Saturday, July 10, 2010

ရန်ကုန်-၃- (၁၃ ရက် ဇွန် ၂၀၁၀ခုနှစ် တနင်္ဂနွေ) ဝက်သားမုန်ညှင်းချဉ်

နောက်တနေ့မနက်ကျတော့ အိပ်ရာထ နောက်ကျပါတယ် အဲ့တာနဲ့ မနက်စာကို စိတ်ထဲမှာ ကူးထားတဲ့ အစာအဟာရလေးတွေမမှီဝဲရတော့ဘဲနဲ့ ဖြစ်သလိုပဲ စားဖြစ်ဖို့အကြောင်းက ဖန်လာပါတယ်။ အရင်ရုံးမှာ အတူတူအလုပ်လုပ်ခဲ့ကြတဲ့ လုပ်နေဆဲ ညီမလေးတွေကို သူတို့အတွက် ဝယ်လာတဲ့ ကော်စမက်တစ် လက်ဆောင်လေးတွေ သွားပေးတော့ သူတို့နဲ့ အတူတူပဲ မနက်စာကို ၁၂ နာရီခွဲမှာ နေ့လည်စာနဲ့ ပေါင်းစားရပါတယ် ရုံးက စံရိပ်ငြိမ် မှတ်တိုင်မှာ ဖြစ်တဲ့အတွက် အဲ့နားက အိုင်တီ လက်ဘက်ရည်ဆိုင်မှာ ပဲ ဖြစ်သလိုလွေးလိုက်ပါတယ် ကြည့်ကြပါ .......ဖြစ်သလိုပဲ စားနေရတဲ့ တီ့ဘဝ သနားစရာ .....နော်





လက်ဘက်ရည်ကတော့ မပါမပြီးပေါ့နော် မြန်မာပြည်က လက်ဘက်ရည်ခွက်တွေ သေးသေးကုန်တဲ့အတွက် နှစ်ခွက်သောက်ရပါတယ်။ ပြီးတော့ ဘေးကဟာက ဆိတ်သား ပလာတာ ကို ပလာတာ နှစ်ချပ်နဲ့မှာပါတယ် ဘေးနားက ခွက် ဝါဝါလေးက အားလူးပူတီက အာလူးဟင်းပါ ဆိတ်သားပလာတာက ဆိတ်သားဆီပြန်နဲ့ပဲလာတဲ့အတွက် ထပ်မှာရတာပါ တီက အာလူးကြိုက်ပါတယ်။ အာလူးဟင်းကလဲ လက်ဘက်ရည်နဲ့အပြိုင် နည်းနည်းလာတဲ့အတွက် နှစ်ပွဲမှာရပါတယ် ပြီးတော့ ခုနက ပလာတာတွေကို သေးသေးလေးတွေ ပြန်လှီးခိုင်း အားလူးဟင်းတွေ လောင်းထည့် ဆိတ်သား ဟင်းတွေ လောင်းထည့်း အကုန်ကို သေသေချာချာလေး နယ်မွှေမွှေ ပြီးတော့မှ စားပါတယ် ကောင်းလေစွ အရသာရှိလေစွ ပါပဲ မြန်မာပြည်ကို သတိရလေစွပါပဲ ခုရေးနေတုံးတောင် စားချင်လာပြန်ပါတယ် ချက်စားအုံးမယ် ပလာတာနဲ့ အမဲသားနဲ့





ဒါတွေကတော့ ညီမလေးနှစ်ယောက်စားတဲ့ တိုဟူးနွေးနဲ့ ရှမ်းခေါက်ဆွဲပါပဲ

ညဘက်ကျတော့ အိမ်ကပ်ဖြစ်ပြန်ပါတယ် အဖွား ပြန်ရောက်လာလို့လေ အဖွားက အသက်ကြီးပါပြီ ၉၀ ရှိပြီလား ကျော်ပြီလား တခုခုပဲ ကျော်ပြီ လို့ ထင်ပါတယ် (အမေတောင် ၅၆ ဆိုတော့။ ပြီးတော့ အမေက သူတို့ မောင်နှမ ၁၁ ယောက်မှာ နံပါတ် ၂ လေ အရင်က လူတွေများမွေးနိုင်လိုက်လေခြင်းနော်) လောလောဆယ်တော့ ကျိုင်းတုံမှာနေပါတယ် သူက ဘယ်မှခေါ်မရဘူး ကျိုင်းတုံမှာဘဲသေမယ် လို့ပြောပါတယ် လူဆိုတာကလဲ အစွဲပေါ့လေနော် ထားပါတော့ အဖွားက သက်သတ်လွတ်စားနေတာပါ သူတို့က ဘာသာရေးအရ စားကြတာမျိုးပါ ထေရဝါဒ မဟုတ်ဘူး မဟာယနလေ ဘုံကျောင်းတွေနဲ့လေ ထိုင်ဝမ်မှာလဲ သိပ်များတယ် နောက်သူတို့ သက်သတ်လွတ်က တမျိုးလေ တီတို့ တွေရဲ့ သက်သတ်လွတ်လိုမဟုတ်ဘူး သူတို့က ကြက်သွန်ဖြူနီ မိတ် မစားကြဘူး အဲ့တာတွေက အညှောင့်ထပ်ထွက်လို့ဆိုလား နွားနို့နဲ့ ကြက်ဥတော့ စားကြတယ် အဲ့လိုပေါ့ ညှောင့်ထပ်မထွက်လို့နေမှာပေါ့ တီလဲသိပ်တော့နားမလည်ပါဘူး ငယ်ငယ်ကတော့ အဖွားဟင်းတွေက စားကောင်းလို့အမြဲလိုလို လိုက်စားဖြစ်တယ် အခုလဲ ကြိုက်တုံးပဲ အဖွားနဲ့သာနေဖြစ်ရင် တီလဲ သက်သတ်လွတ်ကို တသက်လုံးစားနိုင်မယ်ထင်တယ် အဖွားဆို စားတာ နှစ်ပေါင်း ၃၀ ကျော်ပြီလေ အဲ့တာကြောင့်လဲ အသက်ရှည်တာနေမှာ လို့ တခါတခါ တွေးမိသေးတယ် ကိုယ်တို့တွေ က အစုံလျောက်စားကြတော့ မြန်မြန်သေဖို့ ရောဂါမျိုးစုံပို မွေးယူနေသလိုဖြစ်တာပေါ့ တရုတ်စကားပုံလိုလေ “ကိုယ်ခန္ဓာအတွက် ဒုက္ခဆိုတာ ပါးစပ်ကနေဝင်တာ” တဲ့ ဥပမာ ဂျပန်တွေဆိုရင် အစိမ်းပဲစားကြတော့ အသက်ပိုရှည်ကြတယ် ကိုရီးယားတွေက အကင်တွေစားတာများလို့ သွေးကင်ဆာတွေ ဖြစ်ကြတယ် အဟေးဟေး ဆိုင်ဆိုင်မဆိုင်ဆိုင် ပေါ့ ကိုလိုရာဆွဲပြောတာပဲ ထားတော့ ကြည့်ပါ အဖွားစားတာ သိပ်ကို simple ဖြစ်ပါတယ် ကြက်ဟင်းခါးသီး နဲ့ ပဲလိပ်ကြော်တယ် ဟင်းရည်က ပဲပြားရယ် ခရမ်းချဉ်သီးရယ် နောက် စွန်တန်ရယ် ဒါပဲ စားလို့တော့ ကောင်းတယ် တီတောင်အဖွားနဲ့ နည်းနည်းကပ်စားလိုက်သေးတယ် ကောင်းလေစွ အရသာရှိလေစွပါပဲ ဘေးက ပုံက အဖွားပါ မိုက်တယ်နော် ကေဖြူနဲ့ အဖွားကို အရမ်းချစ်ပါတယ် ဒီတခေါက်တောင် မုန့်ဖိုးပေးလိုက်နိုင်လို့ ကျေနပ်မိသေးတယ် ခဏခဏ ကြုံရင်ပို့ပေးနေကြပါ ခုတခေါက်အဖွားက ရန်ကုန်ရောက်နေတာ တရုတ်ပြည်အနှံကို တီ့အဒေါ် တိုးဂိုက် လုပ်တဲ့တယောက်က လိုက်ပို့လို့ အတော်များများ သွားလည်ခဲ့ကြတယ်တဲ့ တီနဲ့တော့ ရန်ကုန်ရောက်လို့ ကြုံလို့တွေ့ရတာပါ အရင်က အဖွားက ရန်ကုန်ခေါ်ရင် လုံးဝ မလာချင်ဘူး ပူတာရယ် တိုက်ခန်းတွေနဲ့ ဆိုတော့ သူက မနေတတ်ဘူး ကျိုင်းတုံက သူ့အိမ်က လေးခန်းတွဲ နှစ်ထပ်အိမ်ကျယ်ကြီးကိုး သားသမီး ၁၁ ယောက်ရယ် သူတို့ရဲ့ မိသားစုတွေ အစွယ်အပွားတွေရယ် အိမ်ဖော်တွေရယ် နေလောက်အောင်ဆောက်ထားတာဆိုတော့ စဉ်းစားသာကြည့်တော့ ဘယ်လောက်ကျယ်မလဲဆိုတာ တီတို့ ငယ်ငယ်တုံးကဆို အိမ်အောက်ကို အဖော်မပါရင်မဆင်းရဲဘူး မြေအောက်ခန်းတွေဘာတွေလဲရှိတယ် အိမ်ကြီးက အရင်ခေတ်ကတော့ စားစရာတွေလဲလှောင်ကြတာကိုးနော် အဲ့လိုတွေကြောင့်အဖွားက လာခဲပါတယ်





ညီရယ် အမေရယ် အဖွားရယ် တီရယ်ပါ ဘေးပုံကတော့ တီနဲ့အဖွား နှစ်ယောက်တည်း




အဖွားနဲ့ ကပ်စားပြီးတော့ တီစားဖို့ အမေက ဟင်းချက်ပေးပါတယ် အိမ်မှာ ရှိနေတာတွေထဲကပဲ လွယ်လွယ်ကူကူ အားလုံးလဲကြိုက်တဲ့ ဝက်သားမုန်ညှင်းချဉ်ကြော်ပါ စာဖတ်သူတွေအတွက် တင်ပေးလိုက်ပါတယ် လိုတာကတော့ ဝက်သားရယ် ခရမ်းချဉ်သီးအနည်းငယ်ရယ် ကြက်သွန်ဖြူ နည်းနည်းရယ် နောက် မုန်ညှင်းချဉ်ရယ်ပေါ့ သူကတော့ ဇာတ်လိုက်ပါပဲ ပုံမှာ ပြထားတဲ့အတိုင်း ဝက်သား ကိုတောက်တောက်စင်းထားပါမယ် နောက် ခရမ်းချဉ်သီးတွေကိုလဲ သေးသေးလေးတွေ လှီးထားရပါမယ် နောက်ကြက်သွန်ဖြူ ကိုလဲ သေးသေးလှီးပေါ့ နောက် ဘေးက ဘူးထဲက မုန်ညှင်းချဉ်တွေပါ တရုတ်မုန်ညှင်းချဉ်ပေါ့ ရှမ်းခေါက်ဆွဲဆိုင်တွေမှာ ပေးတဲ့ ဟာမျိုးလေ ယွင်နန်တရုတ်တွေဆို လုပ်ပါတယ် တီတို့ အိမ်မှာလဲ အမေက တခါတလေ ချဉ်တတ်ပါတယ် အင်း အမေ့ဆီက သင်ရမယ့် အရာတွေ များနေသေးတယ်လေ မရရင်လဲ ဆိုင်တွေမှာ တရုတ်တန်းတွေမှာ (ရန်ကုန်ဆိုရင်တော့) ဝယ်လို့ရနိုင်ပါတယ် တီတို့ဆီမှာလဲရှိတယ် ခုဘန်ကောက် မှာပြောတာပါ အကုန်အသင့်ပြင်ထားပြီးပြီဆိုရင်တော့ ကြော်လှော်တဲ့ အခန်းစပါမယ် အော် ပြောဖို့ကျန်နေတယ်မုန်ညှင်းချဉ်ကိုလဲ သေးသေးလေးတွေဖြစ်အောင် ဓါးနဲ့ တောက်တောက်စင်းထားပါမယ် မဟုတ်ရင် အဖတ်ကြီးတွေ ကြီးနေရင် စားမကောင်းပါဘူး





တီတို့ အိမ်က ဒယ်အိုးနဲ့ ဂစ်မီးဖိုပါ အဲ့တော့ အခု ဘန်ကောက်မှာ တီနေရတာ ဘယ်လောက်စိတ်ဆင်းရဲမလဲဆိုတာ တွေးသာကြည့်ကြပေတော့ ဟိုးအရင် ကျိုင်းတုံအိမ်ဆို ပိုတောင်မိုက်ပါသေးတယ် မိုးပြဲဒယ်တွေနဲ့ ချက်ကြတာပါ ဒယ်အိုးက မီးဖိုထဲမှာ build in ပါ ပြီးတော့ ထင်းနဲ့ချက်တော့ ဟင်းရွက်တွေ ဘာတွေ ကြော်ရင် သိပ်သိပ်သိပ်မွှေးပါတယ် ထားတော့ တီတို့အိမ်ကတော့ လောလောဆယ် အဲ့ဒယ်အိုးကို သုံးပါတယ် မီးကလဲ ကောင်းမှကောင်း




ကြော်ခါနီး ကျတော့ ငရုတ်သီး ခြောက်လေးနည်းနည်း ကို အရင်ဆီပူထဲပစ်ထည့်လိုက်ပါတယ် မွှေးအောင်ပေါ့ နောက်တော့ ကြက်သွန်ဖြူနီထည့် ကြော်ပြီး ဝါလာရင် ခရမ်းချဉ်သီး ထည့် နောက်တော့ အသားထည့် အောက်ဘေးစွန်းပုံက မီးကိုကြည့်လိုက်တော့နော် ဒါမျိုးမှ ကြော်လှော်လို့ကောင်းတာ





အသားတွေ ကျက်ပြီဆိုရင် မုန့်ညှင်းချဉ်ထည့် ပြီးတော့ မွှေပေးပါ မွှေးလာရင် ကျက်ပါပြီ တကယ်လို့ အသားကို သေချာမကျက်မှာ စိုးရင် ရေနည်းနည်းထည့်လို့ရပါတယ် ရေခန်းရင် ကျက်ပြီပေါ့





ပြီးရင် ပန်းကန်ထဲထည့်လိုက်ရင် စားကောင်း ချက်လွယ် အရသာကြွယ်တဲ့ ဝက်သားမုန်ညှင်းချဉ် တခွက်ကိုရတာပေါ့ကွယ် ဘေးက ရုပ်ဆိုးဆိုးက ရှမ်းပြည်ဘက်ကလာတဲ့ ဝက်အူချောင်းအစပ်ကြော်ပါ ဟင်းနည်းနေလို့ ထပ်ကြော်လိုက်တာ အမေက ဟိဟိ ရုပ်ဆိုးပေမယ့် စားကောင်းတယ်နော် အားပေးကြပါအုံး




A Chen
9:42pm
10 July 2010
Home
Bangkok

11 comments:

  1. ရှမ်းဝက်အူချောင်းကို မြင်ရတာ စိတ်နာလိုက်ထှာ
    ကတောက်

    (စကားမစပ် Addy ညီလေးက ချောတယ်နော်)

    ReplyDelete
  2. I think I can live with your grandmother, as I am too picky about meat. Plus, I don't like onion, and spring onion.

    ReplyDelete
  3. ဟယ် တီချမ်း ညီက အဆော်တကင်လေးတော့။ နှုတ်ခမ်းလေးက ဖူးနေတာပဲ။ ရှလွတ် :P

    အသော်တကစ်လေးနော်.. ရင်တွေခုန်လိုက်တာကွယ်။ ဟင်း ဟင်း ဟင်း

    ဝက်အူချောင်းပုံက EEတုံးနဲ့ တူတယ်။ ဟွန့် နောက်တာ!! :D

    ပုံ/
    တီချမ်းညီကို ကျိတ်ပြီး ကြော်တကိုက်သွားသူ

    ReplyDelete
  4. တီချမ်းရေ...လဘက်ရည်ခွက်တွေ သေးလာလို့ ၂ခွက်သောက်ရတယ်လား...ဟ ဟ ၊ တို့ဟူးနွေးကြိုက်တယ်။ ဝက်သားမုန်ညှင်းချဉ်ဆို အမက ဝက်သား ၃ထပ်သားကို အပြားလိုက် ပါးပါးလှီးပြီးချက်တာ၊ ဝက်သားက အဆီနဲနဲပါတော့ မုန်ညှင်းချဉ်နဲ့ ပိုလိုက်ဖက်တယ်၊ ချက်စားကြည့်...:))

    ReplyDelete
  5. တီရေ
    စားချင်တယ်။စားချင်တယ်။ အစာအိမ်ဖြစ်လို့ အဖက်မစားရပါဘူးဆိုမှ သူကအစားအသောက်တွေပဲဇွတ်တင်။
    တီရေ အစာအိမ်ဖြစ်တာဆေးရုံတက်လိုက်ရတယ်။ သူများမြို့မှာ ဒေတာသွားကောက်တုံးဖြစ်တာလေ။ ဟိုနေ့ကတီ့ကို ဂျီတော့မှာပြောပြမလို့ကို မအားလို့မပြောရတာ။ နေမကောင်းပေမယ့် နေ့တိုင်းလာလည်ပါတယ်။ တီကအခုမှအသစ်တင်တာကိုး။
    Cinderellaboy

    ReplyDelete
  6. ဘာလို့ စိတ်နာတာလဲ ဒေါ်ရီတာ စားချင်ရင်ပို့လိုက်မယ် ပုံကတော့ ဆက်ဆီပြောသလိုဖြစ်နေပေမယ့် အရသာတော့ ကောင်းလေစွပဲ

    ရှင်လဲနော်ဆက်ဆီ နဲ့အပြိုင် ခိခိခိ အက်ဒီ ညီ က ချောတယ်ဆိုတော့ အက်ဒီက မချောဘူးပေါ့လေ ဟွန်း..............
    မွန်ပတိရေ အမြဲလာတာကျေးဇူးပါ ဘယ်သူမှန်းမသိပေမယ့် လာလာအားပေးနေတာ အမြဲတွေ့တယ် အရင်ကတော့ ရေခဲတောင်လို့ထင်နေတာ

    မချစ်...ဟုတ်တယ် အဲ့လို ဝက်သား သုံးထပ်သား ကို ပါးပါးလှီးပြီးကြော်တာ လဲရှိတယ် အဲ့တာကိုတော့ ပြည်တော်ပြန် ဝက်သားလို့ ခေါ်တယ် အဲ့တာ က နောက်တခွက် မတူဘူး မုန်ညှင်းချဉ်နဲ့ပဲ ချက်ကြတာ
    အဲ့တာ က ပြည်မ ဘက်က ခုဟာက ယူနန်ဘက်ကပေါ့ အဲ့လို

    လီယို ပြန်ရောက်ရင် ထမင်းလာစားပါ တီ နလန်ထ စာတွေ ချက်ကျွေးမယ်

    ReplyDelete
  7. လာငမ်းသွားတယ်။ (အစားအသောက်တွေပြောပါတယ်) ဟိဟိ ။
    တီ့ညီလေးက ချောတယ်နော်။
    စကားမစပ် အစွဲ က စလုံးနဲ့ စွဲပါတယ်။

    ReplyDelete
  8. ပြင်လိုက်ပြီနော် တိတိ

    သိတယ် ညည်းခုတလော စာလုံးပေါင်းတွေ လိုက်ပြင်နေခိုင်း တာ ခိခိ

    ReplyDelete
  9. A yan Kyite dar pae... A kon lone ko kyite dae, thi lar ?
    Sar chin lite dar......
    Hehhee.....Kuu ma myin buuu dar so dot lay.....
    Cook dar pyaw par dae naw...
    Diamond

    ReplyDelete
  10. တီချမ်း ရေ..
    ဒီနေ့ တီချမ်းပြောတဲ့ ဟင်းနည်းအတိုင်း ချက်စားလိုက်တယ်.. ကောင်းမှကောင်း..
    ကျေးဇူး..
    မင်္ဂလာနှစ်သစ်ပါ..

    သားချို (TC)

    ReplyDelete