Wednesday, January 12, 2011

လူနာစာ

တီချမ်းနေမကောင်းပါ။ လည်ချောင်းတွေနာနေပါတယ် ချောင်းလဲနည်းနည်ဆိုးပါတယ် အဲ့တာကြောင့် ခွင့် တရက် ယူထားပါတယ် ဒီနေ့လဲ ခွင့်ဆက်ယူရမလားတွေးနေပါတယ်
မနေ့ကလဲ ခွင့်ယူပြီးတော့ တနေ့လုံးလိုလို အိပ်နေပါတယ် ညနေဘက်ကျမှနိုးပြီးတော့ အိမ်နားက ဈေးလေးနားမှာ တိုဟူးနွေးသွားစားပါတယ် ပြန်လာတော့ အရွက်လေးတွေ တွေ့လို့ နည်းနည်း ဝယ်လာပြီး လူနာစာ လူမမာစာ ဆန်ပြုတ် ချက်စားဖို့ ကြံပါတယ် မောင်က မကြိုက်တဲ့ အတွက် သိပ် မချက်စားဖြစ်တဲ့ ဆန်ပြုတ်ပါ တီကတော့ ကြိုက်ပါတယ် ရန်ကုန်မှာနေတုံးကဆိုရင် အမေရော ကိုယ်ရော ကြိုက်ကြတဲ့ အတွက် ခဏခဏ ချက်စားဖြစ်ကြပါတယ် ချက်ရတာ လွယ်သလို စားလို့လဲကောင်း စားရတာလဲ လွယ် တအိုးချက်ထားပြီးတနေ့လုံး နည်းနည်း နည်းနည်း စားလို့ရတဲ့ အတွက် ခဏခဏ အပျင်းသားအမိ နှစ်ယောက် ချက်စားဖြစ်ကြပါတယ် နည်းလမ်းလဲ မျိုးစုံ ချက်လို့ ရတာကိုးနော် အရက်ကလဲ တီ ချက်ပြီး တင်ဖူးပါတယ် ပဲသီးဆန်ပြုတ်က ဒီမှာပါ ခုကတော့ မုန်ညှင်းဖြူနဲ့ မုန်ညှင်းစိမ်း ဆန်ပြုတ်ပါ ချက်နည်း ပြုတ်နည်းကလဲ ဆင်ပါတယ်






ပထမဆုံး အသားတောက်တောက်စင်းထားတာလေး ကို ပြင်ထားပါမယ် ဘေးမှာက ဆန် ဘူးသေး တလုံးခွဲကို ရေ နည်းနည်း နဲ့ တည်ထားပါ နောက် အကြော်အိုးနဲ့ ဆီနည်းနည်းထည့် ပြီး ခုန က ဝက်သား တောက်တောက်စင်း ကို ကြော်ပါမယ် အောက်ကပုံမှာ ကြည့်ပါ။ ကြော်တဲ့ အချိန်မှာ ပဲငံပြာရည် အကြည် နည်းနည်း နဲ့ ဆား အချိုမှုန့် သင့်ရုံထည့်ပါမယ်။ ပြီးရင် ဘေးကို ခဏ ဖယ်ထားလို့ရပါတယ်။





ဘေးမှာက လှီးချွတ်ထားတဲ့ မုန်ညှင်းဖြူ စိမ်းတွေပါ ရေစင်စင်ဆေးပြီးတော့ စစ်ထားပါမယ် နောက် ခုနက တည်ထားတဲ့ ဆန်တွေ နည်းနည်း ဆူးစပြုလာပြီဆိုရင် ခုန က ကြော်ထားတဲ့ ဝက်သား ရယ် အရွက်တွေ ရယ် ကို ရောထည့်လိုက်ပါ ပြီးတော့ ဆား အချိုမှုန့် လိုသလောက်ထည့် ငရုတ်ကောင်း မှုန့် များများလေး ထည့်ပြီးတော့ ရေ ကို လိုရင် နည်းနည် ထပ်ထည့် ချိန်ဆ ပြီးရင် မီးသေးနဲ့ ကြာကြာလေးတည်ထားမယ် ဆိုရင် လွယ်ကူသက်သာ မြန်ဆန်အရသာရှိတဲ့ ဝက်သားမုန်ညှင်း ဆန်ပြုတ် တအိုးရပါပြီ





ပြီးရင်တော့ အောက်မှာ ပြထားတဲ့ အတိုင်း ပန်းကန်လေးထဲ ကြိုက်သလောက် ထည့်စားရုံပါပဲ ကြိုက်တတ်ရင် ငရုတ်သီး ဆီချက် ကြက်သွန်ဖြူဆီချက် နဲ့ သံပရာသီးလေး ညစ်စားရင်လဲ သိပ်သိပ်ကောင်းပါတယ် ခုလောလောဆယ်တော့ တီက လည်ချောင်းကလဲနာ ချောင်းကလဲ ဆိုးနေသေးတဲ့ အတွက် ရိုးရိုးသားသား ဆန်ပြုတ်ဖြူဖြူလေးပဲ စားလိုက်ရပါတယ်လို့ ........................




ဒါလေးကတော့ စားပြီးသောက်ပြီး အဖန်တည်းတာပေါ့ တီရယ် မောင်ရယ် သားရယ်ပါ ဘာရယ်မဟုတ်ဘူး ရုပ်ရှင် ကြည့်နေရင်း ရုပ်ရှင်ထဲမှာ သောက်တာတွေ့လို့ သောက်ချင်လာတာနဲ့ အသင့် အေးထားတဲ့ ပုလင်း ဖွင့် လိုက်ကြတာာ များများ မသောက်ပါဘူး စားကောင်း သောက်ကောင်း အိပ်ကောင်း ရုံပါပဲ ဝိုင်အနီက တနေ့ ကို တဖန်ခွက် နည်းလဲမနည်း များလဲမများပဲ သောက်ရင် လူ့ခန္ဓာကိုယ်အတွက် သိပ်အကျိုးရှိပါတယ်တဲ့ နှလုံးရောဂါ တို့ ဘာတို့လဲမဖြစ်ဘူးဆိုပဲ အဲ့တာကြောင့် သောက်တာပါ သောက်ချင်လို့တော့ မဟုတ်............



A Chen
8:26 AM
12 Jan 2011
Wednesday
Bangkok
(New Home)

2 comments:

  1. I am more attracted to red wine, lol!! Take care of yourself during these windy days.

    ReplyDelete
  2. Yes, I like Boiled- rice especially with Nga- Yant...Same with my case, my mom also cooks it for me....
    Take care Addy, I think changes of weather in there is one of the causes of yr sore-throat...
    Take Some Multi-vitamin Tabs and if you need , do not hesitate to take Antibiotics for one course.
    I am sure, you will recover soon.
    Why you want to drink cooling wine ? I think any kind of cool drinks is not good for your sore throat.
    See ya Addy,
    Take care and relax.
    Love,
    Diamond

    ReplyDelete