Tuesday, April 14, 2009

မောင်ငယ် (ခ) မယ်ငေါင်

မောင်ငယ်အတွက် မွေးနေ့ လက်ဆောင်အကြွေးပါ ကြာနေပါပြီ
ကြားထဲမှာ အသည်းကွဲတာ ဘာညာနဲ့ မို့လို့ကြာသွားပါတယ်
စိတ်တွေကလဲယောက်ယက်ခတ် စာတွေကလဲ အကောင်းမထွက်၊
ရေးလိုက်တိုင်းစာတွေကလဲ ခံစားချက်တွေ ပြင်းနေတယ်
(မကောင်းဘူးလို့တော့ ကိုယ်ရေးတဲ့ စာကို ကိုယ် မပြောချင်ပါ၊ ကိုယ်ကတောင်ပြောနေရင် ဖတ်မယ့်သူတောင်ရှိမှာမဟုတ် ဟဟဟ အဲတော့ ရေးတာတွေက ကောင်းပါတယ်ပေါ့ ခံစားချက်တွေ များနေတာ၊ စာက ဒေါသသင့်တယ်ပဲပြောရမယ် ဒေါသသင့်တဲ့စာဆိုလို့
သူငယ်ချင်းတယောက်ကိုသတိရသွားပါတယ် ထားပါ) အဲတလောက ဆို ဘလောခ်ကလဲ လင်တရူးဘလောခ်ကြီးကိုဖြစ်လို့ မောင်ငယ်ကတောင်ပြောပါတယ် တီချမ်း အိမ်လာလည်ရတာ
အရင်လို မပျော်တော့ဘူးတဲ့ ဟဟဟ တခြားလူတွေကလဲပြောကြပါတယ် ချစ်တူမလေး မိရောင်ကလဲ ပြောပါတယ် အသည်းကွဲရင် ဆင်ကော်နဲ့ကပ်ပေးမယ်တဲ့၊(အဲဒီတူမက ကိုယ့်ထက်အသက်ကြီးတယ်.........အင်းပြောရင်ကောင်းမလား မပြောရင်မကောင်းဖြစ်နေမလား.....း).....မိန်းမတွေရဲ့အသက် က
လျှို့ဝှက်ချက်ဆိုတော့လေ......အဲ ပြောမိပြီလားဟင်....? အာ တိတော့ဝူးကွာ)
အင်းခုတောင်ရေးရင်နဲ့တွေ့လား စာတွေကတောရောက် မြို့ရောက်နဲ့
စိတ်တွေ က အစိုးမရဘူး အဲတော့ နောက်ဆို ကိုယ့်ဘာသာသေချာပြန် တည်ဆောက်ပါဦးမယ်
ကျေးဇူးပါ အဲသည်ကာလ က ဘေးကနေ အားပေးခဲ့ကြတဲ့ သယ်ရင်းတွေ အားလုံးနော်

တွေ့လားရေးနေတာတွေ အားလုံးက မောင်ငယ်နဲ့ ဘာမှမဆိုင်ဘူး

ထားတော့ ဆက်ရေးရင် လဲ ဆက်လွဲနေမယ့် အတူတူ မောင်ငယ့်အတွက်ရေးထားတာလေးပဲ တင်ပေးလိုက်ပြီ

ကဗျာလေးပါ သူ့ပရိုဖိုင်းလေးကြည့်ပြီးအဓိကရေးပါတယ် ပုံလဲ အဲဒီကပဲ ယူပါတယ် မောင်ငယ်ကို ခွင့်တောင်းပြီးမှတင်တာပါ .....ဒါဗြဲ ..........ဒါက လဲမောင်ငယ့် စတိုင်လ် ကို ခိုးပြီးပြောပါတယ်
ချောတယ်နော်


သူ့မှာ ကိုးရီးယားနာမည်လဲ ရှိသတဲ့ ခြင်ချောကျ ဆိုပဲ ခိခိခိ


မောင်ငယ် (ခ) မယ်ငေါင်

ပျော်ပျော်သာနေ
ပေါက်ကရလုပ်
ညစ်ကျယ်ကျယ်ကောင်ကလေး
မောင်ငယ်တဲ့လေး

င ကို ရ နဲ့သတ်
ရုရှားမှာ ပညာသင်
အမေကိုချစ်တဲ့သား
မောင်ငယ်တဲ့လား

မေမေကခေါ်
သား မှန်ကြောင်လေး
နောက်ထပ်များ သူ့နာမည်တွေ
ပေကြောင် ချီးထုပ်တဲ့လေး

ချစ်သူကခေါ်
“လူလိမ်”တဲ့လေး
ချစ်တာလဲမဟုတ်ဘဲ
ပိုက်ဆံ လာချေး

တီချမ်းကခေါ်
မယ်ငေါင်တဲ့လေး
တခါတခါခေါ်ပြန်သေး
သားလေးတဲ့ အဟေး

အသက်ကတော့
လင်နောက်လိုက်ပြေး
အသားတော် ညိုပြာညက်
မြန်မာပြည်မှာမွေး

မစားတဲ့အသားက
အမဲ နဲ့ သစ်သား
(စစ်သားတော့ စားတယ်ထင်ပါ့)
ရုရှားမှာ များမှများ
(ဟဟဟ ဒါအရေးကြီးတယ် ဒေလီယာ သူသူ မသိစေနဲ့ မဟုတ်ရင် ငတ်မယ် ခိခိခိ)

သူကြိုက်တဲ့အသီး
အကုန်နီးနီး
မီးသီးနဲ့ကျီးအာသီး
လက်သီးမမြည်း

မောင်ငယ်အတွက်
မွေးနေ့ လက်ဆောင်
ကဗျာကြွေးဆပ်
တီချမ်းရေးမှတ်


6.4.1986 တွင်ကျရောက်သောမွေးနေ့မှသည် နောင်နှစ်ပေါင်း ရှည်ချင်သလောက်အထိ ရှည်စေသ်ာဝ်
(အသက်ပြောတာနော် ကျန်တာမပါ)

၇း၀၆ နာရီ
၁၃ရက် ဧပရယ်လ ၂၀၀၉ ခုနှစ်
နေအိမ်
ဘန်ကောက်။ ။
(မှတ်ချက် အနီများသပိတ်မှောက်နေသောကြောင့် သေနတ်သံ၊ ဗုန်းသံ၊ ဆေးရုံကားသံများ အကြားတွင်ရေးသည် ရုရှားဆန်ပါ့နော်)

8 comments:

  1. ဟေး ချစ်တီရေ......... နံပါတ် (၁) ကွ.......... တီက ကဗျာစပ်တာ အရမ်းတော်တယ်။ မအိပ်ပဲ စောင့်ရကြိုးနပ်သွားပြီ။ ဒီလောက် အသည်းကွဲတဲ့ကြားတဲ့က ရေနိုင်တယ်နော်။ ချီးကြူးပါတယ် ချစ်တီရယ်။ ဒီတခါ အသည်ကွဲရင် ဆင်ကော်တခါတည်းယူခဲ့မယ်နော်။

    ချစ်တူမလေး
    ရောင်ရောင်

    ReplyDelete
  2. ၀ါး ၀ါးး။။။(ငိုတာ)
    တားတား လျှို့ ဝှက်ချက်တွေတော့ ပေါ်ကုန်ပါပြီ...။
    ကုန် ပါပြီကုန် ပါပြီ... ဒီပုံအတိုင်းဆိုလို့ ကတော့ ကြိုက်မယ့်ကောင် မလေး တွေရှိမှာမဟုတ်တော့ဘူး...။ ခု တားတားမှာ ချစ်သူလေးရှိတော့ ဘူး...။ ချစ်သူငယ်ချင်းလေး ပဲရှိတော့တယ်..။ :P

    ဟိဟိ
    တီချမ်းက အားကြီးချစ်ဖို့ ကောင်းသွားပြီ..။ မွေးနေ့ လက်ဆောင် တောင်းတာကြာပြီခုမှပေးတယ်..။ မေ့တောင်မေ့နေပြီ ကိုယ့်မွေးနေ့ ကိုယ်..။။ ဟိဟိ (အာ ၀ါး )

    တီချမ်းလည်း အသည်းမကွဲနဲ့ တော့ ... သင်္ကြန်ရေနဲ့ သာဆေးတော့..။
    အကုန်မျှောပစ်လိုက်...။

    ReplyDelete
  3. သယ်ရာင် အကောင်ငယ်လေးရဲ့ ကိုးရီးယားနာမည်လေးကလည်း လှလိုက်တာနော် ခြင်ချောကျတဲ့

    မောင်ငယ်ရေ ငါလည်း မသိရပါလားဟဲ့

    ခင်တဲ့
    မိရောင်

    ReplyDelete
  4. ခြင်လျှောကျ လည်းကောင်းတာပဲ :D
    ၆ရက်နေ့ကဆိုတော့ သိပ်မလွန်သေးပါဘူး
    တီကလည်း နောက်နှစ်မှ ပေါင်းပေးလိုက် ရတာပဲကို :D
    မောင်ငယ် မယ်ငေါင် ခြင်ချောကျ အသက်ရာကျော်ရှည်စေသောဝ်
း)

    ReplyDelete
  5. မောင်ငယ်ကို ခုမှ တွေ့ဖူးတယ်... ချောလိုက်တာမှ နာမည် အတိုင်းပဲ ခြင်တောင် ချောကျသွားနိုင်တယ်...

    ReplyDelete
  6. တီတီလူလည်ကျ.. :P
    မွေးနေ့ကဖြင့်ကျော်တာမှ တစ်ပတ်မကတော့ဘူး...
    ကဗျာလေးကောင်းတယ်တီတီ.. လက်တမ်းပဲမှတ်လား..

    ReplyDelete
  7. မွေးနေ့တူတဲ့ လူတွေများလိုက်တာနော်
    ကောင်းပါတယ်
    မွေးနေ့တူတာတွေ့ရင် အမျိုးတွေ့သလိုပါပဲ

    ReplyDelete
  8. မျက်မှန်နှစ်လက်တွေ့သဖြင့် အနီးရော အဝေးပါမှုန်သူ ဖြစ်ရမည်။
    (မမကွမ် လေသံဖြင့် ဖတ်ရန်)

    ReplyDelete