အရှေ့တွေး အနောက်တွေး
ဒီနေ့
ထူးမခြားနား ဘန်ကောက်နေ့ရက်တရက် ကိုဖြတ်ရပြန်ပါတယ်။
ဘာလုပ်သလဲလား…?
တနေ့လုံးအိပ်တယ်။ ညနေပိုင်းကျတော့ ရုံးဆင်းချိန်လောက်မှထတယ်။ (ဟုတ်ကဲ့ ရုံးမတက် ပါဘူး)
ပြီးတော့ ရေမိုးချိုးပြီးတော့ ဘာစားရမလဲ စ စဉ်းစားပါတယ်။ ရဲလေးနဲ့ ထိန်ဝင်းကလဲ ကိုယ့်ကို လာပြီး “ဘာစားမလဲအကို…?” လို့လာမမေးကြပါဘူး။ အဲ့တာနဲ့ပဲ (သူများတွေအတွက်) ရိုးရိုး တန်းတန်း (ကိုယ့်အတွက်) ပျင်းရိငြီးငွေ့ဖွယ်ကောင်းလှစွာ ညနေပိုင်းအစာရှာဖို့ ကိုစရပါတယ်။ “ခွေးအ” တွေဆိုရင်လဲအကောင်းသား သုဿန် ထဲသွားပြီး အလောင်းကောင်တွေ တူးစား လိုက်ယုံပဲ လို့ တွေးမိပါသေးတယ်။ နောက်တော့ ကိုယ့်အတွေးကို ကိုယ်သဘောကျလို့ နှုတ်ခမ်းသက်သက်နဲ့ ရယ်လိုက်မိပါရဲ့။
ဘန်ကောက်ကီရန်း တွေရဲ့ ပုံမှန်နေ့တဓူဝ နေ့တနေ့ကတော့ ဘယ်လိုနေမလဲ ကိုယ်မသိခဲ့ပါ။ နှစ်နှစ်ဆိုတဲ့ အချိန်အတွင်းမှာတောင် ကိုယ်တကယ် သေချာမသိခဲ့ပါဘူး။ ကိုယ့်ရဲ့နေ့တွေဟာ အိပ်ရင်အိပ် မအိပ်ရင် အလုပ်မှာ ဆိုတော့လဲလေ။ ကိုယ်ဟာ စက်ရုပ်ဖြစ်မှန်း မသိ ဖြစ်နေခဲ့ တာကြာပေါ့။ အဲ့တာကိုကလဲ ဘန်ကောက်ကီရန်းတွေရဲ့ ပုံမှန်တနေ့တာ ဖြစ်နိုင်ပါတယ်။
ကိုယ့်အတွက်ကတော့ တနေ့လုံးအိပ် အိပ်ရာကထ စားစရာရှာစား တကယ့်ကို အခြေခံ လိုအပ်ချက်ပဲ လုပ်ချင်တာပါ။ အဲ့လိုပဲ လုပ်ခဲ့တယ်။ ဘဝက တိုတိုလေးပါ အရေးမပါတာတွေ အရေးမကြီးတာတွေ အရေးလုပ်စရာမလိုတာတွေအတွက် အချိန်မပေးနိုင်ပါဘူး။
အရေးကြီးတာကတော့ အအိပ်နဲ့ အစားပါပဲ။ တခါက ကိုယ်ရေးဖူးသလိုပဲပေါ့ ကိုယ့်ဆီကနေ ဘယ်သူမှ ယူမသွားနိုင်တဲ့ အရာတွေထဲမှာ အဲ့နှစ်ခု က အဓိက ကျတယ်လေ။ ထားပါတော့ တခုကိုလုပ်ပြီးပြီဆိုတော့ ကျန်တဲ့တခု ကို ဆက်ဖြည့်ဖို့အတွက် အစာရှာထွက်ရပါတယ်။
ဘာစားရမလဲလဲ မသိပါဘူး။ ချက်ပြုတ်စားချင်တဲ့ စိတ် မဖြစ်တာလဲ ကြာလှပေါ့။ တနေ့လုံး လိုလို အိပ်နေခဲ့တာဆိုတော့ ကိုယ့်အတွက်က မနက်စာ နေ့လည်စာ ညစာ ပေါင်းစားရမှာပါ။ နိုးနိုးချင်း ဖျော်သောက်ထားတဲ့ ငှက်ပျော်သီး တခွက်တော့ ရှိပါရဲ့။ ဗိုက်ထဲကို ဒီနေ့အတွက် ပထမဆုံးဝင်တဲ့ အဟာရပေါ့။ အဲ့တာနဲ့ပဲ အိမ်နားက စင်တာတခုကိုသွားပါတယ်။
ဘာစားရမလဲ………………………?
စားချင်တာက အမဲသားကို ငရုတ်ကောင်း အသီး နဲ့ကြော်တဲ့ ဟင်းနဲ့ ထမင်းပုံ ပြီးတော့ ကြက်ဥ ဟပ်ဖ်ဖရိုင်လေးနဲ့စားချင်တာပါ။ ရှာတော့ မတွေ့ပါဘူး။ အဲ့တာနဲ့ လျောက်ကြည့်ရင်းနဲ့ နောက်ဆုံးတော့ ဘာစားဖြစ်သလဲဆိုတော့ JFK အဲလေ KFC ပါ။ အဲ့ဒီ ကြက်ကြော်ကို စားဖို့ တန်းစီနေရင်းနဲ့မှ ဒီပိုစ့်လေးကို ရေးဖို့အတွေးပေါက်တာပါ။ တန်းစီ ပြီး ကြက်ကြော်ရလာတော့ ကိုယ်တယောက်ထဲထိုင်စားရင်း ဆိုင်ရဲ့ မှန်နံရံကနေတဆင့် အပြင်ဘက်က သွားသွားလာလာ လူတွေကို ကြည့်ရင်း အတွေးတွေ များရပြန်ပါတယ်။ အဲ့လို တွေးတတ်တာကပဲ စာရေးချင်တဲ့ စိတ်တွေကို ဖြစ်ထွန်းစေတယ်ထင်ပါတယ်။
စားပြီးသွားတော့ လမ်းလျောက်ပြန်ပါတယ်။ စင်တာက အိမ်နဲ့ မနီးမဝေးပါ။ အမှန်ကတော့ မဝေးပါဘူး။ ဝေါ့ခ်ကင်း ဒစ်စတန့်ပါ။ ဓါတ်ရထားနဲ့ဆိုရင် တမှတ်တိုင်ပါပဲ။ မိုးကတဖွဲဖွဲလေး တော့ရွာနေပါတယ်။ ဒါပေမယ့်လဲ ကိုယ်က ဘယ်တုံးကမှ မိုးရွာတာ ကို စိတ်အနှောင့် အယှက်မဖြစ်ခဲ့သလို မိုးရွာထဲမှာ လမ်းလျောက်ဖို့ ကိုလဲ မတုံ့နှေးခဲ့တာဆိုတော့…
နားထဲမှာ နားကြပ်ကိုတပ်ရင်း မိုးရွာထဲမှာ လမ်းလျောက် သီးချင်းလေးတအေးအေး ညည်း ရတာ သိပ်ကို အရသာရှိပါတယ်။ လွတ်လပ်တယ်ဆိုတာ ဘာကိုပြောတာလဲဆိုတာကို စကားလုံးတွေနဲ့ အဓိပ္ပါယ် ဖွင့်ပြစရာမလိုဘဲနဲ့ နားလည်ချင်ရင် မိုးရွာထဲမှာ သီချင်းဆိုရင်း လမ်းလျောက်ပါ။ ဒီလိုအချိန်မျိုးမှာ ကိုယ်အမြဲ လိုလို ညည်းဖြစ်တဲ့ သီချင်းကတော့ “မိုး….လေးဖွဲတုံးသတိရတယ်…..မြင်နေတဲ့ပြတင်းတံခါးဆီပဲ……သွားလို့မော့ကြည့်…………….ပြောလိုက်ချိန် တကိုယ်ရေ ထဲ မိုးစက်တွေအလယ်…..” ဆိုတဲ့ သီချင်းပါပဲ။
လမ်းမှာ မီးနီမိနေတော့ အကြာကြီး ရပ်စောင့်ရပါသေးတယ်။ ကားတွေအတွက်တော့ မီးက စိမ်းနေတယ်လေ။ လူတွေအတွက်ပဲ မီးနီတာ။ ရပ်စောင့်နေရင်း မြန်မာပြည်မှာဆို ရပ်စောင့် စရာမလိုဘူးလို့ တွေးမိပါသေးတယ်။ အနှစ်နှစ်ဆယ်လုံးလုံး ကျင့်သုံးလာတဲ့ အမူအကျင့်တွေ အတွေးအခေါ်တွေက နိုင်ငံရပ်ခြားမှာနှစ်နှစ်လောက် နေလိုက်ယုံနဲ့တော့ ချက်ချင်း ဘယ်ပြောင်းနိုင်ပါ့မလဲ။
မီးပွိုင့်မှာ ရပ်နေရင်း ဓါတ်တိုင်ကို မော့ကြည့်မိတော့ လှပတဲ့ ညရှုခင်း တခု ကို မထင်မှတ်ဘဲ တွေ့လိုက်ရပါတယ်။ မိုးဖွဲဖွဲလေးတွေ ရွာနေတုံးမှာ ဓါတ်တိုင်အောက်ကနေ လမ်းမီးလုံး ကိုမော့ကြည့်ဘူးပါသလား မိတ်ဆွေ…?
တဖွဲဖွဲရွာနေတဲ့ မိုးလေးတွေက ရေစက်တစက်ဖြစ်သွားဖို့လောက်အထိလဲ မကြီးဘူးလေ။ ရေမှုန်လေးလောက်နဲ့ပဲ ဝေ့ကာ ဝဲကာနဲ့ အောက်ကို ကျလာလိုက်ကြတာ လှပတဲ့ မြင်ကွင်းက ကိုယ့်ကို အတွေးတွေ ဝေစေတာပေါ့။ လူ့ဘဝလိုပဲလေ….ဘယ်ကမှန်းမသိတဲ့ ဟိုးအမြင့်ကြီး ကနေ လွတ်ကျလာလိုက်ကြတာ နောက်ဘယ်မှာဆုံးမယ်မှန်းမသိတဲ့ တနေရာကို မရောက် ခင်အထိ ကိုယ်တို့ဘဝတွေဟာ လွတ်လွတ်ကျွတ်ကျွတ်ကြီးကို ပြုတ်ကျနေတာပါလား?။ နောက်ပြီး အခုလိုအဆက်မပြတ် ပြုတ်ကျလာနေတဲ့ ရေမှုန်လေး တွေဟာ လမ်းခုလတ်မှာ တမှုန်နဲ့တမှုန် ပေါင်းစပ်သွားကြတာလဲရှိရဲ့။ ကိုယ့်ဘာသာ သီးခြား ကျဆင်းနေကြတာတွေလဲ ရှိရဲ့။ လူတွေနဲ့ မတူဘူးလား…?
အိမ်ပြန်ရောက်တော့ ရေမိုးချိုး ပြီးတော့ ဂျူးရဲ့ စာအုပ်တအုပ်ကို ပြန်ဘတ်မိပြန်ပါတယ်။ “ကံကြမ္မာကိုမယုံကြည်ကြသူများ” တဲ့…..ငယ်ငယ်တုံးက ဘတ်တာနဲ့မတူတာက ဒီတခေါက် ကိုယ်ပြန်ဘတ်တဲ့ အချိန်မှာ လုပ်ငန်းအတွေ့အကြုံတွေအရ သူရေးတဲ့ ဆေးပညာရပ်ဆိုင်ရာ ဝေါဟာရတော်တော်များများ ကိုနားလည်လာတာပါပဲ။ မဆီမဆိုင် တခုတွေးမိသေးတယ်… ငယ်ငယ်က ဂျူးကို ကြိုက်ခဲ့တာ ကိုယ့်ရဲ့ မသိစိတ်က ဆရာဝန်ဖြစ်ချင်နေတဲ့စိတ်တွေ ကဲနေ ခဲ့လို့များလားလို့…။ ခုတော့လဲ သေသေချာချာ အရွယ်ရောက်လာတော့ “ကိုယ်” ဆရာဝန် မဖြစ်ချင်ခဲ့တာ သေချာပါတယ်လေ။ တကယ်ဖြစ်ချင်လို့ ကြိုးစားခဲ့တဲ့သူတွေကိုတော့ (တကယ့် ဆရာဝန်တွေကိုတော့) ခုထိအားကျမိတုံးဘဲ။ ကိုယ်တိုင်သာမဖြစ်ချင်တော့တာ သူတို့ကို ဂျူတီ ကုတ်ဖြူဖြူလေးတွေနဲ့တွေ့ရင်၊ ဆရာဝန်ရုပ်တကယ်ပေါက်တဲ့ မျက်နှာ ကြည်ကြည်လေးတွေ (အစိမ်းရောင် (ငွေကြေးရဲ့အရောင်) သန်းမနေတာမျိုး တချို့ဆရာဝန်တွေက ဘူဇွာရုပ် ပေါက်တယ်ပြောရမလား ချစ်တီးရုပ်ပေါက်တယ်ပြောရမလား) တွေတွေ့ရင် တကယ့်ကို နှစ်ချိုက် သဘောကျမိနေပါသေးတယ်လေ။
နောက်တော့ ရေချိုးကာနီး မောင်က ဖုန်းဆက်တယ်။ နေကောင်းရဲ့လားတဲ့။ တခါတခါ လူတယောက်ကိုယ့်ကို ဂရုတစိုက်ရှိတတ်တာကို ကျေနပ်နေပေမယ့် အခါများစွာတွေမှာ တော့လဲ ကိုယ်က ရှုပ်တယ်ထင်တတ်ပြန်ပါသေးတယ်။ (ပြောပါတယ် ကိုယ်က မကောင်းဘူုး လို့)
ခုတော့လဲ ညရောက်ပြန်လို့ ပုံမှန် လုပ်နေကျအတိုင်း ရုပ်ရှင်လေးဘာလေးကြည့် အီးမေးလ်လေး ဘာလေးစစ်၊ စာလေးဘာလေး (ဒီနေ့လို) သေချာ အာရုံရလာရင်ရေး။
အော်ကုန်သွားပြန်ပြီ ပုံမှန် နေ့တဓူဝ နေ့တနေ့…
နီးလာပြန်ပေါ့ တရက်….
A Chen
2:47 AM
28th September 2010
Home
Bangkok
KuchingTrip
-
ဒီတခေါက်တော့ Kuchingသွားခဲ့တယ်။
သန့်ရှင်းသပ်ရပ်နေတဲ့မြို့ကလေးပဲ...၊ ဒေသစာတွေကလည်း အရသာရှိလိုက်တာ...။
ဓါတ်ပုံတွေ သိပ်မရိုက်ဖြစ်တော့ဘဲ မြင်သမျှ ...
2 weeks ago
ဒါမျိုးရေးတာ ကြိုက်တယ်။
ReplyDeleteတွေးထား ခေါ်ထားတဲ့ သဘောတရားတွေ ကဲနေရင် မဖတ်ချင်ဘူး ပျင်းဒယ်။
ခက်တယ်
ReplyDeleteဒါမျိုးရေးရင် ဒီလိုပြောတော့မယ်ဆိုတာ သိတယ်
လူကို ဒါမျိုးပဲ လက်ခံနေတော့လဲ ခက်တာပဲ
ဒါပေမယ့် ကိုယ်လေသံမတူတာတော့ ကိုယ်တိုင်သိပါတယ်
ဟင်းချက်ရင်တမျိုး
ဆောင်းပါးဆိုရင် တဖုံ
ကဗျာ ဆိုရင် တနည်း
အင်းလေ
အကုန်လုံးတော့ ဘယ်ကြိုက်နိုင်ပါ့မလဲနော်
မဟုတ်ရင်လဲ ဘက်ဆဲလားတွေ လာဘတ်ပြီးဆဲ ကြလိမ့်မယ်ပေါ့
ဆရာဝန် စာရေးဆရာတွေကို ကြိုက်တာက ဆရာဝန် ဖြစ်ချင်ခဲ့တာ မချင်ခဲ့တာထက် ဆရာဝန်အထင်ကြီးဦးစားပေးတဲ့ အသိုက်အဝန်း နိုင်ငံတစ်ခုမှ ကြီးလာရတော့ အသိစိတ်ထဲ မရှိရင်တောင် မသိစိတ်ထဲမှာ ကိုယ်တွေလည်း ဒီစိတ် ရှိနေလို့က တချက်။
ReplyDeleteနောက်တချက်က မြန်မာမှာတင်မကဘူး၊ နိုင်ငံတကာမှာပါ ဆရာဝန်စာရေးဆရာတွေရဲ့ အနုပညာဖန်တီးမှုအားက တမူထူးပြီး ကောင်းတာကိုး။
ဆရာဝန်မို့သာ ကြိုက်ကြေးဆို မင်းသား မင်းသမီး အဆိုတော်တွေပါမကျန် ကြိုက်ဖြစ်မှာ... ခုတော့ အဲလိုမဟုတ်ဘူး ကျန်တဲ့ PROFESSION တွေထဲမှာ ကြိုက်တာလည်းရှိ မကြိုက်တာလည်းရှိ။ ကြိုက်ရင်တောင် သိပ်ထူးထူးခြားခြား မဖြစ်လှဘူး။ မဖြစ်ဆို သူတို့ကလည်း အဲဒီနယ်ပယ်တွေမှာကျ ပြောပလောက်အောင် သိပ်မှ မစွံတာ။
အနုပညာအလုပ်လုပ်တဲ့ ဆရာဝန်တွေထဲ စာရေးဆရာတွေကသာ ဖန်တီးမှု အထူးအားကောင်းတယ်လို့ ထင်တယ်။
ကိုယ့်အကြိုက်ဆုံးဆိုတဲ့ စာရေးဆရာတွေထဲမှာ မြန်မာမှာရော၊ နိုင်ငံတကာကပါ ဆရာဝန်တွေများတယ်။
ဟုတ်တယ် ဟုတ်တယ်
ReplyDeleteကိုယ်လဲ လွန်းထားထားတို့ လမင်းမိုမိုတို့ ရှင်မိုးတို့ ပုဏ္ဏာမီ တို့သိပ်ကြိုက်တာ
မင်းခိုက်စိုးစန် တောင်ပါသေး
ကျားပေါက်လေးလဲ ချန်မထားပါဘူး သူက (သွား) ဆိုတော့လေ
ငှဲငှဲငှဲ (နည်းနည်းတော့ ရွဲ့လိုက်တယ်)
ဖြူဖြူ့ကိုလဲ ကြိုက်တာပါပဲ ကဗျာတွေ ဝတ္ထုတိုတွေရေးတယ်လေ
ဘာတဲ့ ၈ တန်းနဲ့ ဒီလိုဝတ္ထုတိုရေးနိုင်တာ သူ့ကိုယ်သူတောင် အံ့သြတယ်ဆိုလား
ချစ်သုလေးလဲ ချန်မထားပါဘူးနော်
မင်းသားမင်းသမီးတွေကတော့ အတတ်ပညာရှင်တွေမို့လို့လားတော့မသိ
အတန်းပညာမှာ သိပ်မတော်ကြာတာ များတယ်
ပြောသွားတဲ့ စာရေးဆရာတွေတော့ ကြိုက်ပါဘူး။
ReplyDeleteပြီးတော့ လမင်းမိုမိုက ဆရာဝန် မဟုတ်ပါဘူး။
ReplyDeleteရွဲ့တာပါဆိုနေ
ReplyDeleteတစ်ခြားသူဝင်မန့် လို့ ရရဲ့ လား ( တက်စတင်း )
ReplyDeleteဟင်းချက်ပါအုံး တီချမ်း စားချင်သောက်ချင်စိတ်မရှိဘူးဆိုတော့ ဟိုဒင်းများလား ..မမစင်ကတော့ စားပဲနေတာပဲ ခွိ
ReplyDeleteဖြစ်နိုင်တယ် ဗစ်
ReplyDeleteတီခုတလော နေလို့ထိုင်လို့လဲမကောင်းဘူး
ပြီးတော့ နူးညံ့လာတယ် အရမ်းပဲ
မနက်ပိုင်းဆိုလဲ အမြဲ လိုလို အန်ချင်နေတာ
ဆံစတွေလဲခြောက်သွေ့လို့
စိတ်ကလဲ တိုလိုက် ပျော်လိုက် ဒေါသ ခဏခဏ ထွက်လိုက်
တခါတခါ အရမ်းစားချင်နေပြီးတော့ တခါတခါ အစာစားချင်စိတ်ပျောက်နေတယ်
တောက် တရားခံကောင်တော့လား.................
မဆီနဲ့ မဆိုင်... ငါ့ကို ဆွဲထည့်တဲ့ ဗျစ်စုတ် ဗျစ်နာ..
ReplyDeleteသိကြရောပေါ့ကွာ..
T .. so how is my ma ma pu's face?
ReplyDeletegreenish?
hee hee hee...