Thursday, April 2, 2009
စိန်စားဖို့ ထမင်းပွဲ...
ခုတလော ချစ်စိန်လေး အလုပ်ရှုပ်နေပါတယ်
သင်္ကြန် အတွက် သူက ဦးဆောင်စီစဉ်နေရတယ် လို့ ဆိုပါတယ်
(ချင့်ချိန် ပြီးတော့ ယုံကြပေါ့လေနော်)
အဲဒါနဲ့ နေမကောင်းတောင်ဖြစ်ပြီး ဘာမှမချက်စားအားပါဘူးတဲ့
အဲတော့ တီ က ပဲမနေနိုင်မထိုင်နိုင် ချက်ကျွေးရတာပေါ့ ...(ဆင်ဆာ)... တာကိုးနော် ခိခိခိ
သူစားချင်တယ် ပြောတာတွေက ဒီမှာပါ
အဲကောင် က လူလေး က ချစ်စရာကောင်းသလောက် ရိုက်ပေါက်ပါ
တီက လဲဒီလိုပြန်ပြောလိုက်ပါတယ် အောက်မှာ ကြည့်ကြပါ
sein lyan tun: အသိပေးခြင်း..ကျနော့်နှင့်ချက်တင်ဝင်ချင်သူများ..တုံကင်နံပတ်ကြိုယူထားပါရန်နှင့်..ပြောချင်ဇောဖြင့်ကျော်ခွရန်ဖြစ်ခြင်းများမပြုလုပ်ပါရန်. နေမကောင်းပါသောကြောင့် ပိုနားလည်ပေးကြပါရန်..း(
Addy: ဘွတ်ကင် ယူချင်ပါတယ် စကားပြောချင်လို့ ပါခင်ဗျာ
Sent at 6:45 PM on Thursday
sein: no 1500 :)
Addy: ခိခိ အကြာကြီးစောင့်ရမှာလား
sein: စောင့်မလား
Addy: အင်း ၁၅၀၀ ဆိုရင်တော့ စောင့်မယ်လေ
Sent at 6:48 PM on Thursday
Addy: အင် ခုကတည်း က စ စောင့်နေခိုင်းတာလားဟင်...............
sein: ဟုတ်
Addy: ပြီးရော လွမ်းနေတာနော်
sein: ကျနော်လဲလွမ်းချစ်ဖျားနာ ထနေပါတယ် ဗျာ
Sent at 6:53 PM on Thursday
Addy: အင်း စိန်ရယ် နေမကောင်းဘူးဆို တီကတော့ စိတ်ပူနေရတာ
ပြီးရော အဲဒါဆို နားလည်ပေးမယ် သင်္ကြန်ပြီးရင်တော့ အဆတိုးပြီးချော့နော်
ဒါပဲ တီ က စိတ်မကောင်းဖြစ်နေတာ မနက်ဖြန်ကျ ငု ပန်းတွေ ကို ဓါတ်ပုံလိုက်ရိုက်ပေးမယ်နော်
ချစ်တယ် သတိရနေတယ် ခုတော့ ဟင်းသွားချက်လိုက်ဦးမယ် ဘာစားချင်လဲ စားဖိုမှူးကြီး
sein: ဘဲသားချဉ်စပ်ရေကျဲချက် သရက်သီးငါးပိထောင်း ပေါက်ပန်းဖြူရွှက်သုပ် မြေပဲများများနဲ့ 
ကြက်သွန်ဖြူနီကြော်ဆီချက်နဲ့သုပ်တာမျိုး နှမ်းလှော်ထောင်းနဲ့ သုပ်ပေး ပုစွန်ခြောက်ကို ရေဆေးပြီးလှော်ထည့်ပေး
အချိုပွဲက မုန့် ကြာစေ့ကို အုန်းသီများများဖြူပေး ဘယ်လိုလဲ
သရက်သီးငါပိထောင်းက သရက်သီးအစိမ်းနော် ငရုပ်သီးက ချက်ချင်းလှော်တာ
ကြက်သွန်နီကမီးဖုတ်ထားရမယ် ငပိက ဆားသိပ်များတဲ့ ငပိချိုနော် ပုစွန်ခြောက် က ရေဆေးပြီးမှလှော်ထည့်နော် သေချာညက်အောင်ထောင်း ဘဲသားက နူးအိနေရမယ် ပျော့ပြဲတာမျိုးမစားဘူး
မာနေတာမျိုးလဲမစားဖူး အနေတော်စားမယ် ချဉ်စပ်ရေကျဲနော် ဒါပဲ ဂျီးမများဘူးနော် ဖြစ်သလို အဲလိုပဲစားမယ်
Sent at 7:03 PM on Thursday
Addy: ချီးထုတ်လေး အရမ်းချစ်စရာကောင်းအောင်ပြောတတ်တယ်နော်
စကားမများနဲ့ ချက်တာစား ဒါပဲ ချက်ပြီးရင်တင်ပေးမယ်နော်
sein: ဂျီးမများပါဘူး မကြိုက်ရင်တော့မစားဘူး
Sent at 7:07 PM on Thursday
Addy: ကောင်စုတ်
Sent at 7:10 PM on Thursday
Addy: စိန် တီ ချက်ပြီးပြီ ဆာပြီလား ခုတင်နေတယ် ညကျလာစားနော်
sein: ဟုတ်အခုလာမယ်
Addy: အဲ တင်နေတုန်းလေ
sein: စောင့်နေတယ်
Addy: ဆာနေပြီလား
sein: ပထမဆုံးမမန့် ရရင် ပထမဆုံးမဖြစ်ရင်
Addy: မနက်ဖြန်ကျရင် တီ ပန်းခြံတခု မှာ စိန့်အတွက် ဓါတ်ပုံတွေ သွားရိုက်ပေးမယ်
sein: လုံးဝထပ်မမန့် ဘူး
အပင်ပန်းမခံနဲ့ 
Addy: အာ မန့်ပါ အရင်ဆုံးဖြစ်စေရမယ် စောင့်နေပေး
sein: အိုကေ
Addy: ဘွတ်ကင် နံပတ် တခါ တည်းယူသွား ၁၅၀၀
sein:း)
Addy: ခဏစောင့် ခုတင်နေတယ်
sein: အင်းပါ အေးဆေး
Addy: စိန်စားစေချင်လို့ ကြိုးစားပမ်းစားချက်ထားတာ
sein: တစ်စုံတစ်ယောက်ရဲ့ ငါနဲ့  နေနေတယ်
Addy: ကောင်းတယ်
ဒါကပထမဆုံး ဟင်းရည်ချက်ဖို့ပြင်ဆင်နေတာပါ ရှမ်း မုန်ညှင်းစော ဟင်းရည်လေးကို ပဲပုပ်လေးခတ်ပြီးချက်ပေးမယ်လေ ကြက်သွန်ဖြူနီ ကို ပြင်ထားပါတယ် ခရမ်းချဉ်သီးနဲ့ အရွက်တွေကိုရေဆေးပြီးစစ်ထားတယ်
ဒါကတော့ ကြက်အမြစ်ဟင်း ကိုအာလူး နဲ့ဆီပျံ ရေကျန်လေးချက်မှာပါ
ပြင်ထားတာပါ တီက ဘာမှမချကိခင် အားလုံးကိုကြိုပြင်ထားရတာ ကြိုက်ပါတယ်
ချက်ပြီးရင်လဲ အားလုံးဆေးပြီးဖြစ်နေအောင် ချက်ရင်းတခါတည်းပေါ်လာသမျှဆေးစရာတွေ ကို အရင်ဆေးပစ်ပါတယ်
ဒါကတော့ ငွေနှင်း မှိုလေး ကိုရေစပ်စပ်ကြော်မှာပါ
(ဒီမှာ တခုကောင်းတာ က မှိုပေါင်း တသိန်းလောက်ရတာပါ)
တချို့ဆို တီ ရန်ကုန်မှာမြင်တောင်မမြင်ဖူးဘူး
ဒါကတော့ ချက်မယ့် အဆင့်ပါ ပထမ ဆုံးအနေနဲ့ ဟင်းရည် ပါ
ရေတည်ထားတာ ဆူရင် အရွက်တွေ ခရမ်းချဉ်သီးတွေ ထည့်ပြီးနူးနေအောင်တည်ပါမယ်နောက်တခါ ထပ်ဆူလို့ အိုးချခါနီးကျရင် ပဲပုပ် ဖုတ်ထားထောင်းထားတဲ့အမှုန့်လေးထည့်ပါမယ် ပြီးရင်အချို အပေါ့ မြည်းပြီးရင် ချလို့ရပါပြီ
ဒါကတော့ ရွှေမြန်မာတော်တော်များများတတ်ပြီးသားမို့ အကျယ်မပြောတော့ဘူးနော်
ဆီပျံကို တီက ဆီသတ်ပြီးမှချက်ပါတယ် ကြက်သွန်ဖြူနီ ကိုအရင် ၀ါလာအောင် အရင်ဆီသတ်ပြီးမှ အမြစ်လေးတွေ တုံးထားတာ ထည့် နည်းနည်း နီလာအောင်ကြော်ပေး ပြီးတော့ အာလူးနဲ့ရေထည့် ဆား အချို့မှုန့် သင့်ရုံထည့် ပြီးရေမြုပ်ထည့် အုပ်ထားလိုက်တာပါပဲ ရေဆူမှ မီးအေးနဲ့ဖြေးဖြေးချင်း နူးအောင် ဆီပျံတဲ့အထိတည်ပါတယ် တခါတခါ ပျင်းနေရင်တော့လဲ လုံးချက်လိုက်တာပါပဲ အားလုံပစ်ထည့် တည်ပေါ့
ဒါကတော့ မှိုကိုတရုတ်လိုကြော်တာပါ ဆီထည့် ပူရင် ကြက်သွန်ဖြူနီ ထည့် ကြော်
မှိုထည့် ပြီး ခဏနေရင်ချလို့ရပါပြီ
ကြိုက်တတ်ရင် ငရုပ်ကောင်းမှုန့် နည်းနည်းကို အိုးမချခင် ထည့်လို့ရပါတယ်
အောက်မှာတည်ခင်းထားတာကတော့ စိန့်အတွက်ထမင်းပွဲပါ
ကိုကို မမ တီတီ မီးလေး တို့ အားလုံးလဲ လာစားလို့ရပါတယ်နော်
တီက ကပ်စေးမနဲပါဘူး
အားလုံးမိသားစုတွေပဲ လက်ရည်တပြင်တည်း တီးကြတာပေါ့
ကဲလှမ်းလိုက်စမ်းပါ ဟင်းခွက်ကို ဒီဘက် .....................
ဪ မေ့တော့မလို့ သရက်သီး က စိန်စားချင်သလို မသုပ်အားတဲ့အတွက်
အချိုပွဲအနေနဲ့ထည့်ပေးထားတယ်နော် ဘေးနားက ငပိနဲ့တို့စားရမှာ
တကယ်အတူတူနေမှ တကယ်ချက်ကျွေးမယ် ခိခိခိ
ချစ်ချမ်း
ဟင်းချက်ပြီး
ရေမိုးချိုးပြီး ရေးတင်သည်
၁၁း၂၁ နာရီ
ဧပရယ်လ ၂ရက် ၂၀၀၉ ခုနှစ်
နေအိမ် ဘန်ကောက်။
29 comments:
  1. နံပတ်မှာ (၁)
    မဖတ်ကသေးဘူး
    ReplyDelete
  2. လာ လာ ပြီ..။ တော်သေးတယ်မှီသေးလို့ ...။ ဒါတောင် ဖိုးစိန် ကဦးသွားသေးတယ်..။ ရပါတယ် ထမင်း ၀ိုင်းကျယ်တယ်ဆိုတော့ အေးဆေး ပါ..။
    အာဝူးးး ... သွားရည်တစ်တောက်တောက် ကျနေ ပြီ..။ လုမစုံသေးဘူးလားဗျို့ ..။
    ကျွေးပါတော့..။
    ReplyDelete
  3. တီချမ်းတီချမ်း
    တို့အတွက် မဟုတ်တော့လည်း ထမင်းဝိုင်းဘေးကပဲ ကြည့်သွားတယ်ကွယ်
    ReplyDelete
  4. မှိုကို အသေကြိုက်လို့ ဘယ်သူ့မှမဝေကျွေးနိုင်ဘူး
    သရက်သီးကို ငပိထောင်းမရပေမယ့်ကြိုက်တယ်
    အသီးအရွက်ကြိုက်တဲ့ ကျနော့်ကို အရွက်အသီးစုံတဲ့ဟင်းချိုချက်ပေးတဲ့အတွက်
    အကုန်သောက်အုံးမယ်..ဒါကိုတော့ဝေစားပါမယ်...
    ”မင်းကွာ..စားချင်တာချက်လို့ ပြောတာ
    တလွဲ.. နာချင်ပီးနော်.. တနေကုန် ပင်ပင်ပန်းပန်းနဲ့ ကျုပ်ကချက်တင်ဝင်
    မင်းကတော့သီချင်းလေး ကိုဆိုလို့ ဟင်းကို ပြီးစလွယ်ချက်တယ်..
    တယ်.. ငါကိုင်လိုက်ရ...(လက်ကလေးကို)
    ကျုပ်အာလူး နဲ့ ဥ ကိုမုန်းတယ်ဆိုမှ ထမင်းဝိုင်းမှာ အာလူးနဲ့ဆန္ဒပြတာလား
    တော်ကွာ... မင်းနော်မင်း... အာရုံက ဘယ်ကိုပျံ့လွင့်နေလဲ
    ဘာကြိုက်တတ်လဲဆိုတာ မင်းအခုထိ မသိဘူးလား
    တော်ပီကွာ” လို့ စိတ်ထဲက ပြောမလို့ပါ....
    ဒါပေမယ့် မအားတဲ့ကြားက ချွေးတလုံးလုံးနဲ့သေချာပြင်ဆင်ပြီးချက်ထားတဲ့
    ချမ်းကိုမပြောရက်ပါဘူးနော်...
    မမြင်ဘူးမတွေ့ဘူးပေမယ့်သံယောဇဉ်ဖြစ်မိပါတယ်...
    ချမ်းကိုလဲအမြဲပျော်နေတာမျိုးပဲနေစေချင်ပါတယ်..
    တစ်ခုခုကိုဂရုတစိုက်နဲ့လုပ်ပေးတဲ့ချမ်းကိုကျေးဇူးလဲတင်ပါတယ်
    ချမ်းကြားချင်သလို ချစ်တယ်လို့ပြောဖို့လဲဝေ့လည်ကြောင်ပတ်
    အီစီကလီလုပ်ပြီး မဖြေချင်သလို ကြောက်သလိုလို
    သူများပြောမှာကြောက်သလိုလိုမဖြေချင်ပါဘူးနော်
    ချစ်တယ်ဆိုတဲ့စကားကို ရှင်းရှင်းပဲပြောမယ်.
    ချမ်းကိုချစ်ပါတယ်
    ချမ်းရဲ့ စိတ်ဓာတ်လေးကိုလေးစားပါတယ်.
    ကိုယ့်အပေါ်ကိုဂရုစိုက်ပြလို့လေးစားခြင်းမဟုတ်ပါ..
    တစ်ခါတစ်လေ လူဆိုတာ ဘဝမှာမဖြစ်ချင်တာဖြစ်ခဲ့ရင်
    ဖြစ်သလိုနေတတ်တာမျိုးတွေကြုံရတတ်တယ်လေ
    လူတစ်ယောက်စိတ်ချမ်းသာဖို့ ချစ်တယ်ဆိုတဲ့စကားကိုပြောဖို့ဝန်မလေးသလို
    လူတစ်ယောက်စိတ်ဆင်းရဲအောင်လဲ ပြောချင်မပြောချင်ပုံစံမျိုးမလုပ်ချင်ပါဘူး
    အရာရာကို ပွင့်ပွင့်လင်းလင်းပဲပြောချင်တာပါ..
    ခံစားချက်ရှိမှလုပ်တာကောင်းတယ်ထင်လို့ပါ
    ဒီမှာလာဆုံကြတယ်ဆိုကတည်းက အရင်ကရေစက်တွေရှိကြလို့လေ
    ဒါကြောင့် ရေစက်ဘယ်လောက်ရှိတယ်ဆိုတာကြည့်ကြတာပေါ့..
    အချစ်နဲ့စရင် မေတ္တာတရားနဲ့ပဲဆုံးချင်တယ်
    အမုန်းနဲ့လဲမစချင်ဘူး
    အမုန်းနဲံလဲမဆုံးချင်ဘူး
    ဘယ်သူ့အပေါ်မှာမှလည်း အမုန်းမထားသလို
    အားလုံးကိုလဲ အချစ်မေတ္တာနဲ့ပဲတည်ဆောက်ချင်ပါတယ်
    လူ့ဘဝကတိုပါတယ်..
    တိုတဲ့ဘဝမှာ အမုန်းပွား မနာလိုဝန်တိုမယ့်အစား
    အချစ်တွေ မေတ္တာတရားတွေ ခွင့်လွှတ်ခြင်းတွေ
    နားလည်မှုတွေ ဂရုဏာတရားတွေ မုဒိတာတွေနဲ့ 
    လူသားအချင်းချင်းကူညီစာနာဖေးမလက်တွဲကြရအောင်
    ချစ်ခင်ကြင်နာမှုများစွာဖြင့်
    စိန်
    ဖိုးစိန်
    ReplyDelete
  5. ကိုကိုစိန် ကိုကိုစိန်
    မိဂျယ်ကို မေ့ပီပေါ့လေး)
    ပျော်ရွှင်ပါစေ တီချမ်းရေ စိန်ပြောသလိုပဲ
    အားလုံးတွေ့ဆုံ ခင်မင်ကျတာ
    ရေစက်၊ ရေပေါက်တွေ ပါလို့ပဲပေါ့း)
    ReplyDelete
  6. ကဲလာစားပြီ တီချမ်းရေ
    စတာပါဗျာ ပျော်ရွှင်ပါစေ...
    ReplyDelete
  7. စကားမပါ အစားနဲ့ဘဲသက်သေပြသွားတယ။်
    ReplyDelete
  8. လုံးဝမကျေနပ်ဘူး... အူးအူးဖွတ်ချိန်ကိုတော့ ချက်ကျွေးတယ်..
    မက်မက်တို့အတွက်လည်း ပါဘူး.. ချိတ်ချိုးဒယ်... ချိတ်ချိုးဒယ်... မီချမ်းကို ထော်ဒေါ့ဖူး...း(
    ချိတ်ချိုးချိုးနဲ့ အတုန်ယုံးချားပစ်လိုက်တယ်.. အူးအူးဖွတ်ချိန် ဆီကလုချားပလိုက်ဒယ်... ဟတ်ဟတ်.. :P
    မီချမ်း ထာဝရ ပျော်ရွင်ပါစေ......
    ReplyDelete
  9. အဟမ်း အဟမ်း ငါ့အစ်ကိုဖိုးစိန် ဂျီတော့ခ်မှာ ဂျီပုန်းနေတာတွေ ၊ ဖျားတရ်ဖျားတရ်နဲ့ တိုကင်ယူခိုင်းနေတာတွေက လတ်စသတ်တော့ ဒီလိုကိုး ။ ဟိဟ ။ ထားပါ ။ တီချမ်း ကျေနပ်ဘူး တီဒွင်းပြောတရိုပဲ နော်တို့အတွက်ကျတော့ မပါဝူး ။ ထားလိုက်ပါတရ် ။ မျက်နှာကြီးရာ မျက်နှာချေပိုကုန်ဆိုလား ကြားဖူးတာပြောပါတရ် ။ ဟဟ ။ အစ်ကိုဖိုးစိန်အတွက်ကို သွားရေကျသွားပါတရ်ဗျို့  ။
    (ကိုရဲ)
    ReplyDelete
  10. တော်လိုက်တာ .. တီချမ်းတို့များ .. စားချင်စရာကြီး .. တူများတော့ ရောက်တာနောက်ကျလို့ ငတ်ပါဘီ ..း(
    ReplyDelete
  11. ဟွန့်... တတ်နိုင်သူတွေတော့ လုပ်ကြပေါ့ဗျာ.... တီချမ်း.... တစ်နေ့ ကောင်းကောင်းတွေ့မယ်.. ဟွန့်
    ReplyDelete
  12. ဟင်.. တရက်နောက်ကျသွားတယ်
    ဟင်းတွေ သိုးကုန်ပြီလားမသိဘူး
    ကိုဖိုးချိန် စားမသွားတဲ့ အာလူလေးပဲစားသွားတော့မယ်။
    အဲဒီမှိုမကြိုက်ဘူး ကောက်ရိုးမှိုပြောင်းကြော်ပေး
    နောက် နေမကောင်းရင် တီကို ဆက်သွယ်လိုက်မယ်နော်..း)
    ReplyDelete
  13. တီရေ.. အားလုံးစားချင်စရာကြီးပဲ
    သရက်သီးကတော့ ဒီ့အကြိုက်ဆုံးးးး
    ReplyDelete
  14. လုပ်ကြပေါ့ မင်းတို့ခေတ်ကိုး
    စိတ်ပျက်တယ်
    :(
    ReplyDelete
  15. နောက်တာနော်
    ReplyDelete
  16. ဟတ်..ဟတ်..
    ချစ်နိုင်သူတွေ ချစ်ကြပါ..ချစ်ကြပါလေ..
    ချက်နိုင်သူတွေ ချက်ကြပါ..ချက်ကြပါလေ..:D
    အကုန်ကုန်လောက်ပီမို့ ပုံလေးတွေပဲ ကြည့်သွားပါတယ် တီတီရေ =)
    ReplyDelete
  17. ဒေါ်ရီတာ ကြီး စိတ်ပျက်နေပါတယ်
    (ခက်ဆစ်=ချစ်သူရှိချင်ပီ................)
    ReplyDelete
  18. တီချမ်းချက်တဲ့ ဟင်ချိုလေးချက်ကြည့်ဦးမှ
    ခက်တာက တီချမ်းလောက်ကောင်းပမလားမသိ...
    ဘာအရွက်ထည့်ထည့်ရလား တီ...
    ပဲပုတ်ကို အရမ်းကြိုက်...
    အဲဒီမှိုကို ကန်ဇွန်းရွက်နဲ့ ပဲကြော်စားဖူးတာ..
    ဒီတိုင်းမစားဖူးဘူး... ချက်ကြည့်ဦးမှ...
    လာလာငမ်းပြီး ပြန်ပြန်သွားရပါသည် တီချမ်းရေ...
း)
    ReplyDelete
  19. တီရေ..စိတ်ညစ်ရင်အစားဝအောင်စားဆိုလို့..အကုန်လုံးစားသွား
    ပါတယ်....
    ReplyDelete
  20. ညစာ အငတ်ခံပြီး ပေပါပြီးအောင်ရေးထားရတာ။
    ဗိုက်ဆာနေပေမယ့် မစားနိုင်တော့ဘူး။
    ဗိုက်တွေ အောင့်နေတယ်။
    မြင်သာ မြင်ရ မကြင်ရ :P
    ReplyDelete
  21. ဘိန်းပန်းချိုရေ (ဆွိပီအိုနီ ကို ထိုသို့ဘာသာပြန်လိုက်သည် ငှယ်ငှယ်)
    အရွက် က မုန်းညှင်းစိမ်းရွက်ပါကွယ် အဖူးဝါ၀ါလေးတွေနဲ့ဟာလေ
    တီတို့ တခါတခါလဲ ပြုတ်ပြီးတို့တယ်လေ
    ဒါပေမယ့် ဒီဟင်းရည်မှာအရေးကြီးတာ က ပဲပုပ်ထောင်းမုန့်ပါနော်
    မီးကင်ထားတဲ့ပဲပုပ် ကို မှုန့်နေအောင်ထောင်းထားတာလေးထည့်ရတယ်
    အဲဒါမှ သူက ပဲပုပ်နံ့လေးမွှေးနေတဲ့ ရှမ်းမုန်ညှင်းစော အနံ့အရသာလေးရတာ
    နောက်မကျည်းမှည့်လေးလဲခတ်ရတယ် တီကတော့ ဒီမှာ မကျည်းမှည့်ရှာမရလို့ ပုလင်းနဲ့လာတဲ့မကျည်းနှစ်ပဲထည့်လိုက်တာ စားလို့တော့ ဖြစ်ပါတယ် လတ်ဆတ်မကျည်းလောက်တော့ မမွှေးဘူးပေါ့ကွယ်
    ReplyDelete
  22. ကောင်းမယ့်ပုံပဲ.....။ လာလာငမ်းရတာ ရှက်လာပြီ။
    ReplyDelete
  23. :)...တီတီချမ်းရယ်။။။
    လုပ်ပေးတက်လိုက်တာ။ ကိုဖိုစီန်တော့မသိ။ဘေးက သမီးတောင်
    ပီတိနဲ့ တင်ဗိုက်ပြည့်ရပါတယ်။ကိုဖိုးစိန်မန့် သွားလိုက်တာကလည်း
    ပညာသားပါပါ ခံစားချက်အပြည့်။ တွေ့ ဆုံခိုက်မှာ မေတ္တာလေးတွေနဲ့ ။
    အားလုံးပျော်ရွှင်အေးချမ်းနေလိုက်ကြတာ။ :)
    အရမ်းကို ကြည်နူးရပါတယ်။:)
    ReplyDelete
  24. နံပါတ် ၂၄ ဆိုတော့ ကုန်ပြီနဲ့တူပါတယ်။ ဟင်းတွေက စားချင်စရာ... ဒီမှာ ဘာမှမချက်လို့ တီချမ်းလက်ရာလေးများ စားရပြီမှတ်ပါတယ်။ တူက စိန့်အတွက်တဲ့.... :((
    ReplyDelete
  25. ဇာတ်ရည်လည်သွားချိန်မှာ
    အကုန်ကုန်သွားပါပြီ..း)
    ReplyDelete
  26. တီစုတ် မစားဘူး။ သူ့လူဖို့ပဲသူချက်တာ။ သူများနေမကောင်းနေတာ ကျတော့ ဘာမှချက်မကျွေးဘူး။ ဟွန်း။
    ReplyDelete
  27. ပန်းကန်တွေရဲ့ အောက်က အောက်ခံအချိတ်လေး ပဲ သဘောကျတယ်
    ReplyDelete
  28. မုန်ညင်းရွက် စားပြီးပြန်သွားပါသည် တီတီချမ်း။
    ReplyDelete
  29. အခုမှပထမဆုံးရောက်ဖူးတာပေမယ့် အားမနာ ပါးမနာ ၀င်စားသွားပါတယ်။
    ReplyDelete