်လျှာစွန်းကို ပြောပါမယ်။ တနေ့ တီတို့အိမ်မှာ ဘာမှ မချက်လို့နေ့လည်စာ စားရအောင် ဒံပေါက်သွားဝယ်ပါတယ်။ အမေက ရင်အုပ် ကြိုက်တယ်။ တီက ပေါင်ပဲ စားတယ်။ မောင်က မစား၊ အဲ့တော့ နှစ်ပွဲ ဝယ်မယ်ပေါ့။ အမေက အသည်းအမြစ်လဲစားချင်တယ် ဝယ်ခဲ့ဆိုတော့ တီက အသဲအမြစ် ကို ဟင်းချည်းပဲ တပွဲပေးလို့ ပြောတာကို ဆိုင်က ဒံပေါက်ထည့်တဲ့ ကောင်လေးက အသားပါလဲ ၁၆၀၀ အသားမပါလဲ ၁၆၀၀ ပဲ လို့ ပြောလာပါတယ်။ တီတောင် ကြောင်သွားတယ်။ အိုကေ အဲ့တာဆို အသည်းအမြစ်နဲ့ တပွဲပိုထည့်လို့ပဲ ပြောလိုက်တော့တယ်။ ပြီးရော။ ပြောချင်တာကို သဘောပေါက်လား?

နောက်ပြီးတော့ သဘောကျတာ တခုက သူ့ဆီမှာ ရေးထားတယ်။ ဘာတဲ့။ ဈေးမှန် ပစ္စည်းမှန်ရောင်းချနေသောကြောင့် ၅ ထုပ်ဝယ်လျှင် ၁ ထုပ် အပိုမပေးပါတဲ့။ မသိတဲ့ သူအတွက်ကတော့ တမျိုးပေါ့။ အော် မြေနီကုန်းမှာ တင်အေး ဒံပေါက်၊ တာတူး ဒံပေါက်၊ နောက် စမ်းချောင်းဘက်က ကောင်းကြိုက် ဒံပေါက် စတာတွေက ၅ ပွဲဝယ်ရင် ၁ ပွဲ အပိုပေးပါတယ်။

ထပ်ပြောရရင်တော့ အဲ့နေ့က ကြက်လျှာစွန်းစားပြီး ကိုယ်ရော အမေရော နေမကောင်းဖြစ်ပါတယ်။ ကိုယ်တောင် နောက် ဒံပေါက်မစားတော့ဘူး ဆုံးဖြတ်လိုက်သေးတယ်။ နောက်နေ့ကျတော့ ကြုံလို့ မြို့ထဲမှာ နီလာ ကိုဝယ်စားတော့ ဘာမှ မဖြစ်ပါဘူး။ ပြောချင်တာကတော့ ဒံပေါက်ဆိုရင် နီလာမှ ကောင်းပါတယ်။ ကြေညာ။

ရ) အင်းလျားလမ်းက ကျောင်း........လူတိုင်းသိပါတယ် ဟုတ်ကဲ့ အင်းလျားလမ်းက ကျောင်းပါ။ မီးလောင်သွားတဲ့ ကျောင်းပါ။ သူဌေးကျောင်းပါ။ အဓိက ပြောချင်တာက ကျောင်းဆင်းချိန် ကျောင်းတက်ချိန်ဆိုရင် အဲ့နေက မောင်းဖို့ မစဉ်းစားပါနဲ့။ တခြားနေရာကသာ ကွေ့သွားပါ။ ကားတိုးမပေါက်ပါဘူး။ ကျောင်းသားတယောက်ကို ကားတစီးများရှိသလား မှတ်ရတယ်။ သေချာ စောကျောကြည့်တော့မှ အမှန်က ကျောင်းသား လာကြိုတဲ့ မိဘ အများစု က သူဌေး ဂုဏ်မောက်နေကြတာလား၊ တခြားလူတွေကားတွေကို ဂရုစိုက်စရာမလိုဘူးဆိုတဲ့ အထာလားတော့ မသိပါဘူး။ ကားတွေကို နှစ်ထပ်ရပ်ပါတယ်။ ကျောင်းကားတွေကလဲ ထိုနည်း၎င်းပါပဲ။ အဲ့တော့ ပေ ၃၀ မှ မပြည့်ချင်တဲ့ လမ်းက ပိတ်ပြီပေါ့။ ရပါတယ် ကိစ္စ မရှိပါဘူး။ သူဌေး ကျောင်းပဲ လုပ်ချင်တာ လုပ်လို့ ရပါတယ်။ ရှောင်သွားကြလိမ့်မပေါ့။





၈)ငယ်ငယ်တုံးက ကြားဖူးပါတယ် ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နဲ့တဲ့.....တီ ဒီတခေါက် အပြန် မန်းတလေး သွားတုံးက ၁၃၅ မိုင်မှာ ကြုံတာလေးပါ။ မှတ်မှတ် ရရမှတ်တမ်းတင်ခဲ့ပါတယ်။ ဟုတ်ကဲ့ တီချမ်း က မဆိုင်တဲ့ ဓါတ်ပုံ နှစ်ပုံ နဲ့ မတရားပြောတာပါ။ ကားမရပ်ရ ဆိုင်းဘုတ် ထောင်ထားတာ ဖီး ရှေ့မှာ ဖြစ်ပြီးတော့ သက်ဆိုင်ရာ ကားတွေ ရပ်ထားတာ နောက်တဘက်မှာ ဖြစ်ပါတယ်။ အော် မသိပါဘူးလေ တူတူပဲလားလို့။





၉ ) ဒါလေးကတော့ နောက်ဆုံး လက်ဆောင်ပါ။ ဒီတခေါက် ညီဝမ်းကွဲ မင်္ဂလာဆောင်တာ နဲ့တောင်ကြီး ကိုသွားဖြစ်ပါတယ်။ တည်းခိုတဲ့ ဟော်တယ်မှာ ကပ်ထားတာလေး သဘောကျလို့ပါ။ ရှယ်တာပါ။





ပရိတ်သတ်များကျေနပ်ကြမယ်ထင်ပါတယ် တီကတော့ ကျောချမ်းတယ်။

ဘီဆူ ဘီဆူ......


A Chen
2:03AM
Thursday
12th Jan 2012
Home
Bangkok

4 comments:

  1. တီချမ်းရဲ. အချဉ်ပေါင်းက စားလို.ကောင်းပါတယ် အဲလေ ဖတ်ရတာ ကောင်းပါတယ် မမကျားလည်း စမ်းချောင်းသူဘဲလေ(စကားမစပ် ဆွေမျိုးစပ်တာ ဟိဟိ)

    ReplyDelete
  2. ငယ်ငယ်တုန်းက ခဏခဏရေးရတဲ့ စာစီစာကုံးကို သတိရမိတယ် ဘာတဲ့.....
    “စည်းကမ်းသည် လူ၏တန်ဖိုး” :)

    ReplyDelete
  3. T Chan's achin boung is soooooo delicious.Want to eat....el yaung lot.....read more.Satisfy for last photo.Gros bisou.....mouh....mouh...
    Gyidaw

    ReplyDelete
  4. ကျောချမ်းတာမှဟုတ်ရဲ့လား.....ရေးထားတာတွေကပျစ်ပျစ်နှစ်နှစ်တွေကြီးပဲ.....ပြန်လာရင်ဝယ်လာနေကျ အချဉ်ပေါင်းကိုကျွေးတော့မယ်ဆိုတာ သိပြီးသား။
    WT

    ReplyDelete