Monday, April 13, 2009

ကိုယ်တော်လေးတည်ဖို့ပွဲတော်(အားလုံးအတွက် အမှတ်တရ)

တနေ့ က အလာဂျစ်ရှိတယ်ဗျ ဆိုတဲ့ ပိုစ့်လေးမှာ မောင်ဖျော်မိုးတယောက် ကြက်ကြော်စားချင်တယ်ပြောပါတယ်။ မန့်ထဲမှာပဲ တီ့သမီး ဘာဘာလေး ကလဲ စားချင်တယ် ဗြဲလို့ ဆိုလာပါတယ်။ အဲတော့ ရှိတာလေးတွေနဲ့ လုပ်ပေးလိုက်ပါတယ်။စေတနာပါ။
အမေ၀ယ်လာတဲ့ကြက်ကြော်မဟုတ်ပေမယ့် တီကြော်ကြွေးတဲ့ကြက်ကြော်ပါ၊ အဲလိုသဘောထားပြီးစားပေါ့နော်။ မောင်ရင်လေးစားနေတာတွေက ကျန်းမာရေးနဲ့ မညီညွတ်ဘူးလေ။
အကိုတွေ အမတွေ ဦးဦးတွေ ဒေါ်ဒေါ်တွေ ဘွားဘွား စသူတို့ကလဲ စိုးရိမ်ကြပါတယ်။ ဆီကြော်တွေစားတာများလို့။
အဲတော့ သားလေးရေ လိမ္မာတော့.......

ပထမ ဆုံး ကြက်ကို ခုတ်ထစ်လှီး ပြီးတော့ ဆား၊အချိုမှုန့် သင့်ရုံထည့် နနွင်းလေးနဲ့ နယ်ပါတယ်




ပြီးရင်တော့ ဆီပူပူမှာ ခုလိုထည့်ပြီးကြော်ပါမယ်။ မကျွမ်းအောင်တော့ ကြည့်နေပေးပါ။



ဒါကတော့ ဘူးတွေ ပုလုံးတွေ ကိုကြိုက်တတ်တဲ့ ကိုယ်တော်လေးအတွက်ပါ။ရှိတာလေးတွေချကျွေးတာပါ။
အောက်ဆုံးဘူးက အရီးတောင်း ဆတ်သားခြောက်ကိုပဲဆီလေးဆမ်းထားတာပါ။ အောက်ကနေဆက်လာတဲ့ဒုတိယမြောက်ဘူးကတော့ ငါးနီတူ အစပ်ကြော်ပါ၊ နောက်တော့ ၀က်ခေါက်။ အပေါ်ဆုံးဘူးလေးကတော့ ငါးနီတူပါပဲ ဒီက ယိုးဒယားတွေ အချိုကြော်ထားတာ ၀ယ်စားတာပါ။ ကိုယ်တွေဆီက အစပ်ကြော်လောက်တော့ မကြိုက်ပေမယ့် သွားရည်စာအဖြစ်တော့ အိုကေပါတယ်။ ပဲစိမ်းလုံးလေးတွေနဲ့ နှမ်းတွေပါတယ်။ဘေးကတော့ ဘာလချောင်ကြော်ပါ။ တလောက ရုံးက တီ့ကိုချစ်သူများ ထည့်ပေးလိုက်တာတွေ မကုန်သေးတာပါ။ ဘူးထဲမှာ ကြာလာရင်နံမှာစိုးလို့ ပြန်ထုတ်နွေးပေးထားတယ်။
အောက်မှာတော့ ကြော်ပြီးလို့ အသင့်စားဖို့ဟင်းပန်းကန်ထဲထည့်ထားတဲ့ကြက်ကြော်ရယ်၊ ပိုစားမြိန်အောင်ငယ်ငယ်က ကိုယ်စားခဲ့ရသလို ထမင်းပူပူလေးကို ခုနက ကြက်ကြော်ဆီလေးထည့် ဆားနည်းနည်းဖြူးပြီးနယ်ပေးထားပါတယ်။ နောက်အရည်သောက်ကလေးပါအောင် ပဲနီလေးတခွက်အမြန်ချက်လိုက်ပါသေးတယ်။ ကိုယ်တော်လေးထမင်းစားတာ ချောက်သယောင်းနေတတ်လို့ပါ။ မန့်ထဲမှာ လည်း ဖျော်မိုးလေးရဲ့ jiejie က ထမင်းစားတာ အရည်သောက်မပါလို့ ပူထားပါသေးတယ်။
သားလေးရဲ့ မေမေလို့တော့ခေါ်နဲ့လို့ပြောထားတဲ့ ဘွားဘွား ကလည်းသနားတယ်လို့ဆိုထားပါတယ်။ တီကလည်းသနားတာပါပဲ။အဲတာကြောင့်ချက်ကျွေးတာပေါ့နော်။ ထမင်းကလဲဆီနဲ့နယ် ကြက်ကြော်ကလည်းဆီကြော်ဖြစ်တဲ့အတွက် ရေခွက်ချထားပေးပါတယ်။ ရိုးရိုးရေပါ ရေခဲရေမဟုတ်ပါဘူး။ ဒါမှစားထားတဲ့ဆီတွေဗိုက်ထဲမှာ မြန်မြန်ခဲမသွားမှာလေ။အဲလိုဆို ကင်ဆာ ဖြစ်တတ်တယ်တဲ့ ဘယ်ထဲလဲမသိဖတ်ဖူးတယ်။ ဖြစ်နိုင်ရင်တော့ ထမင်းစားရင်ရေနွေးကြမ်းသောက်တာ အကောင်းဆုံးဆိုပဲ။ ကိုယ်တောင်အရင်က ထမင်းစားရင် ကိုကိုလာကွာ ဆိုပြီး ကိုကာကိုလာနဲ့မျောမျောချနေတာ။ အဲဒီအကျင့်က မကောင်းဘူးဆိုလို့ ခုတော့ ပြင်လိုက်ပြီ။ အဲတော့ ကိုယ်တော်လေးရေ စားသတိ သွားသတိနော်။ အဲလိုပြောရင် တဆက်တည်း လောလောဆယ်နေမကောင်းဖြစ်သော်လည်း အသားကုန်ကဲနေတဲ့ မယ်ငေါင်တကောင်ကိုလဲ သတိရမိ ပြန် ပါတယ်။ ခုလိုတိုင်းတပါးမှာ ကျောင်းတွေလာတက်၊ အလုပ်တွေလာလုပ်နေကြတဲ့အခါ
မိဝေး ဘဝေး နေထိုင်မကောင်း ဖြစ်ရင် အင်မတန် သနားစရာကောင်းပါတယ်။အဲတာကြောင့် ကိုယ်က တတ်နိုင်တာလေးတွေ လုပ်ပေးတဲ့သဘောပါ။
ကဲကဲ
အောက်မှာ စားသွားကြပါအုံးနော်။



ဒါကတော့ ထမင်းစားပြီးရင် အချိုတည်းဖို့ သရက်သီးပါ။ အစေးထွက်အောင်စိမ်ထားတာ။ သရက်သီး ဆိုမှ သရက်သီးကြိုက်တယ်လို့ပြောတဲ့ လူတယောက် ကို သတိရမိပြန်ပါတယ်။(ခက်တယ်နော် သံယောဇဉ်တွေများတယ်ပူတာပဲ)။ ဒီမှာတော့ အဲဒီသရက်သီးက ၁၂ရာသီ ရပါတယ် ကောက်ညှင်းအချိုချက်လေးထဲ အုန်းနို့နဲ့ စားကြတာပါ။ ယိုးဒယားအချိုပွဲတမျိုးပေါ့။


အားလုံးကိုခေါ်ပါတယ်နော်။ အရင်တခေါက်က မခေါ်လို့ စိတ်ကောက်တဲ့ တီ့သမီး ကိုလဲသတိတရခေါ်ပါတယ်ကွယ်။ ပြီးတော့ ဒီဒီ၊ မိုင်ဒီယားလေးဒိုင်ယာရီ၊ မာလာ၊ မမကျွန်း၊ ပေါ်မလာ အတော်ကြာနေတဲ့ ဏီဏီ (အင်း အင်းလျားလမ်းမှာမကဲရလို့ကောင်မလေး ကေအယ်လ် မှာကဲနေပြီထင်ပါ့)၊ ခါးခါး၊ ၁၇ ရက်နေ့ ရန်ကုန်ပြန်မယ်ဆိုတဲ့ မိန်းမစိမ်း(မပြန်ခင်လာစားသွားပါအုံး)၊ စီလုတ်မလေး ရောင်ရောင်၊ အသည်းကွဲမလေး မိကြယ်၊ ရုပ်ရှင်မကြည့်ရလို့ငိုနေတဲ့ မယ်ပြာ၊ သတင်းတွေလိုက်ရလို့မောနေမယ့် ဦးမွန်၊ ၀တုတ်မလေး မီးလေးဇာ၊ ကောင်လေးတွေဖြစ်တဲ့ အမြဲစိမ်းဖြိုး၊ ဂျဲဂျယ်၊ ဂျိုကာ၊ဘယ်အဖွဲ့ထဲထည့်ရရမလဲမသိတဲ့ ဒေလီယာ သူသူ၊ အဒေါ်ကြီးရီတာ မောင်နှမနှစ်ယောက် မြောင်း နဲ့ ညီ တိုဟူးနွေးစားချင်တယ်ဆိုတဲ့ ကိုရဲ (အကိုရေ လောလောဆယ်တော့ ကြက်ကြော် နဲ့ထမင်းဆီဆမ်းနဲ့ပဲအရင်ကျေနပ်ထားပါနော်)၊ မှတ်မှတ်ရရ ထည့်ပြောချင်တာ အမြဲလာတဲ့ ဘိန်းပန်းချို (sweetpeony) နဲ့ စင်းဒန်လာ (sin dan lar)၊ ပူးကလေး နောက်ဆုံးအနေနဲ့ တီ့အိမ်ကိုလာလည်ကြသော တီ့ကိုချစ်သော တီ ကချစ်သော သူအားလုံးကိုလဲ စားသွားကြပါလို့..............................................
ဘယ်သူမှမကျန်ဘူးထင်ပါတယ်နော် ကျန်ရင်လဲစိတ်ကောက်ကြနဲ့နော်
စာကြွင်း။ ။

မနေ့က ညနေက မြောင်းလေးတို ညီတို့နဲ့စကားပြောအပြီး ညနေ ၄ နာရီလောက်မှာ အိပ်ပျော်သွားပါတယ်။အဲတာ ည ၁၁ ခွဲမှပြန်နိုးလာတော့ ထချက်၊ ပြုတ်၊ ရေမိုးချိုးပြီး တော့ ည ၁ နာရီကျော်နေပါပြီ။ ထမင်းပွဲကို ကုတင်ပေါ်မှာပြင်ပြီးတော့ ထုံးစံအတိုင်းရုပ်ရှင်ကြည့်ရင်းစားပါတယ် ရင်ရှုပ်ချင်လို့ပါ။ ဟာနေတယ်း)

နောက်တော့ စားပြီးအိပ်ပျော်သွားလို့ သူငယ်ချင်း တယောက်အကူအညီလှမ်းတောင်းတဲ့အချိန်မှာ အိပ်ပျော်နေပါတယ်။ စိတ်မဆိုးဘူးလို့မျှော်လင့်ပါတယ်။ ခုမနက်နိုးမှ လက်ကျန်ပိုစ့်ကိုရေးတင်တာပါ။ ညက ပုံတွေ အပ်လုတ် လုပ်ပြီးဆေဗ့်ထားခဲ့တာလေ။

အားလုံးကို သိပ်သိပ်သိပ် ချစ်တဲ့
တီချမ်း
၁၀း၄၃ နာရီ
၁၃ရက် ဧပရယ်လ ၂၀၀၉ ခုနှစ်
ဘန်ကောက်မြို့
နေအိမ်။

28 comments:

  1. တစ်ကယ်စားရရင် ဘယ်လောက်ကောင်းလိုက်မလဲ တီတီရယ်..
    ဟင့်..ခုတော့ ပုံတွေနဲ့ပဲ စားနေရတယ်..
    သဘောကောင်းတဲ့ တီတီ နှစ်သစ်မှာ စိတ်ရော လူရော ကျန်းမာပျော်ရွှင်ပါစေ..
    (စကားမစပ်.. တီတီက အိမ်မူကိစ္စလဲ တယ်နိုင်နင်းသကိုး.. ဒါနဲ့များ အသီးကွဲနေတာ.. အံ့ရော.အံ့ရော.. ခွိခွိ)

    ReplyDelete
  2. မနက်စာ လာစားသွားတယ်ဗျို့ ။ ညနေတခေါက် ပြန်လာ လွေးမယ်။ ကောင်းမှကောင်း

    ReplyDelete
  3. သဇင်ဏီပြောတာလည်း ဟုတ်ပါ့... အသီးကွဲနေကြောင်းကို...
    အဲဒီလို ကြက်ကြော် ဘယ်နှခါစားစား မရိုးဘူး... ဪ... စိတ်ကူးနဲ့ စားနေရတဲ့ဘ၀ သနားစရာပါလား။ ပီအမ်ကတော့ ဒီမန့်မန့် ဖတ်ပြီး မထီပြုံး ပြုံးနေတော့မှာ မြင်ယောင်သေး... ပါးစပ်ကလည်း မနာလို မဖြစ်စမ်းပါနဲ့လို့ ပြောမှာ သေချာတယ်။ ဘယ်ရမလဲ... သူမရောက်ခင် အရင်လာတွယ်ပြီး သူ့အတွက် အရိုးပဲ ချန်ထားပေးခဲ့မယ်။ ဟင်းရည်ကတော့ လက်ကျန်ပဲ ချန်ထားမယ်။

    ReplyDelete
  4. စားသွားတယ။် ကောင်းလိုက်တာ။ သိတ်တော်တာဘဲ။

    ReplyDelete
  5. ပီအမ်ကို ဆီတစ်ပုံးလောက်ပေးချင်တယ။်

    ReplyDelete
  6. နှစ်သစ်မှာ ချမ်းမြေ့ပါစေ

    ReplyDelete
  7. ကိုယ်တော်လေးမလာခင် အကုန်စားသွားပြီ...
    ကိုယ်တော်လေး ဟင်းရည်ပဲသောက်ပါစေလေ... ဟီး ဟီး

    မုန့်လုံးရေပေါ်လည်း ကျွေးပါဦး

    ReplyDelete
  8. ချစ်တီရေ .......... ရုံးမှ lunch time လေးရလို့ အပြေးအလွှား တီချက်ထားတဲ့ ထမင်းလေး လာစားတယ်နော်။ ကောင်းလိုက်တာ တီရယ်။ အိမ်က မေမေချက်တဲ့လက်ရာနဲ့ တထပ်တည်းပဲ။ အရမ်းကျေးဇူးတင်ပါတယ်နော်။ ဒါကြောင့်တီကို ချစ်ရတာ....

    ချစ်တူမလေး
    ရောင်ရောင်

    ReplyDelete
  9. ငှင့် ချေတဏာချိုပြီးတော့ တူချည်းဘဲချားဏေဒယ်.. ဂယ်လဲကျွေးဘူး..။ ကြည့်လို့တော့ကောင်းတယ်.. သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်နဲ့..။

    ReplyDelete
  10. အဲလို ဟင်းတွေချက်၊ အဲလို သပ်သပ်ရပ်ရပ်ပြင်ဆင်ထားလေ... များ ရှက်လာလေ..... အိမ်က မောင်ကြီး ဒီဘလော့ကို လာမကြည့်ဖြစ်အောင်လုပ်ထားမှ... ။

    ReplyDelete
  11. အရသာရှိတဲ့စာပေဆိုတာဒါမျိုးကိုပြောတာ

    ReplyDelete
  12. ကောင်းလိုက်တဲ့ ဟင်းတွေ ဒီပုံတွေ မြင်မှ နေ့လည်စာ
    မစားရသေးတာ သတိရတယ်။
    ပုံတွေ ကြည့်ပီး သွားရည်ကျရင်း စားလိုကဦးမယ်။

    နှစ်သစ်မှာ ပျော်ရွှင်ပါစေ တီချမ်းရေ

    ဂျယ်ဂျဲ (ခ) ဖိုးဂျယ်

    ReplyDelete
  13. ရှက်..ရှက်..
    ကျနော့်ကြတော့ခေါ်မကျွေးတော့ဘူးပေါ့လေ..း)
    ကြက်ကြော်ဆိုရင်တော့ကြိုက်တယ်.. မခေါ်လဲစားသွားပါတယ်..
    ထမင်းပူပူလေးကို ကြက်ကြော်ဆီလေးဆမ်းပြီး ဆားနဲ့နယ်
    ပြီးရင်ငပိထောင်းလေးနဲ့စား ကြက်ကြော်လေးကိုကိုက်...
    အား ..ပြောရင်းနဲ့ စားချင်သွားပြီး..အိမ်ပြန်တော့မယ်

    ReplyDelete
  14. အရမ်းကောင်းတာပဲ .. တ၀စားသွားလိုက်တယ် ..း)
    သိုင်းကျူး တီရေ
    ခုလို သတိတရ ခေါ်ကျွေးလို့
    ဒီကလည်းငတ်နေတာ :P

    ReplyDelete
  15. တီရေ အခုလေ ကျောင်းကပြန်လာတော့ နေ့လည်စာစားဖို့မေ့ပြီး စားမလာခဲ့ရဘူး။ အိမ်မှာလည်း ခေါက်ဆွဲခြောက်ပဲရှိတာ။ (မေ့စရာရှားလို့နော်။) ဗိုက်ဆာနေတယ်။ တီခေါ်ကျွေးလို့အများကြီး ကျေးဇူးတင်ပါတယ်။ အခုဗိုက်ပိုဆာလာတယ်။ ဘယ်လိုလုပ်မလဲ။ ဟင့်။

    ReplyDelete
  16. အာရား
    ပလွပ်ပလွပ်
    စားချင်စရာ တကယ့်လက်ရာ ပဲ...။
    တီချမ်း
    အာ ၀ါးးးးးးးးးးးးးးးးးးးးး
    ဟိဟိ

    ReplyDelete
  17. သွပ်ပြားကို ဒေလီယာသူသူတဲ့.. ဟွန့်.....
    မမခေါင်ရမ်းချမ်းကို ချစ်တောါ ဘူး

    ReplyDelete
  18. 13 Apr 09, 15:59
    littlebrook: တီရေ တီထမင်းဝိုင်းထဲကို မြောင်းဝင်စားလို့ ကောင်းပါ့မလားတီရ

    ReplyDelete
  19. တီရေ
    ဗိုက်ဆာနေလို့ ဘာများရှိမလဲ ၀င်ကြည့်တာ...
    ထမင်းပွဲနဲ့ တွေ့ တာနဲ့ တ၀ကြီး စားတွားတယ်...
    တကယ်ဆာနေတာ
    သွားရည်တောင်ကျတယ်
    ဟင့်
း(
    တီလဲစားနော်....

    ReplyDelete
  20. တကယ်ပဲ ညစာစားရင်း လာဖတ်မိတော့ အဲ့ဒီကြက်ကြော်လေး ချက်ချင်းစားချင်သွားတယ် :(

    ReplyDelete
  21. တီရေ ခုမှရောက်လို့ ၊ဘာမှစားရသေးဘူး၊ ဘာမှလဲ ရှိဘူး၊ ခေါက်ဆွဲပြုတ်စားရမှာ ၊ခု တီဆီ ကထမင်းပွဲလေးငမ်းရင်း ခေါက်ဆွဲပြုတ်နေတယ်

    ReplyDelete
  22. အော်ကျန်တဲ့သူတွေ အကုန်လာစားပြီးလို့ ကုန်တောင်ကုန်တော့မယ်
    မင်းသားနဲ့ မင်းသမီးက ပေါ်မလာသေးဘူး
    ဘယ်ရောက်နေလဲ ဖျော်မိုးနဲ့ မိဘာဘာ

    ReplyDelete
  23. နှခိရှာဘီ တီနော် ။ ချိတ်ကောက်တယ်။ အိုးမဲသုတ်မယ် ။ ခွက်စောင်းခုတ်မယ်။

    ReplyDelete
  24. http://ritako.blogspot.com/2009/02/blog-post_9203.html

    ကိုယ်စားချင်တာတွေ menu ပေးခဲ့ပြီ။ ချက်ကျွေး။

    ReplyDelete
  25. ရှလွတ် ရှလွတ် ဗြက်ဗြက် ဂျွတ်ဂျွတ်...

    အရိုးကော အသားကော မကျန်ဝါးသွားသည်
    ဒါတောင် ပန်းကန်ပါ ၀ါးမိတော့မလို့ မနည်း စိတ်ထိန်းထားရသည်။
    ကျေးဇူးပဲ တီရေ...

    ReplyDelete
  26. တီရေ...စားရတာဝဘူး..နည်းလို့...ကျေးဇူးတီရေ..

    ReplyDelete
  27. ရည်ရွယ်တဲ့ တို့အတွက် ကော ကျန်သေးရဲ့လားဟင်
    သူတို့တွေချည်း လာစားတယ် ပြောထားတာ မနည်းပါလားဟင်။

    ဘာတွေတုန်းဆို ပန်းကန်ပါ မြိုမလို့ဆိုပဲ။ အော် တရားနဲ့ပဲ ဖြေပါတယ်။

    စနေကျ ရအောင် ကိုယ်တိုင်ကြော်ပါမယ် ပြီးရင် ကိုယ်တော်လေး ပွဲတော်တည်ပါဦးမယ်။ စနေအခြေအနေဖြစ်လာဖို့က ဆီပုံး လိုနေပါတယ်။ ဘွားဘွားက ခုထိတော့ လေနဲ့ပဲ ပေးသေးတယ်။ ခဏခဏတောင်းရင် အမြင်ကတ်ပြီး မပေးမှာစိုးလို့ သိပ်လဲ မတောင်းရဲဘူး။

    ReplyDelete
  28. တီချမ်းရေ
    အိမ်ပြန်နောက်ကျခဲ့ပြီလား

    ဘိုဘိုသီချင်းဆိုပြီးနောက် အကုန်စားသွားပြီ Thanks...

    ReplyDelete