Wednesday, April 1, 2009

တီချမ်း နဲ့ ဆေးရုံ

အင်းဒိုင်ယာရီ မရေးတာ တော်တော်ကြာသွားပြီ
ဘာလို့လဲတော့မသိဘူး
ခုလောလောဆယ် ဆေးရုံအကြောင်းရေးချင်နေတယ်
အင်းဘာလို့လဲတော့မသိ
ဆေးရုံတက်ရခါနီးကတခါ တကယ်တက်ရတာတခါ ဖြစ်ဖူးတယ် ကိုယ်တိုင်အတွေ့အကြုံအနေနဲ့ပါ
ဘာလို့လဲတော့မသိဘူး ပြောပြမယ်နော်
၂၀၀၃ လောက်က အိုအိုင် OIs (Opportunistic infections) လို့ခေါ်တဲ့
အခွင့်အရေးယူဝင်ရောက်လာတဲ့ရောဂါများ ဆိုတာတွေ ကြောင့် ကိုယ်သေမလို တခါ ဖြစ်ဖူးတယ်
ဆရာဝန်က ဆေးရုံတင်ခိုင်းတာ ကိုယ်က အိမ်မှာပဲသေမယ် ဆိုပြီးပေနေတာ
မသေခဲ့ဘူး သေမင်းကလက်မခံသေးလို့ ကိုယ်တခါ ပြန်လာပြန်တယ်
နောက်တခါ က ၂၀၀၅ မှာ မှတ်မိနေသေးတယ် မတ်လ ၁၁ ရက်ပေါ့
ကိုယ့်ခြေထောက်ကိုခွဲရတယ်လေ ခြေခုံမှာ- Ex P. TB (Extra Pulmonary Tuberculosis) အလွယ်ခေါ် အဆုတ်ပြင်ပ တီဘီလေ အဲဒီတုံးက ဆေးရုံကို ၃ ပတ်လောက်တက်ရတာ ကြည့်မြင်တိုင် အရိုးဆေးရုံမှာ ခိခိ ပိုက်ဆံမှမရှိတာနော် အကောင်းစားဆေးရုံကိုတက်ဖို့က
ခုတော့ ကိုယ်စဉ်းစားမိတယ်
ဒီတခါ ဆေးရုံတက်ရရင် အင်တာနက် အက်စက် internet access ရှိတဲ့ ဆေးရုံမှာတက်ချင်တယ်လို့လေ
အရင်တခါ တုံးက တော့ ပျင်းနေရတယ် တနေ့တနေ့ စာဖတ် ထမင်းစားအိပ် ပေါ့ ဘေးကုတင်က
ကောင်လေး ကို သွားသွားအားပေးတာပေါ့ သူက သနားပါတယ် ၁၉ နှစ်ပဲရှိသေးတာ
သူ့ဘ၀ ရဲ့အချိန်တော်တော်များများ ဆေးရုံပေါ်မှာ ဖြတ်သန်းနေရရှာတာ ကိုယ်နဲ့စခင်တော့ သူဆေးရုံတက်ရတာ ၃ နှစ်ရှိနေပြီ တက်လိုက်ဆင်းလိုက် နဲ့ အော်ပရေးရှင်းကလဲ ၃ ခေါက် လုပ်ထားတယ်
များသောအားဖြင့်က အိပ်နေရတာတဲ့လေ
သူလဲ Ex P. TB (Extra Pulmonary Tuberculosis) ပဲဖြစ်တာ သူကကျော မှာဆိုတော့ ပိုဆိုးတယ်လေ

ပြောချင်တာက အဲမှာ ဆေးရုံတက်တုံးက စာရေးဖြစ်တယ်
ကိုယ် တရုတ် ၀တ္ထု တအုပ်ကို ဘာသာပြန်တာ အခန်း ၆ ခန်း မှာ ၃ ခန်းလောက်ပြီးထားတယ်
နောက်တခါ ဆေးရုံတက်ရရင် ကျန်တာဆက်ပြန်မယ်လို့တေးထားတယ် အဲဒါကြောင့်ပြောတာ
ဒီတခါ ဆေးရုံတက်ရင် အင်တာနက်ပါတဲ့ဆေးရုံမှာပဲတက်မယ်လို့ ဘလောခ် လဲရေးမယ်
ဝတ္ထုလေးလဲပြီးအောင်ဆက်ပြန်မယ်လေ လာကြည့်ကြနော်
ပန်းအ၀ါလေးတွေ ယူလာခဲ့ကြ
ရနိုင်ရင်တော့ လာဗင်ဒါး လေးတွေ လိုချင်တာ မမကျွန်း ရှင်လာတဲ့နေရာမှာရှိလောက်တယ် ရှာယူခဲ့ပေးနော်
ခုလောလောဆယ် တော့ ဆေးရုံတက်ချင်နေတယ် ကိုယ်နေမကောင်းဘူး (စိတ်လေ ကျနေပြန်ပြီ)
မမကျွန်းကိုလဲသတိရတယ်

မနေ့ညကတော့ ဖိုးစိန်လေးကြောင့်တော်တော်ပျော်သွားရတယ်
အဖြူရောင်သံစဉ်ရေဒီယို မှာ သီချင်းတောင်းပေးတာ
သီချင်းနာမည် သိချင်လားမပြောပြဘူး သူ့သွားမေးကြ
ကျေးဇူးပါ ဖိုးစိန်ရယ်

တီချမ်း
၁း၄၆ နာရီ
ဧပရယ် ၁ ရက်နေ့
၂၀၀၉ ခုနှစ်
နေအိမ်
ဘန်ကောက်။

10 comments:

  1. ဖွလိုက်မယ်... တောင်းပေးခဲ့တာ ”အချစ်များသူ့ ဆီမှာ”
    ဇော်ဝင်းထွတ်...
    အဟီးး...
    ဖွတယ်..ဘာဖြစ်လဲ...
    ဒီတစ်ခါဆေးရုံတက်ရင်လဲပြောအုံး..
    ညတိုင်းသီချင်းထိုင်တောင်းပေးမယ်..အမုန်းနားထောင်ဖို့ ..
    ပန်းတော့မယူလာချင်ဘူး.. ပင်ပန်းတာများလို့ ပန်းဆိုတာကိုစိတ်ကုန်တယ်..
    ပျော်ရွှင်ပါစေ
    ဖိုးစိန်

    ReplyDelete
  2. တီတီကလည်း ဘာတွေလျှောက်ပြောနေတာလည်း ...နမိတ်မရှိ

    ပန်းက မကောင်းပါဘူး... စားစရာတွေယူခဲ့မယ်။ ဘာစားချင်လည်းပြော

    ReplyDelete
  3. အင် ၂ ယောက်ဟလုံးအပြောကြောင့်နင်သွားသည် ခိခိ
    ဆေးရုံမတက်ရပါစေနဲ့လို့တော့ အဒူမှဆုတောင်းပေးကြဘူး အီး..........ဟီး......................ဟီး.................................တိပါပီတိပါပီ နင်တို့တွေနာ့ချစ်တယ်ဆိုတာ ဂလိုကိုး................အီး...............ဟီး........................

    ReplyDelete
  4. တီ အမြဲတမ်းပြုံးပျော်ရွှင်နိုင်ပါစေ .. အမြဲဆုတောင်းပေးနေတယ်နော် ..း)

    ReplyDelete
  5. ကျားရုပ် ၊ ကျားရုပ် ဆိုလား အော်အော်နေတာကြားဖူးတယ်။ လက်သီးလက်မောင်းလေးတန်းပြီး အော်လိုက်။ ဆေးရုံတက်မှ အဲဒါကို ဘာသာမပြန်နဲ့။ အခု ဖတ်ချင်နေဘီ။ ဘာသာပြန်ပီး တင်ပေးပါ

    ReplyDelete
  6. နံပါတ်(၃)ကောမန့်ကို ဖတ်ပြီး ရယ်လိုက်ရတာ....။
    ဆေးရုံဘာလို့တက်ချင်တာတုံး.... အီတန်ချမ်းရဲ့....။
    နေမကောင်းနေရင် ဆေးခန်းပြရုံနဲ့ မရဝူးလား.....။

    လွန်ခဲ့တဲ့ နာရီဝက်လောက်က လျှာကိုက်မိသေးလား၊ အန်တီချမ်းအတင်းတွေအိမ်မှာပြောပြနေတာ...။ အိမ်ဦးနတ်ကို....။
    :P :D :)

    ReplyDelete
  7. ဟားးး ဟုတ်ပါ့ ဆေးရုံ မတက်နဲ့လို့ မတားကျဘူး
    ခွိ ခွိ တီတီက တက်ချင်နေတော့ သတိမရတာနေမှာပါ
    ဘယ်သူက ဆေးရုံ တက်ချင်မှာတုန်း တီတီက
    တက်ချင်တယ်ဆိုတော့ မတားသာတော့ဘူးလေ :)

    ReplyDelete
  8. နေပါဦးဟာ မသွားပါနဲ့ဦး
    ကိုယ့် စာအုပ် ကိစ္စ ပြီးအောင် လုပ်ပေးသွားဦးလေ

    ReplyDelete
  9. အား.........................................................
    ဒေါ်ရီတာ ရက်စက်တယ်
    နာမည် အသစ်ပေးမယ်
    နှလုံးသားမရှိတဲ့ ကွန်ပျူတာရှေ့က မိန်းမ

    ReplyDelete
  10. တီတီနော်.... ပေါက်ကရတွေ လျှောက်မတွေးနဲ့။ အသည်းအသန် ဖြစ်ရင် လာပြောချည့်... စာလာဖတ်မလို့... ခစ်ခစ်ခစ်

    ReplyDelete