Saturday, February 6, 2010

ရွှေစူး အတွက် ဆာရီ

တီ မြန်မာပြည်ပြန်တုံးက နန်းညီရယ် ဂန္တဝင် ဘုတ်ဆုံရယ် male model တယောက် ကိုငှားပြီး (ဟိဟိ အလကားရတာပါ) ဓါတ်ပုံ တရက် အရိုက်ထွက်ပါတယ်
ရန်ကုန် တောင်မြောက် လမ်းဆုံက နန်းညီတို့ နေအိမ်ရှိရာ အနုပညာ တက္ကသိုလ် ကျောင်းဝင်း
တခါ သန်လျင်တဘက်ကမ်း ဒလ
နောက် ညနေဘက်ကျတော့ လေးဆူဓါတ်ပုံ ရွှေတိဂုံ
စသဖြင့်ပေါ့ သွားရိုက်ကြပါတယ် တနေ့လုံးခြေတွေကို ညောင်းရောပဲ
ဒါပေမယ့် ပုံလှလှလေးတွေ တော်တော် ရခဲ့ပါတယ်
တခါက စာအုပ်တအုပ်ထဲမှာ ဖတ်ခဲ့ဖူးတာ ကိုသတိရတယ်

“ဓါတ်ပုံကောင်းတပုံ ထွက်ဖို့ က အချိန်ရယ်နေရာ ရယ် က ၉၀% လိုပြီး နည်းပညာ က ၁၀% ပဲလိုတာ” တဲ့
နည်းပညာ ၁၀ % လောက်သာသာတောင် မရှိချင်တဲ့ ကိုယ့်အတွက် တော့ အိုကေပေါ့လေ
အဲ့လို ဟိုရိုက်ဒီရိုက်ထဲက တပုံပါ
ရွှေစူး ဘလောခ် ကိုသွားကြည့်တဲ့အခါ သူက ဆာရီကြိုက်တယ် ရေးထားတော့ အဲ့ပုံကို သတိရသွားလို့တင်ပေးလိုက်တာပါ
ဘာရယ်မဟုတ်ပါဘူး
ရေးရင်းနဲ့ ဓါတ်ပုံတွေ လှိုင်လှိုင် ရိုက်တတ်သူလေး မောင်ပီအမ်ကို သတိရပါတယ်




A Chen
11:53 pm
6th Feb 2010
Home
Bangkok

1 comment:

  1. ဆာရီ!
    Not longyi.
    I can see her lovely body through the ဆာရီ.
    But I can't see that she shake the buttock or hip or waist.

    BINO

    ReplyDelete