Thursday, September 9, 2010

ကိုယ်… လက်ထပ်သင့်ပြီလား…?

ကိုယ်… လက်ထပ်သင့်ပြီလား…?

မိန်းမတွေဟာ လက်ထပ်သင့်ပြီဆိုတဲ့ အသက်အပိုင်းအခြားနဲ့ ပတ်သက်လာရင် သိပ်ပြီး စမ်း စမ်းတင့် (sensitive) ဖြစ်တတ်ကြပါတယ်။ ကဲ စာဘတ်သူကကော ပြောပါအုံး။ မိန်းမတွေ အတွက် ဘယ်အရွယ်က လက်ထပ်ဖို့သင့်တဲ့ အရွယ်လဲ…? အဖြေတော့မမှားစေနဲ့နော်။

ကိုယ့်အထင်တော့ ၂၇ ၂၈ လောက်ကနေစတယ်ထင်ပါတယ်။ နောက်ပြီး အသက် ၃၅ ၃၆ လောက်ရောက်လာပြီဆိုရင်တော့ လက်မထပ်သင့်တော့တဲ့ အရွယ် ဒါမှမဟုတ် လက်ထပ်သင့် တဲ့ အရွယ်ကိုလွန်သွားပြီပေါ့။ တခုပြောချင်သေးတယ် မိန်းမတော်တော်များများ (ဒီနေရာ မှာ တခုခုကို ငြင်းချင်ရင် တော်တော်များများဆိုတဲ့ စကားလုံး အသုံးအနှုန်း ကိုသေချာ နားလည် အောင် လုပ်ပြီးမှာ အကျိုးနဲ့အကြောင်းနဲ့အချက်နဲ့အလက်နဲ့ လာငြင်းစေချင်ပါတယ်) ဟာ ဘဝမှာ ကိုယ့်ဘဝ တခုလုံး ကို ယောက်ျားတယောက်လဲထဲ ဝကွက်အပ်ပြီး ပုံအပ် ဖို့အတွက် လက်ထပ်ဖို့စဉ်းစားကြတဲ့ အကြောင်းအရင်းများစွာတွေထဲမှာ တော်တော် အဓိက ကျတဲ့ တခုက ဘာလဲ ဆိုတော့ “လက်ထပ်ဖို့ သင့်တဲ့ အရွယ်ရောက်လို့” လို့ယူဆကြလို့ဆိုတာပါပဲ။

တကယ်တန်းကျတော့ တော်တော်စိတ်ပျက်ဖို့ကောင်းပါတယ်။ သိပ်ကြောင်တာပဲလို့လဲကိုယ် ကတော့ ထင်တယ်။ လက်ထပ်ဖို့သင့်တော်တဲ့ အသက်အရွယ်ဆိုတာ ဘယ်သူက သတ်မှတ် တာလဲ? ကမ္ဘာပေါ်မှာ လက်ထပ်ဖို့သင့်တော်တဲ့ အသက်အရွယ်ဆိုတာ မရှိပါဘူး။ ကလေး မွေးဖို့ သင့်တော်တဲ့ အသက်အရွယ်ပဲ ရှိတယ်။ မိန်းမတွေဟာ ၃၀ ကျော်ပြီဆိုတာနဲ့ကလေးမွေး ဖို့ အတွက် အန္တရာယ် ရှိနိုင်တယ်ဆိုတဲ့ ဒိန်းဂျား ဇုမ်ထဲကို ရောက်လာပါတယ်။ သွေးဆုံး ပြီဆိုရင်တော့ မမွေးနိုင်တော့ဘူးပေါ့။ (အသင့်တော်ဆုံး အသက်အရွယ် အပိုင်းခြားက ၁၈ ကစတယ် ဆိုပါတယ် ၂ နှစ်ခြား တယောက်မွေး ၄ ယောက်လောက်ဆို အတော်ပဲ ပြောပါတယ်။ စာအုပ်ထဲမှာ ဘတ်ဘူးတာပါ။ သားဆက်ခြား ကျန်းမာရေး၊ ကလေးရော အမေပါ ပြည့်ဝစွာ ကျန်းမာရေး၊ ကလေးလဲ လိုအပ်သော မိခင်နဲ့ နေချိန် စတာတွေလဲပါမယ် ထင်ပါတယ်။)

တကယ်လို့သာ ကိုယ်က ကလေးယူဖို့ ရည်ရွယ်ချက်မရှိဘူးဆိုရင် ကလေးမွေးသင့်တဲ့ အရွယ် မှာလဲ ဘာမှ လက်ထပ်နေစရာမလိုသေးပါဘူး။ ခုလိုဆေးပညာတွေ မိုးထိအောင် တိုးတက် နေတဲ့ ခေတ်ကြီးမှာ အသက် ၄၀ ကျော်မှာ သားဦးမွေးလဲ ဘာမှပြဿနာမရှိပါဘူး။ အဲ့ဒီအချိန်ရောက်ရင် လူ့ဘဝ ကိုလဲ တော်တော်ဖြတ်သန်းပြီးပြီ ဖြစ်တဲ့ အတွက် အတွေ့အကြုံ တွေ ကများနေပြီ၊ ငွေကြေးလဲ စုမိဆောင်းမိနေပြီဆိုတဲ့ အခါကျတော့မှ ကလေးယူတာ ပိုတောင်အဆင်ပြေနိုင်ပါသေးတယ်။ အဆင်သင့် မဖြစ်သေးဘဲ ကလေးယူပြီး ဒုက္ခရောက်မှာ ထက်စာရင်ပိုပြီးတော့လဲ သင့်တော်နို်င်သေးတာပဲ။

နောက်တခုပြောချင်တာ တကယ်တော့ မိန်းမတွေမှာ လက်ထပ်ဖို့ သင့်တော်ပြီ ဆိုတဲ့ အသက် အရွယ် ဆိုတာ မရှိပါဘူး။ လက်ထပ်ဖို့ သင့်တော်တဲ့ အသက်အရွယ်ရောက်ပြီ လို့ထင်တဲ့ “စိတ်” ပဲရှိတာပါ။ အသက် ၃၀ ရောက်ရင် အိမ်ထောင်ပြုကို ပြုရမယ် လို့လဲ ဘယ်ဥပဒေကမှ မသတ်မှတ်ထားပါဘူး။ တကယ်လို့ ကိုယ်က အဆင်သင့်မဖြစ်သေးရင်၊ စိတ်ဓါတ်မရင့်ကျက် သေးရင် အချစ်အပေါ်အမြင် အိမ်ထောင်ရေးအပေါ်အမြင်တွေကလဲ မရင့်ကျက်နိုင်သေးပါဘူး။ အဲ့လိုဆိုရင်တော့ လက်မထပ်သေးတာက ပိုကောင်းပါတယ်။

မိန်းမတွေက များသောအားဖြင့် အိမ်ထောင်ပြုပြီးရင် ယောက်ျားတွေက ပြောင်းလဲ သွားလိမ့်မယ်လို့ ထင်တတ်ကြတယ်။ (မရခင်ကတော့ ဖျာလိုလိပ်၊ခေါင်းပေါ်တင် ရရင်တော့ အောက်မှာချ ခြေနဲ့နင်းဆိုတဲ့ ရှေးလူကြီး တွေ ထားခဲ့တဲ့ စကားပုံတွေက ပြပါတယ်) ပြီးတော့ အိမ်ထောင်ပြုတယ်ဆိုတာ တမိသားနဲ့ တမိသား တသားတည်းဖြစ်အောင် ပေါင်းကြတဲ့ လူနှစ်ယောက် တူတူပါဝင်ကပြကြရတဲ့ ဇာတ်လမ်းတပုဒ် လို့ထင်တတ်ကြပါတယ်။ လက်ထပ် ပြီးတော့မှသာလျင် သူတို့ထင်ထားတာတွေ တခုမှမဟုတ်ပါလားဆိုတဲ့ အမှန်တရား ကို သိလာကြတယ်။ အဲ့တာဆိုရင်လဲ ဘဝနဲ့ ပတ်သက်တဲ့ အတွေ့အကြုံလေးတွေ နည်းနည်းပါးပါး ပိုလေ့လာဆည်းပူးပြီးတော့မှ လက်ထပ်ပေါ့။ ဟုတ်တယ်မှလား?။

ယောက်ျားတွေအတွက်ကျတော့ လက်ထပ်ဖို့ သင့်တော်တဲ့ အသက်အရွယ်ဆိုတာ မရှိပါဘူး။ နောက်ပြီး ကလေးမွေးဖို့ သင့်တော်တဲ့ အသက်အရွယ်ဆိုတာလဲ မရှိဘူး။ ကျန်းမာသန်စွမ်းတဲ့ ယောက်ျားတယောက်ဖြစ်နေသမျှ အသက် ၉ ၀ ရောက်နေရင်လဲ သူက ကလေးမွေးဖို့အတွက် စွမ်းဆောင်နိုင်ပါသေးတယ်။ (ဟုတ်တယ် စာဘတ်သူပြောချင်တာကို သိတယ် ဘုရားသခင်က မတရားဘူး အဲ့တာကြောင့် မြန်မြန် ကမ္ဘာပေါ်မှာ မထားတော့တာတဲ့)

နောက်တခုက ယောက်ျားတွေမှာလဲ လက်ထပ်ဖို့သင့်တော်ပြီလို့ ထင်တဲ့ “စိတ်” ရှိဖို့ကျတော့ လဲလိုပါသေးတယ်။ ဒါပေမယ့်သူတို့အတွက် ပိုပြီး “အရေးတကြီး” လိုအပ်တာ နောက်တခု ရှိ သေးတယ်။ ဘာလဲ သိလား?

“ဘဏ်အကောင့်” ခပ်ကြီးကြီးတခုပေါ့။…

A Chen
9th September 2010
Thursday
Home
Bangkok

5 comments:

  1. ဘဏ့်အကောင့်ကြီးကြီးလေးဆို အဆင်ပြေပြီပေါ့နော် ဟာဟ

    ReplyDelete
  2. ဟာ..ဟဖတ်သမျှပို့ စ်တွေထဲမှာဒီပို့ စ်ကိုအကြိုက်ဆုံးဘဲ...ဂွတ်ဒ်အိုင်ဒီယာ...

    ReplyDelete
  3. "သိပ်ကြောင်တာပဲလို့လဲကိုယ် ကတော့ ထင်တယ်။ လက်ထပ်ဖို့သင့်တော်တဲ့ အသက်အရွယ်ဆိုတာ ဘယ်သူက သတ်မှတ် တာလဲ? "Me too, I think that is dull-witted to get married due to age, CC.

    ReplyDelete
  4. ပိုစ့်မဖတ်ခင် မန့်ခြင်း..
    သီတင်းမကျွတ်သေးဘူး ခဏစောင့်အုံး(ခေါင်းစဉ်အရ)

    ပိုစ့်ဖတ်ပြီးသော်
    အောင်မလေး ဘဏ်အကောင့်ကြီးအောင်များ စောင့်နေရင် ကလေးမွေးတဲ့ အရွယ်တောင် ကျော်သွားအုံးမယ်နော် .....ခွိ ခွိ

    ReplyDelete
  5. အဆုံးသတ်ကလေးကို ကြိုက်သဗျ။း)

    ReplyDelete