Saturday, April 11, 2009

အမှတ်တရ သင်္ကြန် ၂၀၀၉



အမှတ်တရ သင်္ကြန် ၂၀၀၉

အနီတွေ၊ အ၀ါတွေ၊ အစိမ်းတွေ
ဘုရင်တွေ၊ တပ်က်ဆင်တွေ၊ ဘာညာတွေ
လူထု အခြေပြုမလား၊ မပြုဘူးလား???

သင်္ကြန်တွေ ဆုန်ခရမ်တွေ
နင်ရယ် ငါရယ် ရေပက်တာတွေ
လူစီတာ မစီတာ ထွေထွေရာတွေ

ဪ အခုတော့လဲ
ဘန်ကောက်ကြီးက
တစပြင်လိုပါပဲလား?

ရေတွေ……..ရေတွေ………………
ဘယ်မှာလဲ?

ပန်းပိတောက်တွေတော့
ပွင့်လို့တောင်ကြွေ
မြေမှာချနင်း ငါ့ရင်ထဲက သက်ဆင်း

ဘယ်မှာလဲ ခုတော့
တနင်္ဂနွေကောင် အတွက်
နွေကတောင် တချို့ တချို့တွေ ထက်ပိုပူနေပါလားနော်

တီချမ်း


ညနေ ၉း၀၄ နာရီ
နေအိမ်
ဘန်ကောက်။ ။
(အမှန်ကတော့ ဘယ်တုံးကမှ
သင်္ကြန်ကို မကြိုက်ခဲ့ဘူး
ရေးစရာလဲမရှိပါဘူး
အမှတ်တရဆိုတာတော့ ဝေလာဝေး
ခုတော့လဲ ဒီလိုပေါ့နော်
ရေးစရာလေးတွေရလာတယ်
ဒီပိုစ့်လေးအတွက် ရေးဖြစ်အောင်ခံစားချက်တွေပေး(ခဲ့)တဲ့
ရေးဖြစ်စေခဲ့တဲ့
ကျေးဇူးတင်ရမယ့် လူတွေ
အားလုံးကိုဒီနေရာကနေ
ကျေးဇူးစကားပြောချင်ပါတယ်နော်)

14 comments:

  1. ခုလို ရေးပေးလို့ ဒီဒီတို့ကလည်း ပြန်လည်ကျေးဇူုးတင်ပါတယ်ရှင့်... အဟိ...

    ReplyDelete
  2. သင်္ကြန် အမှတ်တရကတော့ ဟုတ်ပါပြီ...
    ခြေမဖွက်ထားတဲ့ ခြေထောက်က ဘာအထိမ်းအမှတ်လဲ...

    ReplyDelete
  3. တီတီ... လာ
    အဲဒီတစ်စပြင်ပေါ်မှာ မဏ္ဍာပ်တွေ ဆောက်ပြီး သင်္ကြန်ကျမယ်။ တီတီက ဖျော်ဖြေရေးကို တာဝန်ယူ... မောင်ငယ်က အဆိုပိုင်းတာဝန်ပေးလိုက်။ ရောင်နဲ့ ဒီဒီက ကျွေးမွေးရေးလုပ်မယ်။ ဖိုးဂျယ်က အက ကခိုင်းမယ်... အဟား ဂွတ်နေတာပဲ...

    ReplyDelete
  4. အင်း
    မေဒီ ရေ ဒီ အုပ်စု (အင်း အဖွဲ့ ပေါ့ တချို့ က အုပ်စုလို့ပြောရင်တယ်မကြိုက်ချင်ဘူးလေ ခိခိ)
    ဆုံမိရင်တော့
    အဲတာဆိုရင်တော့ သေချာတာက
    အရက်ဝိုင်းဖြစ်သွားမှာ ခိခိ

    ReplyDelete
  5. အရက်ဝိုင်းတော့ မလုပ်နဲ့လေ၊ ဘီယာလောက်တော့လုပ်

    ReplyDelete
  6. ဟုတ်ကဲ့ အားလုံးကို ကျေးဇူးတင်ပါတယ်။

    ReplyDelete
  7. ပိတောက်ပန်းပုံလှလှလေးတွေကို အလုပ်ပျက်ခံ ဗွက်ပေခံပြီးရိုက်ကူးပေးခဲ့တဲ့
    ချမ်းချမ်းကိုလဲ ကျေးဇူးတင်ပါတယ်..(အထူးသဖြင့်
    ကျနော့်အတွက်ဆိုပြီး အရေးတယူလုပ်ပေးခဲ့မှုကိုလဲလေးစားရပါတယ်)
    အခုဆို ချမ်းချမ်းရိုက်ပေးခဲ့တဲ့ ပိတောက်ပန်းတွေက ဘလော့တခွင်ပျံ့နှံ့လို့နေတယ်
    ဘယ်လောက်ကြည်နူးစရာကောင်းလိုက်သလဲလို့
    နှစ်သစ်မှာ ပျော်ရွှင်မှုအပေါင်းနဲ့ပြည့်စုံပါစေဗျာ
    ချစ်ခင်လေးစားစွာဖြင်
    ဖိုးစိန်

    ReplyDelete
  8. သြော်.. ဒါရေမဆေးပဲထားမယ့်ခြေထောက်လား...။

    ReplyDelete
  9. ဒီဇာတ်လမ်း မပြီးသေးဘူးလား
    (tag game ကို ဆိုလိုခြင်းမဟုတ်ပါ)
    ကာယကံရှင် သကောင့်သား နှစ်ယောက်ကိုသာ ဆိုလြိုခင်း ဖြစ်ပါသည်။

    ReplyDelete
  10. ပန်းပိတောက်တွေတော့
    ပွင့်လို့တောင်ကြွေ
    မြေမှာချနင်း ငါ့ရင်ထဲက သက်ဆင်း..

    တို့တက်နင်းမိတာတော့ တီချမ်းရဲ့ ပိတောက်တွေ မဟုတ်ဘူးနော်...

    ReplyDelete
  11. ကောင်းလိုက်တဲ့ ကဗျာလေး...
    အနီအ၀ါတွေကြားမှာ သူတို့ ဆုန်ခရမ်လည်း တစပြငလို ဖြစ်လို့

    ReplyDelete
  12. မေဒီ က တားတား တို့ ကို ပါဆွဲ ထည့်သွားတယ်...။တူ့ ဘာတာ ကဲချင်တာ ကို...။ တစ ပြင်ကိုမလာရဲ ဘူး ... တရဲဂျောက်ရယ်...။

    ReplyDelete
  13. ဒီလိုအချိန်တွေဆိုရင် သတိရနေဆဲပါ
    သင်ကြန်ရက်တွေထဲမှာ...

    အင်း ဒီသီချင်းလေးလည်း ကောင်းဒယ်။

    ReplyDelete
  14. ကဗျာလေး ဖတ်သွားတယ် တီ

    ReplyDelete