Wednesday, April 1, 2009

ဖြိုးမော် မွေးနေ့လက်ဆောင်

ဦးစွာ ပထမ ဆော်ရီးပါ မောင်ဖျော်မိုးရေ
တီ တနေ့လုံး တင်ပေးဖို့ကြိုးစားပါတယ် မိတင်နဲ့ညား သွားလို့ကွယ်
အဲဒါ ခုအိမ်ရောက်မှ ကြိုးစားပမ်းစားပြီးအောင် ဘာသာပြန်
ပြီးတော့ youtube က သီချင်းကို ရှာ တင်ပေးရပါတယ်
မွေးနေ့ လက်ဆောင်ကို မွေးနေ့ မှာတော့ ရအောင်တင်ပေးချင်တယ်လေ
ဒီသီချင်းကို တီ စနားထောင်ဖူးကတည်း က သားလေး ကို သတိရတယ်
ဘာလို့လဲ ဆိုတော့ သားလေးက (အသက် က ၂၀ ပဲရှိသေးတယ်ဆိုတော့ သားလေးခေါ်ရမယ်လေနော်)
ပရိုဖိုင်းမှာရေးထားတာလေ မျက်လှည့်ကြိုက်တယ်ဆိုတာလေ
အဲဒါနဲ့ တီလဲ အစကတည်းက ဘာသာပြန်ပြီး တင်ရင် သားအတွက် ဆိုပြီး ဒယ်ဒီကေးရှင်း (dedication)ပေးမယ်လို့မှန်းထားတာ ကြားထဲမှာမွေးနေ့ နဲ့လာကြုံတာတော့ တိုက်ဆိုင်မှုပါ
ကဲကဲ လျှာရှည်နေတာတွေ ရပ်ပြီ
အောက်မှာသီချင်းအမ်တီဗီ ရော မူရင်းစာသားရော ထည့်ပေးလိုက်တယ်နော်
သီချင်းလေးက တီတင်နေကြ ဂျေးကျိုးပါပဲကွယ်လေနော်
ဘာသာပြန်တာမကောင်းရင်တီ့အပြစ်ပါ
မွေးနေ့ မှာပျော်ရွှင်ပါစေနော်
ချစ်တဲ့ တီချမ်း





မျက်လှည့်ဆရာ ဦးဦး


မင်းလက်မြှောက်တယ် မင်းခေါင်းလေးမော့နေတယ်
တို့ကို ရွေးပါ ရွေးပါ လို့အော်နေတယ်
လက်နဲ့ချုပ်ထားတယ် ရုန်းရင်းဆန်ခတ်နဲ့
မင်း မျက်နှာ ကလဲ ဝေခွဲမရဖြစ်နေပေါ့
လေတချက်အတိုက်မှာ လက်ကိုလဲ လွှတ်လိုက်ရော
ဟော………………
ပိတ်စကြီးအောက်ကအရာ ကွယ်ပျောက်သွား……….
တီးလိုက်တဲ့ လက်ခုတ်သံတွေ မိုးလုံးကိုညံရောလေ

လက်ကို ရှုပ်ရှက်ခတ်နေအောင်လုပ်ပြီး ဖြေးဖြေးလေးထိလိုက်တယ်
လက်စွပ်က ညာရောက်လိုက် ဘယ်ရောက်လိုက်နဲ့
ပရိတ်သတ်တွေ အတွက် အိပ်မက် တခုပေးမယ်
သွားကြားမှာတော့ အပြုံးနဲ့
လက်က ကြော်ညာ စာရွက် ကိုဖြတ်အသွားမှာ
ဟမ္ဘာဂါ ကို မယူဘဲ
နွားကျောင်းဦးထုပ် ကိုယူလိုက်တဲ့အခါမှာတော့
မင်းဘယ်တော့ မှ မခန့် မှန်းနိုင်ပါဘူးလေ

ငါစင်ပေါ်မှာ တကိုယ်လုံးလေထဲမှာ
ဘောလောပေါ်တဲ့ ပြကွက် ကို ပြနေတိုင်း
မင်းက စင်အောက်ကနေ ငါ့ရဲ့
ကော်ဖီ အမြုပ်တွေ ကိုခိုးစားနေကြလေ
အင်း….ခိုဖြူတွေကို လွှတ်တဲ့အခါ မှ
ငါ့ အချစ်တွေ ကို သေချာ ဖွင့်ပြောပစ်မယ်

မင်းရဲ့ စိတ်ထဲ မှာ ဘာရှိ ဘာတွေးနေလဲ ဆိုတာ ကို
ရှေးဟောင်း ဖဲချပ် ဖတ်နည်း နဲ့ ဖတ်မယ်
ငါ့လက်လှုပ်ရှားမှုက ဘယ်လောက်မြန်သလဲဆိုတော့
အမှတ်တောင် တရာကျော်နေပေါ့
ဘယ်သူပြောလဲ ချစ်သူထားရင် မျက်လှည့် ဆရာ ကိုမထားရဘူးလို့
အဲဒါကြောင့် သူက လူရွှင်တော် ဖြစ်ပြီး ငါက ဆရာဖြစ်နေတာပေါ့

မင်းလက်ကို မြှောက်တယ် မင်းခေါင်းလေးကို မော့ပြီး
ငါ့ကို ရွေးပါ ရွေးပါ လို့အော်နေတယ်
ငါ ဖဲချပ်တွေ ကိုအရောင်ပြောင်းတဲ့အခါမှာတော့
မင်းစိတ်ကြိုက် ရွေးတဲ့အရောင်ဖြစ်လာတာပေါ့
လွတ်လပ်တဲ့ နတ်ပျိုမလေး ပျောက်သွားတာ မဆန်းပါဘူး
၁၀၁ ပျောက်သွားမှ ထူးတာနော်

လက်ကိုလွှဲဖွင့်လိုက်တော့ ဦးထုပ်ထဲကနေ
ဖဲချပ်လေးတွေထွက်လာတယ်
ဖဲတွေ ကိုဘယ်လောက်ပဲ ချိုးထား ချိုးထား
မူလနေရာ ကို ပြန်ချိုးပြနိုင်တယ်
လက်က ကြော်ညာ စာရွက် ကိုဖြတ်အသွားမှာ
ဟမ္ဘာဂါ ကို မယူဘဲ
နွားကျောင်းဦးထုပ် ကိုယူလိုက်တဲ့အခါမှာတော့
မင်းဘယ်တော့ မှ မခန့် မှန်းနိုင်ပါဘူးလေ

ငါ့ကို ဘယ်ဟာက မှ အမှန်လဲလို့မမေးပါနဲ့
ငါမင်းကို လှည့် ပြတဲ့ အကြင်နာတွေ အချစ်တွေ က မှ အမှန်ပါ
ဘာလို့လဲ ဆိုတော့ အချိန်တိုင်း မိနစ်တိုင်း
ငါကမင်းကိုပျော်နေစေချင်တာလေ

မင်းရဲ့ စိတ်ထဲ မှာ ဘာရှိ ဘာတွေးနေလဲ ဆိုတာ ကို
ရှေးဟောင်း ဖဲချပ် ဖတ်နည်း နဲ့ ဖတ်မယ်
ငါ့လက်လှုပ်ရှားမှုက ဘယ်လောက်မြန်သလဲဆိုတော့
အမှတ်တောင် တရာကျော်နေပေါ့
ဘယ်သူပြောလဲ ချစ်သူထားရင် မျက်လှည့် ဆရာ ကိုမထားရဘူးလို့
အဲဒါကြောင့် စိတ်ရှုတ်မခံနဲ့တော့ စိတ်ရှုတ်မခံနဲ့တော့ စိတ်ရှုတ်မခံနဲ့တော့

အဲဒါကြောင့် သူက လူရွှင်တော် ဖြစ်ပြီး ငါက ဆရာဖြစ်နေတာပေါ့

တီချမ်း
၇း၅၆ နာရီ
ဧပရယ် လ ၁ ရက်နေ့ ၂၀၀၉ ခုနှစ်
နေအိမ်
ဘန်ကောက်။ ။

魔术先生

你举手 你抬头 你说我选我选我
手上锁 又挣脱 你仍一脸迷惑
吹个风 手一松 那硬币竟失踪
一鞠躬 那掌声 拍得凶

手交错 轻轻碰 戒指换手移动
给观众 一个梦 讶异中有笑容
手穿海报 却不拿汉堡 反而拿出牛仔帽
你永远都 猜不着

每当我在台上演出人体漂浮
你就在台下偷偷吃我的泡芙
等待白鸽飞出 再将爱说清楚

啊 读你读你读 心想啥事 用古典迫牌方式
我手法精致 艾尔姆支 雷一百分的姿势
谁说恋爱别 找魔术师 我不需要解释
所以他小丑 我是大师

你举手 你抬头 你说我选我选我
我将牌 换颜色 变出你的选择
将自由的女神 变不见 不稀奇
一零一 变不见 才惊喜

手摊开 帽子里 总能空手出牌
不管切 多少牌 总能切得回来
手穿海报 却不拿汉堡 反而拿出牛仔帽
你永远都 猜不着

不要问我到底什么才是真的
我变给你看的感情才是真的
因为无时无刻 我只想你快乐

啊 读你读你读 心想啥事 用古典迫牌方式
我手法精致 艾尔姆支 雷一百分的姿势
谁说恋爱别 找魔术师 我不需要解释
所以不用麻烦了 不用麻烦了 不用麻烦了

8 comments:

  1. ဒီဒီ့ မွေးနေ့ကျရင် တီတီ့ကို ပူဆာလို့ရပီ... ခိခိခိ ဒီဒီ့ မွေးနေ့လား
    ရောက်တော့ရောက်သေးဝူး.. ကြိုတင်တောင်းဆိုထားခြင်းပါနော်။ အဟဲ....

    ReplyDelete
  2. အော်.............ပျော်ရွှင်စရာ ကောင်းလွန်းလှတဲ့
    Blogger မိသားစုလေး ......:)
    တကယ်ကို ကျေနပ်ရပါတယ်။။။။:)

    ReplyDelete
  3. jie jie က xie xie ၀င်ပြောသွားပါလား... :P
    အော် ဒီဒီရယ် ကျွတ်ကျွတ် အားကျနေတယ် မဟုတ်လား... သိနေတယ်လေ။
    အပြုံးတွေ ဝေနေပါလား မမမာလာရယ် :) x 2
    xie xie ni, သို့သော် သားလေးတော့ မလုပ်လိုက်ပါနဲ့ကွယ် တာကောAddy Chenရယ် ရင်လေးလို့ပါ။

    ReplyDelete
  4. ဟွန့်....
    မောင်ဖျော်မိုး... အသင့်ကို အားကျခြင်းမဟုတ်ပါ...
    တီတီရဲ့ အနုပညာကို လေးစားလို့ ပူဆာတာနော်... ဟွန့်
    ဂယ်ပဲ... မွေးနေ့နဲ့ လိုက်အောင် နေတတ်လွန်းတယ်။

    ReplyDelete
  5. မွေးနေ့မှာ ပျော်ရွှင်ပါစေ ကိုဖျော်မိုးရေ

    ReplyDelete
  6. ရုံးရောက်နေတော့ အိမ်ကျမှပဲနားထောင်ရတော့မယ် ...

    ReplyDelete