Monday, April 13, 2009

ဂြိုလ်သားတကောင်အတွက် (အမှတ်တရ)

ကဲကဲ နည်းနည်းမိတ်ဆက်ပါမယ်
တီ့ အချစ်ဆုံးသူငယ်ချင်းများထဲ က ၀မ်းအောဖ်သည် ပါ
ကဗျာတွေ အများကြီး ၄ ပုဒ်လားမသိ တူတူရေးဖူး ပေါဖူးပါတယ်
ဒီနေ့ က သူ့ရဲ့ ၂၆ နှစ်ပြည့် မွေးနေ့ပါ ကျော်ညာတာ ကျော်ညာတာ ခိခိ
အဲတာကြောင့် ပိုက်ဆံ အကုန်အကျ သက်သာအောင် (အဲလေ) ချစ်ခင်လှစွာနဲ့ ခင်မင်မှု ကို ဗဟိုပြုပြီး ကဗျာတစ်ပုဒ် လက်ဆောင်ရေးပေးပါတယ်
သူငယ်ချင်းလေးက လွိုင်ကော်ကပါ အမှန်က တောသား(သူ)ပေါ့
အဲတာကို ဒင်းက မဖြစ်ညစ်ကျယ်နဲ့ အမြဲ တောင်ပေါ်သားတွေ ရိုးသားတယ်လေး ဘာလေးနဲ့ ကြံဖန် ဂုဏ်ယူတတ်ရှာပါတယ်
(ဪ သူများသားသမီးတွေများတော်တာနော် ခိခိခိ)
နောက်ပြီး သူက (ဒေါ်ရီတာစကားနဲ့ပြောရရင်တော့ ခ၊ သ၊ မ၊ ဟ ခေသူမဟုတ် ပါ)
ငယ်ငယ်က ကျောင်းမှာ စာအလွန်တော်ပါတယ်။ နောက်ပြီး အာဆီယံ ကျောင်းသားလူငယ်များတွေ့ဆုံပွဲ တွေ ဘာတွေကို ၂၀၀၁ က လွိုင်ကော် (တော)ကို ကိုယ်စားပြုပြီးသွားဖူးပါတယ်။အသက်က ၁၇ ပေါ့ ။ မဇိုးမစပ်နဲ့ တင့်တင့်အရွယ်လေနော်။ ဪ သွားတာက စင်ကျားပူ(အင်မတန် စင်(ဘန်းစကား=ချော)လှသော ကျား=ယောက်ျားလေးများ ရှိတဲ့ အလွန် ပူ သောအရပ်လို့ဘာသာပြန်ပါသတဲ့ တားတားတိဝူးနော် နေနေတဲ့တူတွေကြောတာ အိ...) ကိုပါ ဟုတ်ကဲ့ ငယ်ငယ်က ပါ။
ခုတော့ လဲ ဂိမ်းအိုဗာ သွားပါပြီ ခိခိ (စတာနော် မိဘုတ်)။
ဪ မိဘုတ် မိဘုတ် အသက်လဲတနှစ်ကြီးလာပြန်ပြီ
ရည်းစားလဲမရှိသေး (ကြိုက်မယ့်လူမှမရှိတာအမှန်က ခိခိ) ကျော်ညာတာနော် ကျော်ညာတာ ကြိုက်ချင်တဲ့ လူတွေ တီ့ ကိုလာဆက်သွယ် ဆက်ပေးမယ် ခိခိ
(ပွဲခ ကတော့ ကောင်လေးရဲ့ရုပ်ရည်ကိုမူတည်ပြီးဆုံးဖြတ်မှာ)
ကဲအောက်မှာ ပုံလေးလဲထည့်ပေးထားတယ် စိတ်ဝင်စားရင် ဆက်သွယ်ရအောင်
(တီ့ဆီက တဆင့်နော် ကြားပွဲစားမလိုပါ တီက ပွဲစားဆိုလဲဟုတ် မန်နေဂျာ ဆိုလဲဟုတ်ပါတယ်လေနော်)
တီကတော့ သူငယ်ချင်းလေးကို ချစ်စနိုးလေးနဲ့ ဂြိုလ်သားလို့ ခေါ်ပါတယ် အောက်မှာသာ ဖတ်ကြည့်တော့နော်။


ဂိုလ်သားတကောင်အတွက် (အမှတ်တရ)

နင်လာခဲ့တယ်
ဘယ်ကလဲတော့ မသိ
တနယ်နယ်က ဖြစ်မှာပါ

နင်လုပ်နေတယ်
ဘာတွေလဲတော့ မသိ
တခုခုတော့ ဖြစ်မှာပါ

နင်သွားနေတယ်
ဘယ်ကိုလဲတော့ မသိ
တချိန်ချိန်တော့ရောက်မှာပါ

ငါပြောချင်တာက…..

နင်ဘယ်ကပဲလာလာ
ဘာကိုပဲလုပ်လုပ်
ဘယ်ကိုပဲသွားသွား

နင်ဟာငါ့ရဲ့ သူငယ်ချင် တော့
အမြဲတမ်းဖြစ်နေမှာပဲဆိုတာပါ
အမြဲတမ်းနော်……………
ငါပြောချင်တာနင်သိပါတယ်
ငှဲငှဲငှဲ…

(ဂန္တ၀င်ဘုတ်ဆုံ မွေးနေ့ အမှတ်တရ)

ခင်တဲ့
အောင်မျိုး
၁၁း၂၁ နာရီ
ဧပရယ်လ ၁၃ ရက် ၂၀၀၉ ခုနှစ်
နေအိမ်
ဘန်ကောက်။ ။


စကားပြေ။

ဂြိုလ်သားတကောင်အတွက် (အမှတ်တရ)

နင်လာခဲ့တယ်
ဘယ်ကလဲတော့ မသိ
တနယ်နယ်က ဖြစ်မှာပါ

(ဘုတ်ဆုံဟုအမည်တွင်သော တီ့ သူငယ်ချင်းလေးသည် “တော” ဟူသော အရပ်မှလာခဲ့ပါသည်။)

နင်လုပ်နေတယ်
ဘာတွေလဲတော့ မသိ
တခုခုတော့ ဖြစ်မှာပါ

(အရှုပ်တွေလုပ်ရင်း ဒင်းသည် အလုပ်တွေရှုပ်ချင်ယောင်ဆောင်တတ်ပါသည်။
ဂျီတော့ခ် တွင် အမြဲချေ(ချေ=ဘန်းစကား မာန်တက်ချင်ယောင်ဆောင်ခြင်း)ကာ တီ့ အားမခေါ်ပဲနေလေ့ရှိပါသည်။ ခင်မြင့်မြတ် ငါတို့ နှစ်ယောက်စလုံးအတွက်
ငါလက်စားချေလိုက်ပြီ နင်ရောက်ရာ ဘ၀ကနေ ကျေနပ်နိုင်ပါစေ။ ခိခိခိ)

နင်သွားနေတယ်
ဘယ်ကိုလဲတော့ မသိ
တချိန်ချိန်တော့ရောက်မှာပါ

(နင်သွားသွားနေသောအရပ်ကတော့ အမေရိကန် ဆင်တာ လိုင်ဘာရီ ဟုခေါ်သော အကြင် ရန်ကုန်မြို့ ပဲခူးကလပ် အရပ် အနီးအနားရှိ စာကြည့်တိုက်ဖြစ်ပါသည်။ အကြောင်းအရင်းကတော့ ပညာ စာပေ ဖွာရှည် အဲလေ ရှာဖွေ သည်ဟုအမြင်မမှားစေလိုပါ သူငယ်(ဘန်းစကား=ကောင်လေးငယ်ငယ်လေးများ)ငမ်းသွားခြင်းသာ ဖြစ်ချေလေသည်တမုံ့)


ငါပြောချင်တာက…..

နင်ဘယ်ကပဲလာလာ
ဘာကိုပဲလုပ်လုပ်
ဘယ်ကိုပဲသွားသွား

နင်ဟာငါ့ရဲ့ သူငယ်ချင်း တော့
အမြဲတမ်းဖြစ်နေမှာပဲဆိုတာပါ
အမြဲတမ်းနော်……………
ငါပြောချင်တာနင်သိပါတယ်
ငှဲငှဲငှဲ…
(ထိုထိုသို့ ကောင်းကွက်တစက်မှမရှိသော်လည်း ချစ်စရာကောင်းသော ထိုထို လူမ သူငယ်ချင်းလေးကိုတော့
စာများကဗျာများ တူတူပေါ အဲလေ ရေး ခဲ့ကြသည့် မျက်နှာအားထောက်ထား၍ ၀ဋ်ကြွေးပါ ခင်မင်မိပါသဖြင့် ဤဤ ဂြိုလ်ကောင်အတွက် အမှတ်တရ ကဗျာအား ရေးပေးမိချေပြန်ပါသည်တမုံ့။)


(ဂန္တ၀င်ဘုတ်ဆုံ မွေးနေ့ အမှတ်တရ)

21 comments:

  1. အမယ်... ဒေါ်ရီတာရဲ့ စကားဝှက်က မိုက်ပါ့
    ခ၊ သ၊ မ၊ ဟ ခေသူမဟုတ် ပါ)
    ဟီ... ဟိ

    စကားမစပ်
    ဘုတ်ဘုတ်က လှတယ်နော်... အဟိ

    ReplyDelete
  2. ကောင်းတယ်ဟေ့ ကဗျာက...

    ReplyDelete
  3. တီချမ်းနဲ့  တီချမ်းသူ ငယ်ချင်းနဲ့ ဆို ဘယ်သူ ပို လှ လဲ...။ :P

    တီချမ်းက သာမယ်ထင်တယ်နော်...။

    အာ ၀ါး ..။မုန့် ကြွေးတော့

    ReplyDelete
  4. ဟေး ဘုတ် ဆုံ မ ရေ က ဗျာ အ တွက် အောင် မျိုး လို ချင် တဲ့ အ ချက် အ လက် တွေ ငါ ဖော် ကောင် လုပ် လိုက် တယ် ။ စိတ် မ ဆိုး နဲ့ ။ ငါ တို့  လို သူ ငယ် ချင်း မျိုး နင် တ ခြား မှာ သွား ရှာ လည်း ငါ တို့  နှစ် ယောက် လို အ ရမ်း ချစ် စ ရာ ကောင်း တဲ့  သူ ငယ် ချင်း မျိုး နင် ရှာ တွေ့  မှာ မ ဟုတ် တာ သေ ချာ တယ် ။ အောင် မျိုး က ဒီ က ဗျာ ကို ဖတ် ပြီး နင် စိတ် ဆိုး ရင် ငါ တ ရား ခံ တဲ့ ။ ဟတ် ပီး ဘွတ် ဒေး ပါ ချစ် သူ ငယ် ချင်း ။

    ReplyDelete
  5. အေးဟေ့ မိဘုတ် ခမမ ပြောတဲ့အတိုင်းပဲ ဘွတ်ဒေးအေ
    (အမှန်က အဲတာ သူတို့တော မှာ ထွက်တဲ့အတိုင်း အသံထွက်အမှန်နော်)
    အဲ အပေါ်မှာ တွေ့လား ငါက ပိုလှတယ်တဲ့ အဟိ အဟိ ခိခိ ခစ်ခစ် ခွိစ်

    ReplyDelete
  6. ဂြိုလ်သားတကောင်ဆိုလို့ အထူးအဆန်းပဲဆိုပြီး လာကြည့်တာ... လတ်ဆသတ်တော့ တူကိုး တူကိုး... ဘတ်ဒေးဟတ်ပီးးးးး

    ReplyDelete
  7.့ happy birthday BS, and thnaks for the post..... T Chan

    ReplyDelete
  8. တီသူငယ်ချင်းမလေးကို happy birthday ပါလို့

    ReplyDelete
  9. 14 Apr 09, 07:19
    tune: she gonna cry if she knows
    14 Apr 09, 07:15
    tune: if i were in her place ..i 'm gonna kill u
    14 Apr 09, 07:14
    tune: does she knows it .. u don't have right to add her photos like that

    ReplyDelete
  10. 14 Apr 09, 07:27
    အန်တီချမ်း: don't think everybody are psyche like u
    14 Apr 09, 07:23
    အန်တီချမ်း: thank GOD she is not u, as a matter of fact she is happy when i talk to her on the phone

    ReplyDelete
  11. tune: u shouldn't add bs photo
    it's too bad
    does she knows it?
    u should respect other ppl's right
    u can wrote whatever u want as long as ppl do not know her
    but
    now it's terrible


    Addy: i don't know why r u so sensitive
    but fyi
    yes she does know it
    and she doesn't have a problem with it
    as a matter of fact i did talk to her before hand

    ReplyDelete
  12. တီသူငယ်ချင်း ခသမဟ အသက်ရာကျော်ရှည်ပါစေ ..........
း)

    ReplyDelete
  13. ဂြိုဟ်သားမလေးမွေးနေ့ကို ပါဝင်ဆုတောင်းပေးသွားပါကြောင်း...
    စကားမစပ်..တီတီ့ကဗျာလေးက ရိုးရိုးလေးနဲ့မိုက် =)

    ReplyDelete
  14. 14 Apr 09, 08:18
    ပြည့်စုံ: ပျော်ရွှင်ပါစေဗျာ.. မွေးနေ့မှသည်... နောင်နှစ်ပေါင်း ၁၂၀ တိုင်အောင်.....ပေါ့.. ရေလောင်းသွားတယ်ဗျို့...

    ReplyDelete
  15. တီ့ သူယ်ငယ်ချင်းလေး မွေးနေ့မှာ ပျော်ရွှင်ပါစေဗျာ

    ReplyDelete
  16. အော်..ဘုတ်ဘုတ်..ဘုတ်ဘုတ်...အတော်ဟုတ်တဲ့ဘုတ်ဘုတ်ပါလား..
    ချမ်းရေ...မန်နေဂျာကြီးရေ..အားကိုးပါရစေ..
    ကျနော်မောင်ငယ်ဖိုးစိန်လေး သဘောဖြူတဲ့တောသူမလေးဆုံဆုံအတွက်
    ရင်ထဲ အသဲထဲ က လှိုက်လှိုက်လဲလဲ ဆုတောင်းပေးပါတယ်လို့
    အမြဲထာဝရပျော်ရွှင်ပါစေလို့ မန်နေဂျာ ချမ်းပြောပေးပါနော်... မွေးနေ့တိုင်းကို ဒီနေ့ ကနေစပြီး တစ်သက်လုံးသတိရနေမှာပါလို့ လဲပြောပေးနော် ..
    ခင်တဲ့
    ဖိုးစိန်

    ReplyDelete
  17. စကားလုံးတွေ ယူယူသုံးနော်
    premium ကြေးတော့ ကောက်မှ ဖြစ်တော့မယ်

    ReplyDelete
  18. This comment has been removed by the author.

    ReplyDelete
  19. နောက်ကျသွားပေမယ့် မွေးနေ့မှသည်နှစ်ပေါင်းတထောင်တိုင် ရှည်ပါစေလို့။ သြော်အသက်။ :P

    ReplyDelete
  20. bs has sent you a link to a blog:

    ဟေး ဘော်ဒါကြီး စာရူးပေရူးဆိုတော့ ကဗျာတွေစာတွေ လက်ဆောင်ရရင် ဘယ့်နှယ်ပျော်မှန်းမသိဘူး။ ကဗျာလေးက ချစ်စရာလေးရယ်။ ငါအရမ်းသဘောကျတယ်။ (ကိုယ့်ကိုကို လူလည်လုပ်ချင်တဲ့ တောသူလို့ မြင်မိတာမှ အပ) ;P ငါလည်းနော် နင့်နီးနီးအိုလာပြီ။ ဟဲဟဲဟဲ ကျေးဇူးပဲ ငါ့သူငယ်ချင်းလေးရေ bs

    Blog: တီချမ်း ရဲ့ ကမ္ဘာ.....
    Post: ဂြိုလ်သားတကောင်အတွက် (အမှတ်တရ)
    Link: http://chenaddy.blogspot.com/2009/04/blog-post_13.html

    ReplyDelete