Friday, April 24, 2009

ကျပျောက်ခြင်းများ

ညနေက မိဘုတ်နဲ့ စကားပြောပါတယ်
အဲတော့ ထုံးစံအတိုင်းပေါ့
ကဗျာထွက်ပါတယ်
(ဒေါ်ရီတာရေ သူများသားသမီးတွေ က ဒီလိုပဲအေ့
ဟိဟိ စကားပြောတာတောင် ကဗျာဖြစ်တယ်
ဟဟဟ သူမပြောခင် ကြိုကန်ထားတာ)
ထုံးစံအတိုင်းတယောက်တပိုဒ်ပါ
ထုံးစံအတိုင်း အိုင်တဲလစ် က မိဘုတ်ပါ
ဒေါ်ရီတာ ပေါက်တယ်နော် ဒီတခါ.............?.

ကျပျောက်ခြင်းများ

ပူလောင်တဲ့နေရယ်
ငါ့ကို လောင်မြိုက်စေတာ
နင်လား???

လေတွေတောင် ဆူလို့ပွက်နေပြီ
မေကမကုန်သေးဘူး

တိမ်တွေရယ်
နင်တို့ သယ်သယ်လာတဲ့ရေငွေ့တွေ
ဘယ်မှာကျကျန်နေခဲ့လဲ

ကံကြမ္မာရယ်
ငါ့ကို အရာရာနောက်ကျစေတာ
နင်လား???

အတွေးတွေတောင် ရုတ်ရုတ်သဲသဲဖြစ်လို့ . . .
မီးစာကမကုန်သေးဘူး

မျှော်လင့်ခြင်းတွေရယ်
နင်တို့သယ်သယ်လာတဲ့ အိပ်မက်တွေ
ဘယ်မှာကျကျန်ခဲ့လဲ

အလင်းတစ်စုံရချင်တယ် . . .
ရိုးသားသူတွေကို လိုက်ရှာဖို့ မဟုတ်ပါဘူး။

ကိုယ့်ရဲ့
ပျောက်ဆုံးသွားတဲ့
ရိုးသားမှုလေးကို
ပြန်ရှာချင်လို့ပါ။

ဘ၀တခု ရချင်တယ်
အစကနေပြန် ကြိုးစားဖို့မဟုတ်ပါဘူး
အသက်ကို
သေသေချာချာ
ပြန်ရှူ ကြည့်ချင်လို့ပါ
“နေ” တယ် ဆိုတာ ဘာလဲလို့

ခုတော့လဲ
ဘ၀ကကျပျောက်သွားလို့

A Chen and BS
23rd April 2009
4:03 pm
Gtalk online.
Ygn Vs Bkk

11 comments:

  1. ကဗျာလေးကိုမနည်းစဉ်းစားပြီး comment ပေးရတယ်.
    အဟီး..တစ်ခါမှမပေးဖူးဘူး..ဒါပထမဦးဆုံးပဲ..
    "ဘ၀တခု ရချင်တယ်
    အစကနေပြန် ကြိုးစားဖို့မဟုတ်ပါဘူး
    အသက်ကို
    သေသေချာချာ
    ပြန်ရှူ ကြည့်ချင်လို့ပါ
    “နေ” တယ် ဆိုတာ ဘာလဲလို့
    ခုတော့လဲ
    ဘ၀ကကျပျောက်သွားလို့"
    ဘာမှမစဉ်းစားပါနဲ့...ပစ္စုန်ပန်တည့်တည့်ကိုပဲကြည့်ပြီးလက်ရှိလုပ်နေတယ့်
    အလုပ်ကိုအကောင်းဆုံးဖြစ်အောင်ကြိုးစားပါ..ပြီးခဲ့တယ့်ဟာတွေကောင်းသည်
    ဖြစ်စေ.ဆိုးသည်ဖြစ်စေ အတတ်နိုင်ဆုံးမေ့ထားတာအကောင်းဆုံးပဲ.လို့ထင်တယ်.
    အနာဂတ်ကိုကြိုတွေးနေရင်လည်း..စိတ်မောတယ်.လက်ရှိေ၇ာက်နေတယ့်
    ဘဝလေးကိုအကောင်းဆုံးဖြစ်အောင်ထိန်းသိမ်းစောင့်ရှောက်နိုင်ရင်အကောင်းဆုံး
    လို့ထင်တယ်.ဟုတ်တယ်ဟုတ်?

    ReplyDelete
  2. ရှည် ရှည် ဝေးဝေး မပေး တော့ဘူး...။
    နှစ်ယောက်စလုံးတော်ဧ။် လက်တန်းမို့ လို့ သာ ပဲ ..။

    ReplyDelete
  3. ကံကြမ္မာရယ်
    ငါ့ကို အရာရာနောက်ကျစေတာ
    နင်လား???

    အဲဒီစာသားကထိသွားပီတီတီ =(

    ReplyDelete
  4. တိမ်တွေရယ်
    နင်တို့ သယ်သယ်လာတဲ့ရေငွေ့တွေ
    ဘယ်မှာကျကျန်နေခဲ့လဲ/

    အလင်းတစ်စုံရချင်တယ် . . .
    ရိုးသားသူတွေကို လိုက်ရှာဖို့ မဟုတ်ပါဘူး။
    ကိုယ့်ရဲ့
    ပျောက်ဆုံးသွားတဲ့
    ရိုးသားမှုလေးကို
    ပြန်ရှာချင်လို့ပါ။
    အတွေးကောင်း၊ အရေးကောင်း။
    ဘ၀ဆိုတာ ဒီလိုပဲ ကျပျောက်တတ်တယ်။ ဒါပေမဲ့ အချိန်တန် ကိုယ့်လက်ထဲ ပြန်ရောက်လာတာပါပဲမလားဗျာ။
    ရိုးသားမှုတွေ ရချင်ရင် ကိုယ်တိုင်ပဲ ၇ိုးသားလိုက်မယ်။ လိုက်မရှာတော့ဘူး။ တခါတခါ ဖွင့်မချပြဖြစ်တဲ့ ဘ၀အပိုင်းအစတွေက မရိုးသားလို့မှ မဟုတ်တာ ဏောဗျာ။
    မဘုတ်ရဲ့ Multiply link လေး ပျောက်နေတယ်။ ဘယ်လို ပြန်ရှာရမလဲ။
    ချစ်ဘောလောချမ်းရေ.. ပျော်ရွှင်ပါစေဗျာ။

    ReplyDelete
  5. T Chen
    you always give us something to think about deeply after reading ur poems........ :)

    ReplyDelete
  6. အသက်ကို
    သေသေချာချာ
    ပြန်ရှူ ကြည့်ချင်လို့ပါ
    “နေ” တယ် ဆိုတာ ဘာလဲလို့ ..
    ဆိုတာလေး ခိုက်သွားပြီ တီရေ

    ReplyDelete
  7. ကဗျာလေး အရန်းကောင်းတယ်၊

    ReplyDelete
  8. ဘ၀တခု ရချင်တယ်
    အစကနေပြန် ကြိုးစားဖို့မဟုတ်ပါဘူး
    အသက်ကို
    သေသေချာချာ
    ပြန်ရှူ ကြည့်ချင်လို့ပါ
    “နေ” တယ် ဆိုတာ ဘာလဲလို့

    How beautiful thought is it? I have been staying away from my family to get something for two years. Now, I got it already but I realize that it is not the one I want. I wanna start over either. Anyway, we can't do it. So, T chan, just value who you are and what you are doing. It might be so hard to start again and again.
    By the way, I wanna eat "Shan ar lu hta min chin on 30th April". Could me send me with EMS? :)
    Glacier

    ReplyDelete
  9. yes it is ok
    just transfer me 200 USD for sending fee
    arr lu hta minn will be free
    love
    :D

    ReplyDelete
  10. တီ
    ကဗျာလေးကို အရမ်းကြိုက်တယ်
    နောက်လည်း ရေးနိုင်ကြပါစေး)

    ReplyDelete