Thursday, September 2, 2010

ကန်ထုတ်ပစ်ချင်တဲ့ ယောက်ျားနဲ့ မိန်းမ

ကန်ထုတ်ပစ်ချင်တဲ့ ယောက်ျားနဲ့ မိန်းမ

ယောက်ျားတယောက်ကို မလိုချင်တော့ဘူးဆိုရင်၊ ကိုယ့်ကို ခွာစေချင်ရင်၊ သူ့ကိုမချစ်တော့ရင် နည်းနည်းလေးမှ မခက်ပါဘူး အောက်ဖော်ပြပါ စကားတွေထဲက တခွန်းခွန်း ကိုသာပြောပ လိုက်ပါ။ ကိုယ့်နားကနေ အမြန်ဆုံးနည်းနဲ့ ပန်းကန်လုံးစီးပြီးလစ်ပါလိမ့်မယ်။ ဘယ်လောက် မြန်မြန်လစ်စေချင်သလဲဆိုတာပေါ်မူတည်ပြီးတော့လဲ စကားတွဲတွေကိုရောနှောတွဲစပ် အသုံး ပြုနိုင်ပါသေးတယ်နော်။ ဥပမာ…

“ရှင်တော်တော်မွဲတာပဲ”
“ေ-ာက္သံုးကလဲ တစက္မွမက်”
“ကျမ အရင်တုံးက ရည်းစားက ရှင့်ထက်အဆ ၁ ထောင် ၁ သောင်းမက သာတယ်”
“ကျမ ရှင့်ကို နည်းနည်းလေးမှ လေးစား အထင်ကြီး လို့မရဘူး”
“---ရဲ့ ရည်းစား ကိုကြည့်စမ်း ပိုက်ဆံအရှာ ဘယ်လောက်တော်သလဲ ရှင်နဲ့များတခြားစီ သူများ ချီး နည်းနည်း သွားရှုလိုက်အုံး”
“ရှင့်နဲ့အတူနေရတာ ကျမအတွက် တကယ့်ကို လောက ငရဲကျနေတာပါပဲ”
“ရှင့်အမေ က လဲ သိပ်မုန်းဖို့ကောင်းတာ”
“ရှင့်ညီမ ဆိုတာကလဲ သိပ်ရုပ်ဆိုးလွန်းလို့ ယူမယ့် လူမရှိတာနေမှာ”
“လစာ ကို တလတလ ကျမ မအပ်လို့ ဘယ်မယားငယ် ကိုပေးချင်နေသေးတာလဲ”
“နောက်ကို ရှင့်သူငယ်ချင်းဆိုတဲ့ ဟာတွေ အကုန်လုံး ကျမ အိမ်အရိပ် ကိုမနင်းစေနဲ့ ကျမ သူငယ်ချင်းဆိုတာ ရှင့်အတွက်လဲ သူငယ်ချင်းပဲ လို့ မှတ်ထား”
“အလုပ်ပြီးတာနဲ့ အိမ်ကို တန်းပြန်ဖို့စဉ်းစားပါ ဘယ်မှ အလေနတော လိုက်ဖို့ မစဉ်းစားနဲ့”
“ရှင့်အရင် ရည်းစားက ရှင့်ကို ဘာကြည့်ကြိုက်တာလဲဟင် ကျမတော့ စဉ်းစားလို့မရဘူး”
“နေ့တိုင်း နေ့တိုင်း ကျမ ကို “အရမ်းချစ်တယ်” လို့ ပုံမှန်ပြောရမယ်”

မင်းရည်းစားက “ကိုယ့်ရဲ့ အိုင်ဒီယာကတော့….” လို့ ပြောတဲ့ အချိန်မှာ သူ့စကား ကိုဖြတ် ပြီးတော့ …..“ဟာ့ ဟာ့ ဟ…တိတ်စမ်း ဘာအိုင်ဒီယာလဲ အိုင်ဒီယာ ဆိုတဲ့ စကားလုံး ကိုကော ရှင် က စာလုံးပေါင်းတောင်မှ မှန်အေင် ပေါင်းတတ်လို့လား?” လို့ ပြောပစ်လိုက်ပါ။

မင်းရည်းစား က သူ့သူငယ်ချင်းတွေနဲ့ ကမ္ဘာ့ရေးရာတွေ ပြောနေတဲ့အချိန်မှာ သူတို့ဘေးနား သွားထိုင်ပြီးတော့ ရယ်ဟဟ နဲ့ “အော် ရှင်က ကမ္ဘာ့ရေးရာ ဆိုတာ ကိုလဲနားလည်သေး သကိုး…ဆန်အိုးထဲမှာ ဆန်မရှိရင်ကော ဘာရေးရာလဲ ပြောစမ်းပါအုံး” လို့ ခနဲ့တဲ့တဲ့ မေးပါ။

တီပြောတာယုံပါ အထက်ပါ စကားတွေထဲက တခွန်းခွန်း ကိုသာ မျက်နှာစေ့စေ့ ကြည့်ပြီး ပြော ထည့်ပလိုက် အဲ့ဒီ မင်းမမြင်ချင်တော့တဲ့ ယောက်ျား ချက်ချင်း မင်းရှေ့က ပျောက်သွားစေ ရမယ်။

ကဲ နောက်တခု…
တီချမ်းက ဂျန်ဒါ စန်းစတစ် (Gender sensitive) ဖြစ်တယ်လေ အဲ့တော့ ယောက်ျား ကိုပဲ တဘက်သတ် မရေးပါဘူးနော်။ မိန်းမတွေကိုလဲရေးရမှာပေါ့….ဟုတ်တယ်မှလား…?

မိန်းမတယောက်ကို ကိုယ့်အနားကနေ အမြန်ခွာထုတ်ပစ်ချင်ရင်လဲ နည်းနည်းမှ မခက်ပါဘူး။ အောက်ဖော်ပြပါ စကားတွေထဲက တခွန်းခွန်းကို သာပြောပလိုက်ပါ။ ဟယ်ရီပေါ်တာ ရဲ့ မှော် ကြိမ်လုံးတောင် မလိုဘူး အပ်ချလောင်းဆိုတာနဲ့ အလင်းအလျင်နဲ့ “ဟုတ်” ခနဲ ပျောက်သွား စေရမယ်။

“မင်း အသက်ကြီးလာရင် တော်တော်ကြည့်ရဆိုးမှာဘဲ”
“မင်းရဲ့ ခါးက ၂၉ လက်မ ဆိုတာ ဟုတ်မှဟုတ်ရဲ့လား”
“မင်းရဲ့ ဖင်က ငါ့အိမ်က ရေဇလုံထက်တောင် ပိုကြီးသေး”
“မင်း အင်္ကျီ ဝတ်ထားတာ မဝတ်ထားတာ ထက်ပိုကြည့်ကောင်းတယ်”
“မင်းကို ဘယ်သူတယောက်မှမချစ်ခဲ့ဘူးဘူးထက်တယ်”
“မင်း အလှနည်းနည်းပြင်မှ ပိုကောင်းမယ် မိတ်ကပ်မလိမ်းထားရင် မင်းမျက်နှာက လူမြင်လို့ တောင်မကောင်းဘူး”
“မင်းရဲ့ အိုင်ကျူက ၇၀ တောင်ရှိပါ့မလားဟင်”
“မင်း တမျက်နှာလုံး ကိုဖြစ်နိုင်ရင် ပလပ်စတစ် ဆာဂျရီ လုပ်ပြီး ပြင်ပလိုက်သင့်တယ်”
“မင်း အမေက မွဲလိုက်တာ တေနေတာပဲ”
“မင်း အဖေက ဘာမှ အဖြစ်မရှိဘူး သတ္တိကြောင်တဲ့နေရာမှာ ကြွက်ကတောင် အဘ ခေါ်ရ မယ်”
“ငါ့မှာ လိင်စိတ်ဆိုင်ရာ အကြမ်းဖက် စိတ်ဖောက်ပြန်မှု ရှိတယ်လို့ ငါ့ရဲ့ ဆိုက်ခီယာထရစ် က ပြောတယ်”
“မင်းတယောက်ထဲကိုပဲ ချစ်ဖို့ဆိုတာ ငါ့အတွက်မဖြစ်နိုင်ဘူးနော်”
“မင်းကိုချစ်တာ ထက် ငါ့ကိုငါ ပိုချစ်တယ် သိလား”
“ငါ ရှာထားတဲ့ ပိုက်ဆံတွေ ကို လွယ်လွယ် သုံးပစ်မယ် မစဉ်းစားနဲ့”
“ချိန်းတွေ့တိုင်း ကုန်ကျစရိတ်ကို တူတူခံကြမယ်”
“အခုထက် မင်း ပိုရုပ်ဆိုးလာအုံးမယ်ဆိုရင် မင်းကို ငါမပေါင်းနိုင်တော့ဘူး”

တွေ့တယ်မှလား မိန်းမတယောက်ကို မလိုချင်တော့ရင် “မင်းကို ငါမချစ်ပါဘူး၊ မချစ်တော့ဘူး” လို့ပြောတာထက် ပိုအကျိုးသက်ရောက်မှုရှိတဲ့ စကားတွေ အများကြီးရှိတယ်။ ခုနက ပြောထား တဲ့ စကားတွေ တခုခု သာပြောကြည့် မပြတ်ရင် ကြိုက်သလိုပြော။

ကဲ ပြီးပြီ။ ပြောချင်တာတွေလဲ ပြောပြီးပြီနော်။ ကြော်ငြာဝင်မယ်။

ဒေါက်ထရိတ် ခင်မိမိချမ်း
Freelance လင်ကွဲမယားကွဲ အကြံပေး
ဆက်သွယ်ရန်
ဖုန်း………………
လိပ်စာ………………

A Chen
4:12 AM
2nd September 2010
Thursday
Home
Bangkok

11 comments:

  1. လက်လန် တယ်ဗျာ အမှန်တွေကြီးပဲ

    ReplyDelete
  2. အေအမ်ကေ ဆိုလို့အေးမြတ်ကို လားလို့
    လာလည်တာကျေးဇူးတင်ပါတယ်
    ခုမှရောက်ဘူးတာထင်တယ်နော်

    ReplyDelete
  3. တီရေ
    မှန်လိုက်တာဗျာ။ အနော်ကတော့ အနော်မကြိုက်ဘဲ လာအီတဲ့သူဆိုရင် အိုင်ဖုန်းတွေ၊ အိုင်ပတ်တွေ ပူဆာလိုက်တာပဲ။ ပြန်ပြေးရော ဟားဟား။
    အဲသည့်နည်းလဲကောင်းတယ်။ ချူစားတဲ့သူလို့ထင်တော့ လစ်တာပဲ။ :D

    ReplyDelete
  4. This comment has been removed by the author.

    ReplyDelete
  5. Maugham လောက် မတော်သေးပါဘူး။
    သူ မယူချင်တဲ့ မိန်းမကို ဘာစကားတခွန်းမှ မပြောဘဲ ပြေပြေလည်လည် ခါချလိုက်တဲ့အကြောင်း ဝတ္ထုတိုတစ်ပုဒ်ရေးထားတာ ရှိတယ်။ တဘက်က သူ့ခါချလို့ခါချမှန်းတောင် မသိဘူး။ သူ့ဘာသာ စိတ်ကုန်ပြီး ထွက်သွားတာ။ သိပ်မိုက်တာပဲ။

    ReplyDelete
  6. ကန်မယ့် ခြေထောက်လေး နာသွားမှာပေါ့ :P

    ReplyDelete
  7. ဒေါ်ရီတာ ဖျက်လိုက်တဲ့ ကွန်မန့်လေးက အပေါ်က ကွန်မန့်တာ ကိုပြော တားဆိုရင် အမြင်လေးကို သိချင်မိတယ်

    ReplyDelete
  8. ဖျက်လိုက်တာနဲ့ ရေးထားတာနဲ့က ဘာမှ သိပ်မကွာဘူး။ စကားလုံးနည်းနည်း လိုနေလို့ ထပ်ဖြည့်လိုက်တာပဲ ရှိတယ်။ email ထဲကို မရောက်ဘူးလား။

    ReplyDelete
  9. I cannot blow without emotion.
    I love my wife day after day.
    Progressing...
    Improving.....
    But I can't promise how long will be.....

    BINO

    ReplyDelete
  10. အီးမေးလ် ထဲကိုရောက်လာအောင်မ လုပ်ထားဘူး

    ReplyDelete