Friday, July 1, 2011

တီ့အမ ချက်တဲ့ ဂဏန်းဟင်း

ခုတလော စာမရေးဖြစ်တာ ကြာလှပါပြီ ကြာဆို အားလဲမအား ခရီးတွေကလဲများ နေကလဲ မကောင်း နေကောင်းပြန်တော့ မအား အားပြန်တော့လဲ ခရီးထွက်ဆိုသလို ဂျာအေးနဲ့ သူ့အမေ ကြက်ဥ နဲ့ ကြက်မ ဖြစ်နေတော့ တီချမ်းတယောက်ခမျာ တောင်းဆိုမှုတွေကိုမျက်ကွယ်ပြု ဘလောခ် ကို ဥပေက္ခာပြု စာဘတ်သူတွေ ကိုလစ်လျှုရှုဖြစ်နေတာ ကြာလှပါရောလား။
သို့သော်လည်း နောင်တချိန် စာရေးခြင်းအမှု နဲ့ နာမည်ကြီးမယ့် သူဆိုတော့ မရေးတာကြာတော့ မနေနိုင်ပြန် ရေးချင်လာပြန် ဆိုတော့ကာ ရေးရပြန်ပါတယ်။ ရေးမယ်ဆိုတော့လဲ ဘာရေးရပါ့။ ခုတလော စာက မရေးတာ ကြာတော့ ဘာရေးရမှန်းမသိ ဆိုသလိုဖြစ်နေတာကြာလှပကော။အဲ့တာနဲ့ ကွန်မန့်လေးတွေပြန်ဘတ်ကြည့်တော့ တောင်းဆိုထားတာလေးတွေ တွေ့တယ် အဲ့တာနဲ့ တောင်းဆိုမှုတွေ များနေလို့ ချက်လိုက်ပြန်ပါပြီ တကယ်ကတော့ တီချက်တာ မဟုတ်ပါ တီ့ အမ တီ ၆ လပိုင်း ရန်ကုန်ပြန်တုံးက ချက်ကျွေးတာပါ တီလဲ ချက်တတ်တဲ့ ဟင်းဖြစ်တဲ့ အတွက် ချက်နည်းလေး မျှလိုက်ပါတယ်။

ဟုတ်ပါတယ် ဂဏန်းမဆလာ ချက်ပါ ကဲ ရွာစားရေ ပရိတ်သတ်တွေ သွားရည်တမြားမြားကျအောင် စိန်ဗေဒါလေးနဲ့ပို့.......ပလို့ဂျိ





ဒါလေးတွေက မချက်ခင် ကြိုတင်ပြင်ဆင်ထားရမှာပါ အဓိက ကတော့ ရှမ်းနံနံ ကြက်သွန်ဖြူ နဲ့ငရုတ်သီးပါ ထည့်ချင်သလောက် ကို လှီးချွတ်ပြီး ပြင်ဆင်ထားပါမယ် အစပ်ကြိုက်တတ်ရင်တော့ ငရုတ်သီး ပိုထည့်ပေါ့နော်။ ဘေးကတော့ ဂျင်း ပါးပါးလေးတွေလှီး ပြီးတော့ တခါ အချောင်းလေးတွေဖြစ်အောင် ပြန်လှီးထား ပါ။ နောက် ကုလားမဆလာ ရရင်တော့ တီက ကုလားလေး သုံးပါတယ် တခြားတံဆိပ်ဆိုလဲဖြစ်ပါတယ် တီ့အမ ကတော့ တရုတ်မဆလာ လို့ ခေါ်တဲ့ ပါကော်ချောက်ကော့ တို့ လေးညှင်းပွင့် အမှုန့် တို့ ရောကျိတ်ထားတဲ့ တရုတ်အခေါ် အူရှန်းဖှုန် ( ဟင်းခတ်အမွှေး မဆလာ ၅ မျိုး ကိုရော ပြီး အမှုန့်ကြိတ်ထားတာကိုခေါ်တာပါ) အဲ့တာကိုလဲသူက ထည့်ပါတယ် တီချက်ရင်တော့ မထည့်ပါဘူး။ စာဘတ်သူလဲအကြိုက်ပေါ်မူတည်ပြီး ထည့်မထည့်ကြည့်ပေါ့နော်။





နောက် ကြက်ဥ သို့ ဘဲဥ တလုံး နှစ်လုံး ကို ဖောက်ပြီး ပန်းကန်ထဲမှာ အသင့်ထည့်ထားပါမယ်။ ဘေးကတော့ ဂဏန်းလက်မတွေ နဲ့ ကို်ယ်လုံးတွေကို ခွဲထားတာပါ။ အရင်ကဆိုရင် တီတို့က ဂဏန်းကို အရှင်ဝယ်ပြီး ကိုယ့်ဘာသာ သတ်ရပါတယ် ဂဏန်းသတ်တာ သိပ်လွယ်ပါတယ် မျက်လုံးကြားထဲကို ဓါးဦးချွန်လေးနဲ့ သို့ တူချောင်းလေးနဲ့ ထိုးလိုက်ရင် ပြီးတာပဲ နောက်ပိုင်းတော့ ဝယ်ရင် ရောင်းတဲ့ သူကို တခါတည်း သတ်ခိုင်းလိုက်ပါတော့တယ် ကိုယ့်ဘာသာ သတ်ရတဲ့ ဒုက္ခက ကင်းဝေးတာပေါ့ သို့သော်လည်း ကိုယ်က သတ်ခိုင်းတာဖြစ်နေသေးတဲ့ အတွက် အကုသိုလ် ကိုယုံရင်တော့ ပြေးမလွတ်သေးဘူး ထားပါ အကုသိုလ်က နောက် အရသာက အရင်နော့





ချက်တဲ့ အစီအစဉ် စပါမယ် ချက်တာ မစခင်အရေးကြီးတာ အိုးပါပဲ အိုးကိုကြည့်ပါ ဂဏန်း အကောင် ၃၀ ၄၀ လောက်ကို သာသာလေးဆန့်တဲ့ အိုးမျိုးဖြစ်ရပါမယ် ပထမဆုံး ဆီ ပူလာရင် ခုနက ရှမ်းနံနံ ကြက်သွန်ဖြူ ငရုတ်သီး တွေကို အရင်ထည့်ပြီး မွှေးလာအောင်ကြော်ပါမယ် ဂျင်းလေးတွေလဲထည့်ကြော်ပါမယ် မွှေးလာပြီဆိုရင် ဂဏန်း လက်မ တွေကို အရင်ထည့်ပါ ပြီးရင် တလက်စတည်း အခွံတွေကိုထည့်ပါမယ်





ပြီးရင် နောက်တဆင့်အနေနဲ့ ကိုယ်လုံးတွေကို နှစ်ပိုင်းပိုင်းထားတာတွေ ထည့်ပါမယ်။ ထည့်ချင်တဲ့ လူတွေ အတွက်တော့ တရုတ်ဟင်းခတ်မဆလာတွေကိုဒီအချိန်မှာ ထည့်ပါ။ ပြီးရင် ရေးနည်းနည်းထည့်ပြီး ခဏ တည်ပါမယ်။ ဂဏန်းလေးတွေအရောင်ပြောင်းစပြုရင် ကြက်ဥ ကို ခေါက်ပြီးထည့်ပါမယ်။ အရည်သောက်ကလေး ကြိုက်တတ်ရင် ရေ နည်းနည်းပိုထည့်ပါ။





ခဏတည်ပြီးရင် ကုလားမဆလာထည့်ပါ။ ဆူရင် အရသာ အပေါ့အငံ မြည်းပြီးရင် ရပါပြီ။





ဒီပုံကတော့ ကြက်သားနဲ့ ဂဏန်း ကို အပြိုင်ကြော်နေပုံပါ။





ကြော်ပြီးသားဂဏန်းတွေပွဲပြင်ထားပုံဖြစ်ပါတယ် စားကြဝါးကြတော့မယ်ပေါ့လေ....ကောင်းမှကောင်း...





ဒညင်းကွက်ကြော်တွေပါ ဆားနည်းနည်းထည့်ပြီး ရေဆပ်ဆပ်နဲ့ ကြော်ထားတာပါ။





ဒါကတော့ တီတို့ ဂဏန်းဟင်းနဲ့ ဒညင်းကွက်ကြော်စားရင် မပါမဖြစ်တဲ့ ဂျင်းထောင်းပါ ကြက်သွန်ဖြူ ရယ် ဂျင်းရယ် ငရုတ်သီးစိမ်းရယ် စတာတို့ ကိုသေချာ ကြေညက်အောင်ထောင်းပါတယ် ဆား အချိုမှုန့် နည်းနည်းထည့်ပါ စားခါနီးကျမှ သံပရာသီး ညစ်လိုက်ရင် အရသာရှိတဲ့ ထမင်းမြိန် ဂျင်းထောင်းကို ရပြီပေါ့။





ဒါကတော့ ကြော်မယ့် ကြက် ကိုနယ်ထားတာပါ ဂျင်းထောင်း အရည်ညစ် ရယ် ကြက်သွန်ဖြူ နည်းနည်းရယ် မဆလာလေးတွေနဲ့ နယ်ထားတာပါ ဗမာကြက်ကို ရွေးချယ်ဝယ်ယူပါတယ် စီပီ ကို မကြိုက်ပါ။ ပြီးရင်တော့ ဆီအေးလေးနဲ့ အတွင်းသားတွေပါ ကျက်အောင်ကြော်ပါတယ် ဆီပူလွန်းအားကြီးရင် အမြန် ကျက်သွားတတ်တဲ့ အပြင် အတုံးသေးသွားတတ်ပါတယ်။





ဒါကတော့ ဂုံးဟင်းရည်ပါ ဂုံး ကိုရေသေချာဆေးပြီးတော့ ဂျင်းနဲ့ ပြုတ်လိုက်တာပါ အရည်လဲသောက်လို့ရတယ် အဖတ်လဲစားလို့ ရတယ်။ လွယ်မှလွယ်ပါပဲ။





ဒါကတော့ ပန်းပွင့်လေးတွေကို ကြော်လိုက်တာပါ။ ပန်းပွင့် ကြော်ကိုတော့ ချက်နည်းပြောစရာမလိုဘူးထင်ပါတယ်နော်။





ကဲ ဒါကတော့ အကြီးအကျယ် သမကြတော့မယ် ပွဲပဲပေါ့ကွယ်။ နောက်နေ့တွေကျမှ လွယ်ကူမြန်ဆန် ဟင်းချက်နည်းလေးတွေကို အနောနိမတ်စ် တယောက်တောင်းဆိုထားတဲ့ အတိုင်းချက်ပေးပါအုံးမယ် ခုတော့ တီလဲနေမကောင်းနေတာနဲ့ ဒီလောက်ပဲနော်......

နောက်နေ့ကျမှ ဆရာမကြီး ကြည်လဲ့လဲ့ဦး တယောက် လုပ်ကျွေးတဲ့ တုတ်ထိုး တင်ပါအုံးမယ်နော် တာ့တာ...

A Chen
7:28 PM
1st July 2011
Friday
Home
Bangkok

19 comments:

  1. ဓညင်းခွက်ကြော်လေးစားချင်လိုက်တာ

    ReplyDelete
  2. ဂဏန်းဟင်းထဲကို ဘာလို့ အခွံတွေ ထည့်တာလဲ။ လှအောင်လို့လား။ စားလို့လည်း မရဘဲနဲ့။
    တရုတ် အမွှေးအကြိုင်ရော၊ ကုလား မဆလာရော ထည့်ချက်လို့ရတဲ့ ချစ်ကြည်ရေးဟင်းပေါ့နော။ ဘယ်လိုဖြစ်မလဲဆိုတာ စဉ်းစားလို့ မရဘူး။ မြည်းကြည့်မှ သိမှာပဲ။

    ReplyDelete
  3. ဟင်းချက်နည်းတွေမျှော်နေတာကြာပြီ။ ညလယ်ခေါင်ကြီးမှာ ကြည့်ပြီး ဗိုက်ဆာသွားပြီ။

    ReplyDelete
  4. ၀ါ့ဒ်ဗာရီဖကေးရှင်း ဖြုတ်ပြီးသွားပါပြီရှင်။
    မအားလို့ မရေးဖြစ်တာအတော်ကြာ၊ ဒီရောက်တော့တီချမ်းလည်းမအားလို့ ဆိုတော့ ၀မ်းသာသွားတယ်။ သိပ်မလွတ်တော့ဘူးပေါ့။ ဒညင်းကွက်မစားရတာကြာပေါ့။ ဖျားနေတယ်ဆိုတော့စိတ်မကောင်းပါဘူး။ အမြန်နေကောင်းပါစေ။

    ReplyDelete
  5. ဆုမြတ်မိုး.....ဒညင်းခွက်ကြော်စားချင်ရင် တီ ကိုလာ အိမ်လိုချင်ရင် ကြည်စိုး အိုင်စီအိမ်ဘုရင် ဆီကိုသွား.....

    အရှည်ကြီး....အခွံပါထည့်ကြော်ရမှာပေါ့ မမရယ် ရှင်ဆိုတာလဲ ဘယ်ဂဏန်းဟင်း ကိုများ အခွံချွတ်ချက်တာ တွေ့ဘူးလို့ လဲ မြန်မာချက် ကုလားချက်ကိုပြောတာ

    အီဗီ.....နောက်လာပါအုံးမယ် အေ ဝက်သား တုတ်ထိုး ဘာညာ ပေါ့ မျှော့်

    အိုင်အိုရာ နောက်နေ့မှာ သေချာလာကြည့်မယ် တီလဲ မအား နေမကောင်း စာဘက်မလှည့်ဖြစ်တာ ကြာ....

    ReplyDelete
  6. တီချမ်းရေ... ကွန်မန့် မရေးဖြစ်ပေမယ့် အမြဲ ရောက်ဖြစ်ပါတယ်။ အထူးသဖြင့် တီချမ်းရဲ့ ဟင်းချက်နည်းလေးတွေ ဆိုရင် မလွတ်တမ်း ဖတ်ဖြစ်ပါတယ်။ ဂဏန်းဟင်းရော၊ ဒညင်းကွက်ကြော်ရော ကြိုက်တယ်။ ဓညင်းသီး မစားရတာ နှစ်နဲ့ ချီနေပြီး(

    ReplyDelete
  7. Want to eat crab curry.Sorry to know that you are not feeling well.Get well soon! Take care!
    Gyidaw

    ReplyDelete
  8. တီချမ်းရေ ဟင်းတွေစုံပလုံပါပဲလား
    ဂုံးဟင်းကဒီမှာလည်းတအားစားတာသိလား
    ဂဏန်းဟင်းကြည့်ရင်း အမေ့လက်ရာလွမ်းမိတယ်

    ReplyDelete
  9. load kya ver.load kya ver.
    shin doe ka police twe vae.
    :DDD

    ReplyDelete
  10. watery in mouth, torture me with photos.

    ReplyDelete
  11. ဆာဆာနဲ့...အလှုအိမ်ပြေးစားလိုက်အုံးမယ်...အလှုမှာတော့ဒါတွေစားရမယ်..မထင်..မထင်..မထင်...တီချမ်းပုံလေးတွေ..အာရုံထဲထည့်...၀ါးပစ်မယ်..နောက်နေ့လည်း..လာလည်အုန်းမယ်..ကျေးကျေးပါ

    ReplyDelete
  12. နန်းမတော်မိမိချမ်းတင်တဲ့ဟင်းတွေထဲမှာ ဒီဂဏန်းဟင်းကို အပြန် ၁၀၀၀ ကြိုက်တယ်အေ
    နောက်လည်း မကြာမကြာ ဟင်းတွေချက် တင်ပါဦး
    ပုံ
    ဂဏန်းကြိုက်တဲ့ အနော်နိမတ်

    ReplyDelete
  13. နွေးနေခြည်July 5, 2011 at 1:00 PM

    ကျန်းမာရေးအထူးဂရုစိုက်ပါ တီ။ တီ ကျန်းမာမှ မိုတို ဟင်းချက်နည်းလေးတွေ သိရမှာ ...း)))

    ReplyDelete
  14. အခုလဲ လည်ချောင်းတွေနာနေပြန်ပြီ မမခ ရေ တကယ်ပဲ

    ReplyDelete
  15. This comment has been removed by the author.

    ReplyDelete
  16. စားချင်ရင် ဘန်ကောက်လာလေ ငှဲငှဲ

    ReplyDelete