Wednesday, April 22, 2009
ည ၁၁နာရီ။
ည ၁၁နာရီ။
ဗိုက်ကတော်တော်ဆာနေတယ်။
မောင် နဲ့တညနေလုံးစကားပြောနေတာနဲ့ အင်္ကျီံလျော်စရာရှိတာတွေလဲမပြီး၊
ဘာမှလဲမစားဖြစ်၊ စကားတွေပြောနေရင် “၀” နေတာလေ။ အဲလိုနဲ့ ည ၁၁ နာရီထိုးသွားပါလေရော။
ဘာမှလဲမစားရသေး ဗိုက်ကလဲဆာ ဘာရှိမလဲလို့ ဗီဒိုသွားမွှေလိုက်တော့ ကြာဇံထုပ်တွေ့တယ်။ နောက်ရေခဲသေတ္တာထဲမှာ ကြက်ဥ ၃ လုံး၊ နောက် အရင်တပတ် ကိုကြီး မပြန်ခင်က ၀ယ်ထားတဲ့ အရွက် (မုန်ညှင်းထင်တယ်) ကျန်နေသေးတာသတိရ၊ ပြီးတော့ ၀က်အူချောင်းတွေရှိတယ် အဲတာနဲ့ ကေပြီ ဆိုပြီး ကြာဇံကြော်စားဖို့ပြင်ပါတယ်။
ပထမဆုံး ၀က်အူချောင်း ကို လှီးထားပါတယ် လိုချင်တဲ့အနေပေါ့။
ပြီးတော့ ကြက်ဥ ကို ဆား၊ အချိုမှုန့် သင့်ရုံထည့်ပြီးခေါက်ထားတယ်။
အဲလိုပဲ ကြာဇံကို လဲရေစိမ်ပြီး စစ်ထားပါတယ်။
နောက်အရွက်ကြိုက်တယ်ဆိုတဲ့ ကောင်လေး ကိုသတိရလို့ အများကြီးတထုပ်လုံးထည့်လိုက်တယ်။
ပေါ်မလာတာတောင်ကြာပြီ၊ သင်္ကြန်အသားကုန်ကဲပြီးတော့ နေကောင်းရဲ့လားမသိ၊ စိတ်ထဲထင့်နေတယ်။း(
အရွက်ကိုလဲ ရေစင်အောင်အရင်ဆေး၊ ပြီးတော့ စိမ်ထားပါတယ် နောက် ရေစစ်ထားပြီးတော့ အသင့်ပြင်ထားရင် ကြာဇံစကြော်ဖို့အဆင်သင့်ဖြစ်ပါပြီ။
ပထမဆုံး ကြက်ဥ ရယ်၊ ၀က်အူချောင်းရယ်၊ မုန်ညှင်းရွက်ရယ် စတာတွေကို သပ်သပ်စီကြော်ပါတယ်
ခါကြက်ဥ ရှိရင် ကြိုက်ရင်ထည့်လို့ရပါတယ်။ တီကတော့ မကြိုက်လို့မထည့်ပါ။ နောက် အတူတူရောကြော်လဲရပါတယ်။ ဒါပေမယ့် ခွဲကြော်တာ ပိုကောင်းတယ်။
ဒါက တမျိုးစီကြော်နေပုံပါ။
ဒါကတော့ ကြော်ပြီးသားတွေကို ခဏနေ ကြာဇံနဲ့ရောကြော်ရအောင် ပန်းကန်နဲ့ခွဲထည့်ထားပုံပါ။
ပြီးရင်တော့ ဆီနည်းနည်းလေးထည့်ထားတဲ့ အိုးထဲမှာ ခုနက ကြော်ထားတဲ့ ကြက်ဥရယ် အရွက်ရယ်
ဝက်အူချောင်းရယ်ကို အရင်ဆုံးထည်ပြီး ဆီနဲ့လှိမ့်ပါတယ် နောက် ခုနက ရေစစ်ထားတဲ့ ကြာဇံ ကိုထည့်၊
ပဲငံပြာရည်လေးနည်းနည်းထည့် ပြီးကြော်လိုက်ရင် အောက်ပါအတိုင်း စားချင်စဖွယ် ကြာဇံကြော်ကိုရပါပြီ။
နောက်ကြိုက်တတ်ရင် ကြက်သွန်ချဉ်လေးလုပ်ပြီး တွဲစားရင်ရှယ်ကောင်းပါတယ်။ ခုတီ က သံပရာသီးမရှိလို့ မလုပ်ရဘူး။ လုပ်ပုံလုပ်နည်းက လွယ်ပါတယ် ကြက်သွန်နီ အလော်တော် ၂ ဥ ၃ ဥ လောက်ကို ပါးပါးလေးလှီး ရှယ်ပါးနော် အဲတာမှ စာကောင်းတာ။ ပြီးတော့ ရေစိမ် ညှစ် ပြီးရင် ငရုတ်သီးစိမ်း ပါးပါးလှီးထားတာလေးထည့် ဆား၊ အချိုမှုန့် သင့်ရုံထည့်ပြီးရင် သံပရာသီးလေးညှစ်ပြီးနယ်၊ အဲတာဆိုရင် အင်မတန်မှကို ကြာဇံကြော်နဲ့လိုက်ဖက်တဲ့ ကြက်သွန်ချဉ်ကိုရပါမယ်။
အောက်ကပုံကတော့ အိုးထဲမှာကြော်နေဆဲပုံပါ။
အောက်ဆုံးကတော့ ပန်းကန်ထဲအရောက် ဗိုက်ထဲရောက်ရန်အသင့်ဖြစ်နေပုံပေါ့လေနော်။
ဒါကတော့ စားပြီးရင်အချိုတည်းဖို့မက်မုံသီးပါ။
ကဲကဲ စားကြ စားကြ အားမနာနဲ့နော်။
ဒီပိုစ့်လေးကို ဖြစ်မြောက်လာစေတဲ့ မောင်...
တီလိုချင်တဲ့သီချင်းတွေ ကို အားကြိုးမာန်တက် ကူညီဖွေရှာပေးကြတဲ့ ငယ်နဲ့ ကြယ် ကိုလဲမမေ့မလျော့ခေါ်ကျွေးပါတယ်။ နောက် ချစ်တူမမိရောင် (နေမကောင်းဘူးတဲ့ ဟင့်)၊ ဏီဏီ၊ တီ့သမီး၊
ဒီဒီ၊ ဘာဘာ၊ မာလာ (ပေါ်မလာအတော်ကြာပေါ့)၊ တိတိ၊ မိုင်ဒီယားလေးဒိုင်ယာရီ၊ ဒနည၊ မြောင်းလေး၊ ဂျဲဂျယ်လ်၊ ကိုကိုကြီးကာကာ။ နနခ၊ ဒေါ်ရီတာ၊ မိန်းမစိမ်း နဲ့လွမ်းသုရင်(ဪ သူကတော့ ကုန်ကုန်ရောက်နေရောပေါ့)၊ မိုးခါး၊ အမြဲစိမ်းဖြိုးလေး၊ ပီအမ်၊ သပသ (ခ)ဒေလီယာသူသူ၊ ကိုရဲ (လေလွင့်သူ)၊ ကိုဘို၊ ဦးမွန်၊မမကွမ် (မလာတာ သူအကြာဆုံး)၊ ပူးလေး(ကြိုက်လားစားလားတော့မသိ)၊ မီးလေးဇာ၊ နောက်တခါတခါပေါ်လာတဲ့ ဘိန်းပန်းချို၊ ခုတလောစလာလာလည်နေတဲ့ မေ(mae)၊ ဂလာစီယာ Glacierအသံထွက်မမှန်ရင်စိတ်ဆိုးနဲ့နော်း) စတဲ့သူတွေနဲ့ စင်းဒလာကိုလဲကျွေးချင်ပါတယ်။ တခါတခါပေါ်လာတဲ့ မမသီရိ၊ ကောင်းကင်ပြာ၊ မနော်နဲ့ မ၀ါကိုလဲကျွေးပါမယ်။ နောက်ဆုံးပိတ်အိတ်နဲ့လွယ်ကတော့ မောင်စိန်ပါ။ ဘယ်သူကျန်ခဲ့လဲ ဖိတ်ဖို့ မကျန်ဘူးထင်တာပဲနော်။ ကျန်ခဲ့ရင်လဲ စိတ်မဆိုး၊စိတ်မကောက်ပါပဲ ၀င်ဝှက်စားသောက်သွားစေချင်ပါတယ်၊ တကယ်ပါ အထက်ဖော်ပြပါ လူတွေအားလုံးကိုတကယ် ချက်ကျွေးချင်စိတ်ရှိပါတယ်၊ ကံဆုံတဲ့တနေ့ကျရင်တကယ်ချက်ကျွေးပါ့မယ် အပြင်မှာပေါ့နော် တကယ်စားရစေမယ်။ နောက်ဘလောခ်စပေါ့ မဟုတ်တဲ့ မာတီပလိုင်းက သူငယ်ချင်းနှစ်ယောက်ကိုလဲ မမေ့မလျော့ခေါ်ကျွေးချင်ပါတယ် ဂြိုလ်သူမ မိဘုတ်နဲ့ ခမမ ပါ။
အားလုံးကိုသိပ်သိပ်သိပ်ချစ်တဲ့.................................
ချစ်ချစ်ချမ်း-ခ-ဖိုးချမ်း-ခ-ဖိုးချွဲ-ခ-တီချမ်း-ခ-သဲ-ခ-ကလေး-ခ-စသောခပေါင်းများစွာပိုင်ရှင်
အလှပဂေး သရဖူဆောင်း မယ်စကြာဝဠာကျွမ်းပြန်ကျစေတဲ့
.............................
.............................
......................
တီချမ်း
၁၂ နာရီ ၁၅ မိနစ်
၂၃ ရက် ဧပရယ်လ ၂၀၀၉ ခုနှစ်
နေအိမ်
ကြော်အပြီးရေးသည်။
စားလဲစားပြီးပြီ။
27 comments:
  1. စွံလိုက်တာ.. မောင်ရော ကိုကြီးရော ကောင်လေးရော၊ အဲ့ဒါလဲ ပညာပဲ
    ဒီမှာလဲ ၁၁ကျော်ပြီ၊ ကြာဇံကြော် ကြည့်ပြီး ဗိုက်ဆာတယ်
    ReplyDelete
  2. တီရေ .. အရမ်းစားချင်သွားတယ်
    လူကိုနှိပ်စက်တယ်နော်
    ဗိုက်ဆာနေပါတယ်ဆို
    ReplyDelete
  3. ဘာစာချက်ထားလဲတော့ မသိဘူး။ ကျောင်းမသွားခင် တိတိ မနက်စာဝင်စားသွားတယ်။
    ReplyDelete
  4. ကြာဇံဆို ပြုတ်ပဲစားတယ် အရည်နဲ့။
    ready made လေးဖောက် ရေနွေးအိုးထဲထည့်။
    သူပေးတဲ့ အထုပ်လေးထည့်။
    ဒါဆို စားလို့ရဘီ
    ReplyDelete
  5. ဘေးက တရုတ်ကလည်း ကြာဇံကြော်စွဲနေတယ် တီချမ်းဆီလာတော့လည်း ကြာဇံကြော်နဲ့တိုးလို့ ဒီနေ့တော့ ကြာဇံကြော်နဲ့စတဲ့နေပဲ...
    ReplyDelete
  6. နံပါတ်မှာ၆ဆိုတော့ စားဖို့ကျန်လောက်သေးတယ်.. :P
    တီတီကတကယ်တော်တယ်... စားချင်စရာကွယ်..ရှလွတ်..ရှလွတ်..
    ဟိတ်.. မောင် ဆိုတာဘူတုန်း.. တီတီနော်. :D
    ReplyDelete
  7. T Chan
    Special Thanks for your invitation. It is so Aloi ma ma (Sap ma in Isan).
    I would take Nakhon Chai Air but to eat it.
    Glacier
    ReplyDelete
  8. တညကို ၄ ၅ခေါက်လာတဲ့ ကောင်းကင်ပြာပါနော်။ ဘာချက်ချက် လာစားပါတယ်၊ မချက်တတ်လို့ သူများချက်ထားတာတွေ ပဲ လာလာမျှော်နေရ သူပါ
    ReplyDelete
  9. ချစ်ဘောလော ချမ်း.. ချက်ကျွေးတဲ့ ကြာဇံကြော်..... ကောင်းမှကောင်း..
    (ချစ်သူ လှိုင်လှိုင်ပေါပါတဲ့ ချစ်ကြသူ လှိုင်ဘောလယ်မို့ ချစ်ဘောလောဘွဲ့ပေးတာပါကွယ် ငှယ်ငှယ်.. စိတ်မဆိုးရဘူးဗျ)
    ReplyDelete
  10. နာမည် မှားရိုက်မိလို့ တီရေ
    ReplyDelete
  11. hi hi kwi kwi khi khi
    HONEY.........................................တဲ့
    ရပါတယ်
    DARLING ရယ်
    ReplyDelete
  12. တီချမ်းက ဘလော့ခ်မှာပဲတင်ကျွေးတယ်ပေါ့လေ မီးလေးကအပြင်မှာတကယ်စားမှာ
    လုပ်ကျွေး လာခဲ့မယ် ပိတ်ရက်ကျရင်
    ReplyDelete
  13. This comment has been removed by the author.
    ReplyDelete
  14. ကုန်ပီလားမတိဝူးးးး
    ဗိုက်ဆာနေလို့ ၀င်လာတာ...
    တခုခုရှိမယ်လို့ထင်နေလို့...
    ဘာပဲဖြစ်ဖြစ်စားတယ်..
    အကုန်စားသွားတယ်... (၀က်ဥချောင်းမပါ... မကြိုက်လို့...)။
    အချိုလဲတည်းသွားတယ်....
    ကောင်းလိုက်တာနော်.................။
    အပြင်မှာဆို ၂ပွဲလောက်စားမယ်..။
    ခုတော့ ၁ပန်းကန်ပဲချထားလို့ ၁ပွဲပဲစားသွားရတယ်...။
    ReplyDelete
  15. This comment has been removed by the author.
    ReplyDelete
  16. ချစ်တီရေ ........ နေမကောင်းဘူးတီရယ်.. မစားနိုင်ပေမယ့် တီကအပင်ပန်းခံပြီး ချက်ထားလို့လာစားတယ်နော်။ မောင်ကတီချက်တာစားချင်တယ်တဲ့။ အခုမှစားရတော့တယ်။ တီ့လိုဒီနေ့ မရယ်နိုင်တော့ဘူး။
    ချစ်တူမ
    တီခေါ်တဲ့ မိရောင်
    ReplyDelete
  17. ကြာဆံကြော်ဆို ပူးက တအားကြိုက်၊ ခဏခဏလည်း လုပ်စားတယ်။ အဲလေ ရောကုန်ပါပြီ။ ပူးဆိုတော့ ကြာဆံကြော် ဘယ်စားဖူးမှာလဲနော်..
    ReplyDelete
  18. ကဲကဲ စင်ကာပူ ပြောင်းမလာသေးဘူးလား
    BKK ကနေ လှမ်း နှိပ်စက်မနေနဲ့တော့
    နီးလို့ကတော့ကွာ
    ရှလွတ်
    ReplyDelete
  19. တီချမ်းရေ..
    ဒီနေ့ညမှ လာစားတယ်..
    အသစ်ချက်ထားတယ် သဘောထားပြီး
    ရီတာက စင်္ကာပူ ရောက်ရင် ဘာလုပ်မှာပါလိမ့်..
    ReplyDelete
  20. ချားလို့ ကောင်းမှကောင်း :)
    ReplyDelete
  21. ခေါ်ကတည်းကလာချင်တယ် ... ကြာဇံဆိုလို့ သိပ်စိတ်မပါဘူး...။
    အဲ့ဒါကြောင့်နောက်ဆုံးမှလာ တာ..။
    စာချင်တာ ကအဲ့ဒါမဟုတ်ဘူးး...။
    အခုလောလောဆယ် စားချင်နေတာ က ၀က်သားနဲ့ မျစ်ချဉ်...။
    မျစ်ချဉ်ဆို အသေကြိုက်..။
    လကုန်ရင်တော့ တကယ်ချက်စား ပြီ ကိုယ့်ဘာသာ ကိုယ်..။
    အဲ့တော့မှတီချမ်းသွားရည်လာမကျနဲ့ မကျွေးဘူး(စတာ) ဟိဟိ
    ReplyDelete
  22. တီချမ်းရယ် ကြာဇံကြော်က ကောင်းမယ့်ပုံပါ။ ခန်းဟီ။ ဒါပေမယ့်ကျုပ်လာတုန်းက ရှင်ဟင်း မချက်ကျွေးပါဘူးနော်။ ကွေ့ တယိုတွေချည်းပဲ လိမ့် ဝယ်ကျွေးနေပြီးတော့။
    ReplyDelete
  23. တီချမ်း.. ကြာဆံက ပဲကြာဆံလား၊ ဆန်ကြာဆံပါလားရှင်၊ လာဖတ်ဖြစ်တာ မကြာသေးပေးမဲ့ တီချမ်းဆီက ဟင်းချက်နည်း နမူနာယူပြီး နန်းကြီးသုပ် လုပ်စားတာ အင်မတန်ကို အောင်မြင်ပါတယ်။ အခုလည်း ကြာဆံကြော် စားချင်လို့ ပါ။ ဒါပေမဲ့ ပဲကြာဆန်လား၊ ဆန်ကြာဆံလား မကွဲဘူး ဖြစ်နေလို့ ပါ။ အကြောင်းပြန်ပေးပါအုံးနော်။ ကျေးဇူးတင်စွာဖြင့်
    ReplyDelete
  24. ကြော်စားတာက ဆန်ကြာဇံ ပါ
    ပဲကြာဇံ ကတော့ ပဲဟင်းထဲထည့်ချက်တာပဲဖြစ်ဖြစ်
    သုပ်စားတာပဲဖြစ်ဖြစ် ပိုသင့်တော်ပါတယ်
    နောက်မှ ယိုးဒယားစတိုင်လ် သုပ်ပြီး တင်ပေးပါအုံးမယ်
    ReplyDelete
  25. တီချမ်းရေ ဟိုနေ့ က မသိလို့ ပဲကြာဆံထင်လို့ ဝယ်လာတာ။ ဒီညနေဘဲ ဆန်ကြာဆံ ၀ယ်ပြီး ကြော်စားတာ ကောင်းလိုက်တာ။ အခု စားနေရင်းနဲ့ ရိုက်လိုက်တာ။ တီချမ်းမေးလ် သိရရင် ပို့ ပေးလိုက်မယ်လေ။ ဓါတ်ပုံရိုက်ထားတယ်။ ကြက်သားရယ်။ ပဲသီးပြားရယ်။ ပန်းပွင့်ရယ်။ ဂေါ်ဖီရယ်၊ ကြက်သွန်ဖြူနီရယ်နဲ့ ကြော်ထားတာ။ ကောင်းလိုက်တာ မပြောပါနဲ့ တော့။ တီချမ်းဘလော့ဂ် ကို အသိနောက်ကျလေခြင်းနော်။ ကောင်းသောခရီးဖြစ်ပါစေလို့ ။
    ReplyDelete
  26. စားရတာ အဆင်ပြေတယ် ဆိုလို့ ဝမ်းသာပါတယ် အမည်မသိရေ
    မနက်ဖြန် မနက် စောစော ခရီးထွက်တော့မယ်လေ
    အီးမေးလ် က chenaddy@gmail.com ဆိုရင် ရောက်ပါတယ်
    ပြန်လာမှ ဟင်းတွေ တင်ပေးအုံးမယ်နော်
    သင်္ကြန် ကျရင် ပိတ်ရက်များတော့ ဟင်းချက်ဖြစ်မယ် ထင်ပါတယ်
    ReplyDelete