Wednesday, September 1, 2010

ယောက်ျားတွေ ရဲ့ ရင်သား

ယောက်ျားတွေ ရဲ့ ရင်သား

လက်စသတ်တော့ ယောက်ျားတွေမှာလဲ “ရင်သားပြဿနာ” ရှိနေတာပါလား။

ပေါက်ပေါက်ရှာရှာနော် ယောက်ျားတွေရဲ့ ရင်သားတဲ့။ ဒီလိုပါပဲ တီချမ်းရေးတဲ့ စာတွေကို တချို့ကတော့ လွတ်လပ်လွန်းတယ် လို့ထင်ကြတယ်။ တချို့ကကျတော့လဲ မသင့်တော်တာ တွေရေးလွန်းတဲ့ဟာကြီးပေါ့လေ။ တချို့ကျတော့လဲ တီက အမှန်တွေ သိပ်ရေးတာပဲတဲ့။ တခါတခါကျတော့ ကိုယ်လဲ တွေးမိပါတယ်။ ကိုယ်မှဒီလိုတွေမရေးရင် ဘယ်သူက ရေးမလဲ နော်။ ကိုယ့်စာတွေမှာ လဲ ယူသော်ရ၏ ဆိုတာလိုပေါ့။ ကိုယ့်စာတွေ ဘတ်တဲ့ မိန်းမတွေ ကတော့ ယောက်ျားတွေအကြောင်း သူတို့မသိရသေးတာတွေ သိရတော့ အကျိုးရှိမယ်ထင် ပါတယ်။ ယောက်ျားတွေကတော့ သူတို့နဲ့ ဆန့်ကျင်ဘက် ခံစားရမှာပေါ့။ထားပါတော့။ ပိုစ့်ပြန်ဆက်မယ်။

မိန်းမတွေက (အများစုက) ရင်သား သေးလွန်းရင် မလှဘူး၊ ကိုယ့်ကို ကိုယ် ယုံကြည်မှု မရှိဘူး၊ ကိုယ်တို့ စိတ်ထဲမှာ ခံစားရတာကို ပြောတာပါ (ကိုယ်တို့ ဖွင့်ပြောသည်ဖြစ်စေ မပြောသည် ဖြစ်စေပေါ့) အဲ့လိုပဲ ကြီးလွန်းရင်လဲ မကောင်းဘူး ထင်တတ်ကြပြန်ပါတယ်။ ကဲ ဘယ်လိုပြော မလဲ လူ့အလို နတ်မလိုက်နိုင် မိန်းမအလို ဘုရားတောင် မလိုက်နိုင်ဘူး။ ကဲပါ ကိုယ်က မိန်းမတွေအကြောင်းပဲ ပြောနေတာ ဒီပိုစ့် က တကယ်တော့ ယောက်ျားတွေ ရဲ့ ရင်သား အကြောင်းပြောမလို့ မဟုတ်လား။

ခုနက ပြောခဲ့သလိုပဲ မိန်းမတွေက ရင်သားပြဿနာကို ကိစ္စကြီး တရပ် လိုဖြေရှင်းနေရချိန်မှာ ယောက်ျားတွေမှာလဲ အဲ့ဒီ ပြဿနာ က ရှိနေပါတယ်။ တလောကမှ အက်စီဒန်တယ်လီး ခင်ခဲ့တဲ့ (မှတ်ချက်။ ကိုယ်က စလစ်ဘရစ်တီတွေနဲ့ ဟန်းအောက် မလုပ်ပါဘူး ဒါပေမယ့် ဒီလို အက်စီဒန်းတယ်လီး ခင်သွားတော့လဲ စာဘတ်သူတွေအတွက် အကျိုးရှိမယ့် သုတေသနလေး လုပ်ခဲ့တယ်ပေါ့) ဒီနိုင်ငံက ၄၂ လက်မတိတိ “လူတွေအားကျ”တဲ့ ကြွက်သားပြည့် ရင်သား ရှိတဲ့ နာမည်ကြီး အဝတ်အစားမော်ဒယ်တဦးက ပြောပါတယ် “ရင်သားကြီးတာဟာ ကျတော့ အတွက်တော့ စိတ်ရှုပ်စရာ၊ သိမ်ငယ်စရာ၊ စိတ်အနှောင့်အယှက်ဖြစ်စရာ ကိစ္စတခုပါ။ ရင်သား ကို ကျစ်လစ်သွားစေမယ့် အားကစားတခုခု ရှာလုပ်ချင်ပါတယ်။ အဲ့ဒီ ရင်သားကြီး တာကြောင့် ပဲ ကျတော့မှာ အမြဲလိုလို မလိုလားအပ်တဲ့ ပြဿနာတွေ ကြုံတွေ့ရပါတယ်။ လူတွေဝိုင်းကြည့် တိုင်းလဲ မျက်စိ နဲ့ ဘလက်ကာယာ အလုပ်ခံရသလို ခံစားရတယ်။ နောက်ပြီး အဝတ်အစား မော်ဒယ်တယောက်အနေနဲ့ ပြောရရင် ရင်သားကြီးတိုင်း အင်္ကျီဝတ်ရင် ကြည့်ကောင်းတယ် လို့ပြော မရပါဘူး။ ကျတော် ဆိုအမြဲလိုလို အမဲရောင် အင်္ကျီတွေ ဝတ်လေ့ရှိတယ်။ ဒီလို ဝတ်ခြင်းအားဖြင့် ရင်သားကြီးတာကို ကြီးတယ်လို့ မထင်ရအောင် ကာကွယ်နိုင်တယ်လေ။

လက်စသတ်တော့ ရင်သားကြီးတဲ့ ယောက်ျားတွေမှာလဲ ရင်သားကြီးတဲ့ မိန်းမတွေ နဲ့ ခပ်ဆင်ဆင်တူတဲ့ ပြဿနာရှိတာပါပဲလား။ ဒါပေမယ့် သူတို့ရဲ့ ပြဿနာတွေ ကို ရင်သားသေးတဲ့ ယောက်ျား မိန်းမတွေကတော့ နားလည်နိုင်မှာ မဟုတ်ပါဘူး။ ဥပမာ နွေမှာ ပျော်တဲ့ အကောင်ပလောင်တွေက မိုးကို လက်မခံနိုင်သလိုပေါ့။

မိန်းမတွေ ရဲ့ ရင်သား က ယောက်ျားတွေ ကိုဆွဲဆောင်တယ်။ ဒါပေမယ့် ယောက်ျားတွေရဲ့ ရင်သားကတော့ မိန်းမတွေ ကိုဆွဲဆောင်တဲ့အပြင် ကိုယ်နဲ့ လိင်ချင်းတူတဲ့ ယောက်ျားတွေ ကိုလဲ ဆွဲဆောင်ပါတယ်။ သူတို့ရင်သားတွေကပဲ နှစ်ဆ တန်းခိုးကြီးတာလား ဒါမှမဟုတ် ….ကြီးလွန်းတာရဲ့ ဆိုက်အဖက်လား…?

“ကျတော့ ရင်သားကတော့ မိန်းမတွေအတွက် ပိုသင့်တော်တယ်လို့ ကျတော်ထင်ပါတယ်။ ကျယ်လွင့်တဲ့အတွက် မိန်းမတွေကို ကိုယ်ရောစိတ်ပါ အကာကွယ်ပေးနိုင်တယ်။ လုံခြုံတဲ့ ခံစားမှုကိုပေးနိုင်တယ်။ ယောက်ျားကောင်းတယောက်လို မိန်းမတွေကို အားကိုးချင်စိတ် ဖြစ် ပေါ်စေတယ်။ အင်း….ဒါပေမယ့် ကျတော့ ဂေး သူငယ်ချင်းအများစုကတော့ နည်းနည်း ပိုပိုသာသာကြီးတဲ့ ရင်သားရှိတာမျိုးကို ပိုသဘောကျကြ ကြိုက်ကြတယ်။ အဲ့လို ရင်သားမျိုး ကမှ လိင်ဆွဲဆောင်မှု ကိုဖြစ်စေတယ်လို့ ဆိုကြတယ်။” လို့ အဲ့ဒီ မော်ဒယ်က ဆက်ပြော ပါသေးတယ်။

တကယ်ပါ မပြောရင် သိမှာမဟုတ်ဘူး။ တလျောက်လုံး ယောက်ျားတွေ ရဲ့ ရင်သား က မိန်းမတွေ ကို လုံခြုံမှု ပေးနိုင်တဲ့ ကုတင်တလုံးလို့ ထင်ထားခဲ့တာ။ မိန်းမတွေ ကို မှီနား ခွင့်ပေးနိုင်တယ်။ ဘဝ အမောတွေ ချွေးသိပ်ဖြေစေနိုင်တယ်။ အနားယူ အိပ်စက်နိုင်တယ်။ လိုအပ်တဲ့အခါမှာ နာနာကျင်ကျင်နဲ့လ ခိုဝင်ဲ ငိုကြွေးနိုင်သေးတယ်။ မတွေးမိတာက ယောက်ျား တွေရဲ့ ရင်သားဟာ ကုတင်သာသာ မကပါဘူး မိန်းမတွေအတွက် “အိမ်”ပါ။ ရင်ခွင်လို့တောင် တင်စားခေါ်ဝေါ်ကြသေးတာ။ တချို့လူတွေက အိမ်ကြီး ရခိုင်နဲ့နေချင်ကြတယ်။ တချို့ ကျတော့လဲ အိမ်တခုမှာ အဓိကအကျဆုံးက နွေးထွေးမှု လို့ဆိုကြပြန်တယ်။ တချို့ကကျတော့ အိမ်ဆိုတာ အဆင်ပြေဖို့ အရေးအကြီးဆုံးတဲ့ ပြန်ချင်တဲ့အချိန်ပြန်နိုင်တာပေါ့တဲ့။

ဒါကြောင့် အကျဉ်းချုပ်ရရင် ကြီးမာကျယ်ပြန့်တဲ့ ရင်သားဖြစ်ပစေ၊ သေးကွေးတဲ့ ရင်သား ကျဉ်းကျဉ်းလေးဖြစ်ပစေ၊ ကြွက်သားအပြည့်နဲ့ ရင်သားဖြစ်ပစေ၊ အမွှေးတွေနဲ့ ရင်သားဖြစ်ပစေ မိန်းမတယောက်အတွက်တော့ အိမ်ကောင်းကောင်းတလုံးဖြစ်နိုင်ပါတယ်ဆိုတာပါပဲ။ ကိုယ့်ရဲ့ အိမ်မှာ နေမယ့် အိမ် ပိုင်ရှင် မိန်းမတယောက်ကိုတွေ့ပြီဆိုပါမှ ယောက်ျားတွေ ရဲ့ ရင်သားဟာ အဓိပ္ပါယ်ပြည့်ဝလာတယ်။ အကျိုးရှိရှိ အသုံးကျလာတယ်။ တည်ရှိနေရတာ အဓိပ္ပါယ် ရှိလာ တယ်။ အဲ့လိုပဲ အမြဲ မတ်မတ်ရပ်နေဖို့လဲ ခွန်အားတွေရှိလာတယ်မဟုတ်လား…?

မှတ်ချက်။ ယောက်ျားတွေ ရဲ့ “ရင်သား” ကို “ရင်ဘတ်” လို့ခေါ်ပါတယ်။ “ရင်ခွင်” လို့လဲ တင်စား သုံးနှုန်းကြသေးတယ်။

A Chen
5:03 AM
1st September 2010
Wednesday
Home
Bangkok

7 comments:

  1. မိန်းမတွေ ရဲ့ ရင်သား က ယောက်ျားတွေ ကိုဆွဲဆောင်တယ်။ ဒါပေမယ့် ယောက်ျားတွေရဲ့ ရင်သားကတော့ မိန်းမတွေ ကိုဆွဲဆောင်တဲ့အပြင် ကိုယ်နဲ့ လိင်ချင်းတူတဲ့ ယောက်ျားတွေ ကိုလဲ ဆွဲဆောင်ပါတယ်။

    ပို့စ် ကောင်း၏။

    Gym ရောက်ရင် Chest တွန်းတဲ့နေ့ကို သဘောအကျဆုံး။ :)

    ReplyDelete
  2. မောင်တေဇာ မရိုးပါ
    GYM ရောက်ရင် ရေချိုးခန်းမှာလဲ အချိန်အကြာကြီး ဆွဲမချိုးနေနဲ့အုံးနော်
ှုဲငှဲငှဲငှဲ တီသိနေတယ်

    ReplyDelete
  3. David Aye Myat - ဟောတော့။ ရှာကြံလဲရေးတတ်ပါ့။ မောတယ်။Sep 1

    ReplyDelete
  4. Addy Chen - ဟုတ်တယ် နောက်နေ့မှာ စိတ် ”သန်” သော အခြောက်မများဆိုတဲ့ ဆောင်းပါးရေးအုံးမယ် အခု ရီဆတ်ခ်ျ လုပ်နေတယ် ဟိဟိEdit1:46 am

    ReplyDelete
  5. ရေချိုးခန်းထဲက မှန်ထဲက ပုံကိုကြည့်ပြီး မျောသွားတာပါ။ :P

    ReplyDelete
  6. don;t do the thing i don't think you will do OK.

    ReplyDelete
  7. I've to try to understand your related post item.
    It is out of reach.
    BINO

    ReplyDelete