Thursday, April 2, 2009

တီချမ်း ရဲ့ သီချင်းလက်ဆောင်...

မနေ့ ညက ကောင်းလေးတယောက်က တီ့ အတွက်
သီချင်းလေးတပုဒ်တောင်းပေးပါတယ်
ဒါလေးက သူ့အတွက် တီ ပြန်ပေးချင်တဲ့သီချင်းလေးပါ
ညာစွန်ထောင့် မှာ အိမ်လာလည် ရင်ကြားရပါမယ်
သိတဲ့ လူတွေ က သိကြပါတယ်
သိသလိုပဲနေပေးကြပါ
မသိတဲ့လူတွေ က မသိကြပါဘူး
မသိတဲ့အတိုင်းလေးပဲနေပေးပါ
ကျေးဇူးတင်ပါတယ်
တယောက်သောသူက သူ့ကိုပြောနေတယ် မှတ်ရင်လဲ
တည့်တည့်ပဲပြောနေတာပါ လို့ပြောချင်ပါတယ်
နေကောင်းပါစေ
အေးချမ်းပါစေ
အစစ အရာရာ အဆင်ပြောချောမွေ့ပါစေ
ချစ်တဲ့
တီချမ်း

အဲဒီ တစုံတယောက် က ငါပါ

မင်း
မင်းငါ့ ကို သတိရရဲ့လား
ငါမင်းကိုသတိရနေသလိုလေ
မင်းရဲ့ဘ၀ ကို အတိတ်ကနာရီတွေဆီ
လျောက်သွားရင်းနဲ့ ကုန်ဆုံးနေလား?
ဘာလို့လဲဆိုတော့
ငါက
ငါက လမ်းတွေကို တယောက်တည်းလျောက်နေတယ်လေ
တယောက်တည်းဖြစ်နေရတာကိုလဲငါမုန်းပါတယ်
မင်းကိုတခြားတယောက်နဲ့ လို့တွေးနေမိတဲ့အသိကြောင့်
ငါဘယ်လောက်စုတ်ပြတ်နေလဲဆိုတာ
လူတိုင်းမြင်နိုင်ပါတယ်လေ
ပြီးတော့ ငါငရဲကျသလိုဖြစ်နေတာကိုရောပေါ့

တစုံတယောက် မင်းကို ရယူချင်နေတယ်
တစုံတယောက် မင်းကို လိုအပ်နေတယ်
တစုံတယောက် မင်းကို ညတိုင်းညတိုင်းအိပ်မက်မက်နေတယ်
တစုံတယောက်က မင်းမရှိရင်
အသက်ရှုရတာတောင် ခက်နေတယ် အထီးကျန်လို့တဲ့လေ
အဲလိုခံစားနေရတာတွေကို
တစုံတယောက်က မင်းကို သိစေချင်နေတယ်
အဲဒီ တစုံတယောက်က ငါပါလေ

ဘယ်လိုလဲ ငါတို့ဘယ်လိုမှားခဲ့ကြတာလဲ
ဟိုးအရင်တုံးက အရမ်းကောင်းခဲ့တဲ့ အတိတ်တွေ
အခုတော့ ပျောက်ဆုံးကုန်ပြီ
ညတိုင်းတို့ နှစ်ယောက်ပြန်ဆုံ ခွင့်ရပါရစေလို့ ငါအမြဲဆုတောင်းမိတယ်
ပြီးတော့ တို့တွေရှိခဲ့ကြဖူးတဲ့
သာယာ ချိုမြိန်မှုတွေ က ပျောက်ဆုံးမသွားပါဘူး
ဘာလို့လဲဆိုတော့
မင်းက ငါ့အတွေးထဲမှာအမြဲရှိနေသေးတယ်လေ

တစုံတယောက် မင်းကို ရယူချင်နေတယ်
တစုံတယောက် မင်းကို လိုအပ်နေတယ်
တစုံတယောက် မင်းကို ညတိုင်းညတိုင်းအိပ်မက်မက်နေတယ်
တစုံတယောက်က မင်းမရှိရင်
အသက်ရှုရတာတောင် ခက်နေတယ် အထီးကျန်လို့တဲ့လေ
အဲလိုခံစားနေရတာတွေကို
တစုံတယောက်က မင်းကို သိစေချင်နေတယ်
အဲဒီ တစုံတယောက်က ငါပါလေ

တကယ်လို့ ငါက မင်းဘ၀ထဲမှာမရှိတော့ဘူးဆိုရင်တောင်
မင်းကတော့ ငါ့ဘ၀ထဲမှာ အမြဲရှိနေမှာပါ
ဘာလို့လဲဆိုတော့ မင်းက ငါ့ရဲ့မှတ်ဥာဏ်ထဲမှာရှိနေတာလေ

မင်း
မင်းငါ့ကိုသတိရမှာလား?
မင်းငါ့ကိုလက်မလွှတ်လိုက်ခင်
ကျေးဇူးပြုပြီးခဏလောက်တော့
နားထောင်ပေးပါနော်

တစုံတယောက် မင်းကို ရယူချင်နေတယ်
တစုံတယောက် မင်းကို လိုအပ်နေတယ်
တစုံတယောက် မင်းကို ညတိုင်းညတိုင်းအိပ်မက်မက်နေတယ်
တစုံတယောက်က မင်းမရှိရင်
အသက်ရှုရတာတောင် ခက်နေတယ် အထီးကျန်လို့တဲ့လေ
အဲလိုခံစားနေရတာတွေကို တစုံတယောက်က မင်းကို သိစေချင်နေတယ်
အဲဒီ တစုံတယောက်က ငါပါလေ

တီချမ်း
၁၁း၄၄ နာရီ
၃၁ မတ်လ ၂၀၀၉ ခုနှစ် နေအိမ်
ဘန်ကောက်မြို့။ ။

Somebody's Me
Enrique Iglesias

You, do you remember me?
Like I remember you?
Do you spend your life
Going back in your mind to that time?
Because I, I walk the streets alone
I hate being on my own
And everyone can see that I really fell
And I'm going through hell
Thinking about you with somebody else

[CHORUS]
Somebody wants you
Somebody needs you
Somebody dreams about you every single night
Somebody can't breath without you, it's lonely
Somebody hopes someday you will see
That Somebody's Me [2x]

How, How could we go wrong
It was so good and now it's gone
And I pray at night that our paths will soon cross
And what we had isn't lost
Cause you're always right here in my thoughts

[Chorus]
Somebody wants you
Somebody needs you
Somebody dreams about you every single night
Somebody can't breath without you, it's lonely
Somebody hopes someday you will see
That Somebody's Me [2x]

You'll always be in my life
Even if I'm not in your life
Because you're in my memory
You, will you remember me
And before you set me free
Oh listen please

[Chorus]
Somebody wants you
Somebody needs you
Somebody dreams about you every single night
Somebody can't breath without you, it's lonely
Somebody hopes someday you will see
That Somebody's Me [5x]

8 comments:

  1. နေမကောင်းဘူးချမ်းရေ..တကယ်ဖျားနေတာပါ
    ကဲပါ.. ကျနော့်အတွက်တင်ထားပေးတယ်ဆိုလဲတင်တယ်ပေါ့
    ဝေ့လည်ကြောင်ပတ်နဲ့ 
    ကျေးဇူးအများကြီးတင်ပါတယ်
    သတိတရ ရှိတဲ့အတွက်ရော
    အရေးတယူရှိတဲ့အတွက်ပါပေါ့
    ချမ်းလဲ စိတ်ချမ်းသာ ကိုယ်ကျမ်းမာနဲ့ 
    လိုချင်သော ဘဝတစ်ခုကို ပျော်ရွှင်စွာ
    ပိုင်ဆိုင်နိုင်ဖို့ ကို ကျနော်မောင်ဖိုးစိန်
    မေတ္တာ ဂရုဏာ အပြည့်နဲ့  ဆုတောင်းပေးပါတယ်
    သီချင်းလေးအတွက်လည်းကျေးဇူးပါ
    ကျနော်အရမ်းကြိုက်တဲ့သီချင်းလေးပါ
    တကယ်ပြောတာ
    ဒီသီချင်းလေးက ချမ်း ကျနော်အတွက်လို့ 
    မပြောခင်ကတည်းက ကျနော်ကြိုက်လို့ ဖေ့စ်ဘွတ်မှာ တင်ထားပြီးသားပါ
    အခုနားထောင်ရတော့လဲကြိုက်ပါတယ်
    ကျေးဇူးလဲတင်ပါတယ်
    ခင်မင်လေးစားစွာဖြင့်
    ဖိုးစိန်

    ReplyDelete
  2. တီချမ်းက ငယ်သီချင်းလာနားထောင်ဦးဆို လို့ လာတယ်..။
    ဒီရောက်တော့ အတိတ်ကို တူးဆွမိ ပြန်ရော...။

    တီရေ ... နဂို ကမှ ဒီလို ရက်ဆို ရင် စိတ်မပျော် ပါဘူးဆို မှ ....။
    တီချမ်း သီချင်းနားထောင် ပြီး ကဗျာ တစ်ပုဒ် စပ် ထား တယ်..။

    လာဖတ်ကြည့်ပါဦး...။

    ReplyDelete
  3. ကျွန်တော်အကြိုက်ဆုံးသီချင်းလေးတစ်ပုဒ်ပါ..။
    ငိုတောင် ငိုချင်သွားတယ်...
    တီချမ်းကြောင့်.. ဟွင့်.. ရှလူး.. ရှလူး..

    :)

    ReplyDelete
  4. နေမကောင်းနက်မကောင်းတဲ့
    ကြားက လာပြီး ပထမ ဆုံးမန့်ပေးတဲ့အတွက်
    တကယ်အမှတ်တရ ကျေးဇူးပါ စိန်
    နေမြန်မြန်ကောင်းပြီး
    အဆင်ပြေပါစေနော်
    ချစ်ချမ်း

    ReplyDelete
  5. တီတီ... နားထောင်လို့ကောင်းတယ်... ပျော်ရွှင်ချမ်းမြေ့ပါစေနော်...

    ReplyDelete
  6. Enrique ဘာဆိုဆို ကိုယ်က ကြိုက်တာ

    ReplyDelete
  7. ဒေါ်တာ သီချင်းက စိန်လေးအတွက်ပါကွယ် ငှယ်ငှယ် နာလိုမဖြစ်ပါနဲ့
    သူများတွေချစ်နေတာ ခိခိ
    မကျေနပ် ရင်တယောက်ရှာ

    ReplyDelete
  8. ဒုက္ခ မနာလိုဘူးလဲ မပြောမိပါလား

    ReplyDelete