ဆေးလိပ်သောက်တဲ့ မိန်းမ
“စိတ်ညစ်နေတဲ့အခါ ဆေးလိပ်လေးတလိပ်လောက် တဖွာနှစ်ဖွာလောက် သောက်ချင်တယ်။ ဆေးလိပ်မူးတဲ့အရသာက အရက်မူးသလိုပဲ နှစ်လိုဖွယ်ရာကောင်းပါ့မလား…?” လို့ သူငယ်ချင်း ကောင်မလေး တယောက်က မေးလာပါတယ်။
စိတ်ညစ်လို့ သောက်တယ်။ ပျော်လို့သောက်တယ်၊ အဖော်ကောင်းလို့သောက်တယ်။ အထီးကျန်လို့ သောက်တယ်။ ဘာ့ကြောင့်ပဲသောက်သောက် ဘာပဲ လုပ်လုပ်ပါ ကိုယ်လုပ်နေ တဲ့ ကိစ္စတခုမှာ ကိုယ်တကယ် ဘာလုပ်နေသလဲဆိုတာကိုသေသေချာချာ ကိုယ်ကိုယ်တိုင် သိဖို့ပဲလိုပါတယ်။ ကိုယ် ဘာလုပ်နေလဲ သိရအောင်လဲ တခါတလေ အချို့အနေအထား တွေမှာ အရင်လုပ်ကြည့်ဖို့ လိုပါတယ်။ အရာတိုင်းတော့ မဆိုလိုဘူးပေါ့။ စကား ကပ်ကျန် မနေအောင် ပြောရတာပါ။ ကိုယ်ကတော့ ဘယ်အရာမဆို လုပ်ကြည့်ရမယ် ဆိုတဲ့ လူမျိုးပါ။ လုပ်ပြီးတော့မှ ကိုယ်ကြိုက်မကြိုက် ကို ကိုယ့်ဘာသာ ကိုယ့် တန်ဖိုးနဲ့ကိုယ် judge လုပ်ပေါ့။ ကိစ္စတော်တော်များများ ကို စမ်းသပ်ဖို့ဆိုတာကတော့ ကိုယ်က strong ဖြစ်ဖို့ပဲ လိုတယ်။ ကိုယ် ဆေးလိပ်သောက်ဖူးတယ်။ ဒါပေမယ့် ကိုယ်ဆေးလိပ်စသောက်ဖူးတာ ခုနပြောခဲ့တဲ့ အကြောင်းပြချက်တွေထဲက တခုကြောင့်မှ မဟုတ်ဘူး။
ကိုယ် ဆေးလိပ်စသောက်ဖူးတာ အေးစိမ့်တဲ့ ရာသီဥတုကြောင့်လို့ပြောရင် နည်းနည်းများ “ကြောင်” နေမလား…?
ဒါမှမဟုတ် အချစ်ကြောင့် လို့ပြောရင် “ပိုကြောင်” သွားမလား…?
ပရိတ်သတ်ကြီးပဲ ဆုံးဖြတ်ပါလေ။
တကယ်ပါ။
၂၀၀ရ ခုနှစ် ဧပရယ်လ ရှန်ဟိုင်းမြို့။ ရာသီဥတု က အေးငွေ့ငွေ့လေး။ ပါးစပ် ကိုဟပြီး (ဟူး) လို့လုပ်လိုက်ရင် ပါးစပ်က အငွေ့တွေထွက်တဲ့ ရာသီဥတုမျိုးပေါ့။ ကိုယ့် ခွင့်ပိတ်ရက် တွေမှာ ရှန်ဟိုင်းမှာ သူ့ချစ်သူနဲ့ လိုက်နေနေတဲ့ သူငယ်ချင်းတယောက် ဆီကို အလည်ရောက်ဖြစ်ခဲ့ တယ်။ သွားတုံးကတော့ သူငယ်ချင်းဆီမှာနေပြီး ရှန်ဟိုင်းမြို့ ကြီးကို လျောက်ကြည့်ဖို့ပေါ့။ ဒါပေမယ့် ဖြစ်လာတာက…
လောကကြီးဆိုတာ အဲ့လိုပါပဲ မထင်မှတ်တာတွေ ထင်မှတ်မထားတာတွေ ဖြစ်တတ်ပါတယ်။
ရောက်ရောက်ချင်းညမှာပဲ ကိုယ့်ကို သူငယ်ချင်းက ရှန်ဟိုင်းရဲ့ နာမည်ကြီး ဂေးကလပ် တခု ကိုခေါ်သွားပါတယ်။ အဲ့မှာ ကိုယ့်စိတ်ကို လှုပ်ရှားစေမယ့် ဆုပ်ကိုင်လှုပ်မယ့် သူတယောက် ကို စတွေ့ရတာပါပဲ။ ကလပ်ထဲရောက်တော့ ကကြခုန်ကြတဲ့ လူတွေကြားထဲ ဟိုတိုးဒီတိုးပေါ့။ ခဏနေတော့ သူငယ်ချင်းက အရက်သွားယူမယ်ပြောတော့ ကိုယ်က အင်းလို့ ပြန်ပြော လိုက်ပါတယ်။ သူငယ်ချင်း ထွက်သွားပြီး ခဏ အကြာမှာပဲ ကိုယ့်အနား ကို သူရောက်လာ ပါတယ်။ ပြီးတော့…..သူက ကိုယ့်ကို “ကိုယ် မင်းနဲ့ ကလို့ ရမလား” လို့ မေးလာတယ်။ …
အဲ့အချိန်မှာ ကိုယ်က ဆရာမ ဂျူး ရဲ့ “ချစ်သူရေးတဲ့ ကျမ ရဲ့ ညတွေ” ကို ဘတ်ပြီးကတည်း က အသည်းအသန် ကြိုက်နေတဲ့ စကားတခွန်းရှိပါတယ်။ အဲ့တာက အမျိုးသား ဇာတ်ဆောင် “နေသန်” ပြောတတ်တဲ့စကားတခွန်းပါ။ တယောက်ယောက်က သူ့ကို တခုခုတုံ့ပြန် ပြောဆို တဲ့ အခါမျိုးမှာပေါ့။ ဥပမာ သူ့ကို “ကျေးဇူးတင်ပါတယ်” လို့ (မင်းသမီး နာမည် မမှတ်မိ) ကပြောတဲ့ အခါ သူက တခြားသူတွေလို “you are welcome” လို့ မဖြေဘဲ “sure” လို့ ဖြေလေ့ရှိပါတယ်။ ဂျူးကတော့ “သေချာတာပေါ့” လို့ ရေးထားပါတယ်။ ဝတ္ထု အသွားက ဘိုဆန်တဲ့ အတွက် ကိုယ်က စာရေးသူပြောချင်တာကို အဲ့လိုနားလည်လိုက်ပါတယ်။ အဲ့တာနဲ့ သူက ခုနလိုမေးလာတဲ့ အခါမှာ ကိုယ့်အဖြေက “က လေ” မဟုတ်ဘဲ “သေချာတာပေါ့/sure” ဖြစ်သွားပါတယ်။ အတိုပြောရရင် သူနဲ့ကိုယ်နဲ့ ကကြပြီးတော့ နောက်ဆုံး သူ့အိမ်ကို ကိုယ်သူနဲ့ ပါသွားပါတယ်။(အပေါစားဆန်လိုက်တာနော် လို့တွေးနေသလား…? ဒါပေမယ့် မပူပါနဲ့ ခုနက ပိုစ့်အစမှာ ကိုယ်ပြောခဲ့သလိုပဲ ကိုယ် ဘာလုပ်နေသလဲ ဆိုတာ ကိုယ့်ဘာသာ သေသေချာချာ သိပါတယ်) ကိုယ့်သူငယ်ချင်း ရဲ့ ရည်းစားအိမ်မှာနေမယ် သူငယ်ချင်းနဲ့ လျောက်လည်မယ် ဆိုတဲ့ နှစ်ပတ်တာ ဟော်လီးဒေးက မျှော်မှန်းထားသလို ဘာမှဖြစ်မလာဘဲ သူငယ်ချင်း အိမ်ကို “လုံးဝပြန်မရောက်တော့ခြင်း” နဲ့ အဆုံးသတ်သွားပါတယ်။ သူငယ်ချင်းကတော့ ခုထိ ကြုံရင် ကြုံသလို အစဖော် စကားလုပ်ပြောမြဲပါ။ ကိုယ့်အတွက်ကတော့ တကယ့်ကို ရင်ခုန်တိမ်းမူး ဖွယ်ရာ အဆက်မပြတ် စိတ်လှုပ်ရှားစရာ (ကိုယ်သာ English လိုရေးတဲ့ blogger ဆိုရင် ဒီနေရာမှာ spontaneous ဆိုတဲ့ စကားလုံးကို အသေအချာသုံးမှာပါ) ပျော်ရွှင်ဖွယ်ရာ နေ့ရက် လေးတွေပါဘဲ။ ကိုယ့်ဘဝရဲ့ ပထမဆုံးတွေထဲက ပထမဆုံး အတွေ့အကြုံတခုကိုလဲ သူကပဲ အဲ့ဒီ “ည”မှာ ပေးခဲ့တာပါ။ “ချစ်သူရေးတဲ့ ကျမရဲ့ ည” လို့ ပဲ ပြောရမလား….“ကျမ ရဲ့ ည” လို့ ပဲ ရိုးရိုး စင်းစင်း (ဒါပေမယ့် ပိုင်ပိုင်နိုင်နိုင်) ပြောရမလား…?။
အရာရာတိုင်းအတွက် ပထမဆုံးအခေါက် ဆိုတာ ရှိတတ်တယ်မဟုတ်လား…၊ သူက ဂျာမန် လူမျိုးပါ။ အသက်က အဲ့အချိန်မှာ ကိုယ့်ထက် နည်းနည်းပဲ ကြီးပါတယ်။ ကိုယ်က ၂၆ သူက ၃၀ စွန်းစပေါ့။ ဘီယာ ကိုရေ လိုသောက်တယ်။ ဆေးလိပ်ကို အမျှင်မပြတ်အောင်ဖွာတယ်။
တခုတော့ ဝန်ခံချင်ပါတယ်။ အရင်တုံးက ကိုယ် အင်္ဂလိပ် ရုပ်ရှင်တွေ ကြည့်တိုင်း အမြဲ လိုလို အမှတ်ရနေတဲ့ ဇာတ်ဝင်ခန်း တခုရှိတယ်။ ရုပ်ရှင်တော်တော်များများမှာ မကြာမကြာ လဲပါတတ်တာမျိုးပါ။ မင်းသားနဲ့ မင်းသမီး လိင်ဆက်ဆံပြီးတိုင်း ကုတင်ပေါ်မှာ အဝတ်မဲ့ ကိုယ်ခန္ဓာကိုယ်တွေကို စောင်နဲ့ပတ်ထားပြီးတော့ ဆေးလိပ်တလိပ်ကို တူတူရှိုက်ဖွာ ကြတာ မျိုးလေ။ ဂျူလီယာရောဘတ်တောင် ရုပ်ရှင်တကားထဲမှာ လုပ်ဖူးတယ်လို့ ထင်ပါတယ် နောက် အန်ဂျီ… နောက် ကိုယ့် စိတ်ထဲမှာ စွဲမြဲနေတာက တရုတ်မင်းသမီး စူးချီ (Shu Qi) ရုပ်ရှင် ဇာတ်ဝင်ခန်းတခန်းမှာ ဆေးလိပ်သောက်တဲ့ ပုံပါ။ သိပ်လှတယ်၊ ခန့်ညားတယ်လို့ ကိုယ်ထင်ပါတယ်။ ဆေးလိပ်ကို လှအောင် သောက်တတ်တဲ့ မိန်းမပဲ။ ထားပါ။
အဲ့လို မျိုး ကိုယ့်အမြဲ လုပ်ကြည့်ချင်ခဲ့ဘူးတယ်။ အဲ့ညက ကိုယ့် အာသီသတွေ ပြည့်ဝခဲ့တယ် ပေါ့။ မိုက်ပါတယ်။ ငြိမ့်ငြိမ့်လေးနဲ့ လွင့်လွင့်လေး။ အရင်တုံးက ကိုယ် ဆေးလိပ်ကို ဖွာဖူး ပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် သောက်တာမျိုးမဟုတ်ဘူး။ သူငယ်ချင်းတွေ အတွက်မီးငြိ ပေးတာ မျိုးပါ။ အဲ့ဒီညကတော့ ကိုယ်ဆေးလိပ်ကို ဘဝမှာ ပထမဆုံးအကြိမ် အဖြစ် သေသေချာချာ သောက်ဖြစ်သွားတယ်။ သောက်တတ်သွားတယ်။ သောက်မိသွားတယ်။ ဆေးလိပ်နဲ့ အတွင်းကျကျ ရင်းနှီးသွားတဲ့ ညပေါ့။
-စိမ့်အေးနေတဲ့ ရှန်ဟိုင်း ရာသီ ဥတု ကို အပြစ်တင်ရမလား…?
-ဆွဲဆောင်မှု ရှိလွန်းတဲ့ သူ့ကို အပြစ်တင်ရမလား…?
-မောပန်းမှု လှိုက်ဖိုမှု ဆန္ဒပြည့်ဝမှု တွေနဲ့ ငြင်းဆန်ဖို့ အားအင် ချိနဲ့နေတဲ့ ကိုယ့် ခန္ဓာကိုယ် ကို အပြစ်တင်ရမလား…?
-ညှို့ဓါတ်ပြည့် ပင့်ကူအိမ်မှာ တွယ်ငြိနေတဲ့ ရုန်းမရတဲ့ ကိုယ့်ရဲ့ စိတ်ကိုပဲ အပြစ်တင်ရမလား…?
- (Not that I want to deny any of this…)
ခုနက ပိုစ့် အစမှာ ကိုယ်ဘာလုပ်နေတာ ကိုယ်သေသေချာချာ သိတယ်လို့ ပြောခဲ့တယ်နော် ခုတော့ အင်း……………………..ခုတော့ ကိုယ် သိပ်မသေချာတော့ဘူး။
ဘာပဲဖြစ်ဖြစ် ဘာ့ကြောင့်ပဲဖြစ်ဖြစ် ဘယ်သူ့ကြောင့်ပဲဖြစ်ဖြစ် အဲ့ဒီ “ည” က ကိုယ် ဆေးလိပ် တလိပ်ကို ပထမဆုံး လူတယောက်နဲ့တူတူ (ရုပ်ရှင်တွေထဲမှာလို ကိုယ်ကြည့်ဖူး၊ သောက် ကြည့်ချင်ဖူးခဲ့တဲ့အတိုင်း) သောက်ဖူးသွားပါတယ်။ မိုက်တယ်။ မှတ်မိနေတယ်။ အခုထိ အဲ့ဒီ အရသာ ကို….။ မမေ့သေးဘူး……………………
နောက်နေ့တွေမှာ…. သူနဲ့ ကိုယ်နဲ့ ရာသီဥတု စိမ့်နေအောင်အေးတဲ့ ရှန်ဟိုင်းမြို့ကြီးရဲ့ လမ်းမတွေပေါ်မှာ လမ်းလျောက်ရင်း လက်တွေကို ကုတ်အင်္ကျီထဲ ထိုးထည့်ရင်း၊ ကော်ဖီဆိုင် ရဲ့အပြင်ဘက်စားပွဲခုံလေးတွေပေါ်မှာ၊ ရှန်ဟိုင်း ကမ်းနားလမ်းမကြီးပေါ်မှာ၊ နွေးထွေးနေတဲ့ သူ့ရင်ခွင့် ဂျက်ကက်အောက်မှာ ဆေးလိပ်တွေတူတူသောက်ခဲ့ကြပါတယ်။
သောက်ခဲ့ကြဖူး ပါတယ်…..
သောက်ခဲ့ကြဖူး ပါတယ်…..
သောက်ခဲ့ကြဖူး ပါတယ်…..
ဒီအကြောင်းအရာတွေက ကိုယ့်ရဲ့ ခေါင်းထဲမှာ သဘောကျ စွဲငြိနေတဲ့ ရုပ်ရှင်ပြကွက် ဇာတ်ဝင်ခန်း တခုလိုပဲ ခုထိ အကြောင်းတိုက်ဆိုင်တိုင်း မျက်စိထဲရောက်ရောက် လာတတ် ပါတယ်။ ဒီလိုနဲ့ ကိုယ် ဆေးလိပ်သောက်တတ်လာခဲ့တယ်။
သူ့အကြောင်း ကို ကိုယ့်ရဲ့ top ten မှာလဲရေးဖူးပါတယ်နောက် သူနဲ့ ဆေးလိပ်သောက်တဲ့ အကြောင်း၊ ရှန်ဟိုင်းမှာ ဆေးလိပ်သောက်တဲ့ အကြောင်းကိုလဲ ကိုယ့် ကဗျာတွေ တော်တော် များများမှာ ရေးဖူးပါတယ်။
ကိုယ့် ဘာသာ အာရုံနောက်လိုက်လျာရှည်နေတာနဲ့ ပြောချင်နေတဲ့ ပိုစ့်အကြောင်းတောင် ပျောက်သွားတယ်။ အဲ့လိုပဲ။ အတွေးတွေနဲ့ စီးမျော နတ်ကရာ ကျီးမော့။
ပိုစ့်အစမှာ အဲ့လိုမေးလာတဲ့ သူငယ်ချင်းမလေးကို ကိုယ်ပြန်ပြောပြတဲ့ နောက်သူငယ်ချင်းမ လေးတယောက်ရဲ့ အဖြစ်အပျက် ကလေးတခု ရှိပါတယ်။ နားထောင်ကြည့်နော်။
ဟိုးအရင်တုံးက ကိုယ့်မှာ ဆေးလိပ်အရမ်းသောက်တဲ့ မိန်းကလေး သူငယ်ချင်း တယောက် ရှိ(ခဲ့/နေ)တယ်။ သူက ဆေးလိပ်ကို အရမ်းသောက်တာ တလိပ်ပြီး တလိပ် ဆက်တိုက် ဆိုသလိုပဲ မီးမပြတ်စေရဘူး။ ဖြစ်ချင်တော့ သူ့ရည်းစား ကောင်လေးကလဲ ဆေးလိပ်သောက် တဲ့သူဆို ကျားကျား မမ အလွန်မုန်း၊ အင်မတန်မုန်း၊ ခါးခါးသီးသီးမုန်း။ အဲ့တော့ သူ့မှာ သူ့ကောင်လေးနဲ့ ချိန်းတွေ့မယ့် အခါတိုင်း ပါးစပ် ကိုဆေးရတာနဲ့ ပလုတ်ကျင်းရတာနဲ့ ပါးစပ်ကို အမွှေးနံ့ဖျန်းရတာနဲ့ စတဲ့ အပရိကတွေ နဲ့ အင်မတန် အလုပ်ရှုပ်တတ်ပါတယ်။ မိတ်ကပ်က သူ့အတွက် ပရိုက်ရောရတီ မဟုတ်ဘဲ ဆေးလိပ်နံ့ပပျောက်ရေးက သာလျင် အဓိက ဖြစ်နေပါတယ်။
တညကျတော့ ကိုယ်နဲ့သူ၊ သူ့အခန်းထဲမှာ စကားပြောနေကြပါတယ်။ သူက ဆေးလိပ်ကို တလိပ်ပြီး နောက် တလိပ် အမျှင်မပြတ် သောက်နေတာ နှစ်ဗူးလောက် ကုန်သွားပါတယ်။ အဲ့အချိန်မှာဘဲ သူ့ကောင်လေးဆီက ဖုန်းလာပါတယ်။ သူ အိမ်အနားရောက်နေတယ်တဲ့ နောက် ၁၀ မိနစ်လောက်နေရင် ရောက်မယ် လို့ ပြောလာပါတယ်။
ကိုယ့်သူငယ်ချင်းမ “ပြာ”သွားတဲ့ပုံကို ခုထိမျက်နှာထဲက မထွက်ဘူး(ကာလာချယ်တဲ့ အပြာရောင် ကိုပြောတာမဟုတ်ဘူးနော် တင်စားတာ တင်စားတာ စကားလုံးနဲ့ ဝိသေသန ပြုတာ)။ ချက်ချင်းရေချိုးခန်းထဲပြေးဝင်ပြီး သွား သွားတိုက်ပါတယ်။ သွားတိုက်နေရင်း တန်းလန်းနဲ့ ရေချိုးခန်းထဲကနေ ပြေးထွက်လာပြီးတော့ ကိုယ့် ကို ပြတင်းပေါက်တွေ ကူဖွင့်ခိုင်းပါတယ်။ ဆေးလိပ်ငွေ့တွေကို ယပ်ခတ် ထုတ်ခိုင်းပါတယ်။ သူ့ပါးစပ်ထဲမှာ သွားတိုက်ဆေး အမြုပ်တွေနဲ့ သွေးတွေနဲ့။ သွားတိုက်ဆေးနည်းနည်းကလဲ သူ့ ရင်သား ပေါ်မှာ ကျနေပါသေးတယ်။ လောလွန်းတော့ သွားတိုက်တာလဲ သွေးအလိမ်းလိမ်းနဲ့ပေါ့။
ပြီးသွားတော့ ပါးစပ်တခုလုံး အပြည့် ပရုတ်နံ့တွေနဲ့ ဒါတောင်မှ သူက လုံလောက်တယ် မထင်သေးပါဘူး။ အလန့်တကြားနဲ့ မီးဖိုချောင်ထဲဝင်ပြီးတော့ ပုလင်းထဲက ဝီစကီ နည်းနည်း ကို အလောတကြီး မော့လိုက်ပါသေးတယ်။ ဆေးလိပ်နံ့တွေ ကို အရက်နံ့နဲ့ ဖုန်းမယ်ပေါ့။
ဒီလိုနဲ့ နောက်ဆုံးတော့လဲ သူတို့တွေ ကွဲ သွားကြပါတယ်။ ကိုယ်နဲ့ သူ ကြုံကြိုက် တိုက်ဆိုင် လို့ အဲ့ဒီ ညက အကြောင်းတွေ ကို ပြန်ပြောင်းပြောဖြစ်ကြတဲ့ အခါတိုင်း သူက သူရူးမိုက် ခဲ့တာတွေကို သတိရတဲ့ အနေနဲ့ အေးစက်စက် မဲ့တဲ့တဲ့ “တချက်” ပြုံးတတ်ပါတယ်။
လူတယောက်အတွက်နဲ့ ကိုယ့်ကိုကိုယ် (ကိုယ်မဟုတ်တာတခု ကို အားစိုက်ထုတ် ဟန်ဆောင် ပေးတယ်) ဆိုတာ အချစ်စစ်လား…? ဒါမှမဟုတ် အချစ်ကို ခေါင်းစဉ်တတ်ထားတဲ့ ခပ်ညံ့ညံ့ ပေးဆပ်မှုလား…၊ ပြုံးနေတဲ့သူမှာ မျက်ရယ်စတွေနဲ့ ဆိုတဲ့ စကား ကို မဆီမဆိုင် (သို့) ဆီဆီ ဆိုင်ဆိုင် သတိရမိပါသေးတယ်။ ကိစ္စတခုကို လုပ်တော့လုပ်နေတယ်။ စိတ်ပါလက်ပါ (သို့) လုပ်ချင်လို့ လုပ်နေတာမျိုးတော့မဟုတ်ဘူးလေ။ ဒီကြားထဲမှာ ပေးဆပ်လိုက်ရတာက ကိုယ့်ရဲ့ အမူအကျင့် (ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ) ကိုယ်လုပ်လေ့ရှိတဲ့ ကိုယ့်ကိုကိုယ် စိတ်ကျေနပ်စေတဲ့ အကျင့် ဝသီ အလေ့အထ ကိုယ့်ရဲ့ ရစ်သမ် စတာတွေပါတယ်။
ကိုယ်သိချင်တာ တခုပဲ ရှိတယ်။ အဲ့ဒီတုံးက သူမက ဆေးလိပ်မသောက်ထား ချင်ယောင် ဆောင်တာ အောင်မြင်တာလား…၊ ဒါမှမဟုတ် သူက မသိချင်ယောင်ဆောင်တာ အောင်မြင် တာလား….ဆိုတာပါပဲ။
အဲ့ဒီ မေးခွန်းကို အခုအချိန်ထိ….ကိုယ်မမေးဖြစ်ခဲ့ပါဘူး……သိချင်တာက သိချင်တာ သပ်သပ် ပဲလေ……………….နော်။
A Chen
5:11 AM
2nd September 2010
Friday
Home
Bangkok

ဒီတစ်ပုဒ်ကိုဖတ်ရတာ ရေးတဲ့ပုံစံကော အကြောင်းအရာကော
ReplyDeleteသဘောကျမိတယ်။
ကိုယ်သိချင်တာ တခုပဲ ရှိတယ်။ အဲ့ဒီတုံးက သူမက ဆေးလိပ်မသောက်ထား ချင်ယောင် ဆောင်တာ အောင်မြင်တာလား…၊ ဒါမှမဟုတ် သူက မသိချင်ယောင်ဆောင်တာ အောင်မြင် တာလား….ဆိုတာပါပဲ။
ReplyDeleteA poor girl, heavy smoker like to pretend as a non-smoker coz' of love.
Isn't it?
If the boy loves her, he'll take a share some good or bad habit addiction.
Why the boy didn't take.
(as per your word.....သူရူးမိုက် ခဲ့တာတွေကို သတိရတဲ့ အနေနဲ့ အေးစက်စက် မဲ့တဲ့တဲ့ “တချက်” ပြုံးတတ်ပါတယ်။)
The opposite way of thinking..
The boy asked "HAVE YOU GOT A LIGHT?" after made love with her.
Remember yourself how to share with your lover (German)in the Shanghai.
BINO
အခု ပဲ လာဖတ်ဖူးတယ်။ ဒီပို့စ်ကိုတော့ သဘောကျတယ်(ရသတွေ အများကြီး ခံစားလိုက်ရလို့)။ နောက်များလဲ လာဖတ်ဦးမယ် top ten ကိုပေါ့လေ။ ကျေးကျေးပါ အန်တီချမ်း
ReplyDeleteငြိမ်းချမ်းပါစေ
မိုးယံ
မောင်ညချမ်း (PM)
ReplyDeleteပေါ်လာသေးတယ်နော် ဒါမှမဟုတ် အမြဲပေါ်လာရက်နဲ့ ခြေရာ မချန်တာလား
ဦးဘီနိုလဲပဲ ပျောက်တော်မူ လုပ်နေတာ ကြာပေါ့
မိုးယံ လာလည်တာ ဝမ်းသာပါတယ် လို့ပြောရင် ဒါရိုးရာလို့ပဲ မှတ်ပါ
I can come when I reach in Port limit.
ReplyDeleteI've used internet via a mobile phone.
Consequently my IP is always changed depend on location telecom. company.
I've gone one place to another , not in stationary.
Please be understand me.
BINO
yeah i just recently learn that from one of my sea man friend, so i understand
ReplyDeleteand thanks for visiting
မန့်လို့ ကောင်းသွားပြီ :D
ReplyDeleteကြုံသလို ရောက်ပါတယ်။ ကော်မန့်ရေးတာထက် စာဖတ်ပြီး ကိုယ့်ဘာသာ တစ်ခုခုတွေးတာဖြစ်ဖြစ် ပြန်ရေးချင်တာဖြစ်ဖြစ် တခြားမှာ ချရေးမိတာများတယ်။ ငယ်ငယ်တုန်းက ဝတ္ထုဖတ်ချိန်တုန်းက အကျင့်လိုပေါ့ စာရေးဆရာရေးတာကိုဖတ်ပြီး အေးဆေး တွေးရတာပဲ သဘောကျတယ် ကော်မန့်မှာ တစ်ခုခု ပြန်လှန်ရေးရတာ သိပ်အရသာမတွေ့လှဘူး။
ReplyDeleteဒီတစ်ပုဒ်တော့ ကြိုက်မိသွားလို့ ကြိုက်ကြောင်းရေးသွားတာ။
အင်း စာရှည်သွားဘီ =)
အင်း မောင်ည ပြောတာနဲ့ ကိုယ့်ကိုကိုယ်တော် (ကိုယ်လိုရာဆွဲပြီး) အထင်ကြီးပလိုက်တယ် စာရေးဆရာရေးတာကို ဘတ်ပြီး ဆိုလို့
ReplyDeleteဟိဟိဟိ
တီကတော့ ကွန်မန့်မှာ အပြန်အလှန်ရေးတာ ကို ကြိုက်တယ်
ဒေါ်ရီတာ ကို အားကျလို့တော့မဟုတ်ဘူး
တခါတခါကျတော့ စာဘတ်သူ နဲ့ စာရေးသူ ပိုရင်းနှီးစေသလားလို့
ပြီးတော့ ဒါကလဲ အင်တာနက်နဲ့ ဘလောခ်ဂင်း လုပ်ခြင်း ရဲ့ လက်ငင်း အကျိုးကျေးဇူးလေနော်
လာလာဘတ်တာကျေးဇူးပါ
မောင်ည တခုမေးမယ်
ဆိုနီ အယ်လ်ဖာ် ၃၈၀ နဲ့ ကန်နွန် ၅၀၀ ဒီ
ဘယ်ဟာဝယ်သင့်သလဲ
စီမီ ပရို ကို ကန်နွန် နဲ့ပဲ စချင်တယ်ဆိုရင် ၁၀၀၀ ဒီကော ကောင်းလား
တီ က တက်လိုး ဆိုတော့ နည်းနည်း အကြံပေးပါ