Monday, August 24, 2009

ငါတကောကော

ငါတကောကော

ငါ့ အစွမ်းအစ
ငါ့ပညာ
ငါ့ဥစ္စာ
ငါ့အလှ
ငါ့ဓန
ငါ့ဂုဏ်
ငါ့မာန
ငါ့ပိုက်ဆံ
ငါ့လင်
ငါ့ကုတင်
ငါ့တင်
ငါ့ရင်
ငါ့ပစ္စည်း
ငါ့ရုပ်
ငါ့အထုပ်
ငါ့အတ္တ

(နောက်တိုး)

ငါ့ဘလောခ်
ငါ့စာဖတ်သူ
ငါ့တူမ
ငါ့တူမ ရည်းစာ (မောင်) ဟိဟိ

ငါဟာ နတ္ထိ ပါတကား

A Chen
3:24 am
24th August 2009
Monday
Home, Bangkok

13 comments:

  1. အဲ ဒွေးတော် တို့ကတော့ တကယ်တင်တယ်တော့။ ညက ဖုန်းထဲမှာပြောတာ နောက်နေတယ် ထင်တာ။ ဟဟ

    ချစ်တီတော့ မနိုင်ဘူးနော်။ မဲဆောက်က ဟိုတယ်မှာ ဘာဖြစ်တယ်... ဆိုလား ဟီး ဖွလိုက်ရမလား....

    မိရောင် အမွေမ

    ReplyDelete
  2. ငါ့လင် ငါ့ကုတင် ငါ့တင် ငါ့ရင် ဟိဟိ

    ReplyDelete
  3. ပုထုဇဉ်လူသားတွေမှာ ငါစွဲ မကင်းနိုင်ကြပါဘူး။ ရွာမှာတုန်းက အသုဘတစ်ခုမှာ လူဆိုတာ သေမျိုးပဲ ဘာညာနဲ့ စိတ်မကောင်းမဖြစ်ကြဖို့ တရားဟောနေတဲ့ ဆရာတော်ကို လူတစ်ယောက်ကလာပြီး ဆရာ့တော့်တူမ ကားတိုက်လို့ သေပြီဘုရားလို့လဲပြောရော ဟေ ဆိုပြီး တရားတောင်ဆက်မဟောနိုင်ဘူး။ ထ ပြေးရော...။

    ReplyDelete
  4. ငါ့လင်
    ငါ့ခုတင်
    ငါ့တင်...တဲ့
    ကျွန်တော်ကတော့ တီ့လောက် အတ္တစွဲပေါင်..
    ကြုံရင် ကြုံသလို.. ရှယ်ပြီး သုံးလိုက်တာပဲ
    အဟီး.. (ရုံမှာကတည်းက မန့်ချင်တာ.. မန့်လို့ မရလို့)

    ReplyDelete
  5. 24 Aug 09, 23:49
    အနမ်း: ရောက်ပါတယ် တီချမ်း။ ငါတကောလေးကိုသဘောကျမိတယ်။ အဆင်ပြေပျော်ရွှင်ပါစေနော်။

    ReplyDelete
  6. တီရေ.. ငါ့ဘလော့ လေးပါထည့်ပါဦး
း)
    ရောက်တယ်နော်..

    ReplyDelete
  7. ဖတ်သွားတယ်တီတီ..
    တချို့စာသားလေးတွေက ပြုံးမိတယ်..
    ငါဆိုတဲ့အစွဲတွေပေါ့ကွယ်...း)

    ReplyDelete
  8. အော်...
    ငါ..
    ငါ..
    ငါ...
    ငါစွဲတွေ...
    ဒါနဲ့ ကျန်သေးတယ် တီ..
    ငါ့ရည်းစား..
    ဟိဟိ

    ReplyDelete
  9. ဟီး..ဟီး....
    အန်တီချမ်းရေ....
    အခုမှရောက်ဖူးတာ..
    ကဗျာလေးသဘောကျလို့....ဟီး..ဟီး...
    ရီတာ....မရပ်သေးဘူး..ဟီး..ဟီး....
    အန်တီချမ်းက..တစ်ကယ်တော်တယ်....

    ReplyDelete
  10. ငါ့နို့၊ ငါ့အဆီ။

    ReplyDelete
  11. ဟဲ..ဟဲ ရီရတယ်ဗျာ
    ဒါပေမဲ့ အခန်းဆက် ဝထ္ထုက ဘယ်ရောက်သွားမှန်းမသိဘူးဗျာ ပြန်ရှာရတော့ မှာဘဲ

    ReplyDelete
  12. ငါ့စာဖတ်သူထဲမှာ ကျနော်လည်းပါသွားပြီ

    ReplyDelete