Wednesday, February 10, 2010

ကဲကဲကဲ ဘာတဲ့တုံး ဘယ်လိုတဲ့လဲ (ယုံချင်ယုံ မယုံချင်နေ ---- ကိုယ်ကတော့မယုံဘူး)


မောင်အခုအလုပ်အဆင်ပြေအောင်လုပ်နေတယ်
သဲဆီပြန်လာချင်လို့လေ ပြီးတော့ သဲကိုအရမ်းလွမ်းနေတယ်
သဲကိုအရမ်းချစ်လို့ပြီးတော့စိတ်ပူလို့
မနက်မိုးလင်းရင်လူကကြောင်တောင်တောင်ဖြစ်နေတယ်
သဲအတွက် သွားတိုက်ဆေးထည့်ပေးတာရယ် ကော်ဖီဖျော်ပေးတာရယ်ကိုသတိရလို့
နေ့ခင်းဘက်ဖုန်းသံကြားရင် သဲကိုလွမ်းတယ်
သဲဖုန်းဆက်ပြီး ဆွိုင်ဟသွားပြီး သဲကြိုက်တဲ့သရက်သီးအချဉ်ရယ်
မာလကာသီးပျားရည်စိမ်ရယ် သဲအရမ်းကြိုက်တဲ့သီးစုံဟင်းချက်ဖို့
ဟင်းသီးဟင်းရွက်ဝယ်ရတာကိုလွမ်းတယ်
ညနေပိုင်းသဲပြန်လာရင် ပင်ပန်းလာတဲ့သဲကိုနှိပ်ပေးရတာလည်းလွမ်းတယ်
ညဘက်နှစ်ယောက်အတူတူ ထမင်းထွက်စားတာကိုလည်းလွမ်းတယ်
မအိပ်ခင်သဲအတွက်ကော်ဖီဖျော်ပေးရတာလည်းလွမ်းတယ်
ပြီးတော့XXXXXX ကိုလည်းလွမ်းတယ် ဇာတ်လမ်းလေးတွေနဲ့လေ
သဲပြောတဲ့ချစ်တယ်မောင်ရယ်ဆိုတဲ့အသံလေးကိုလည်းလွမ်းတယ်
သဲနှုတ်ခမ်းလေးကိုလည်းလွမ်းတယ်
ညအိပ်လို့မောင့်ဘေးမှာသဲမရှိတာလည်းလွမ်းတယ်သဲရယ်
မောင့်ဘေးနားမှာသဲမရှိတာ
မောင့်အတွက်တော့အရာရာဟာလွမ်းစရာတွေကြီးပဲပြည့်နေတယ်
စိတ်ချပါသဲ
မောင်တို့မြန်မြန်နီးဖို့ကြိုးစားကြမယ်
မောင့်ရင်ထဲမှာသဲတစ်ယောက်ပဲရှိတယ်
သဲကိုအရမ်းချစ်တယ်

လွမ်းနေတဲ့

သဲရဲ့

မောင်

7 comments:

  1. ကဲ ကြွေသွားပြီ။ ဖုတ်ကနဲ ဖုတ်ကနဲ

    ReplyDelete
  2. တင်လို့တောင်မပြီးသေးဘူး
    ဘယ်ကတည်းက စောင့်နေတာလဲမသိ

    ReplyDelete
  3. မ.ယ.က ဆိုတာ အဲဒါပေါ့ ခွိခွိ

    ReplyDelete
  4. ဟယ် !! ဒီပေးစာကတော့ သို့ လူစီမဟုတ်တော့ဘူး

    ReplyDelete
  5. ယို့ ယို့
    မိန်းမကြောက်တယ်ဟုတ်
    မိန်းမကြိုက်တာလုပ်

    ReplyDelete
  6. ဒီနေ့ ပျင်းပျင်းရှိတာနဲ့ တက်သစ်စကို နင့် ဘလော့ခ်ပြကြည့်တယ်။ မောင်လည်းရေးနိုင်တယ်နော်။ :-)

    ReplyDelete