Wednesday, April 13, 2011

အမဲသားဆီပျံ နဲ့ အာလူး စွန်တန်

အခုတလော ဟင်းမချက်တာကြာပါပြီ................မချက်တာကြာဆို စိတ်မပါတာလဲ ကြာပြီလေ..........ဘာတွေ လုပ်နေမိမှန်းလဲမသိပါဘူး...တခါတခါတော့ မောင်ချက်တာတွေပဲစား....အခါများစွာမှာတော့ အပြင်ထွက်စား.............ဒီလိုနဲ့ပဲ...............မယ်တင် ကိုပဲမျှော်ရမလား.............ဦးဘညွန့်ရဲ့ ချစ်ဒုက္ခ လို့ပဲ ညည်းရမလား............ကဗျာဘွဲ့မှုး လိုပဲ ကိုကို နဲ့ မောင်မောင် (အဲလေ ဒေါ်ရီတာ ကို စောင်းပြောတာမဟုတ်ပါ။)
ဖြစ်အောင် ရည်းစားနှစ်ယောက် ရှာရမလား.............ဒါမှ တလုံးက မီးထွန်းဖို့ တလုံးက ကက်စက်ဖွင့်ဖို့..........အဲလေ ရောကုန်ပြီ.............(တကယ်ပါ ခုထိ မေသန်းနု အဲ့ကြော်ညာမှာ ပြောတာကို တလုံးက မီးထွန်းဖို့ ဆိုတာ ကိုပဲ ပီပီသသ ကြားမိပြီး.........နောက် တလုံးက ကက်ဆက်ဖွင့်ဖို့ လို့ပြောတာ ကို အခုချိန်ထိ တလုံးက “သစ်စက်ဖွင့်ဖို့”လို့ပြောတယ်လို့ပဲ ကြားမိနေ ကြားယောင်နေပါတယ် (တီဗီ ထဲက နန္နာလှိုင်က မှားပြန်ပြီ မှားပြန်ပြီ လို့ ဝေဠုကျော် နဲ့ အတူတူ ကြော်ညာနေရင်းလှမ်းအော်ပါတယ် မှတ်ချက်-ကြော်ညာလား ကြေညာလား ကျော်ညာလား ကြော်ငြာလား သေချာမသိပါ နောက်ဆုံးဟာလို့တော့ ထင်တယ် သိရင်ပြောသွားကြပါ။ ) ခုလဲဘာတွေရေးနေမိမှန်းလဲမသိပါဘူး.......

တခါတခါ စာရေးဖို့ တောင်စိတ်မပါပြန်ပါဘူး....ခုတလောကတော့ အလုပ်တွေချည်းပဲ ဖိလုပ်နေမိတာပါ။ အလုပ်တွေတောင် တော်တော်များများပြီးသွားတယ်...........ဟိဟိ။ နည်းနည်းတောင် မနည်းချန်ထားရတယ် တော်ကြာ သင်္ကြန်ပြီသွားရင် လုပ်စရာ မကျန်မှာ စိုးလို့....တကယ်ပါ။ မနေ့ကတော့ ပိုစ့်တွေ အများကြီးတင်ရအောင် ပုံတွေပဲ တင်နေလိုက်ပါတယ်။ နောက်နေ့တွေမှာပါ ဟင်းချက်တာတွေ ဆက်တင်ဖို့ ရှိပါတယ်။.....................ကဲကဲ ခုတခေါက်တော့ ဟင်းရည်ချက်နည်းလေး တခုတင်ပေးချင်ပါတယ် နည်းထူးနည်းဆန်းတော့လဲ မဟုတ်ပါဘူး...........တီတို့ အိမ်မှာ အမြဲချက်စားနေကြဟင်းရည်ပါ မြန်မာအိမ်တော်တော်များများလဲ ချက်စားလေ့ရှိကြပါတယ်..........တရုတ်တွေကတော့ အစားပိုများတာပေါ့။ စွန်တန်ဆိုတာ တကယ်တော့ ယူနန်လူမျိုးတွေ အစားများတာပါ။ ရိုးရိုး ချက်နေကျလိုဆိုရင် ရိုးနေမှာစိုးလို့ တောတော ချက်နည်းအတိုင်း ချက်ပေး အဲလေ အူဝဲ အမေတွေ အဒေါ်တွေ နဲ့ မှားနေပြန်ပါပြီကဲပါလေ လျာရှည်နေတာနဲ့ ချက်တဲ့ဆီမရောက်တော့ဘူး......................





ပထမဆုံး ပုံ -၁- အတိုင်း အာလူးလေးတွေ ကို အခွံသင် ပါးပါးလှီးထားပါ။ ရေဆေးပြီးတော့ စစ်ထားပါ။ နောက်ပုံ -၂- မှာကြည့်ရအောင်............ဘာတွေပါလဲဆိုတော့ လေးစိတ်ကွဲအောင်လှီးထားတဲ့ ခရမ်းချဉ်သီးနှစ်လုံး ပါပါမယ်။ ရှစ်စိတ်ကွဲအောင် လှီးထားတဲ့ ကြက်သွန်နီ နှစ် ဥ ပါပါတယ်။ နောက် ခရမ်းချဉ်သီးဘေးနားက အခဲလေးနှစ်ခဲက ယိုးဒယား ခနော်ခဲလေးတွေပါ (မောင်က ကြက်သား မစားတဲ့ အတွက် ဝက်သားခဲလေးတွေကို သုံးထားပါတယ်) ဒီခနော်ခဲလေးတွေက ဆား အချိုမှုန့် အစားထည့်တာပါ။ အချိုမှုန့်ရှောင်ချင်တဲ့ သူတွေ ခနော်ခဲလေးတွေ ကို အစားထိုး သုံးလို့ရပါတယ်။ ခနော် အမှုန့်ဆိုပြီးတော့လဲ ဟင်းရွက်တွေ ဘာတွေ ကြော်ရင် သုံးတာရှိပါသေးတယ်။ ကြော်ညာ ပေးနေပြန်ပြီနော်.......................ကြက်သွန်နီဥလေးတွေဘေးကတော့ ငရုတ်သီးစိမ်းလေးတွေပါ ဓါးလေးနဲ့ နည်းနည်း ခွဲထားပါတယ် ချက်တဲ့ အခါ အစပ်အရသာ ဟင်းရည်ထဲထွက်အောင်ပါ။ ဓါးပြားနဲ့ ဖိထားလဲရပါတယ်။ နောက် သူလေးကတော့ အဓိကဇာတ်ဆောင် မင်းသမီး စွန်တန်အရွက်ပါ။ အဆင်ပြေတာ ဝယ်လို့ရပါတယ် အမျိုးအစားပေါ်လိုက်ပြီး အချဉ် အပေါ့ ကွဲတတ်တဲ့ အတွက် ကြည့်ကျက်ထည့်ပါလို့ပဲပြောလိုက်ပါတယ်။ အလယ်ကတော့ ဂျင်းလေး နှစ်တက်လောက်ကို အခွံသင်ပြီး ဓါးပြားဖိထားတာပါ။





အသင့်ပြင်ထားတာတွေ အကုန်ပြီးပြီဆိုရင်တော့ ပထမဆုံး ရေနွေးတည်ပါမယ်။ အိုးထဲမှာ ကိုယ်လိုသလောက်ရေတွေထည့်ပြီး တည်ပါ။ အာလူး ကိုပါ တခါတည်းထည့်တည်လိုက်ရင် ပိုအဆင်ပြေပါမယ်။ စွန်ဆန်ရွက်က ခဏလေး ပြုတ်ရုံနဲ့ အချဉ် အရသာထွက်ပေမယ့် အာလူးက ကြာကြာပြုတ်မှ နူးလို့ပါ။ ရေဆူပြီဆိုရင် တော့ အာလူးကျက်မကျက် ကို ဇွန်းလေးနဲ့ပဲဖြစ်ဖြစ် ထိုးကြည့်လိုက်ပါ။ အာလူး ရပြီဆိုရင်တော့ နောက်တဆင့်အနေနဲ့ အောက်မှာ ပြထားတဲ့ အတိုင်း............................





စွန်တန်ရွက်တွေကို ဟင်းရည်အိုးထဲ ထည့်ပြုတ်လိုက်ပါမယ်။ ဒီအချိန်မှာပဲ ဂျင်း ကိုလဲ တခါတည်း ထည့်လိုက်ပါမယ်။ နောက် ခဏပေးဆူလိုက်ပါ ရပြီဆိုရင် ခုန က အကျယ်တဝင့်ပြောပြ ကျော်ညာ ကြေငြာ ထားတဲ့ ခနော် ခဲလေး နှစ်ခု ကိုပါ ထည့်လိုက်ပါ။

နောက်ဆုံးအနေနဲ့ ဟင်းရည်ခဏ ဆူပြီးပြီဆိုရင်တော့ ကျန်သေးတဲ့ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ ခရမ်းချဉ်သီး တွေအကုန် တခါတည်းထည့်လိုက်ပါမယ်။ နောက် ခဏ ဆူအောင်တည်ပေးပါ၊ အချို အပေါ့ အငံ မြည်းပေးပါ။ အတော်ပဲဆိုရင်တော့ အရသာရှိတဲ့ အာလူး စွန်တန် ဟင်းရည်အချဉ် ပူပူလေး တခွက် ရပါပြီ။ ကြိုက်တတ်တယ် အိမ်မှာလဲ အသင့်ရှိတယ် ဆိုရင်တော့ နံနံပင်လေး ကို အိုးချခါနီး အုပ်လိုက်ရင် အနံ့ ပိုမွှေးပါတယ်။ တီကတော့ ကုန်နေလို့မထည့်တော့ဘူး..................။





ဒါကတော့ အမဲသားဆီပျံပါ။ ဒီမှာ ချက်နည်း တင်ထားဖူးပါတယ်။





ပြီးရင်တော့ အမဲသားဆီပျံလေးနဲ့ ထမင်း နယ်ပြီး ဟင်းရည်ပူပူလေး နဲ့ဆိုရင် ဆွေမျိုးမေ့ သွားမှာပေါ့နော်။
တီကတော့ နှစ်ခွက်ပဲသောက်ပါတယ်။ မောင်ကတော့ အရသာရှိလွန်းလို့ ဆိုပြီး.......... ၄ ခွက်ကြီး များ တောင် သောက်ပါတယ်။ ကောင်းမှကောင်းပဲ.........................

A Chen
9:46 Pm
14th April 2011
Thursday
Home
Bangkok

11 comments:

  1. ချက်ထားတာ အများကြီးပဲ.. တို့ထိတို့ထိပဲ စားသွားတယ်.. အမဲသားတော့ မစားလို့ မတို့တော့ဘူး။ ဒီည ဒိတ်ထားတယ်.. အများကြီး စားလို့ မဖြစ်ဘူး။ လှအောင်ပဲ စားသွားတယ်..

    သပသ

    ReplyDelete
  2. ချက်ပြန်ပြီ ချက်ပဲချက်နိုင်လွန်းတယ်အေ... ရှလွတ်
    စကားမစပ် ရေမစိုသေဘူးဆိုလို့ လောင်းသွားတယ် ဗွမ်း...

    ReplyDelete
  3. တီချမ်း သင်္ကြန်မှာ မုန့် လုံးရေပေါ် စားရမလားဆိုပြီးစောင့်နေတာ ၊ ဒီနေ့ ဆိုရင် အတက်နေ့ တောင်ဖြစ်နေပြီ။ ဒီမှာ ဘယ်လို ပြောပြီးဝယ်ရသလဲ ကစပြီး ရေးပေးပါနော်။ အိမ်မှာ ထန်းလျက်ရှိပါတယ်။

    ReplyDelete
  4. ညကျရင် တင်ပေးမယ်လေနော် မြန်မာနည်း ထန်းလျက် နဲ့ မဟုတ်ဘဲ တရုတ်နည်း အုန်းနို့ နဲ့ တင်ပေးမယ်
    နည်းသစ်တိုးတာပေါ့

    ReplyDelete
  5. မုန်.လုံးရေပေါ်ကို စောင်.နေပါကြောင်း

    ReplyDelete
  6. Here's not" ATAT NAE "yet.I'm waiting for ur motlone yepaw.I've planned it to offer Buddha tomorrow.Share all my good deed to you.
    Gyidaw

    ReplyDelete
  7. ဟုတ်ကဲ့ပါ ကြီးဒေါ် အခုတင်ဖို့ ပုံတွေ တင်နေပါတယ် ခဏနေရင် လာကြည့်လို့ရပါပြီ

    ReplyDelete
  8. လာစောင့်နေပါတယ် တီချမ်း

    ReplyDelete
  9. maung ka chaw lar te chan?

    ReplyDelete
  10. sorry
    if u use anonymous i usually DO NOT reply regarding my personal life
    thanks

    ReplyDelete
  11. တီချမ်း ဟင်းလက်ရာလေးတွေ အရမ်းကြိုက်တယ်။ အမြဲလာကြည့်ဖြစ်ပါတယ် :)

    ReplyDelete