Sunday, January 2, 2011

မချက်တာကြာတဲ့ တီချမ်းနဲ့ အမဲသား ချဉ်ပေါင်ကြော်/ဟင်းရည်

ဟင်းမချက်တာ ကြာပါပြီ။ တီချမ်းဘာလုပ်နေလဲဆိုတော့ ဘာလုပ်နေမှန်းကို မသိတော့အောင် အလုပ်တွေ ကများ၊ အလုပ်တွေကရှုပ်၊ အချိန်က မွဲ၊ ဟင်းမချက်ဖြစ် ဝယ်စား၊ ကပ်စား၊ လိုက်စား ပဲ လုပ်ဖြစ်နေပါတယ်။ ပို်စ့်လဲမတင်ဖြစ်တာ ကြာပေါ့။ ဟင်းမှမချက်ဖြစ်ပဲလေနော်၊ ချက်ဖြစ်တာတွေကလဲ စားနေကြ ဝက်သားဆီပြန်၊ အာလူးထမင်းကတော့ ခဏခဏ ဆိုသလို ကို လုပ်စားဖြစ်တယ်။ နောက် တခုက ရှမ်းခေါက်ဆွဲ၊ တကယ့်တကယ် အများဆုံး ကတော့ အပြင်မှာပဲ၊ အပြင်ထွက်စားတာကလဲ စားနေကြဆိုင်တွေပဲ စားတော့ ထပ်နေပြီ၊
ဒီဇင်ဘာက တော့ တလလုံး လိုလို ခရီးတွေ ထွက်နေရတဲ့ အတွက် တော့ အပြောင်းအလဲ စားဖြစ်ပါတယ်၊ ဥပမာ ဗီယက်နမ်ဆိုရင် ခေါက်ဆွဲတွေ ကြက်သား ဟော့ပေါ့ထ်တွေ ဝက်သားမြှီးရှည်တွေ၊ နောက် ဟောင်ကောင်ကျတော့ ဝက်သားကင်၊ အခေါက်ကင်၊ ခေါက်ဆွဲ၊ နောက် တရုတ်ပြည်ကျတော့ ထမင်းပိုစားဖြစ်တယ် နောက် ရိုးရာဟင်းလေးတွေလဲစားဖြစ်တယ် ဒါပေမယ့် နောက်ဆုံး အချုပ်ကျတော့ အပြင်စာပါပဲ။ အိမ်ထမင်း အိမ်ဟင်း ကို ခုံခုံမင်မင် မစားဖြစ်တာ မစားရတာ ကြာနေပြီ၊
မောင်ကတော့ တရုတ်ပြည်က ပြန်ရောက်တဲ့ နေ့ကတော့ သီးစုံကုလားဟင်းနဲ့ ဝက်သားဆီပြန် ချက်ထားပေးတော့ စားဖြစ်သေးတယ် တကယ်မြိန်တဲ့ အိမ်ထမင်း ပါပဲ။ ဒီကနေ မောင့်ကို ကျေးဇူးတင်ရပါတယ်။
ကဲ ခုတော့ မချက်တာကြာတာကို ပြန်အစားပေးတဲ့ အနေနဲ့ရော တခါမှမချက်ဘူးသေးတဲ့ အမဲသားဆီပျံလေး ချက်ပေးလိုက်ပါတယ်။ မြန်မာချက်လို့ပြောမလား၊ တရုတ်ချက်နဲ့လဲနဲနဲ ရောထားသေးတယ်ဆိုတော့။ အမှန်ပြောရရင်တော့ အပျင်းချက်လို့ ပြောရင် ပိုမှန်မယ်။ အလွယ်ချက်လေးပေါ့နော်။ ဒါကတော့ တီချမ်း ထုံးစံပေါ့။ တီချမ်းဟင်းတွေက ချက်ရတာလဲလွယ်မယ် စားလို့လဲ အရသာရှိရမယ်၊ ကြည့်လိုက်ရင်လဲ ပနံရရမယ် ဆိုတာမျိုးပါ။ ကဲ ကြည့်လိုက်ကြရအောင်နော်။





ပထမဆုံး အမဲသားတွေ ကို အနေတော်တုံး ရေစင်စင်ဆေး ပြီး ဆားနနွင်းနည်းနည်း အချိုမှုန့် နည်းနည်းနဲ့ နယ်ဖတ်ပြီးတော့ အိုးထဲထည့်ထားပါမယ် အမဲသားကို အရွတ်ပါတာ အကြောပါတာ အဆီနည်းနည်း ပါတဲ့ အပိုင်းလေးတွေ ရွေးဝယ်ပါ အဲ့တာက မှ အသားချည်းပဲ ထက် ဆီပြန်ချက်စားရင် ပိုကောင်းပါတယ်။
ပြီးတော့ ဘေးမှာ ပြထားတဲ့ အတိုင်း ကြက်သွန်ဖြူနီ လေးတွေ အသင့်ခွာထားပါမယ်။ နောက်ကြိတ်စက်နဲ့မကြိတ်ဘဲနဲ့ ပါးပါးလှီးပါမယ်။ အမှန်က နည်းနည်း ထူထူလေးတောင် လှီး သင့်ပါတယ်။ အဲ့တာက မြန်မာနည်းမဟုတ်တော့ဘူးလေနော်။ အဲ့မှာ တီက တရုတ်နည်း ကို ရောချက်လိုက်တာပေါ့ ကြက်သွန်တွေကို မကြိတ်ရတဲ့ အကြောင်းက ကြာကြာ အတည်ခံအောင်လေနော်။ အမဲသားဆိုတာမျိုးက နူးမှ စားကောင်းတာ မှလား။ ပြီးရင်တော့ ပုံမှာပြထားတဲ့ အတိုင်း စီထည့်ပါမယ် အမဲသားကို အောက်ဆုံးက ထည့်မယ် ပြီးတော့ ကြက်သွန်ဖြူနီ ကို အပေါ်ကနေ ပုံထည့်မယ် အဲ့လို ထည့်တဲ့နေရာမှာ အရေးကြီးတာ တခု ကို ပြောပါမယ် ကြက်သွန်တွေ ကို အိုးဘေးနဲ့ ကပ်မကျနေပါစေနဲ့ အဲ့တာ အရေးကြီးပါတယ် မဟုတ်ရင် သူက အိုးဘေးနဲ့ ကပ်ပြီးတော့ တူးကုန်ပါမယ် ပြီးတော့ အပေါ်ကနေ နနွင်းမှုန့် ဟင်းခတ်ငရုတ်သီးမှုန့် စတာတွေကို အချိုးအစားနဲ့ သင့်တော်ယုံ (ခုနက ထည့်ထားတဲ့ အတွက် ဆား အချိုမှုန့် ဒီနေရာမှာ ထပ်မထည့်ပါဘူးနော် ) အဆင်ပြေအောင်ထည့်ပါမယ် မြန်မာပြန်ဆန်သွားပြီနော်။





ဘေးမှာ ကြည့်ပါ ကြက်သွန်ဖြူ ကို အပေါ်ကနေပဲ သာသာလေးထည့်ပါတယ် နောက် အကုန်ထည့်ပြီးပြီဆိုရင်တော့ ဆီကို လောင်းထည့်ပေးပါ။ ဆီကို နည်းနည်း ပိုထည့်ပါ၊ အကြောင်းရှိပါတယ်
ပုံမှာ ပြထားတဲ့ အတိုင်း အကုန်ထည့်ပြီးပြီဆိုရင်တော့ မီးပြင်းပြင်းနဲ့ အရင်ဆူအောင် စတည်ပါမယ်။





ပြီးရင် မီးပူလာရင်ပူလာတဲ့အလျောက် နည်းနည်းလေးစီ စမွှေပေးပါ။ အိုးမကပ်အောင်ဖြစ်ပါတယ်။ အမဲသားတွေ အားလုံးနီးပါး အရောင်ပြောင်းသွားပြီဆိုရင်တော့ ရေကို အသားနည်းနည်းလေးဖုံးယုံထည့်ပေးပြီးတော့ မီးအေးနဲ့ (အေးနေတဲ့ မီးမဟုတ်ဘူးနော် မီးနည်းနည်လေး ဖြည်းဖြည်းလေး ကိုပြောချင်တာ) တည်ပါမယ် နူးပြီး အိလာအောင် ဖြစ်ပါတယ် မီး ပူရင် မြန်မြန်ကျက်သွားပေမယ့် မနူးပါဘူး။ အမဲသားက အဲ့တာ အရေးကြီးပါတယ်။ နူးအိနေမှစားကောင်းတာလေ။ မာမာလေး ကြိုက်တတ်တယ်ဆိုရင်တော့ တမျိုးပေါ့နော် တီကတော့ အိအိလေးပဲ။ တရေခန်းယုံလောက်နဲ့လဲ မနူးပါဘူး။ အဲ့တာကြောင့် နောက်တရေ လောက် ထပ်ထည့်ပြီး မီးအေးနဲ့ တည်ပါမယ် ပြီးရင် ဆားအချိုမှုန့် ကို မြည်းပေးပါ လိုရင် ထပ်ထည့်ပါမယ်။





ပြီးရင်တော့ အပေါ်မှာ ပြထားတဲ့ အတိုင်း နူးအိနေတဲ့ အရသာပြည့်ဝတဲ့ အမဲသားဆီပျံ မြန်မာတရုတ်ချက်တခွက်ရပါပြီ။ ဒီအမဲသားကိုပဲ ကြက်ဥဂျုံ ခေါက်ဆွဲ ကိုပြုတ်ပြီးတော့ ဆားအချိုမှုန့် နည်းနည်း ပဲပံပြာရည်နည်းနည်း နံနံပင်တွေနဲ့ အမဲသား အနှစ်နဲ့ ဆီ နည်းနည်းထည့်ပြီးတော့ သုပ်စားရင် ဆီချက်ခေါက်ဆွဲလိုမျိုး ရှမ်းခေါက်ဆွဲ အမဲသား အသုပ်တပွဲရပါမယ် အဲ့တာကြောင့် တီက တခါချက်ရင် နှစ်ကီလိုလောက် တခါတည်းချက်ပြီးတော့ ပစ်ထားတတ်ပါတယ် ရေခဲသေတ္တာ ထဲထည့်ထားလို့ရပါတယ် အအေးခံထားပေါ့ စားချင်တဲ့ အခါကျတော့မှ ခေါက်ဆွဲပြုတ်ပြီးသား ပူပူလေးထဲ ထည့် လိုက်ရင် အဆီတွေနဲ့ တခါတည်း နယ်ပြီး သားပဲ ကောင်းမှကောင်း လုပ်စားကြည့်။





အဲ့နေကတော့ အမဲသားဆီပျံလေး ကို မျှစ်နဲ့ အတို့အမြုပ်လုပ်ပြီး တော့ ဆီမပါ ပျားမပါ ချဉ်ပေါင်ဟင်းရည် အရည်ကျဲလေးနဲ့ စားပါတယ် မြိန်မှမြိန်ပါပဲ။ ချဉ်ပေါင်ရည်က မောင်ချက်တာပါ တီကတော့ စီစဉ်ညွှန်ကြားသူပေါ့လေ။ လွယ်လွယ်ပဲ ကြက်သွန်နီ ပါးပါးလှီး ပြီးတော့ ချဉ်ပေါင်ရွက်တွေနဲ့ ရောပြုတ် ပုစွန်ခြောက်မှုန့် နည်းနည်းခပ် ငပိစိမ်းစားလေး တကော်လေက်ထည့်လိုက် ပွက်ပွက်ဆူရင် အရသာရှိတဲ့ ရိုှးရှင်း လွယ်ကူ မြန်ကောင်း သက်သာ နန်းတွင်းစားဖိုမှုးလက်ရာ ချဉ်ပေါင်ဟင်းရည် မဟာ ကိုရတာပေါ့ကွယ်။





နောက်အဲ့နေ့က ချဉ်ပေါင်ရွက်တွေရတာနဲ့ (ဘန်ကောက်မှာက ရှားတာလား ယပလက်တွေက မစားတာလားတော့မသိ ဈေးထဲမှာ သိပ်မရှိပါဘူး တွေ့ရခဲတယ် အဲ့တာတောင် မိတ် (maid) က တွေ့လို့ ဝယ်လာပေးလို့စားရတာ) အဲ့တာနဲ့မောင်ကပဲ ကြော်ပေးပါတယ် (ပုံမှာ ပြထားတဲ့ အတိုင်း) ချဉ်ပေါင်ရွက်လေးတွေ ကို သင်ထားပြီးတော့ ရေစင်စင်ဆေးထားပါမယ် ဘေးမှာက ကြော်ရင်ထည့်မယ် ပုစွန်ခြောက်အမှုန်ပါ။





ပြီးရင်တော့ ထုံးစံအတိုင်းမပါမဖြစ် မြန်မာဟင်းတွေရဲ့ ထုံးစံအတိုင်း ကြက်သွန်ဖြူနီ ကြိတ်ထားတာကို ဆီသတ်ပါမယ် မင်းသမီးတွေ မင်းသားတွေသာပြောင်းသွားမယ် သူတို့ကတော့ အရိုင်း ကုသိုလ် ဘိုမ ဂွမ်းပုံ မျိုးမျိုးခိုင် တို့လိုပဲ မင်းသား မင်းသမီး သူငယ်ချင်းဆိုလဲ သူတို့ အတင်းတုတ်ရင်လဲသူတို့ တက္ကသိုလ်ကျောင်းသားကျောင်းသူဆိုလဲသူတို့ ပဲ ပေါ့ အဲ့သလိုပေါ့နော် ဘယ်ဟင်းချက်ချက် အသား ငါးတွေ အသီးအနှံတွေသာပြောင်းသွားမယ် သူတို့ကတော့မပါမဖြစ်ပဲ ကဲပါ ပြောရင်းနဲ့ လျာရှည်နေမိပြန်ပြီ ဆီသတ် ပြီးတော့ ငရုတ်သီး အစိမ်းမှုန့် နည်းနည်းလဲထည့်ပါမယ် မောင်က ငရုတ်သီး စိမ်းလေးတွေတောင် ပါးပါးသေးသေးလေးတွေလှီးပြီးတော့ ထည့်ပါသေးတယ် ပြီးရင်တော့ ချဉ်ပေါင်ရွက်တွေ ကို ထည့်ပြီးတော့ နူးလာအောင်မွှေပေးပါတယ် ကြေကြေလေးတွေကြိုက်ရင် ပိုမွှေပေါ့ တီကတော့ အရွက်လေးတွေ ကြိုက်လို့ ဖြည်းဖြည်း နည်းနည်းပဲ မွှေပါတယ်။ နောက် ချဉ်ပေါင်ရွက်တွေ တော်တော်ကြေပြီဆိုရင် ခုနက ဟင်းရည် ချက်သလို့ပဲ ငပိစိမ်း ဇွန်းတကော လောက်ထည့်ပါမယ် ပုစွန်ခြောက်မှုန့်ထည့်မယ် ဆိုရင်တော့ ငပိ မထည့်လဲရပါတယ် (လို့မောင်က အကြံပေးပါတယ်) ပြီးရင်တော့ အရွက် ကို ကြေကြေလေးချေပေးလိုက်ရင် ချဉ်ပေါင်ရွက်ကြော်တပွဲရပါပြီ။





ကဲ ဒီတနေ့တော့ ဒီလောက်နဲ့ပဲကျေနပ်ကြပေတော့နော် မချက်တာကြာလို့ လာလာပြောနေတဲ့ မမရီတာ ကြီးလဲ ကျေနပ်တော့ အမဲသားမစားရင်တော့ မသိဘူး။
လက်ညောင်းပြီ။

နန်းမတော် မိမိချမ်း
မဲစောက် (ခေတ္တ)
၂ ရက် ဇန်နဝါရီ ၂၀၁၁ ခု
မနက် ၆ နာရီ ၄၅ မိနစ်

15 comments:

  1. ဒေါ်KOM ကတစ်ဆင့် အလည်ရောက်ပါတယ်။
    ဘယ်သူမှ gay လို့ တော်ရုံနဲ့ ပွင့်ပွင့်လင်းလင်း ဝန်မခံတတ်တာမို့ ထူးဆန်းသလိုပါပဲ။ မြန်မာပြည်မှာ ဆန်းပေမယ့် ပြင်ပမှာတော့ ဆန်းလည်းမဆန်းသလို သဘာဝလို့ လက်ခံကြလို့ ပြဿနာမရှိဘူးလို့ ပြောရမှာပဲ။

    ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ မင်္ဂလာ Gregorian နဲ့ ကရင်နှစ်သစ်ပါလို့ လာနှုတ်ဆက်ရင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစေဖို့ ဆန္ဒပြုသွားပါတယ်။

    မန်းကိုကို
    http://mahnkoko.blogspot.com/

    ReplyDelete
  2. မြန်ကောင်းသက်သာ ဟင်းတစ်ခွက်ပဲ....။ခက်တာက အဲလိုကိုတောင် ချက်ဖို့ရာ
    ပျင်းနေတာ...။စားတာတော့စားချင်တယ်...ဟိ..။တစ်ခွက်လောက်ပို့ပေးပါလား :)

    ReplyDelete
  3. ကောင်းမှကောင်း .. အမဲသား ချက်စားချင်စိတ်တောင်ပေါက်လာပီ

    ReplyDelete
  4. နှစ်သစ်မှာ အမဲသားဆီပြန်နဲ့  နှုတ်ဆက်တာ ကျေးဇူးတင်တယ်။ ဒီပို့ စ် ဖတ်ပြီး မနက်စာ ဆွဲလိုက်တယ် ...

    ReplyDelete
  5. မောင်သိတ်များတယ်။

    ReplyDelete
  6. မနာလိုမဖြစ်ပါနဲ့မမကွမ်
    ကိုမဆာလာ ကို အပူကပ်ပေါ့
    ဟိဟိဟိ
    ခုတောင် မောင်က အလုပ်တွေ လုပ်ပြီး ပိုက်ဆံစုနေတယ်
    စိန် ၇ လုံးပါတဲ့ လက်ထပ်လက်စွပ်ဝယ်ပေးမလို့တဲ့
    ဝယ်ပြီးမှဘဲ တင်ကြွားတော့မယ် နော်
    လက်ထပ်မယ်တဲ့လေ
    ဘာပဲပြောပြော ၅ နှစ်ကျော် ၆ နှစ်ထဲ လစ်ဗင်းတူ ၈ပဲသား နေလာတာ
    တခုခုတော့ ဖြစ်လာတာပေါ့
    (အချစ်တွေအပြင်ပြောပါတယ်)

    ReplyDelete
  7. တခုခုဖြစ်လာတာပေါ့ စိန်လက်စွပ်ကြီးလေ ..နော် ဟိဟိ

    ReplyDelete
  8. ပို့စ်ကို မနေ့တည်းက ဖတ်သွားတယ်။ လောလောဆယ်ကိုတော့ ဒီနေ့မှ ဖတ်မိတယ်။ မစားတဲ့အသားတော့ ဘာမှ မရှိဘူး။ အမဲသားတော့ သိပ်မကြိုက်ဘူး။ ဒါနဲ့ ကြက်သွန်တွေကို အိုးဘေးမကပ်စေနဲ့။ အပေါ်မှာပဲထားဆိုတာ အစပိုင်းကို ပြောတာလား။

    ReplyDelete
  9. love to read ur writing

    ခုတောင် မောင်က အလုပ်တွေ လုပ်ပြီး ပိုက်ဆံစုနေတယ်
    စိန် ၇ လုံးပါတဲ့ လက်ထပ်လက်စွပ်ဝယ်ပေးမလို့တဲ့
    ဝယ်ပြီးမှဘဲ တင်ကြွားတော့မယ် နော်

    har ha,
    but i like the most is ur cooking.

    ReplyDelete
  10. ဟုတ်တယ် ဒေါ်ရီတာ
    အစပိုင်းပဲ
    တရေနူးပြီးရင်တော့ ကြက်သွန်တွေကလဲပျော်ကုန်ပြီလေ

    ReplyDelete
  11. nye: တီ့ဘလော့က ဘယ်လိုမှကို မန့်မရဘူး
း(


    nye nyi is offline. You can still send this person messages and they will receive them the next time they are online.
    Addy: ဒီမှာ မန့်လိုက်လေ
    တင်ပေးမယ်
    နေပါအုံး
    ဘယ်နှာကြောင့် ဂျီပုန်းဖြစ်နေတာလဲ


    nye: ရုံးမှာမို့လို့
း)
    ( မောင်ချည်းပဲ ချက်နေတာပဲ သူလည်းချက်တာမဟုတ်ဘဲ တီချမ်းရဲ့ အမဲသားတဲ့ ..ဟဟ )
    လို့ မန့်မလို့


    Addy: အံ့သြတယ်တော်
    ကျုပ်ချက်တာပါအေ့
    မောင်က ကြည့်တာ
    ငှဲငှဲငှဲ


    nye: ချဉ်ပေါင်လေ
    မောင်ချက်တာ
    :P


    Addy: ချဉ်ပေါင်ပဲလေ


    nye: ရဘူး
    မောင်ချည်းပဲ မြင်တယ် ပို့စ်တခုလုံးမှာ


    Addy: အဲ့တာကတော့ ချစ်တာကိုး
    ဘတ်လို့တော့ရတယ် ဟုတ်

    ReplyDelete
  12. တီချမ်းရယ်.. ဟင်းခနခနချက်ပါ..
    စားချင်သူတဦး

    ReplyDelete
  13. tchan yae !!!!tchan yae post taoy ko ta nay ma phat ya yin ma nay naing bu ..phat pi tar toay lal pyan phat tar pal...:)

    ReplyDelete
  14. ta hku pyaw ya own mal....a sa ka tchan ko ( main kalay ) htin nay tar ti lar ...hee:::::sate soe nae naw....ayan taw tae tchan ko khin lo par.....:)

    ReplyDelete
  15. thanks for reading and liking my writing

    it is OK

    if u think i am a girl i am a girl

    i don't have a problem with that LOL

    thanks for visiting

    ReplyDelete