Sunday, April 5, 2009

တီချမ်း သေပြီ အသုဘကြွကြပါ


အသက် ၂၇ နှစ်ပြည့်တဲ့နေ့က ပြင်ဦးလွင်က ရုက္ခဗေဒ မှာ ဒီလိုဆော့တာ တကယ် အစ်ပြီး တဟွတ်ဟွတ်ဖြစ်သွားပါတယ်
ငယ်ငယ် က စူစိုက်တယ် တက်ဒန်စီ ရှိခဲ့ဖူးတယ်
ဘယ်လိုနည်းနဲ့သေရမလဲ စဉ်းစားတာ ခဏခဏ ပဲ
ဒီလိုဆိုရင်ဘယ်လိုသဘောရကြသလဲဟင်
တီ ဒီပိုစ့်တင်ရင် ကြိုက်တဲ့သူရှိမှာမဟုတ်
တီ့ ကိုချစ်တဲ့သူတွေက (သမီးလေးတွေ ကပေါ့)မာလာ၊ဒီဒီ၊ဏီဏီ၊ ဘာဘာ(အင်းပေါ်မလာတာအတော်ကြာတဲ့မိဘာဘာ)တီ့သမီး တို့ ကတော့ ပြောကြမယ်
တီချမ်းဘာလုပ်တာလဲ မကြံကောင်းမစီရာ နမိတ်မရှိနမာမရှိလို့
ဘယ်လိုသေရမလဲ ဆိုတာ မလွယ်ပါဘူး
ခုကတည်းက သင်ယူနေတာ
အဆင်သင့်ဖြစ်နေချင်တယ်
ဟိုအရင် လူချင်းပေါင်းခဲ့တဲ့ သူငယ်ချင်းများ နဲ့ ကာစင်များကတော့ မေတ္တာအပြည့်ထားကြတယ် တီ့ကို
သေရင် ဘယ်သူက ဘာတွေထားခဲ့ဆိုတာချည်းပဲ
ခုမှစသိ စခင်ရတဲ့ ဘလောခ့်မောင်နှမ များကကော ဘာတွေလိုချင်ကြပါသလဲ
တီ့မှာ အခွေ ဒီဗီဒီပေါင်း ထောင်နဲ့ချည်ပြီးရှိပါတယ်
စာအုပ်များကလဲတ်ာတော်များပါတယ်
အန်တီချမ်း အမှတ်တရ စာကြည့်တိုက်ဖွင့်ချင်ပါတယ် သေသွားရင်ပြောတာပါ
ကွတ်ကဲပေးနိုင်မယ့်လူဆက်သွယ်ပါ
အဲဒါကြောင့်အရင်က တောင်းထားတဲ့ မမယူရီ မာရီယာကာရေး ရဲ့ အော်ရီဂျင်နယ် စီဒီများမပေးနိုင်တော့ ပါ
မမအေမီ အားလဲ ဆရာမ ဂျူးရဲ့ ထွက်ပြီးသမျှ စာအုပ်များအားလုံး မပေးနိုင်တော့ပါ
တီချမ်းအမှတ်တရ စာကြည့်တိုက်တွင်လာရောက်ငှားဖတ် နားထောင်နိုင်ပါတယ်
နေအိမ် မှကားများ ဘန်ကောက်မြို့ ဖရာထိုင်း ဘီတီအက်စ် မှတ်တိုင်အနီး မှ ထွက်ပါမည်
အသုဘ ရက်လည်ကို သူများနဲ့မတူအောင် ဘူဖေးလေးကျွေးချင်ပါတယ် တီ့ ကိုချစ်တယ်ဆိုရင် ကျန်တဲ့သူငယ်ချင်းတွေ စီစဉ်ပေးကြပါ
ကျေးဇူးတင်ပါတယ်
အမျှမပေးနဲ့နော်
မကျွတ်ချင်ဘူး
တီက သရဲပဲဖြစ်ချင်တာ
ပြီးရင်ဘလောခ် တကာလှည့်ခြောက်ပစ်မယ်
သမီးလေးတွေဆီလဲအလှည့်ကျလိုက်လည်မယ်
ဖတ်ပြီးစိတ်အနှောက်အယှက်ဖြစ်သွားရင် စိတ်မဆိုးကြပါနဲ့
လောလောဆယ်တကယ်အဲလိုဖြစ်ချင်နေလို့ပါ
တီချမ်း အတတ်ဆန်းထွင်တာ မဟုတ်ပါ

21 comments:

  1. မကျွတ်ချင်ဘူးဆိုလို့
    ပရိတ်ရွတ်မကျွတ်တဲ့ ဘုန်းကြီးသရဲ ဆိုတဲ့ ဟာသတောင် ပြန်သတိရမိတယ်။
    အဆင်သင့်ဖြစ်ချင်နေပြီဆိုပဲ တို့များကတော့ မျက်ခုံးခပ်လှုပ်လှုပ်
    ဘူဖေး ကတော့ မဆိုးဘူး... မုန့်ဟင်းခါးက ချက်ရခက်တယ်။ ဘယ်သူထွင်တာလဲမသိဘူး သေရင်မုန့်ဟင်းခါး ကျွေးတာကို သေချာတကယ်သိချင်တာ။
    မြန်မာဖြစ်ပြီး အစဉ်အလာဘာလို့ ဖြစ်လဲဆိုတာ မသိတော့ ခက်တယ်။
    စာကြည့်တိုက်ဖွင့်တာတော့ ကောင်းတယ်။ ရန်ကုန်မှာ စာကြည့်တိုက်မရှိဘူး။

    ReplyDelete
  2. စိတ်မချမ်းသာ။
    ဘူဖေးအတွက် ပိုက်ဆံ မထည့်နိုင်။
    သေနဲ့အုံး။

    ReplyDelete
  3. သီဟသစ်ဘလော့ကနေတဆင့်ရောက်လာတာပါ ... စိတ်ဝင်စားရင်ဖတ်ကြည့်ဆိုလို့ ဖတ်ကြည့်ပြီးပါပြီ ... သေရင် ဘူဖေးကျွေးချင်တာဆိုလို့ သဘောကျပြီး ပြုံးသွားပါတယ် ... ဘာလို့လဲဆိုတော့ ကြယ်ပြာ့သူငယ်ချင်းတွေကိုလဲ ကြယ်ပြာက ငါသေရင်ဘာစားမလဲဆိုတော့ စားချင်တာတွေဝိုင်းပြောလိုက်ကြတာ မနည်းနားထောင်ရတယ် ... နောက်ဆုံးတော့ ဘူဖေး နဲ့ပဲကျေနပ်လိုက်ကြတယ်လေ ... နေမကောင်းလို့ သူငယ်ချင်းတွေကို ငြီးမိရင် ဟယ် ... ငါတို့ ဘူဖေးစားရတော့မှာပေါ့တဲ့ ... ဟ ဟ ... တီချမ်းရေ ဘာလို့တကယ်အဲ့လိုဖြစ်ချင်နေတာလဲဟင် ... ကောင်းဘူးနော် .. ဖန်ခါးသီး၅ရာနဲ့ ငါးကမ္ဘာ ခံရတတ်တယ်တဲ့ ... :P

    ReplyDelete
  4. အာ.. တီချမ်းက အဲလို့ဆော့နဲ့ လေ.. လည်မျိုကို ဓါးနဲ့ ပါးပါးလှီးတိုင်းဆော့

    ReplyDelete
  5. အာာာာ တီချမ်းကယဲ ရေငုပ်တိုင်းဆော့ပေါ့ဂျ
    ဟီးး စတာ မဆိုးပါဘူး ဘူဖေးဆိုတော့လဲ ဘူဖေးပေါ့

    ReplyDelete
  6. ဓာတ်ပုံထဲမှာ လျှာတော့ထွက်နေတယ်။ ဒါပေမယ့် ပြုံးပြုံးလေးပါလား....။
    မသေပါနဲ့အုန်း... နောင်နှစ်ခါ တန်ဆောင်မုန်းပွဲကြည့်ပါအုန်း...။

    ReplyDelete
  7. suicidal tendency ရှိတယ်ခေါ်တာပေါ့။

    ReplyDelete
  8. တီချမ်း သေလို့ တိုဟူးနွေးကျွေးရင် ကြွမယ် ။ ဒါမှမဟုတ်ရင်တော့ ဟီးးးး ။ ကူငွေပြတ်နေတရ် ။ စတာနော် တိုဟူးနွေးတအားစားချင်နေလို့ပါ ။

    (ကိုရဲ)

    ReplyDelete
  9. တီချမ်းတော့ အဆန်းထွင်ပြန်ပီ.. တီချမ်းနော် ဘာဘာက သရဲေုကာက်တတ်တယ်.. ဟင့်

    ReplyDelete
  10. သေတော့မသေစေချင်သေးပါဘူး။
    ဒါပေမယ့် သေတမ်းစာထဲမှာ စာအုပ်တွေကတော့ ကိုယ့်အတွက်လို့ သေသေချာချာ ထည့်ရေးသွားပါ။ ကိုယ်က ပစ္စည်းနဲ့ပတ်သတ်ရင် သိပ်စကားများများ မပြောချင်ဘူး။

    ReplyDelete
  11. တီချမ်း ဘူဖေး မကျွေးနဲ့ မိုကထ ကျွေးနော်..နောက် အသုဘရူတဲံ့ လူတွေကို ၀ိုင်ကို စည်လိုက် ချပေးထား ငိုလိုက် သောက်လိုက် သောက်လိုက် ငိုလိုက် ကွက်တိပဲ..

    စာကြည့်တိုက်အတွက် တာဝန်ယူတယ်..
    ဂျူးစာအုပ်တွေကတော့ နေပါစေတော့ အီးဘွတ်ခ်တွေ ရှိတာပဲ

    နောက် ဒီဗွီဒီတွေ ဖြစ်နိုင်ရင် တစ်ဝက်လောက် လိုချင်ပါတယ်..

    ဟဲဟဲ တီချမ်းကို ဦးမွန်က ဘယ်လောက်ခင်လဲ သိတယ်နော် အခုကတည်းက အမွေခွဲနေတာ

    ReplyDelete
  12. စေတနာတွေ ဟာပင်လယ် သမုဒ္ဒရာအလား တီတီ အပေါ်မှာလူတွေ ထားထားကြတဲ့ သူတို့ အချစ်များ
    ဥစ္စာ များကိုမက်မောသလား....ခိခိခိ

    အော်ရီဂျင်နယ် က ဒီလိုပါ

    စေတနာတွေ ဟာပင်လယ် သမုဒ္ဒရာအလား ကြင်နာသူအပေါ်ရည်ရွယ် ထားခဲ့မိတဲ့ ကိုယ့် အချစ်များ
    တုန့်ပြန်နားလည်နိုင်စွမ်းသလား...ခိခိခိ

    ဘယ်သူဆိုတာလဲတော့ မေ့သွားပြီ

    ReplyDelete
  13. အကျီင်္ဖြူ တော်တော်ကြိုက်ပုံ ရတယ်

    ReplyDelete
  14. ဟုတ် အဲတာမွေးနေ့ က ၀တ်တာလေ
    အဖြူလေးထည်
    ပေါ်ကအနွေးထည်ရယ်
    အောက်က ရှပ်ရယ်
    အပေါ်က ဘောင်းဘီရယ်
    နောက် အောက်ကဘောင်းဘီကောပဲ
    အားလုံးအဖြူ
    အားလုံးအသစ် ခိခိခိ

    ReplyDelete
  15. တီတီချမ်း..ရေ......လိုချင်တာတစ်ခုတောင်းပါဆိုလို့ ။။။။:)
    သေချင်စိတ်ပြောက်ပြီး အသက်လေးပဲဆက်ရှင်နေပေးပါ။
    လုံလောက်ပါပြီ။ :)

    ReplyDelete
  16. တီချမ်းရေ တီချမ်းက ကျားကြီးလား :P

    ReplyDelete
  17. တီချမ်း စာအုပ်တွေမီးကိုပေးခဲ့။ သူများကပိုက်ဆံစုနေတာ။ စာအုပ်တွေလည်း ပိုက်ဆံရှိတိုင်းဝယ်စုထားတယ်။ နောက်တချိန်ကျရင် ပုသိမ်မှာစာကြည့်တိုက် ဖွင့်ချင်လို့။ အခုအစိုးရဖွင့်ထားတဲ့ စာကြည့်တိုက်က အင်္ဂလိပ်စာအုပ်ဆို ကလေးဖတ်တဲ့စာအုပ်လောက်ပဲရှိလို့။ မြန်မာစာအုပ်လည်း သိပ်မစုံဘူး။ (စုံအောင်တင်ခွင့်မရှိတာထင်ပါတယ်) အဲဒါပေးခဲ့။ စာကြည့်တိုက်ဖွင့်ဖြစ်ရင် တီချမ်းဓါတ်ပုံအကြီးကြီး ကိုယ်လုံးပေါ်ပုံ ရှေ့မှာချိတ်ထားပေးမယ်။ သေတော့မသေပါနဲ့ဦး။ သူများတို့လွမ်းကျန်ခဲ့ဦးမယ်။ ပျင်းလဲပျင်းနေမှာ။ (ဘယ်ဟာက ရာခိုင်နှုန်းများလည်းတော့မသိ) :P

    ReplyDelete
  18. ညညရေ တီက ကျားမဟုတ်ပါ ကျမ ပါအေ
    ခိခိ
    တီ့သမီးရေ “လွမ်းလို့ကျန်ရစ်ခဲ့မှာကိုအားနာပါတယ်လေ”
    အဲတာကြောင့်တီမသေသေးပါဘူး

    အား........................................
    အီး.............................
    အူး....................................
    အဲ..................................
    အော.................................
    ဘူး....................................
    တီချမ်း မသေတော့ဘူးဆို၍
    အမွေတောင်းထားသောသူများ စိတ်ညစ်စွာ ၀ိုင်းအော်ကြသည်
    ဒေါ်ရီတာ အသံအကျယ်ဆုံး

    ReplyDelete
  19. တီကလဲ
    စိတ်ညစ်စရာရှိဝေမျှလေ..
    အဲလိုတော့မလုပ်ပါနဲ့ 
း(
    လူတိုင်းကတော့သေဖို့ ပြင်ဆင်သင့်တာပေါ့..
    ဒါပေမယ့်
    အဲဟာကြီးကတော့မဟုတ်သေးဘူးလေ တီကလဲ...
း(

    ReplyDelete
  20. တီမရှိတဲ့ ဘလော့လောကမှာ ဘယ်လိုနေရမှာလဲ တီရဲ့ ...အဟင့်
    ဒါနဲ့ ထိုင်းဘူးဖေးလား မြန်မာဘူဖေးလား (ဘာဖြစ်ဖြစ်ရပါတယ် အဆင်ပြေတာ သာလုပ်)

    ReplyDelete
  21. ဘူဖေးကြိုက်ဘူး၊ ဟော့ပေါ့လုပ်ပါလား။

    ReplyDelete