Friday, April 3, 2009
သင်္ကြန်ရောက်ပီ
အစကတော့ ပိုစ့်လေးရေးအု့းမလိုပပါ
ခုတော့ စိတ်မပါတော့ဘူးဒ
ီးအတိုင်းတင်လိုက်တယ်
“တော်ပီ
ပုံတွေကိုယ်ဘာစသာလာကူးတော့
စိတ်တိုမေနတယ် စယာလု့းပေါ့င်းတေါ့လဲမှနြေပြီ
ဒါကတော့ နိုဝင်ဘာလ အထိရေမဆေးပဲထားမယ့်ခြေထောက်ပါ
(ကတိ က ကတိပဲနော် တည်ပါစေ..............)
ဒါက ဒေါင်းတွေ ကြားက ကျီးလေးတွေ လို့ပြောချင်ပေမယ့် ငုမှာလဲ သူ့အလှနဲ့ သူပါလေနော်
ဒီပုံလေးရဲ့ အပေါ်ဆုံးက တီ့အိမ်လေးပါ
လောလောဆယ် တီဒီမှာနေနေပါတယ် ရောက်ရင် လာလည်ကြနော်
ပုံတွေ အကြောင်း ပြောရရင်တော့ စိန်က ကံကိုကောင်းတာပါ
သူလိုချင်တယ်လဲပြောရော မိုးနတ်မင်းကတောင်မနေနိုင်လို့ထ ရွာပေးတယ်
ဘန်ကောက်မြို့ကြီးလဲ စိုစို ရွှဲရော
အဲဒါနဲ့ ခွင့်နေ့တ၀က်ယူပြီး လုံပနီ (ဘုရားပွင့်တဲ့ နီပေါ က ဟာမဟုတ် ဘန်ကောက်မြို့ လယ်ဂျန်ဒရီ ပက်ပုံးနားကပါ ဘုရင် ရားမား ၆ ရဲ့ ရုပ်ထုရှိပါတယ် ဤကားစကားချပ်) ဥယာဉ်ထဲ ပုံလိုက်ရိုက်ပါတယ်
တညနေလုံးလိုက်ရိုက်လိုက်တာ ဒီလိုပုံတွေရလာပါတယ်
ကြံဖန်ပြီး ဒင်းကိုကျေးဇူး တင်ရတာက သူ့ကြောင့် မိုးရွာပြီးစ ပိတောက်တွေ ရဲ့ ရနံ့မွှေးမွှေးလေးကိုခံစားရတာပါပဲ။
အမှတ်တရပေါ့
ဪ မေ့တော့မလို့ မိုးရွာပြီးစ ဆိုတော့ ရေတွေလဲတက်နေတယ်.............
18 comments:
  1. လှလိုက်တာ၊ လှလွန်းလိုက်တာ၊ တီချမ်းရယ်။
    ပင်ပန်းသမျှ အမောတွေပြေသလို.....မြင်ရတဲ့ အခိုက်လွမ်းမိပါတယ်
    ခြံထဲက ပိတောက်ပင်တွေကို။။။။
    ဝင်းဝါနေတဲ့ ပန်းပိတောက်တွေ၊ ရွှေဝါရောင် ငုဝါတွေလို
    Blogger မိသားစု ဘဝလေးထာဝစဉ်
    တောက်ပရပါလို၏ လို့ ။။။။:)
    ဒီပုံလေးတွေရဖို့ တီတီချမ်း ဘယ်လောက်ပင်ပန်းခဲ့မယ်ဆိုတာ
    တွေးကြည့်ယုံတင်.......ကျေးဇူးတင်လွန်းရပါတယ်တီချမ်း။။:)
    ကို ဖိုးစိန် တယောက်တော့ မျက်ရည်လည်နေလောက်ပြီ။
    ReplyDelete
  2. လည်နေတာ က ကျုပ်ပါနော်
    ReplyDelete
  3. ဟယ်ဟယ်ဟယ်.... ပိတောက်တွေတော့
    ပုံတွေ တွေ့တွေ့ချင်း ဒီစကားလေးက အလိုလို ပြောထွက်မိတယ်။
    တီလည်း အရမ်းပင်ပန်းသွားရပြီနော်။။။ သိုင်းကျူး တီတီရေ... ပိတောက်ပုံတွေ့ရင် ဘယ်လို ခံစားချက်ကြီးမှန်း မသိပါဘူး တီတီရယ်... ပျော်မိသလို ၀မ်းနည်းမိသလိုလို
    ReplyDelete
  4. စိတ်ချမ်းသာရင် ပြီးတာပါပဲ
    ဖိုးစိန်အတွက် သီချင်းတင်ပေးရတာနဲ့
    ဖိုးစိန်စားချင်တဲ့ ဟင်းချက်ပေးရတာနဲ့
    ဖိုးစိန် ကြည့်ချင်တယ်ဆိုလို့ ရုံးက ခွင့်ယူပြီး ပန်းတွေ ဓါတ်ပုံပြေးရိုက်ရတာနဲ့
    (ဖော်ကောင်လုပ်လိုက်ပြီ။ ဟားဟား။ ချက်မှာ ပြောထားတာတွေလေ)
    ReplyDelete
  5. လှလိုက်တဲ့ ပိတောက်ပန်းတွေ... ကျေးဇူး တီတီ
    ReplyDelete
  6. တီချမ်းနော် မပြောလိုက်ချင်ဘူး ပြောကိုမပြောချင်ဘူး မနေ့ကတော့မိုးတွေအကြီးကျယ်ရွာ မိုးကြိုးတွေပစ်လျှက်စီးတွေလျှက်နဲ့ အခွင့်ကောင်းယူပြီးမနက်ပိတောက်ပွင့်မယ်ဆိုတာ ချောင်းနေတယ်ပေါ့ ဟွန်းးးးးးးးးး
    ပန်းယူပြီးပြန်ပြီးးးးးးး
    ReplyDelete
  7. ဘယ်သူတွေ ဘာများပြောမလဲလို့ မန့်သမျှကိုပြုံးပြုံး ပြုံးပြုံးနဲ့ကြည့်နေတာ
    ကျေးဇူးတင်ပါတယ် ချမ်းလေးရေ....
    ပိတောက်ပန်းတွေ ကိုရိုက်ပြီး တင်ပေးတာရယ်
    မေးလ်ကနေတဆင့် အကြိမ်ပေါင်းများစွာ အချိန်ကုန်ခံပြီးပို့ပေးတာရယ်
    ခြေထောက်ကိုဗွက်ထဲနင်းတာကိုဂရုမစိုက်ပဲ ပုံလှလှလေးတွေထွက်ဖို့
    ရုံးချိန်ကိုနား အပြေးအလွှားရိုက်ခဲ့တာတွေက ဖိုးစိန်အတွက်သိရလို့
    အင်မတန့် အင်မတန် အင်မတန်ကို ဝမ်းသာပီတိ ဂွမ်းဆီထိလို့
    မျက်ရည်တစ်စ ရင်တွင်းခလို့
    ကျေနပ်ပီတိ နတ်ပြည်ထိ ရောက်ရပါတယ်
    ချမ်းတစ်ယောက် မညှိုးသော ပန်းလိုထာဝရမွှေးကြိုင်လန်းဆန်း
    တက်ကြွပျော်ရွှင်နေပါစေလို့
    ကျနော်ဖိုးစိန်ဆုမွန်ကောင်းတောင်းပေးပါတယ်
    ReplyDelete
  8. လာကြည့်တယ်။
    ပိတောက်ပန်းက ပရွက်ဆိတ်တက်
    မလွမ်း။
    သင်္ကြန်က ရိုင်းစိုင်းကြမ်းတမ်း
    မလွမ်း။
    ဒါပေမယ့် ဘာကို လွမ်းနေမှန်း မသိ။
    ReplyDelete
  9. အယ် လွမ်းပါဒယ်ဆိုမှ ဓါတ်ပုံလေးတွေကြည့်ပီး ထပ်လွမ်းတွားပါဒယ် တီချမ်းရေ ။ သင်္ကြန်တွင်း ဘာရုပ်၇င်ကောင်းမလည်းလို့ ကူစဉ်းစားပေးဦး ဟီး ။
    (ကိုရဲ)
    ReplyDelete
  10. ငိုချင်တယ် ငိုချင်အောင်လာလုပ်နေတာလား။ သားသား ရန်ကုန်ပြန်ချင်လာပီ ဟီးဟီးအီး
    ReplyDelete
  11. ဒီမှာလည်းပွင့်ပါတယ် ကိုခရောင်းရဲ့
    ReplyDelete
  12. ဟွန်း ပြောကိုမပြောချင်ဘူး။ တီနော် သတိထား။ ဒါပဲပြောမယ်။
    ReplyDelete
  13. Nice flower Ko Aung Myo!!!
    Ma Win
    ReplyDelete
  14. မိုးကုတ်မှာ ပိတောက်ပင်မရှိလို့ အကုန်လုံးမသွားတယ် ကျေးဇူး တီချမ်း
    ReplyDelete
  15. ပိတောက်တွေ အများကြီးပဲ
    လှလိုက်တာ
    ထိုင်းမှာ ပွင့်တဲ့ ပိတောက်တွေလား ဟင်
    ReplyDelete
  16. စလုံးမှာလဲ ပိတောက်တွေပွင့်ပြီ တီရေ....
    ReplyDelete
  17. လှတယ်လှတယ်... ပိတောက်
    ReplyDelete
  18. ပိတောက်ပန်းတွေက လှလိုက်တာ။
    ဒီမှာမရှိလို့ ကျွန်တော် ငတ်ငတ်မွတ်မွတ်ငေးကြည့်နေမိတယ်။
    ရေးဖြစ်တဲ့ကဗျာလေးနဲ့ တွဲပြီးဘလော့မှာတင်ထားချင်လို့
    တစ်ခက်လောက် ယူသွားပါရစေ။
    ReplyDelete