Sunday, April 5, 2009

ရန်ဖြစ်ဖော်

ရန်ဖြစ်ဖော်

ကိုယ်တို့တတွေ ဘ၀မှာ အမြဲတမ်း ချစ်တဲ့လူတယောက် ရှာဖွေနေကြတယ်။ တပြိုင်တည်းမှာပဲ ရန်ဖြစ်ဖို့လူတယောက်ရှာနေရတာနဲ့ တူပါတယ်။
တခါက အမျိုးသမီးတယောက်က အထီးကျန်စွာနဲ့ ကိုယ့်ကို ပြောပြဖူးတယ်
သူ့ယောက်ျားဆုံးပြီးကတည်းက ရန်ဖြစ်ချင်လို့တောင် ဖြစ်စရာအဖော်မရှိတော့ဘူးတဲ့။

ရန်ဖြစ်ဖော်ဆိုတာ ပြောတော့သာလွယ်တာ တကယ်တန်းကျတော့ ရှာရတာ မလွယ်ပါဘူး။

ဥပမာ….
တချို့လူတွေက ကိုယ်တို့ က သွားပြီးဖက်ဖြစ်နေစရာ ကိုမလိုတာ ဒါက လယ်ဗယ် မတူတာကိုပြောချင်တာ
တချို့ကျ ပြန်တော့ ကိုယ်တို့က သူတို့နဲ့ ရန်သွားဖြစ်နေချင်စိတ်ကိုမရှိတာ
ဒါကျတော့ ဥပေက္ခာလို့ပြောရင်ရတယ်
ဘာလို့လဲဆိုတော့ သူတို့ ကို စိတ်လဲမပူဘူး စိတ်လဲမ၀င်စားဘူး ဘယ်လိုမှမနေလို့ဘယ်လိုမှမနေတာပေါ့လေနော်
သူတို့ ရဲ့ ဖြစ်ချင်းပျက်ခြင်းတွေ အတွက်
“ဪ….” ဆိုတဲ့ အာမေဋိတ်ကလေးတောင် ကိုယ့်မှာမရှိ……….

ကဲ ရန်ဖြစ်တဲ့အကြောင်းလေးပြန်ဆက်ချင်တယ်

ရန်ဖြစ်ပြီးပြီ ဆိုရင်များသောအားဖြင့် ပျော်စရာ၊ ချစ်စရာ၊ ကြည်နူးစရာ ကိစ္စလေးတွေ နောက်ကနေ လိုက်ဖြစ်လာတတ်တယ်
ဥပမာ……

  • သူ့ကိုပွေ့ဖက်ထားချင်တာ
  • သူ့ရဲ့ကောင်းကွက်လေးတွေကို ပြန်ပြန်မြင်ယောင်လာပြီး ကိုယ်ဆိုးတာတွေ ကို ကိုယ်ပြန်တွေ့လာရတာ
  • သူ့ကို ကိုယ် အခုမှ ဒီလောက်ထိချစ်နေတာပါလား လို့ ကိုယ်ကိုယ် ကိုလဲ ပိုသိမြင်လာတာ
  • ကိုယ်ဘ၀အတွက် သူကအရေးကြီးသလို သူ့ဘ၀အတွက် ကိုယ်ကလဲ ဘယ်လောက်အရေးကြီး ဘယ်လောက်အရေးပါသလဲဆိုတာ ပိုသိမြင်လာတာ
  • ပြီးတော့ ကိုယ့်သိက္ခာတွေ မာနတွေကို ဘေးမှာ ပုံချပြီး တော့ ရန်ဖြစ်တဲ့ ကိစ္စမှာ ဘယ်သူမှားမှား ချစ်တဲ့စိတ်လေးတခု ထဲနဲ့ သူ့ကိုတောင်းပန်ဖို့ အဆင်သင့်ဖြစ်နေတာ ကို ကိုယ်ကိုယ်ကိုယ် သိမြင်လာတာ စသဖြင့်ပေါ့လေ။

တကယ်ချစ်တဲ့သူနှစ်ယောက်ကြားမှာ ရန်ပွဲဆိုတာ တကယ်တော့ အချင်းချင်းနောက်တခေါက် အစကနေ ပြန်ပြီး အပြန်အလှန် နားလည်သဘောပေါက်လာစေတာပါ။ ဘ၀ရဲ့အနှစ်သာရရှိတဲ့ပျော်စရာတမျိုးပေါ့…………
အရသာရှိတဲ့ နားလည်မှုတမျိုးလို့လဲ ပြောလို့ရမယ်ထင်တယ်။

အသက်ကလေးတွေ ငယ်တုံးကတော့ ရန်တခါဖြစ်တိုင်း တို့နှစ်ယောက်တော့ “ကွဲ” ကြတော့မယ်။ ဒီတခေါက်တော့ တော်ပါပြီ၊ ဒီကောင်စုတ်ကို မချစ်တော့ဘူး၊ ပြန်လာခေါ်ကြည့် ဝေါနဲ့လာပင့်တောင် ပြန်မလိုက်တော့ဘူး လို့ ထင်ခဲ့ တွေးခဲ့ကြတယ်။

အသက်တွေကြီးလာတော့ မှ ရန်ဖြစ်ခြင်းဆိုတာ နားလည်ခြင်းတမျိုး၊ အချင်းချင်း ကြားမှာ အသစ်ပြန်လည် ရှာဖွေတွေ့ရှိခြင်းတမျိုး ပဲဆိုတာ တဖြည်းဖြည်းနဲ့ နားလည်သဘောပေါက်လာခဲ့တယ်။ ရန်ဖြစ်နေခြင်းကပဲ တဦးရဲ့တည်ရှိမှု ကို တဦးမြင်သာထင်သာရှိလာစေတာ၊ တဦးနဲ့တဦး ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ဆိုတဲ့ ဖြစ်တည်မှု ကို နားလည်သဘောပေါက် ခံစား မြင်ယောင်တတ်စေလာတာလေ။

အချင်းချင်း ဆဲဆို အော်ဟစ်ပြီး အော်ကြီး ဟစ်ကျယ်ရန်ဖြစ်ရတာကလဲ တကယ်ချစ်တဲ့ နှစ်ယောက်စလုံးအတွက်တော့ ဟောဒီ ကောင်းကင်ကြီး အောက်က တခုတည်းသော နှစ်ဦးတည်းပိုင်ဆိုင်တဲ့ ရတဲ့ ချစ်အရသာပါ။ ဘယ်သူကမှ ကိုယ်လောက်သူ့အပေါ်နားမလည်သလို၊ ဘယ်သူကမှလဲ သူ့လောက်ကိုယ့်အပေါ် နားမလည်နိုင်ပါဘူး။

ဘယ်လောက်သေးတဲ့ကိစ္စလေးဖြစ်ပါစေ တဘ၀ကို နှစ်ယောက်ထဲနဲ့တည်ဆောက်နေတဲ့ လူနှစ်ယောက်အတွက်တော့ ရန်အဆက်မပြတ် ဖြစ်စရာ သေးငယ်တဲ့အကြောင်းသေးသေးလေးတွေပါပဲ။

နောက်ဆုံးတနေ့ တယောက်မရှိတော့ဘူး ဆိုတော့ မှ ရန်ဖြစ်ဖော်တယောက်မရှိတဲ့ ဘ၀၊ ရန်ဖြစ်ဖော်တယောက် ဆုံးရှူံးရတဲ့ အဖြစ်ဟာ ဘယ်လောက် ၀မ်းနည်းစရာကောင်းတဲ့အဖြစ်လဲဆိုတာ ကိုယ်တို့ နားလည် လာကြမယ်လေ။

တီချမ်း
နေ့လည် ၁း၄၅ နာရီ
ဧပရယ်လ ၅ ရက်နေ့ ၂၀၀၉ ခုနှစ်
နေအိမ်
ဘန်ကောက်။

မှတ်ချက်

ဤဆောင်းပါးသည် သူချစ်ကိုယ်ချစ် ရှာယူထားသူ သူရဲကောင်းများအတွက် ရည်ရွယ်ပါသည် မိဘပေးစားတာ ဆိုရင်တော့ ကိုယ်လဲမသိ

မှတ်ချက်အတွက်နောက်ထပ် မှတ်ချက်

ဤ အထက်ဖော်ပြပါ မှတ်ချက်ကိုမကျေနပ်လျှင် ကြိုက်သလိုသဘောထားကွဲလွဲပါနော်
ဥပမာ… သူချစ်ကိုယ်ချစ်ရှာယူ မှ သူရဲကောင်းဆန်တဲ့အချစ်လား? အချစ်စစ်လား? မိဘ ပေးစားပြီးချစ်သွားတာကျတော့ရော?
ဘာညာ စသဖြင့် ကြိုက်သလိုတွေး၍ ကြိုက်သလိုကွဲလွဲပါလေနော်


ဝန်ခံချက်။ ။

အခေါက်ပေါင်း ၇၈ ကြိမ်လောက်ကြည့်ပြီးခဲ့တဲ့ ကြည့်တိုင်းလဲထပ်ခါထပ်ခါ ငိုရတဲ့ တစ်ရှူးဘူး နဲ့ရေခဲမုန့် အကုန်ဆုံးစံချိန်ချိုးတဲ့ အသည်းနှလုံးကို ဖရဏာပီတီ ဂွမ်းဆီထိစေတဲ့ စိတ်နှလုံးကို ကြည်နူးနှစ်သိမ့်စေတဲ့ စတဲ့… တဲ့… ပေါင်းများစွာပိုင်ဆိုင်တဲ့ ရုပ်ရှင်ကားကောင်းလေးတကား ပီအက်စ် အိုင်လဗ်ယူ P.S. I love You ရဲ့အဖွင့်ဇာတ်ဝင်ခန်းရယ်၊ ဒေါ်ရီတာ နဲ့ပြောဖြစ်တဲ့ စကားတွေရယ် ခုတလောဖြစ် ဖြစ်နေရတဲ့၊ ချစ်စရာကောင်းတဲ့၊ ကိုယ်တို့ နှစ်ဦးတည်းပဲ ဆိုင်တဲ့၊ ပိုင်တဲ့၊ စတဲ့ နာမ၀ိသေသနလေးတွေ အများကြီးပိုင်တဲ့ စတဲ့ (ဒုတိယံမိ တဲ့တွေအများကြီး လာပြန်တဲ့…) ရန်ပွဲလေးတွေ ကိုအခြေခံပြီး ရေးပါတယ်။

ပီအက်စ် အိုင်လဗ်ယူ P.S. I love You ရဲ့ (သရုပ်ဆောင်တွေက မီလျှံဒေါ်လာဘေဘီ Million Dollars Baby က ဟီလာရီဆွင့်ခ် Hilary Swank နဲ့ သရီးဟန်ဒရက် 300 က ဂျရတ်ဘတ်တလာ Gerard Butler ပါ။ ရုပ်ရှင်ကြိုက်တဲ့ မမကွမ် မကြည့်ရသေးရင် ညွှန်းချင် ပါ တယ်။ ရုပ်ရှင်ကြည့်ရတာကြိုက်တယ်ဆိုရင် တီ့စာဖတ်သူတွေအားလုံးကိုလဲ ဒီကားလေးတော့ ကြည့်ဖြစ်အောင် ကြည့်စေချင်ပါတယ်။ ဒီဝတ္ထုကိုရေးတဲ့ စာရေးဆရာမလေး စီစီလီယာအေဟန် Cecelia Ahern က ဒီဝတ္ထုရေးတဲ့အချိန်မှာ အသက်က ၂၁ ပဲရှိပါသေးတယ်(တီ့ထက်နဲနဲပဲကြီးတယ် ခိခိ ဤကားကြေညာစကားချပ်))

19 comments:

  1. This comment has been removed by the author.

    ReplyDelete
  2. ဒီမှာ လာဖတ်ဖူးသမျှထဲ ဒီပို့စ်လေး ကို အတော်လေး နှစ်သက်မိပါတယ်
    အဆင်ပြေပါစေ

    ReplyDelete
  3. တီတီချမ်းရေ....အရမ်းကို ကောင်းလွန်းလှတဲ့ အတွေးတွေနဲ့ ရှင်းလွန်းတဲ့
    အရေးလေး။။။။အရမ်းကြိုက်တယ် တီတီချမ်း။ သတိတွေပေးနေပြန်ပြီ။ရန်
    ဖြစ်ဖော်တွေကို တန်ဖိုးထားဖို့ လေ။ ကျေးဇူးပါ တီချမ်းရယ်။ :)

    ReplyDelete
  4. တီချမ်းရေ ... ပထမဆုံး အကြိမ်ရောက်ခဲတာပါ။ ဖိုးစိန်ဆီကတဆင့်ပေါ့။ ဖတ်ခဲ့သမျှထဲမှာတော့ ဒီပိုစ့်လေးကို အကြိုက်ဆုံးပဲ။ ရောင်ပြန်တော့ ရန်ဖြစ်ဖေါ် ၂ ယောက်တောင်ရှိတယ်။ ဟီး ဟီး ......

    ခင်မင်လျှက်
    မေတ္တာရောင်ပြန်

    ReplyDelete
  5. တီ ဆို ဖိုးစိန်ကျေးဇူး ကြောင့် တကယ့် ရန်ဖြစ်ဖော် က ၃ ယောက်
    အဲတာတောင် တီသိတာနော် မသိတာတွေရှိသေးတယ် ခိခိ
    ဖြူ ရယ် ချစ် ရယ် အိ ရယ် တီ ရယ်ပေါ့ကွယ် ခိခိခိ
    ဖြူက တော့ မနက်က တီ သတ်သေ တယ်ဆိုလို့ လာအော်သွားတယ် စီပုံးမှာ
    ဘာတဲ့ ရန်သူတယောက်တော့ လျော့သွားပြီဆိုလား ခိခိ

    ReplyDelete
  6. ဒီပို့စ်လေး ကိုအကြိုက်ဆုံးပဲလို့ပြောတာ ၂ ယောက်ရှိပြီ
    အရင်ဟာတွေ မကြိုက်ကြဘူးပေါ့
    ရပါတယ်အေ
    နောက် ကျူပ်နာမည်ကြီးမှ လက်မှတ်လာမထိုးခိုင်းနဲ့ ဟွင်းဟွင်း စတာနော်
    အားပေးတာ ကျေးဇူးတင်ပါတယ်
    တီ လဲသတိထားမိပါတယ်
    တီ ဆောင်းပါးရေးရင်လူတွေ က ပိုကြိုက်ကြတယ်ဆိုတာ
    ဒါပေမယ့် တီ က တခါတခါ မှာ မကြာမကြာလဲ ဂေါက်တတ်လေတော့
    ကဗျာကဗျာ ဘာဘာညာညာတွေ လဲရေးမိပြန်တယ်
    မနက်ကတင်တဲ့ပို့စ်လိုပေါ့နော်
    ခွင့်လွှတ်ပြီးအားပေးနေကြတာကျေးဇူးတင်ပါတယ် အားလုံးကို အာဘွား..................နော်

    ReplyDelete
  7. Tcahn,
    This is a tough post. Even her warm smile makes me confident. By the way, I bought your fav: film "P.S I love u" as well. The best scene is when actor and actress meet again at pub, the singing actor comes down and said 'nice jacket'. (actually it is owed by him). Background music is so nice either.
    Glacier

    ReplyDelete
  8. P.S I love you အခွေကိုလေ ဒီမလာခင်တုန်းက ရန်ကုန်မှာကြည့်ဖြစ်တယ်။ ပြီးတော့ အခွေထားခဲ့တာ။ ကြည့်ခဲ့တဲ့ကားတွေများပြီး ဇာတ်လမ်းကိုမေ့နေတယ်။ မှတ်မိတာကတော့ ကြည့်တုန်းကတော့ အဲဒီကားကိုတော်တော်ကြိုက်တယ်။ ဇာတ်လမ်းပြန်ပြောပြ။
    မှတ်ချက်။ ။ ရန်ဖြစ်ဖော်မရှိပါ။ ရန်ဖြစ်ပြီးပြန်ချစ်ရတဲ့အရသာကို မသိပါ။

    ReplyDelete
  9. ဒီလိုသားမျိုးလေး မွေးချင်လိုက်တာ.

    ReplyDelete
  10. မိဘ သဘောတူပြီး ပိုက်ဆံ များများ ရှာနိုင်တဲ့ ကိုယ့်ချစ်သူကို အရယူနိုင်သော မိန်းမမျိုးကမှ တကယ့် သူရဲကောင်းမကြီးပေါ့။
    (သားရွှေအိုးထမ်းလာတာ မြင်ချင်ပါတယ် ဆိုတာ ဒါမျိုးကို ခေါ်တာ။)

    ReplyDelete
  11. တီချမ်း ကြည့်ဖူးဘူး နော်လည်း နိုချင်လယ် လင့်ခ်လေးပေးပါလား နော်နော်နော်နော် ။ ဘေးမှာ အ၀တ်စုတ်နဲ့ ရေခဲရေဘူးချထားပါဒယ် ။ ဟီးးးးးး ။ ကိုဖိုးစိန်က တီပြောလို့တဲ့ သောက်ဖို့သွားခေါ်တာတောင် ငြင်းလွှတ်သဗျာ ။ ဘိုရုပ်မဲ ချတာချတာ :P

    (ကိုရဲ)

    ReplyDelete
  12. ကိုရဲ
    ညီလေးက အကို့ကိုနောက်တယ်..
    အကိုကညီခေါ်တိုင်းသောက်နေကျပါ...

    ReplyDelete
  13. အဟမ်း...

    ဒီပို့ စ်လည်းကြိုက်တယ် အရင် ပိုစ်တွေလည်းကြိုက်တယ်

    ဒါပေမယ့် အကုန်လုံးတော့မဟုတ်ဘူး..။
    မကြိုက်တာတွေလည်းရှိတယ်

    ReplyDelete
  14. ဘာမှ မပြောလို

    ReplyDelete
  15. တန်ဖိုးထားပါ့မယ် တီရေ

    ReplyDelete
  16. သိနေတယ်နော် မိမိခါးလေးရေ

    ReplyDelete
  17. အင်း..တီပြောတာဟုတ်တယ်... ဒါပေမယ့် အဲဒီရန်ဖြစ်တဲ့ ခဏလေးကတော့ ပင်ပန်းတယ် တီရဲ့

    ReplyDelete
  18. ရန်ဖြစ်ဖော် ပျောက်သွားလို့
    ဇာတ်လမ်းပို့ပေး

    ReplyDelete
  19. ဟုတ်တယ် တီချမ်းပြောတာ လက်ခံတယ်
    အခုတော့ တားရဲ့ ရန်ဖြစ်ဖော် ငဖြိုးက
    မြန်မာပြဘ်ပြန်တော်မယ်ဆိုတော့
    တားယေး ကျင်းနေဖီ အဟင့် :'(

    ReplyDelete