Wednesday, August 12, 2009

ကျမကိုချစ်သောယောက်ျားတယောက်အကြောင်း

ကျမကိုချစ်သောယောက်ျားတယောက်အကြောင်း



အင်းခေါင်းစဉ်ကိုစတင်လိုက်တာကတော့ ရည်းစားတယောက် အကြောင်း ရေးမလို့ပါ။
ဒါပေမယ့် ရေးမယ်လို့တကယ်တွေးတော့ ထွက်မ လာဘူး။

ဒီလိုလေ အဲ့ဒီ ရည်းစားက တီ့ရဲ့ ဘယ်နှစ်ယောက်မြောက်မှန်းတောင် တီ့ဘာသာ တကယ် မမှတ်မိ တော့ ပါဘူး….ထားပါတော့ တီ့ရဲ့ရည်းစား များစွာ ထဲက ဝမ်းအောဖ့်သည် ပေါ့လေ နော့်။ ကြိုက်လာကြတာတော့ ကြာပါပြီ။ ကြာဆို လေးနှစ်တောင်ရှိပြီပဲ။

အင်းဒီအကြောင်းတွေမပြောခင် တီ့အကြောင်း နည်းနည်း ပြောရ မယ်။ အားလုံးလဲတော်တော်များများ သိပြီး ကြမှာပါ တီက ယောက်ျားတွေကို တစ်ရှုးလောက်သာသဘောထားတဲ့အကြောင်း တစ်ရှုး ဆိုတာ သုံးပြီးရင် လွှင့်ပစ်ရတယ်ဆိုတဲ့အကြောင်းတွေလဲ ဒီ “အမေကြီးက” ဆိုတဲ့ ကဗျာမှာ ရေးခဲ့ဖူးပါတယ်။

တီ့ရဲ့ယောက်ျားတွေနဲ့ ပတ်သက်တဲ့ အမြင်၊ သဘောထား တွေကို အနည်းငယ် လှစ်ဟ ပြတဲ့သဘောပေါ့။
ကိုယ့်ကိုယ်ကို ဖန်မန်နစ်(စ်) လို့ပြောရအောင်ကလဲ နည်းနည်းမှ ဖန်မန်မနစ်ပဲနဲ့ ဖစ်စစ်ကလီး အရရော၊ ဘိုင်အိုလောဂျစ်ကယ်လီးအရရောက ယောက်ျား ရင့်မာကြီး ဖြစ်နေတော့…..။ တီ့မှာ ဘာလို့အဲ့လိုအမြင်တွေ ရှိနေလဲ…? ဆရာမဂျူး စကားငှားပြောရမယ် ဆိုရင် တော့ ဒီလိုအတွေးတွေ တွေးတတ်အောင် တီဘယ်လို စာအုပ်တွေဖတ်ခဲ့လဲပေါ့လေ (အမှန်ကတော့ “သူ့”စာအုပ်တွေဖတ်ခဲ့တာပေါ့နော့ တအုပ်မှမလွတ်ဘူးလေ ခိခိမွှေတာ)။

တီကျင်လည်ကြီးပျင်းရာပတ်ဝန်းကျင်က ယောက်ျားတွေက တယောက်မှ မကောင်းခဲ့ကြဘူးလေ ဦးရီး၊ ဦးလေး၊ ဘကြီး၊ ယောက်ဖ အစ်ကိုဝမ်းကွဲ အက်စက်ထရာ အက်စက်ထရာ စသဖြင့် စသဖြင့် တို့နဲ့ တီ့အဖေ အပါအဝင် ပေါ့။ (ရေးရင်နဲ့တောင် မမပုညီမ ဂျူလီယာလွင်ဦး ရေး တဲ့အဖေ ပိုစ့်ကိုသတိရမိသေးတယ် ကိုကိုကာကာ ကလဲ မိဘမေတ္တာဘွဲ့ ရေးအုံးမှာတဲ့း= (……a BIG sigh huuuuuuuuu……..)

အဲ့လိုမကောင်းတဲ့ယောက်ျားထုကြီးအကြားမှာရှင်သန်ကြီးပြင်းခဲ့ရ ကျမ ဘဝ အဲလေ…. ရေးရင်းနဲ့ မိန်းမသွေး တွေကြွနေပြန်ပြီ…ခိ….. (ဒီနေရာ မှာ တချို့သော အငြင်းသန်တဲ့စာဖတ်သူတွေက စောဒက တက်စရာတခု ရှိ နေပါတယ် တီချမ်းကဝါးလုံးရှည်ရှည်ကြီး သူ့မှာရှိတိုင်း လိုက်ရမ်း နေတယ်၊(တကယ်မရှိပါဘူး ဝါးလုံးရှည်က ကိုကိုကာကာဆီကနေ ခဏ.. ငှားပြီး ရမ်းရတာပါ) ငါးခုံးမတကောင် ကြောင့်တလှေလုံးပုပ် တာပါ၊ ဂျန်နရယ်လိုက်စ် လုပ်လို့မရပါဘူး ဘာညာပေါ့နော်။ ရပါတယ်။

တီကလဲ ကိုယ်ပိုင်စစ်စစ်၊ တီ့အတွေ့ အကြုံအရရေးရတာပဲလေ တီတွေ့ဘူးတဲ့ ယောက်ျားများ ကိုသာ ဆိုလို ပါတယ် တီမတွေ့ဘူးတဲ့ ကွင်းစ တီမတွေ့ဘူးသေးတဲ့ ကွင်းပိတ် ယောက်ျားများကိုမဆိုလိုပါဘူး။ နောင်တွေ့ ခဲ့ရင်လဲ ရေးပါအုံးမယ်။ သူတို့အကြောင်း၊ တွေ့လဲတွေ့ ချင်ပါသေးတယ် ကောင်းမကောင်း မြည်း ကြည့်ရအောင် ညှင်းညှင်းညှင်း (ဤကားစာရေးသူ၏ စကားချပ်)

ထားပါတော့ ပြောရင်းနဲ့ စကားတွေ က ကားပြီးဘေးရောက်နေပြီ။ ပြောချင်တာ က တီ့ကို ချစ်တဲ့ယောက်ျား တယောက်အကြောင်းပါ။ သူက တီ့ ကိုအရမ်းချစ်ပါတယ်။ ဘယ်လောက်တောင်ချစ်လဲဆိုရင် တီက လာဆိုလာ သွားဆိုသွားပါ၊ တီ့ တခွန်းပါပဲ။ မကောင်းတာက တီပါ။ သူ့အပြင် ရည်းစား တွေထားပါတယ် ချိန်းတွေ့ပါတယ် တခါတလေ (တယောက်ကိုတွဲလျှက်) နှစ်ယောက်လုံး မျက်နှာချင်းဆိုင်ပက်ပင်းကြီးတွေ့ပါတယ်။ အဲ့အခါ ကျရင်လဲ အန်တီချမ်း က ခပ်တည်တည်ပါပဲ အပြစ်ရှိတာ တီမဟုတ်သလိုပေါ့ တီ့ အယူအရလဲ တီက အပြစ်မှမရှိပဲကိုး၊ ခိခိ…

တလောတုံးက ဆိုရင် တီ က ဘယ်လောက်တောင်ဆိုးလဲဆိုရင် တီ့ ရဲ့ “kiss” ဆိုတဲ့ ကဗျာထဲက ကောင်လေးနဲ့ သူ့ရှေ့မှာ တင် “အိပ်” တာပါ။ သူဘယ်လိုခံစားရမလဲ လို့တီ တခါ မှမတွေးခဲ့ဘူးဘူး..............

အဲ့လိုဆိုးတာပါ ပြီးတော့ တီ အလုပ်များနေရင် မတွေ့ချင်ရင် သူ့ ကိုပစ်ထားလေ့ရှိပါတယ် နောက် တော့ တွဲချင်တဲ့သူတွေနဲ့တွဲနေပါတယ် ပြီးတော့မှ “မောင်….ဘယ်သွားနေ၊ပျောက်နေတာလဲဖုန်းလဲမဆက်ဘူး” ဘာညာနဲ့ ရန်တွေလုပ်ပါတယ်။

တီ သူနဲ့တွဲတာ ၄ နှစ်ထဲမှာပါ ပြောရရင်တီ့ဘဝ မှာတွဲဖူးသမျှတွေထဲမှာ သက်တမ်းအရှည်ဆုံးတွဲတဲ့ ယောက်ျားပဲ ဘာလို့လဲဆိုတော့ တီက ယောက်ျားတယောက်ကို ၃ လ အလွန်ဆုံးပဲတွဲတာကိုး။ သူနဲ့ ဒီလောက်သက်တမ်းရှည်တာကလဲ ပြောမယ်ဆိုရင် သူကောင်းလို့ပါ ကိုယ်ကောင်းလို့ မဟုတ်ပါဘူး။



နောက်တခု က တီက သူ့ ကို သူငယ်ချင်းရဲ့ သူငယ်ချင်းဆီ က “လု”ထားတာပါ ထွန်းအိန္ဒြာဗိုလ် သီချင်းအတိုင်း ဆိုရင်တော့ “စံပယ်” လုပ်ထားတာပေါ့။ တီတို့ကတော့ ပဲခူးဘူတာ လို့ပြောလေ့ရှိတယ်။ နားမလည်ဘူးမှလား? နားမလည်ရင်ရှင်းပြမယ်လေ။ စံပယ်ကတော့ရှင်းပါတယ်နော် သီချင်းလေး ကိုသာ ဆိုကြည့်လိုက်(ဟောဟော… စာကိုဖတ်ရင်းနဲ့ စိတ်ထဲကနေ သီချင်းဆိုကြည့်နေပြီ သိနေတယ်နော် အဟက် ဟက် ဟက်) ပဲခူးဘူတာ ဆိုတာကတော့ ပဲခူးဘူတာမှာ က ဂျိုးကြော် စနှိုက်ကြော်တွေ ရောင်းလေ့ရှိတယ်လေ “သူများဆီက နှိုက်ထားတာပေါ့” အဲ့လိုဆိုလိုတာပါ။

ဒီလိုနဲ့ ချစ်လာကြတာလေးနှစ်…မင်းကိုငါလေမေ့ပစ်ဖို့………………. ကြိုးစားနေတာ ခုထိ……ဖြစ်မလာသေးတာ ငါ့ရဲ့အချစ်… ယို့ ယို့ အင်း စိုင်းစိုင်းသာ တွေ့ရင် ဒီတကြောင်း သီချင်းဖြစ်တယ်။

ခုတော့ တီ က ဘန်ကောက်မှာ အလုပ်လာလုပ်နေတော့ ခဏ အလည်ခေါ်ထားပါတယ် ၂ လလောက်ရှိပါပြီ။ အိတ်စကလုစစ်ဗ်လီး လစ်ဗင်းတူ ဂဲသားပေါ့လေ။ လာနေတာ ၂ လ ရှိပြီ တီ သူ့ ကိုဘယ်မှ မပို့ရသေးပါဘူး။ တီကလဲ ဒီ ၁ လ ၂ လ မှ အရမ်းကိုရှုပ်နေတာပါ။ အဲ့တာလဲ သူက ဘာမှမပြောပါဘူး အေးဆေးပါပဲ။

တနေ့ တနေ့ အိမ်မှာနေတယ် အိမ်ရှင်းပေးတယ် တီ ပြန်လာခါနီးရင် အဲကွန်း က အဆင့်သင့်ဖွင့် ထားပေး တယ် တီ ပြန်လာရင် ရေ က အသင့် ခွက်နဲ့ တီ က ရောက်ပြီ ဆိုတာနဲ့ ကုတင်ပေါ်ကို ဝုန်းကနဲ ထိုးချလိုက်ပြီး….“မောင်” လို့အော်လိုက်ရင် လာနှိပ်ပေးပါတယ်။ ပြီးတာနဲ့ တီ ရေစိမ်ဖို့ ရေနွေး စပ်ပေး ပါတယ် ချိုးနေစဉ်မှာ လဲ ဆပ်ပြာလာတိုက်ပြီး နှိပ်ပေးပါသေးတယ်။ ညကျ စားသောက်ပြီးပြီဆိုရင်လဲ သူပဲ ဆေးကြော သိမ်းဆည်းပါတယ် ချက်တာကတော့ တီကလဲ ဝါသနာပါ သူကလဲ တီချက်တာ ကြိုက်လို့ တီ ချက်ကျွေးတာ များပါတယ်။ မနက်ဆိုရင်လဲ တီ က မနိုးသေးဘူး ကော်ဖီခွက် က အသင့်ဖြစ်နေပြီ၊ ပေါင်မုန့် က မီးကင်ပြီးသား ထောပတ်နဲ့ ဂျမ်နဲ့ သွားတိုက်ဆေးက အသင့်ထည့်ပြီးသား ရေချိုးခန်းမှာ ပြီးတော့မှ တီ့ ကိုလာနိုးပါတယ် တီ က အီး အဲ အင်း နဲ့ မထချင် ထချင် အီလေးဆွဲနေပါတယ် (စကားဖြတ်ပြောပါမယ် အဲ့ဒီ အီလေးဆွဲတယ် ဆိုတာ ကြီး ကိုသေချာနားမလည်ပါဘူး ငယ်ငယ်လေးထဲ က မေမေ (တီ့ မွေးစားမေမေက ခဏ ခဏ တီ့ ကိုဆူလို့ မှတ်မိနေတဲ့ စကားလုံးပါ အပျင်းထူတယ် အပျင်းကြောရှည်တယ် လို့တော့ သဘော ပေါက်ခဲ့ပါတယ်) ပြီးတော့ မှ နာရီ ကိုကြည့် မထ မနေ ထရတော့မယ် ဆိုမှ ထ ရေမိုးချိုး ပြီးတော့ ကော်ဖီ ကိုမော့ ပေါင်မုန့် ကို ပါးစပ် ထဲ အမြန်သွတ် သူ့ ကိုကစ်ပေးပြီး ရုံးလစ်ပါတယ် (ဟိဟိ ရုပ်ရှင်ထဲ က အတိုင်းနော် ပရိတ်သတ်များ မြင်ယောင် အားကျ ကြပါဗျို့ ကလေးတွေ လက်ခုတ်တီးပါတယ် ရွှီး ဖြောင်း ဖြောင်း ဖြောင်း)



ခုလဲမနေ့ က တနေ့လုံး တီ့ အဝတ်တွေ တဗီဒိုကြီးကို မီးပူတိုက် ပေးထားပါတယ် တီနောက်အပတ် ဘာလီ သွားမှာ ဆိုတော့ သူက ရှိသမျှအကုန်ထုတ်ပြီး မီးပူတွေ တိုက်ပေးထားပါတယ်။(ပုံတွင်ရှု.....)

ပြီးတော့ လာမယ့် စနေ သြဂုတ်လ ၁ ရက်နေ့ ကျရင် တီ အိမ်ပြောင်းမှာ မို့လို့ သူက ခုကတည်းက အကုန် သိမ်းဆည်း ထားပါတယ်။ အဲ့လောက် ချစ်တာပါ။

(မှတ်ချက် ဒီပိုစ့်ရေးဖြစ်သွားတာ ဒီအဝတ်ပုံကြောင့်ပါ တီ ဘာလီ ကိုညီလာခံ ၂ပတ်သွား တက် ရမယ်ပြော တော့ ရှိသမျှ အင်္ကျီတွေ ထုတ်လျှော်တန်တာလျှော် မီးပူတိုက်တန်တာတိုက် ပေး ထားပါတယ် အဲ့မှာ နည်းနည်း သရိုးသရီလေး heart ထိ သွားလို့ မောင့်အတွက် ဒီပိုစ့်လေးရေးတာပါ )



နောက်တခု က တီ့ရည်းစားပေါင်း ရသိန်း ၆သောင်းမှာ တီ့ အမေ နဲ့ ညီ (အရင်း) သဘောတူတာ သူတယောက်ပဲ ရှိပါတယ် တီ့ သူငယ်ချင်းတွေ တော်တော်များများ က သူ့ကိုသိပါတယ် အရင် အလုပ်ကလူတွေလဲ သိတယ် ညနေတိုင်းလာကြိုလို့ ခိခိ နောက် တီ့ အမျိုးတွေ အဒေါ်တွေ ညီအကို တဝမ်းကွဲ နှစ်ဝမ်းကွဲ အကုန်သိတယ် တချို့ ရည်းစားဟောင်းတွေ လဲ သိကြတယ် တော်တော်များများ က တီအတွက် သူသာလျှင် အသင့်တော်ဆုံး တီ့ အနွံအတာ အခံနိုင်ဆုံး သည်းညည်းအခံနိုင်ဆုံး ဆု၊အမှတ်ပေးကြတယ် အဲ့လောက် တီ့ ပတ်ဝန်းကျင်က လူတွေ က သူ့ ကိုချစ်ကြပါတယ် တီပဲမချစ်တာ ခိခိ တီက သူကလွဲရင် အကုန်ချစ်တယ် အဲ့လိုပါ ဒါပေမယ့် တီ သူ့ ကို သံယောဇဉ်ရှိပါတယ် တူတူနေလာကြတာ ပဲ ၄ နှစ်ရှိပြီလေနော် အဲ့လိုပေါ့

လောလောဆယ်တော့ ဒီလောက်ပဲရေးလို့ရသေးတယ်

သေချာတာကတော့ ကိုယ်က ရီတာ လို မရေမရာ မကွဲမပြား ဝေခွဲမရတွေမဖြစ်နေဘူး (စိတ်မဆိုးပါနဲ့ မမရီတာ) ကိုယ်က အတ္တနဲ့ တည်ဆောက်ထားတဲ့ ကိုယ်ပါ ကိုယ်လိုချင်တာ ကို ကိုယ်အမြဲသေချာ သိတယ် ရအောင်လဲယူတယ် မလိုချင်ရင်လဲ ငြင်းပစ်ဖို့ဘယ်တုံးကမှ မနှေးဘူး ကိုယ့်ဘဝ မှ အားနာလို့လိုက်လျှော လိုက်တယ်ဆိုတာ မျိုးက တော်တော်ရှားပါတယ် လိုက်လျှောရင် အဲ့တာ ကိုယ်ကိုယ်တိုင်က လိုက်လျှောချင်လို့ပဲ အားမနာတတ်ဘူး အဲ့တော့ အရင်လမ်းဘေးမှာ ရေးပြီးရောင်းတဲ့ (တချို့ အိမ်တွေမှာထောင်ထားတတ်တဲ့ “အားနာလို့ လိုက်လျှောတာ အ တယ်လို့မထင်နဲ့” ဆိုတာမျိုးတွေ ပြောစရာ မလိုတော့ ဘူးပေါ့လေ ဟိဟိ)
အင်း ဘာတွေရေးနေမိမှန်းမသိဘူး ၃ နာရီထိုးနေပြီ ဒီနေ့တနေ့လုံး ညီလာခံ မှာ တော်တော် ပင်ပန်းတယ် presentation ၂ ခု နဲ့ ညနေ session တခု opening speech လုပ်ပေးရတယ် ညနေ event တခု organize လုပ်ရတယ် ပြီးပြီ ညီလာခံအတွက် ကိုယ်လုပ်စရာ အားလုံး မနက်ဖြန် အစည်းအဝေးတခု တက်ပြီးရင် ပြီးပြီ
၁၃ ရက်နေ့ ပိတ်ပွဲမသွားပါ ဒီက ချစ်ချစ် “မြို့ခံချစ်သူလေး” နဲ့ လျှောက်လည်ပါမယ်

ပျော်နေပါတယ်ကွယ် ကွယ် ကွယ်

P.S
အစက စစချင်း ဒီ ပိုစ့် ကိုတည်တုံးက ခေါင်းစဉ်က ကျမ ကို ချစ်သောယောက်ျားများနှင့် ကျမ က ချစ်သောယောက်ျားများပါ နောက်တော့ ခေါင်းစဉ်ကိုပြန်သေချာစဉ်းစားပြီး ကိုယ့်လက်ကိုရော ဦးနှောက် ကိုရော မှတ်ဥာဏ်ကိုရော အဲ့လောက် အပင်ပန်းမခံချင်တာနဲ့ တယောက်ပဲရေးမယ် ဆိုပြီး ဖြစ်သွားတာပါ

P.S.S
(ဒီပိုစ့်ကို မမကွမ်ကြီးဖတ်ရင်း ဖတ်ရင်းနဲ့ မနာလိုဖြစ်နေပါတယ် အိမ်က KLMS ကအဲ့လိုလဲမဟုတ်ဘူး ဘာညာတွေးနေပါတယ် မမရီတာ ကလဲ ကိုကိုသာ အဲ့လိုဆိုရင် မောင့်ကိုပစ်ပြီးတခါတည်း ကိုကို့ ကိုပဲရွေးချလိုက်မှာ ခုခေတ်မှာ ဒီလိုယောက်ျားရှားနေပြီ ဘာညာတွေးနေပါတယ် စာဖတ်သူ အသင်ကလဲ ဖတ်ရင်းနဲ့ တီချမ်းကို မိုက်လိုက်တဲ့ မိန်းမ လို့ပါးစပ်ကနေ ထုတ်ဖော်ပြောပြီး ဒေါမနဿ ပွားနေပါတယ် မောင်ဖိုးစိန်တယောက်ကတော့ ဖတ်ရင်းနဲ့ ဂျေ ဝင်နေပါတယ် အဲ့လို ပြောရင်လဲ “ချမ်းစိတ်ချမ်းသာရင်ပြီးတာပါပဲ” လို့ပြောပါမယ် ပြီးတော့ သူဘာမှမဖြစ်သလို တကယ်ပဲ ဘာမှမဖြစ်သလို နေပါမယ် နန်းညီ ကတော့ တီက ပွဲဆူအောင်လုပ်ပြန်ပြီလို့ပြောနေပါတယ် ဦးမွန်က အိမ်က အကောင်ကို တီ့ ဆီသင်တန်းလွှတ်မှ လို့တွေးနေပါတယ် မြောင်းကလေး ကတော့ ထုံးစံအတိုင်း တဟီးဟီး လုပ်နေပါတယ် မေဒီ တို့ မာလာတို့ ကြယ်တို့ မိရောင်တို့ သဇင်ဏီတို့ ကောင်မလေးငယ်ငယ်လေးများကတော့ တီရေ အပို ရှိသေးရင် မီးတို့လဲလိုချင်တယ် ဟု အပြင်တွင် ကွန်မမန့်ရဲသော် စီပုံးတွင် လာမအော်ရဲသော် စိတ်တွင်းကြိတ်အော်ကြပါသည်…
မှတ်ချက် မိရောင်ကို မသိမသာ ကလေးမများအကြားထည့်ထားပေးပါသည်

ပုံချစ်ဒေါ်…
စကားမစပ် မောင့် ကိုသတိရလိုက်တာကွယ်…ခိခိခိ)

Chen Addy
2:21 am
12th August 2009
Bali, Cakra Hotel
(During ICAAP conference)

13 comments:

  1. ဟဟဟ ဦးမွန် နံပတ် တစ်ကွ ဖတ်ရင်း ဖတ်ရင်းနဲ့ နာ့နံမည်ပါလာမှ အားရပါးရ ရယ်မိတယ်..တီရေ အခုတော့ နာ မီးပူတွေတိုက်နေရတယ်ကွ သူကတော့လျော်တာပေါ့လေ ခိခိ ဘာပဲဖြစ်ဖြစ် တီ့ဆီတော့ တစ်ရက်လောက် လွှတ်လိုက်ဦးမှ

    ReplyDelete
  2. တီရယ်..ဒီလောက် ပစ္စည်းကောင်းလေး ရထားတာကို..
    လူဆိုး..ဟုတ်တယ်။
    :).. ကိုယ်လိုချင်တာ ကိုယ်သိတယ် ရအောင်လည်းလုပ်တယ်ဆိုတာ ကတော့ မစကူလင် စိတ်ဓါတ်အပြည့်ပါပဲ bris ရယ်။
    မမိုခမ်းခေါ်သလို လိုက်ခေါ်လိုက်ဒယ်။ :)

    ReplyDelete
  3. bis ပါကွယ်
    မမိုခမ်းက brother and sister ကိုပေါင်းခေါ်တာပါ
    ဒေါ်ဂျူလီယာ

    ReplyDelete
  4. အောင်မလေးနော်........... သလန်းနေတာ ပြောတော့ အလုပ် ရှုပ်တယ် ရှုပ်တယ်နဲ့။

    ဟွန့်
    ပြောလိုက်ချင်ဘူးးးးးးးးးးးးးး နာလိုဘူးးးးးးးးးးးးးးးးးးးးးး

    ReplyDelete
  5. တီတီချမ်းရေ နာမည်ကြားဖူးနေတာ ကြာပီ အခုမှဘဲလာလည်ဖြစ်တော့တယ်။

    ReplyDelete
  6. အမ် ငါက ပါရပြန်ပြီ။
    နေပါဦး
    ကိုယ်ရေးတဲ့ ဝေခွဲမရ ဆိုတာ နှစ်ယောက်လုံးကို ငဲ့ကွက်ချင်တာ ပြောတာနော်။ ဘယ်သူ့ချစ်ရမယ် မသိ ဖြစ်နေတာကို ဆိုလိုတာ မဟုတ်ဘူး။

    ပွဲက မပြီးသေးဘူး ဆရာ..
    ခုမှ အပိုင်း ၁၂ ရှိသေးတာ။

    ReplyDelete
  7. တခါတလေ လူတစ်ယောက်က ကိုယ့်ကို ချစ်လွန်းအလိုလိုက်လွန်းတော့လဲ စိတ်ထဲမှာ သူ့ကို အလေးအနက် မထားဖြစ်ဘူးထင်ပါတယ်

    ကိုယ့်အပေါ်ဒီလောက်ကောင်းတာ စိတ်ညစ်အောင်တော့ မလုပ်ပါနဲ့ကွယ်..

    (မီးပူတိုက်တယ်ဆိုလို့ လေးစားပါတယ်၊ ကိုယ် မီးပူလုံးဝမတိုက်ပါ)

    အသက်အများကြီး ကြီးတဲ့
    မေ
    :P

    ReplyDelete
  8. ဟုတ်တယ် ဒေါ်ရီတာ
    ဝေခွဲမရ တာက ဘယ်သူ့ ကိုငဲ့ရမှန်းမသိဖြစ်နေတာ အဲ့တာ က ဘယ်သူ့ ကို ပိုချစ်မှန်းမသိလို့ ပေါ့
    ချစ်တာ က ၂ ယောက်လုံးကိုလေ လက်ခံပါတယ် တလုံးက မီးထွန်းဖို့ တလုံးက ကက်ဆက်ဖွင့်ဖို့ ဟိဟိဟိ
    ဘယ်သူ့ ကိုပိုချစ်မှန်းသာမသိတာ အဲလေ ဝေခွဲမရဖြစ်တာနော်

    ဟုတ်တယ်မေရယ်
    စိတ်ချမ်းသာအောင်ထားပါတယ်
    အကုန်လဲလိုတာလုပ်ပေးတယ် material အားဖြင့်ပေါ့
    သူက အရမ်း အလိုလိုက်တော့ အမြဲအနိုင်ယူနေတာက များတယ်

    တီလဲ မိးပူမတိုက်ဖြစ်ပါ
    ပျင်းလို့
    ငယ်ငယ်က တော့ တိုက်ရတာ ဝါသနာပါတယ်
    ခုတော့ လျှော်ရတာကော တိုက်ရတာကော ပျင်းပါတယ်ကွယ်
    အသက်အများကြီးငယ်တဲ့
    တီချမ်း

    ReplyDelete
  9. ♥♥♥ အဟက် ဖတ်ကောင်းတယ်ဗျာ...။ တကယ်တကယ်တကယ်။ ကျွန်တော်က ဟိုမိုအကြောင်း Research ယောင်ယောင်ဘာယောင်ယောင် အူကြောင်ကြောင်လိုက်လုပ်နေရင်း ခေါင်းထဲ ဖျပ်ခနဲ တီချမ်းဆိုတဲ့နာမည်ပေါ်လာလို့ သတိရလို့ လစ်လာတာ...။ စာရေးကောင်းတယ်ဗျ...။ ♥♥♥

    ReplyDelete
  10. 13 Aug 09, 23:13
    littlebrook: အယ် ဘယ့်နှယ် ဒီပုံကြီးထွက်လာတာတုန်း
    13 Aug 09, 23:13
    littlebrook: ဟီးဟီးဟီး ...

    ReplyDelete
  11. အင်း.. ပွဲဆူအောင်..

    ReplyDelete
  12. 14 Aug 09, 12:26
    အနော်: တီရေ တီမောင်က အလန်းလေးပဲဟိဟိ စိတ်ထဲမှ ပစ်မှားတွားတယ် ဟဲဟဲ

    ReplyDelete
  13. တီချစ်ချစ်က လန်းလိုက်တာ
    ငှားပါလား... တစ်ရက်လောက် ဟီဟိ

    ReplyDelete