Tuesday, September 7, 2010

ချစ်တယ်ဆိုတာ တယောက်တည်းရဲ့ ကိစ္စပါ

ချစ်တယ်ဆိုတာ တယောက်တည်းရဲ့ ကိစ္စပါ

ငယ်ငယ်တုံးက (၁၅ ၁၆ ချစ်တတ်ကာစ၊ တင့်တင့်တို့အရွယ်တုံးကပေါ့) အချစ်ဆိုတာ လူ နှစ်ယောက် နဲ့ ဆိုင်တဲ့ ကိစ္စ၊ တခါတလေ အဲ့တာထက်ပိုရင် ၃ ယောက် နဲ့ဆိုင်တဲ့ ကိစ္စ၊ ၄ ယောက်နဲ့ ဆိုင်တဲ့ ကိစ္စ လို့ ထင်ထားခဲ့ဖူးတယ်။ နောက်မှ တဖြည်းဖြည်းနဲ့ နားလည်လာခဲ့တာ က အချစ် ဆိုတာ တကယ်တော့ ကိုယ့်တယောက်တည်းနဲ့ ဆိုင်တဲ့ကိစ္စပါ။

ကိုယ်တို့တွေ အချစ်နဲ့ ကိုယ့်ကိုကိုယ် ရင့်ကျက်အောင် တည်ဆောက်ကြရတယ်။ တွေ့ကြုံကြ ရတယ်။ ခံစားကြရတယ်။

လူတယောက် (တချို့) ကို ချစ်ခဲ့ကြဖူးတယ်။ အချင်းချင်း အပြန်အလှန် ရိုက်ခတ်ခဲ့ကြတယ်။ အပြန်အလှန် သက်ရောက်မှုတွေ ရှိခဲ့ကြတယ်။ အပြန်အလှန် ပြောင်းလဲခဲ့ကြတယ်။ ဒီလိုနဲ့ တနေ့ ကိုယ်တို့တွေ အကြောင်းကြောင်းကြောင့် လမ်းခွဲခဲ့ကြတဲ့ အခါ အဲ့ဒီ ရိုက်ခတ်မှုတွေ၊ သက်ရောက်မှုတွေနဲ့ ပြောင်းလဲမှုတွေကတော့ ကိုယ်တို့နဲ့အတူ ကျန်နေခဲ့ကြတယ်။ တချို့ တွေက ကိုယ်တို့ကြားမှာ ရှိခဲ့ဖူးထက် အချစ်တွေထက်တောင် ပိုရှည်ကြာသေးတယ်။ နောက် တခုက ခုနကပြောတဲ့ ပြောင်းလဲမှုတွေကြောင့် နောက်ဆုံး လမ်းခွဲကြတဲ့ တနေ့မှာ ကိုယ်တို့ တွေ ဘယ်လောက်ပဲ ကြိုးစား ကြိုးစား အစကနဦးနေ့တွေကလိုမျိုးတော့ မတူတဲ့ ကိုယ်တို့တွေ (ဒီနေရာမှာ ကိုယ့်ကိုကိုယ် ရိုးသားတယ်လို့မသုံးနိုင်တော့တာ သေချာပါတယ် အဲ့ဒီအတွက်လဲ ကိုယ်စိတ်မကောင်းဖြစ်မိလားဆိုတော့ မဖြစ်မိပါဘူး) ဆီကို ပြန်မရောက်တော့ဘူး။

လူတွေ ဘယ်နှယောက်ကိုပဲ ချစ်ခဲ့ချစ်ခဲ့၊ ဘယ်လောက်ပဲ ကြည်ကြည်နူးနူး ချစ်ခဲ့ချစ်ခဲ့၊ နာနာကျင်ကျင် ချစ်ခဲ့ချစ်ခဲ့၊ နောက်ဆုံးတနေ့မှာ ကိုယ်တို့တွေဟာ “လူတယောက်ကို ဘယ်လိုချစ်ရမယ်” ဆိုတာကို သင်ယူ တတ်မြောက်သွားတာမဟုတ်ဘဲ၊ “ကိုယ့်ကို ကိုယ် ဘယ်လိုချစ်ရမလဲ” ဆိုတာကိုပဲ သင်ယူတတ်မြောက်သွားတာပါ။

ဒီလိုနဲ့ အချစ်ကနေတဆင့် ကိုယ်တို့တွေဟာ ကိုယ်တို့ကိုကိုယ်တို့ လေ့လာ လာမိကြတယ်။

တကယ်တော့ ကိုယ်တို့တွေဟာ ကိုယ်တို့ထင်ထားသလောက် လူတယောက်ကို ဘယ်တုံး ကမှ သေချာ မချစ်ခဲ့ကြပါဘူး။ ကိုယ်တို့တွေ အချစ်နောက်ကို လိုက်နေတယ်ဆိုတာ တကယ်တော့ မတူတဲ့ ရှုထောင့်မျိုးစုံ ကနေ ကိုယ့်ကိုကိုယ် နားလည်လာဖို့ ကိုယ်တို့နောက်ကို ကိုယ်တို့ လိုက်နေကြတာပါ။

ကိုယ်တို့တွေ “လူတယောက်ကို ချစ်ခြင်း” နဲ့ “လူတယောက်ရဲ့ အချစ်ခံရခြင်း” ဆိုတာကနေ တဆင့် ကိုယ့်ကိုကိုယ် လေ့လာ သင်ယူနေကြတာပါ။ ကိုယ်တို့ ကို ကိုယ်တို့ နားလည်အောင် ကြိုးစားနေကြတာပါ။ အဲ့ဒီ ကိုယ်တို့ အချစ်ကို ရခဲ့တဲ့လူတွေ ကိုယ်တို့ ချစ်တာ ကိုခံခဲ့ရတဲ့ လူတွေ ဟာ တကယ်တော့ ကိုယ်တို့ ရဲ့ ဘဝတွေကို အချစ်ကနေတဆင့် ရင့်ကျက်စေတဲ့ သင်ခန်းစာတွေ chapter တွေပါ။

တနေ့မှာ ကိုယ်ဝန်မခံဘဲနဲ့ကို မနေနိုင်တာတခုက ဘာလဲဆိုတော့ ကိုယ်တခြားလူတွေကို မချစ်ဘဲနေနိုင်တယ်။ ကိုယ့်ကို ကိုယ်မချစ်ဘဲနဲ့တော့ ဘယ်လိုမှမနေနိုင်ဘူး။ ကိုယ်အချစ်ဆုံး ဆိုတာကလဲ တကယ်တော့ ကိုယ်ကိုကိုယ်ပါပဲ။

အချစ်ဆိုတာ ချည်နှောင်မှုပါပဲ။ မလွတ်လပ်ခြင်းတမျိုးပေါ့။ ကိုယ့်ကိုကိုယ် “အဆုံးသတ်နိုင်” ပြီ ဆိုမှ အဲ့ဒီ အနှောင်အဖွဲ့ကနေ လွတ်မြောက်ခြင်းကို ရမှာပါ။

ယောက်ျားတယောက်ကို ချစ်နေတုံးကဆို ကိုယ်က သူ့ကို ငုံထားမတတ်တောင် မဟုတ်ဘူး။ ဖြစ်နိုင်ရင် မြိုတောင်ချထားချင်တာ။ သူ့ရဲ့ စိတ်ခံစားမှုရော ကိုယ်ခန္ဓာတခုလုံးပါ အကုန်လုံး အလုံးစုံ ပိုင်ဆိုင်ချင်တာ။ ဘယ်တော့မှ မခွဲဘူးဆိုတာမျိုးပေါ့။ ဒါပေမယ့် တနေ့လဲကျတော့ ကိုယ်က သူ့ကို မြိုချထားရာကနေ ပြန်ထွေးထုတ်ချင်လာပြန်ရော။

ဘာလို့လဲဆိုတော့ ကိုယ့်ကိုကိုယ်သိလာပြီလေ။ သူ့ကို ပြန်ထွေးထုတ်လိုက်ခြင်းအားဖြင့် “သူ့ရဲ့လွတ်လပ်မှု” ကို သူ့ကို ပြန်ပေးရာရောက်သလို “ကိုယ့်ရဲ့လွတ်လပ်မှု” ကိုလဲ ပြန်ရှာ ယူရာကျတယ်။

A Chen
12:47 AM
Tuesday
7th September 2010
Home
Bangkok

မှတ်ချက်။

တိတိ နဲ့ စကားပြောရာကနေ ရေးဖို့ စိတ်ကူးဖြစ်လာတာပါ။ ရေးရင်ရေးရင်းနဲ့ ပြန်ဘတ်တော့ ကိုယ့်ဘာသာကိုယ် ဘာကိုဆိုလိုချင်မှန်းတောင် သေချာ မသိတော့ပါဘူး။ ပြောချင်တာကို ပြောတတ်သလို ပြောချနေရင်းနဲ့ ရှုတ်ကုန်တယ်ထင်တယ်။ အချစ်ဆိုတာကလဲ အစကတည်း က ခပ်ရှုပ်ရှုပ်မှလား။ တကယ်လို့ စာဘတ်သူကသာ ဘတ်လို့နားလည်တယ်ဆိုရင် ကိုယ်အရေးကောင်းလို့ မဟုတ်ဘဲ စာဘတ်သူတော်လို့ လို့သာမှတ်ပါ။

12 comments:

  1. (ခုနေ သူဌေးတယောက်လောက်က မယားငယ်လုပ်ဖို့ ကမ်းလှမ်းလာရင်ကောင်းမယ် စပွန်ဆာ လိုချင်တယ် ဟွန့်)

    haha, so funny . . .
    can't stop laughing . .

    ReplyDelete
  2. This comment has been removed by the author.

    ReplyDelete
  3. lwin: T. I reli like your "ချစ်တယ်ဆိုတာ တယောက်တည်းရဲ့ ကိစ္စပါ" and "ဆေးလိပ်သောက်တဲ့ မိန်းမ."
    some might be awkward, 'cos you also mixed with your love affair in your post.
    For me, I like your presentation.
    "ကိုယ်သိချင်တာ တခုပဲ ရှိတယ်။ အဲ့ဒီတုံးက သူမက ဆေးလိပ်မသောက်ထား ချင်ယောင် ဆောင်တာ အောင်မြင်တာလား…၊ ဒါမှမဟုတ် သူက မသိချင်ယောင်ဆောင်တာ အောင်မြင် တာလား….ဆိုတာပါပဲ။"
    but i really like those two posts. Cheers! :)

    ReplyDelete
  4. အင်း ကိုယ်က ရေးတုံးက ရေးပြီးတော့ သိပ်မကြိုက်တဲ့ ပိုစ့်တွေထဲမှာ ဒီပိုစ့်ပါပါတယ်
    ဒါပေမယ့် ပရိတ်သတ်နဲ့ ကိုယ်နဲ့ ဒီတခါ အကြိုက်ချင်းမတူကြပုံပဲ
    နားလည်ကြတယ်ဆိုတဲ့ အတွက်လဲ ဝမ်းသာပါတယ် ကိုယ်တောင် အတော်ပြန်ဘတ်ယူရတယ်

    ReplyDelete
  5. ညီညီတော့ ချစ်တတ်သွားပြီထင်တာပဲ..
    လူတွေကို မနှောင်မဖွဲ့ဘဲ ချစ်တတ်နေတယ်..
    ကိုယ့်ကိုကိုယ်လည်း ပိုချစ်လာတယ်..
    ဒန်တန့်တန်ပဲ တီ..

    (ဘလော့စပေါ့တွေပွင့်နေလို့ အပြေးလွှား သတိတရလာတယ်)

    ReplyDelete
  6. ညီမ ခံစားချက်တွေနဲ.ကွက်တိပါပဲ တီချမ်းေ၇
    ကျေးဇူးပါ တီချမ်းရေ အားပေးနေမရ်နော်

    ReplyDelete
  7. ကိုယ့်ဘာသာရေးပြီး သိပ်နားမလည် သိပ်မကြိုက်တဲ့ ပိုစ့် ကို
    လူတွေ ကြိုက်ကြတယ်ဆိုတော့
    ဝမ်းသာပါတယ်

    ReplyDelete
  8. တီရေ
    ခံစားချက်နဲ့လာတိုက်ဆိုင်နေတယ်။ အထူးသဖြင့် တင်းကျပ်အောင်ဆုတ်ကိုင်ထားလွန်းလို့ နာကျင်နေပါတယ်ဆိုတဲ့ချစ်သူကို လက်လွှတ်ပေးပြီးနောက် အခုလွတ်လပ်မှုကိုခံစားနေရတယ်သိလား။ ကျနော်ပေးနိုင်စွမ်းရှိသလောက် အကုန်ပေးပြီးပြီမို့၊ မွန်းကျပ်နေတဲ့ကျနော့်စိတ်ကို ပြန်ဖြည်ပေးလိုက်ပြီ။ သူတည်ရှိနေတာကိုမမြင်ချင်တော့လို့ FB ကတောင် ဘလော့လိုက်ပြီ။ အခုခံစားရတာက လွတ်လပ်မှု။ အေးချမ်းမှု။ အမုန်းမရှိ အချစ်မရှိပဲ ကိုယ့်ဘ၀ကို ကိုယ်ပြန်လည်တွေ့ရှိမှု။ ဘာဖြစ်လို့များ ခေါင်းမာမိခဲ့ပါသလဲလို့ အခုနောင်တရမိတယ်။ အသည်းကွဲတယ်ဆိုတာ ထင်ထားသလောက်ကြီးတော့ မဆိုးလှပါဘူးနော်။ :D

    ReplyDelete
    Replies
    1. လောလောဆယ်တော့ သေအောင်ခံစားရတယ်ဗျာ

      Delete
  9. “သူ့ရဲ့လွတ်လပ်မှု” ကို သူ့ကို ပြန်ပေးရာရောက်သလို “ကိုယ့်ရဲ့လွတ်လပ်မှု” ကိုလဲ ပြန်ရှာ ယူရာကျတယ်။
    အဲတာ သွေးထွက်အောင်မှန် ပါတယ်။
    အပြည့်အ၀ထောက်ခံဧ။် ။

    ReplyDelete
  10. မဖြစ်ချင်တာတွေမို့လို့
    မဖြစ်သင့်ဘူးလို့ လွှဲချခံခဲ့ရ
    မလုပ်ချင်တာတွေကြောင့်
    မလုပ်သင့်ဘူးလို့ စွပ်စွဲခံခဲ့ရ
    နင် လည် တာလား
    ငါ အ တာလား
    နင်ထင်နေလား
    သေချာတယ်
    အရာရာကို ရေငုံနှုတ်ပိတ်
    ငါ အ ချင်ယောင်ဆောင်ခဲ့တယ်

    ReplyDelete