Saturday, April 4, 2009

ထီဆန်းခင်ရမ်


ထီဆန်းခင်ရမ်

တခါက မျှော်မိတိုင်းလွမ်းရတယ်
မြစ်ဆုံမှာ နေလေတဲ့ ချစ်ခဲ့ဖူးသူ
တွေးလေလေ အဆွေးတွေဝေလေလေမို့
မင်းကိုလေ မေ့ကာထားရတယ်
တမ်းတဲ့ စိတ်ကို
လွမ်းတာတွေဖြေမယ်လို့ကြံတိုင်း
နွမ်းစာခွေ တွေတွေရေးကာဖွဲ့
ပို့မ၀င့်ခဲ့ သူ
အတိတ်ကယ် ချိန်တွေကလေနှောင်း
မမေ့အောင် ကိုယ်လေဆုတွေတောင်း
ဆွေးလုသည်းအူ


(လေးပါတယ် လောကရဲ့ဒဏ်မိုး
ဖြစ်ပြီးရင် ပျက်တာဓမ္မတာမို့
တဏှာကို ပယ်ကာသတ်လို့
လောကုတ္တရာမှာသာ မွေ့လျော်ရှာပါတော့ လုလင်အောင်မျိုး။)

“တော်တော်”
“ဟီးဟီး”
“ငါ့ရဲ့ဖီးလ်လင်လေးတွေတောင်ပျောက်ရလုလေ”
“ဟီးဟီး”

သည်းဆိုင်တွေ ကိုင်ကာဆုပ်သလိုပ
တွေးလေတိုင်းကိုယ်လေလွမ်းတာမို့
ငါ့ကမ္ဘာ ငါသာရှိတော့တယ်
ဪ……….
မြူတွေကဆိုင်း။ ။

“ပြီးပြီ
တွေ့လား
အင်စပရေးရှင်းကလာရင်လာသလိုရတယ်နော်
ဟိုနေ့ကတော့တ်ေတော်ဆိုးပါတယ်”

(နင့်ကမ္ဘာ မြူဆိုင်းပေမပေါ့
လုလင် ငတ လှိုင်း
ပိုင်းပိုင်းက ဆဆင်ခြင်တော့
နင့်အဖြေခဏဆိုင်း
နှိုင်းကာသာ အောက်မေ့လေ
ကမဠာန်း ကသိုင်း။ ။)

တော်ပါလေ မခေါ်ကာ မပြောချင်ဘု
နင့်ကိုလေ နောင်မှာမှတ်မိအောင်
ကြိမ်နဲ့သာနာနာတို့တော့မယ်
ကောင်းဖို့တဲ့အကြောင်း
မရှိရင် နားလည်တတ်အောင်ပါ့
အချစ်ကိုမမြင်ဖူးသူကို
တွေးမိတဲ့ခေါင်း။ ။

“ဟားဟား
ငါအလုပ်လုပ်လိုက်ဦးမယ်ဟာ
နင်နောက်မှသိမယ်”

ဟားဟားလို့ရယ်မှာပေါ့ “ငတ” ငယ်
ကဗျာတွေ့တိုင်းဘုမှုတ်လို့ရယ်
ကြိမ်းဖို့ပဲတတ်တယ်
အချစ်ဆိုတာ မြင်အောင်လုပ်ပါအုံး
နင်မသာမြေမချသေးခင်
လူလယ်တွင်တူယှဉ်တွဲတာကို
တွေ့လိုက်ချင်သေး။ ။

“ဟားဟား
ငနာကောင်
အစုတ်ပလုတ်ကောင်”

“ငနာကောင်” နာအောင်ပြောသော်လဲ
မနာပေါင် (အချစ်အကြောင်း) ငါပိုသိတာမို့
ပြောပြန်တယ် “အစုတ်ပလုပ်ကောင်”
ပြောပါစေ ကြီးတယ်သဘောထား
ချစ်သူသာမြန်မြန်တွေ့အောင်ပ
ပေးတဲ့ဆုတောင်း။


“စိတ်ပုပ်ကောင်”

“စိတ်ပုပ်ကောင်” ထပ်ကာခေါ်ပါ ပါ့
လိပ်တို့လို အခွံမာတာမို့
မမှုပေါင်နင့်အပြောတွေကို
ထပ်ဆင့်လို့လောင်း
တွေးမိတိုင်းစိတ်မကောင်းပါဘု
အချစ်မရှိသူနင့်အတွက်
စင်ပေါ်မှာပြင်ကာထားပါ့မယ်
တုတ်ခိုင်ခိုင်ငှက်ပျောတုံးကို
အသင့်ဖြစ်ဖို့အကြောင်း။

“း-၀”
“ဟားဟားတော်ပြီလား”
“အေး ပြောထား။တော်ပြီ”
“သေလဲသေပြီလေ ဟီး ဟီး
အေးငါလဲထမင်းသွားစားအုံးမယ်ဟာ
ပြန်လာမှပြန်ပြောမယ်”
“စား စားပို့နင့်အောင်စား”

စေတနာဒီလိုထားတယ်လား
နင့်အရင်းသူငယ်ချင်းကြီးကို
သေပါစေအစာတွေနင့်အောင်လို့
တောင်းဆုချွေမေတ္တာပို့တတ်တယ်
ဪ နင်စိတ်ဓါတ်အကြောင်း။

“ဟားဟား
း-)း-)”


အထူးသတိပြုရန်
ဖြေရှင်းချက်များ။ ။


အမှန်အကန် ကဗျာ
(ဘုတ်ဆုံ၏အနှောက်တရားများ)
စကားပြောများ၊ ကျိန်စာတိုက်မှုများ (မှတ်ချက်။ ။နောင်တချိန်နာမည်ကြီးခဲ့လျှင်တရားစွဲရန်)
ပြန်လည်ချေပချက်များ

BS and A Chen
3:40 pm
30th Jan 2009
Online
Bkk-Ygn

နောက်ဆက်တွဲ ထပ်၍သတ်ကြပြန်ခြင်း

ဟေ့ . . . မဆိုးဘူးနော်
(ဒါပေမယ့် ငါ့ခမျာ သနားစရာအတော်ကောင်း
သေတောင်တွဲသူမရှိမယ့် အလောင်း
အကြောင်းရယ် အတော်မလှတာမို့
နတ်ကောင်းရယ်မကာမှ နားလည်မယ့်အချစ်အကြောင်း)

ထို့နောက် (“ဟဲဟဲဟဲ”) ဟုမိန်းမ မဆန်စွာ ရယ်သေးသည်။ ။

နတ်ကောင်းငယ်တွေ အိပ်နေတာအလွန်သိုး
နင့်ကြမ္မာ တကယ်မလှတာမို့
ဆိုးလိုက်တဲ့ အကြောင်း
ကျူးပစ်မောင် ပစ်ဖို့မြှားတွေက
ဗီးနပ်စ် ဆီပေါင်ကာထားတာမို့
အချစ်နတ်တွေ ကူကာမပေးနိုင်တဲ့
နင့်ဘ၀ဇာတ်ကြောင်း။

(သြော် . . . .
နတ်တို့ရယ်တဲ့ တာဝန်တယ် မကျေ
နေပါစေငါမမှုတယ် ၀င်မဟဲ့ ဒီအခေါင်း။
ပေါင်းသူတွေမရှိစေဘု ငှက်ပျောတုံးကို ငါမဖက်ဟယ်
အရိယာ နွယ်ဝင်သူ တစ်ဦးပေမို့ . . .
ကျွတ်တန်းရယ်ချက်ချင်းငါ ၀င်ပေမယ်။
နင်သာလျင် လူ့ အညစ်လောကမှာ
ရုန်းပါလေ့ ကောင်းကောင်း။)

အထူးသတိပြုရန်
ဖြေရှင်းချက်များ။ ။


(ဘုတ်ဆုံ၏အနှောက်တရားများ)
ပြန်လည်ချေပချက်များ

A Chen
Edited at 4:27 pm
4th April 2009
Home
Bkk

ထီဆန်းခင်ရမ်

တခါက မျှော်မိတိုင်းလွမ်းရတယ်
မြစ်ဆုံမှာ နေလေတဲ့
ချစ်ခဲ့ဖူးသူ
တွေးလေလေ
အဆွေးတွေဝေလေလေမို့
မင်းကိုလေ မေ့ကာထားရတယ်
တမ်းတဲ့ စိတ်ကို
လွမ်းတာတွေဖြေမယ်လို့ကြံတိုင်း
နွမ်းစာခွေ တွေတွေရေးကာဖွဲ့
ပို့မ၀င့်ခဲ့ သူ
အတိတ်ကယ် ချိန်တွေကလေနှောင်း
မမေ့အောင် ကိုယ်လေဆုတွေတောင်း
ဆွေးလုသည်းအူ
သည်းဆိုင်တွေ ကိုင်ကာဆုပ်သလိုပ
တွေးလေတိုင်းကိုယ်လေလွမ်းတာမို့
ငါ့ကမ္ဘာ ငါသာရှိတော့တယ်
ဪ……….
မြူတွေကဆိုင်း။ ။

တီချမ်း
4:44 pm
4-4-2009

12 comments:

  1. တကယ်ပြောတာ
    ဘာတွေမှန်းကိုမသိဘူး
    နားမလည်နိုင်သောဘာသာစကားများ

    ReplyDelete
  2. အင်းတော်ရုံ တန်ရုံ အိုင်ကျူနဲ့တော့မရဘူးလေ စိန်ရဲ့ ခိခိခိ

    ReplyDelete
  3. နားလည်ချင်ယောင်ဆောင်သွားရမလား
    အမှန်အတိုင်းပြောသွားရင်ကောင်းမလား

    ReplyDelete
  4. စာပိုဒ်တိုင်း ကောင်းနေပါ့လား..း)

    ReplyDelete
  5. အင်း သခင်ကိုယ်တော်မှိုင်း စိတ်ပျက်လောက်ပါရဲ့ရှင်
    (ကိုယ်ကတော့ စိတ်မပျက်ပါဘူး)

    ReplyDelete
  6. တွေ့လား တီပြောသားပဲ အိုင်ကျူလိုတယ် ဆိုတာ
    နားလည်တဲ့သူက နားလည်တယ် တွေ့လား
    မမသီရီ စကားပြေ ပြန်ပေးလိုက်ပါတော်
    ခြင်္သေ့ ကောင် နဲ့ မျောက်စုတ်မျောက်နာ ကို

    ReplyDelete
  7. ဖတ်ပြီးသားကြီး ပြန်တင်တယ်... လူဇိုးပဲ

    ReplyDelete
  8. ဒေါ်ဆင်ဒန် လားရေ သည်းခံပါကွယ်
    တီ က ၂ လပိုင်းက စပြီး ဒီဘလောခ်လေးရေးပါတယ် အဲဒီ ၂လ ပိုင်းမှာပဲ ပိုစ့် ၆၀ တင်ပါတယ်
    ဘယ်သူမှလာမဖတ်ကြပါဘူး
    ဘလောခ်ဂါတွေ ရဲ့ဆိုက်ကိုပဲဆိုပါတော့
    အဲတာကြောင့် ခုစာသိပ်မရေးအားသေးတဲ့အချိန်မှာ ပြန်တင်ပေးတာပါ
    မဖတ်ရသေးတဲ့စာအုပ်က အသစ်ဆိုသလိုပေါ့
    ပြင်ထားပါတယ် နည်းနည်းပြန်ပြီး..........နော်
    ရှင့်ကိုတော့ အားလုံးလာဖတ်ထားတဲ့အတွက် ကျေးဇူးရှယ်ပါနော်

    ReplyDelete
  9. ဖတ်သွားတယ် တီရေ..
    ကောင်းပ ကဗျာလေးတွေ..
    ဒါလဲ လက်တန်းပဲလား...
း)
    ဒါနဲ့ 
    ထီဆန်းခင်ရမ် က ဘာ အဓိပ္ပါယ်လဲ
    အဲဒါတော့ တိဝူး
    အိုင်ကျူနိမ့်တယ်ပဲထားပါတော့
း(

    ReplyDelete
  10. မောင်စိန်မသိစေနဲ့နော်
    ခွိခွိ အမှန်အတိုင်းပြောပြရမလားဟင်
    အဲတာ ရည်းစားဟေင်းနာမည်ပါကွယ်
    ကချင်တိုင်းရင်သားလေးပါ အဲတာကြောင့်
    “မြစ်ဆုံမှာ နေလေတဲ့
    ချစ်ခဲ့ဖူးသူ”လို့ပြောတာပေါ့ကွယ် ခိခိ
    ထပ်ပြောမယ်နော် မောင်စိန်မသိစေနဲ့

    ReplyDelete
  11. အမှန်အတိုင်းပဲ ၀န်ခံလိုက်မယ်။ အိုင်ကျူနိမ့်တယ်
    တီနော် မျက်နှာမများနဲ့ ကိုဖိုးစိန်နဲ့တိုင်လိုက်မှာ...
    တယောက်ဆိုတယေက်
    ပိတောက်ဆိုပိတောက်
    ကိုဖိုးစိန်မရှိမှ နောက်တယောက်ပေါ့

    ReplyDelete
  12. အဟိ
    မိနေခြည်နော်
    တိုင်ပေါ့ ပြောထားတယ် စိန်က ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ခွင့်လွှတ်ပါတယ် တဲ့
    ခုသူ့ကိုအချစ်ဆုံးဖြစ်ရင်ပြီးရောတဲ့ ခိခိ
    ပြီးတော့ တီကလဲ တယောက်ဆိုတယောက်
    ပိတောက်ဆိုပိတောက်
    ခြောက်ဆိုမှ အခြောက်ပါနော် ခိခိခိ

    ReplyDelete