Sunday, April 26, 2009
တီချမ်းရဲ့ တနေ့တာ (အောင်မျိုး(ဘလောခ်စပေါ့ )-ဗျူးသည်)
ကျတော်တို့ ဘလောခ်စပေါ့ မဂ္ဂဇင်းကနေ ယနေ့ ဘလောခ် လောက မှာ ဘာတွေဘယ်လို လုပ်လိုက်တယ်မသိ နေ့ချင်းညချင်း ဆိုသလို နာမည်ကြီးလာတဲ့ အန်တီချမ်း နဲ့တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။
အောင်မျိုး(ဘလောခ်စပေါ့ )=အန်တီချမ်း၊ အန်တီချမ်း နဲ့ ခုတလော ဘလောခ်လောက မှာနေ့ချင်းညချင်း ဟိုးလေးတကျော်ကျော် နာမည်ကြီးလာအောင် ဘယ်လိုလုပ်ခဲ့သလဲ ကနေစရအောင်နော်?
အန်တီချမ်း=အင်းအဲတာကပေါ့နော် ဘယ်လိုပြောရမလဲ ဆိုတော့ ပေါ့နော်....................
နည်းနည်းတော့ ရှည်မယ် ပေါ့နော် ပြောရရင်ပေါ့နော် အစက ဒီလိုလေ............. တီကလေ ငယ်ငယ်လေးကတည်းက စာရေးတာ ၀ါသနာပါပါတယ်ပေါ့လေနော်
နောက်အမ ကလဲ နာမည်ကျော် ဘလောခ်ရေးဆရာမကြီးဆိုတော့ (ဒီနေရာ မှာ ဒီလောက ကလဲ ဟိုလောက လိုပါပဲ ပေါ့နော် အမ တင်ပေးရင် ပိုက်ဆံထုတ်ပေးရင် ဖြစ်တယ်ပေါ့နော် အကို ကနာမည်ကြီးရင် လဲ ညီတွေ ညီမတွေ ကဖြစ်ပါတယ်ပေါ့နော် လိုက်ပေါက်ကြပါတယ်ပေါ့ အရှိန်ပေါ့နော်.......... အဲတာလိုတယ်ပေါ့နော်)
နည်းလမ်း အမှတ် (၁)
အမ မိတ်ဆက်ပေးတဲ့ တခြားရှေ့ရှေ့ က ဘလော်ခ်အကျော်အမော်တွေ ရဲ့ အိမ်တွေလိုက်လည် စာတွေလိုက်ဖတ် ဘာမန့်ညာမန့်တွေ လုပ်တာပေါ့နော်၊ နောက်သူတို့ ကို အိမ်လည်ပြန်ခေါ်၊ မလာရင် စိတ်ဆိုးကြောင်း အိမ်လိုက်အော်ပြော ဘာညာ ပေါ့နော်၊ စစချင်းကတော့ ပေါ့နော် အဲလိုလုပ်ပါတယ်လေနော်။
နည်းလမ်း အမှတ် (၂)
နောက်နည်းလမ်းတခုကတော့ကပေါ့နော် ဘယ်လိုပြောရမလဲ ဆိုတော့ ပေါ့နော် ခုတလော နာမည်ကြီးနေတဲ့ မြန်မာပြည်က အဆိုကျော် (အဆိုတော်မဟုတ် နာမည်က ကျော်ရုံတင်ကျော်တာ အဆိုက မတော်လို့ အဲတာကြောင့် အဆိုကျော်ပဲ အဆိုတော် မဟုတ်) တယောက်လိုပေါ့ ကိုယ့်အဖြစ်တွေ ဘာတွေ ကို ဇာတ်နာအောင်၊ သနားစရာလေးဖြစ်အောင် အင်တာဗျူးတွေ ဘာညာတွေ တင်ရတာပေါ့နော် (သူကတော့ သီချင်းလုပ်ရေးတာပေါ့နော်)။ မသိတဲ့ လူတွေ ကတော့ အော် ဒီကောင်လေး မဆိုးရှာဘူး၊ ပရဟိတ စိတ်ကလေးရှိတယ် လူတွေ ကို ကူညီနေတယ် ၊သူ့အဖြစ်တွေ ကိုရဲရဲဝံ့ဝံ့ ဖွင့်ပြောပြီးလူတွေ ကို ချပြရဲတယ် ဘာတွေညာတွေပေါ့နော် စသဖြင့် ယုန်ထင်ကြောင်ထင် ဖြစ်အောင်လုပ်ရပါတယ်ပေါ့နော်။ (ဒီနေရာမှာ လဲ နာမည်ကျော် ဘလောခ်ဂါ ကာကာ ရဲ့ စကားလုံးလေးယူသုံးထားပါတယ်လေနော် သူ့ရဲ့ခုတလော ပေါက် ဟစ် ပိုစ့်=ပေါက်ပြီးဟစ်ဖြစ်နေတဲ့ ပိုစ့် လူပျိုတုကြီးတယောက်ရဲ့ ဖွင့်ဟ၀န်ခံချက် ကပါ)
နည်းလမ်း အမှတ် (၃)
နောက် ထပ်နည်းလမ်းကောင်း တခုကတော့ အရှေ့အရှေ့ က နာမည်ကြီး ဘာလေခ်ဂါ များရဲ့နည်းလမ်းတွေ ကိုလဲ အတုယူရပါတယ်ပေါ့နော်။ ဥပမာ နာမည်အကြီးကြီး ဖြစ်တဲ့ ဘလောခ် မမဘွားအေကြီးရဲ့နည်းလမ်းအမိုက်စားများဖြစ်တဲ့ဓါတ်ပုံရိုက်တင်ပြီး မေးခွန်းတွေ ဘာတွေ မေး ပေါ့နော် တီချမ်း ဘယ်လိုလူလဲ ပုံကြည့်ပြီးဖြေကြပါ စတဲ့ နည်းလမ်းကောင်းလေးတွေ လဲ သုံးပါတယ်ပေါ့နော်။
နည်းလမ်း အမှတ် (၄)
နောက်တော့ ကလေးမွေးရပါတယ် အင်း.........နားရှုပ်သွားသလားမသိဘူး ဘယ်လိုပြောရမလဲပေါ့နော် တီ့ထက် အနည်းငယ်ပဲဖြစ်ဖြစ် များများပဲ ဖြစ်ဖြစ် ငယ်ပြီ ဆိုတာနဲ့ သားလေး သမီးလေး မောင်လေး ညီမလေး ဖမ်းခေါ် အဲပြီးတော့ ဟောခုန က နည်းလမ်းမဟာ ဥာဏ်ဗျူဟာ လို့တောင် ခေါ်ရင်ရမယ့် အိမ်လည်လိုက်၊ ပြန်အလည်ခေါ်၊ မလာလည်ရင် စိတ်ဆိုး၊ အဲတာတွေ စိတ်ဆိုးတာတွေ တခါ လူသိအောင်အိမ်တခါပြန်လိုက်အော် စတဲ့ နည်းလမ်း အသွယ်သွယ် အဖြာဖြာ တွေ ကိုသုံးလိုက်တယ်ပေါ့နော်။ အဲတာ နဲ့ ဒီလို ဒီလို နေ့ချင်းညချင်း ဟော်လေးတကျိုးကျိုး ဟိုးလေးတကျော်ကျော်နာမည်ကြီးလာတာပါပဲပေါ့နော်။
နောက်ဆုံးနဲ့ အစွမ်းဆုံးနည်းလမ်းကတော့ တခု ရှိပါသေးတယ် ထုတ်မသုံးရသေးပါဘူးပေါ့နော် အဲတာလဲ ရှေ့ရှေက က ဆူပါများရဲ့ နည်းလမ်း ပါပဲပေါ့နော် ဟောင်းပေမယ့် စွမ်းနေဆဲ နည်းလမ်း မဟာလေးပါပေါ့နော် နောင်လာနောက်သား ဘလောခ်ဂါပေါက်စများနည်းလမ်းယူလို့ ရအောင်တီချမ်း က စေတနာရှေ့ထား နည်းပေးလမ်းပြလုပ်ပါတယ်ပေါ့နော်။ ချန်မထားပါဘူးပေါ့နော်။
နည်းလမ်း အမှတ် (၅)
အဲတာ က ဘာလဲ ဆိုတော့ ကိုယ့်ဘလောခ် မှာ ရန်တွေ ဘာတွေ နည်းနည်းဖြစ်ရပါတယ် နောက် တော့ အိတ်ဖွင့်ပေးစာတွေ ဘာညာတွေပေါ့နော် အဲလိုရှိပါတယ်ပေါ့နော်.................
ဆူပါ ဘလောခ်ဂါ တယောက် ဆိုရင် အဲလိုနည်းတွေ မကြာခဏသုံးပါတယ်ပေါ့နော် ပွဲဆူမယ့် စာတွေ ရေးရပါတယ်ပေါ့နော် ခေါင်းစဉ်ကအစ လူတွေ စိတ်ဝင်စားတာမျိုးဖြစ်ရပါမယ်ပေါ့နော်
အင်းအဲလောက်ပါပဲပေါ့နော် ဆက်ပြောရင် တီလဲ အသတ်ခံရကိန်းမြင်နေပါတယ်ပေါ့နော်........း)
အောင်မျိုး(ဘလောခ်စပေါ့ )=ဟုတ်ကဲ့ တီ့ချမ်းရဲ့ ဘလောခ်သက်လေးလဲ တချက်လောက်?
အန်တီချမ်း= ဟုတ်ကဲ့ ၂၀၀၉ ဖေဖော်ဝါရီလ က စတယ် ဆိုတော့ တီက သေသေချာချာ ရေတွက်မယ် ဆိုရင် ၃ လ ထဲမှာပေါ့နော်။ ပြည့်တော့ မပြည့်သေးဘူးပေါ့နော်။ အဟင်း အဟင်း အဟင်း ညှင်းညှင်း...........အဟွင်း
အောင်မျိုး(ဘလောခ်စပေါ့ )= ဟုတ်ကဲ့ ဒီ ၃ လ ထဲမှာ ရေးခဲ့သလောက်ထဲ က တီချမ်း အကြိုက်ဆုံးလေး...?
အန်တီချမ်း= အင်းဘယ်လိုပြောရမလဲ ဆိုတော့ ပေါ့နော် အား..........................လုံးက တီ ကိုယ်တိုင်မွေးထုတ်ခဲ့တဲ့ တီ့ ရင်သွေးလေးတွေပဲ ဆိုတော့ ပေါ့နော် အားလုံးကို အတူတူပဲ ချစ်ပါတယ်ပေါ့နော် (မမို့လေသံနဲ့ပြောသည်) အဲတာကြောင့်ဆိုးတဲ့ ကောင်လေး ကိုလဲ ဆိုးလို့ ချစ်သလို လိမ္မာ တဲ့ကောင် ကျပြန်တော့ လဲ ချစ်ရပြန်ပါတယ်ပေါ့နော် အလယ်အလတ်ကောင်လေးတွေ ကျတော့ လဲ လပ်ကျန်မခဲ့အောင် ချစ်ရပါတယ် အဲတော့ အင်းဖြေရမယ် ဆိုရင်ပေါ့နော် သားသမီးတွေ အားလုံးကို တူတူ တန်းမျှ ချစ်ပါတယ် ပဲ ဖြေရင် မှန်မယ်ထင်ပါတယ်ပေါ့လေနော် ..............ဟင်းဟင်း..................ထမင်းထမင်း..............
အောင်မျိုး(ဘလောခ်စပေါ့ )=အဲတာဆို လာမယ့် ဘလောခ် အကယ်မမီ ပေးပွဲကျရင် အန်တီချမ်း ကကော ဆုတွေ ဘာတွေ မှန်းထားပါသလား?
အန်တီချမ်း=အင်းပေါ့နော်................ဘယ်လိုပြောရမလဲ ပေါ့နော် ...........တီ တို့ က ၀ါသနာ ရှင်တွေ အဆင့်ပါပေါ့နော် ပညာရှင်တွေ အဆင့် မဟုတ်သေးပါဘူးပေါ့နော်၊ နောက် တီ က လူကလဲငယ် လူသစ်တန်းကလဲဖြစ် ဆိုတော့ မမှန်းရဲပါဘူးပေါ့နော် ခုမှ ပညာရည်နို့စို့ တုန်းပါပေါ့နော် လေ့လာသင်ယူနေတုံးပဲပေါ့နော်.............တီနဲ့ တူတူ ဘလောခ် ရေးနေကြတဲ့ စလုံးက သူသူ(ဒေလီယာ) တို့ အရီးတောင်း ရဲ့မြေးမ အရီးတား တို့၊ ဘောနပ်စ်လေးတွေ နဲ့ ရေးတတ်လို့ ကာကာ(ဘော) လို့နာမည်ကြီးနေတဲ့ ကိုကိုကာကာ၊ ပန်းချီးကားအကြောင်းလေးတွေ ရေးတတ်တဲ့ (ကား)နန်းညီ တို့၊ လူငယ် ထဲက တော်တော် ပေါက်တဲ့ ပီအမ် (ညပိုင်း) တို့ ကလဲတော်တော်ကောင်းတော့ မမျှော်လင့်ရဲပါဘူးပေါ့နော် နောက် တီ နဲ့ က တင်တဲ့ ဒါရိုက်တာ မတူပေမယ့် အသည်းကွဲပိုစ့်တွေ အရေးများတာချင်းတူတဲ့ ကြယ်ဖြူစင် ဆိုတာ ကလဲ ရှိနေသေးတော့ အင်းဘယ်လိုပြောရမလဲ ပေါ့နော်...............မျက်လုံး အား ၇ ချက်မျှ ကလယ်ကလယ် လုပ်၍
ပရိသတ်က ပေးတယ် ဆို ရင်တော့ ရချင်ပါတယ်ပေါ့ အဲ့လိုပဲ ကိုယ့် ညီ အကို မောင်နှမတွေ ထဲ က ဘယ်သူပဲ တကယ်အရည်အချင်းရှိလို့ ရရ။ ဘယ်လူကြီးတွေ ကို ဘယ်လောက် ဘယ်နှပုံး၊ ဘယ်နှခွက်၊ ဘယ်နှပုလင်း စသဖြင့်ပေါ့နော် ပိုက်ဆံပေးလို့ ရရ ပေါ့နော် တီ ကတော့ ၀မ်းသာပေးမှာပါပဲ ပေါ့နော် မုဒိတာ လဲပွားပါတယ်ပေါ့နော် .............(အဲ အဲ့ဒါလေး ထည့်မရေးလို့ ရမလားဟင်...................
ပြောတာ အရှိန်ရသွားလို့ လျှို့ဝှက်ချက်တွေ ပါကုန်တယ်)
အောင်မျိုး(ဘလောခ်စပေါ့ )= ကဲကဲ အဲတာ ဆို အင်တာဗျူး ရဲ့ မူလရည်ရွယ်ချက် ဖြစ်တဲ့ အန်တီချမ်း နဲ့ တနေ့တာ လေးကိုဆက်လိုက်ရအောင်နော် ကျတော် တို့ မဂ္ဂဇင်းတိုက် ရဲ့ အတော်ဆုံး ဓါတ်ပုံဆရာ အက်ဒီချန်း(ခေတ္တ ဖင်ကောက် အဲလေ ဘန်ကောက်) ကနေ ပြီးတော့ တီချမ်း နဲ့တူတူဒီနေ့ တနေ့ လုံး တီချမ်း သွားသမျှနေရာ တွေ လိုက်ကပ်စား အဲလေ.....လိုက်ပြီးတော့ တီချမ်း ပုံလေးတွေ ကို လှလှ လေး ရိုက်ပေးပါလိမ့်မယ်နော်။
နောက်မှတွေ့ကြတာပေါ့။ တီချမ်း ကို ခုထက် တိုးပြီး အဆဆ အောင်မြင်ပါစေလို့ ကျတော် တို့ (ဘလောခ်စပေါ့ ) မဂ္ဂဇင်း ကနေဆုတောင်းပေးပါတယ် ဗျာ။
အန်တီချမ်း= ဟုတ်ကဲ ပါပေါ့နော် တီကလဲ ခုလိုလာရောက်မေးမြန်းတဲ့ အတွက် (လာမေးပေးဖို့ အာပေါက်အောင်ခေါ်ရတာ မုန့်ကျွေးရတာ စာမူခပေးရတာတွေ ခေတ္တမေ့ထားပြီးသကာလ) ကျေးဇူး တင်ပါတယ်ပေါ့နော် ဟိုလေ............ဟို ပြီးတော့ ဓါတ်ပုံတွေ မရိုက်ခင်လေ တီ့ ကိုပိန်အောင် ရိုက်ပေးလို့ ရမရ အဲတာလေး ဖိုတို ဂရဖ်ဖာကောင်လေးချောချောလေး ကို တချက်မေးပေးပါလားဟင်..?
အောင်မျိုး(ဘလောခ်စပေါ့ )= အော် .....အဲဒီအတွက် တော့ မပူပါနဲ့ တီချမ်းရဲ့ ကျတော် တို့ (ဘလောခ်စပေါ့ ) မဂ္ဂဇင်းက စာရွက်အကောင်းစား၊ ကျော်ညာ (ကျော်ကျားအောင် ညာတဲ့အတွက်) များများ နဲ့ ထုတ်တဲ့ ကွာလတီ မဂ္ဂဇင်း ဖြစ်လေတော့ အင်္ဂလိပ် လို့ တတ်ခ်ျ touched လို့ ခေါ်တဲ့ ပြုပြင်ပြီး သားပုံတွေ နဲ့ ပဲ သုံးပါတယ် အဲ့အတွက် အန်တီချမ်း ပုံတွေ ကို ရိုက်တုံးမှာ အဆီပြန်နေတဲ့ မျက်နှာ ကိုလဲ တတ်ခ်ျ touched လုပ်တဲ့ အခါကျရင် မိတ်ကပ် ကို မသိမသာလေး မှုန်မှုန်လေးဖို့ထားသလို ထင်ရအောင်ပြုပြင်ပေးလို့ ရပါတယ်။ နောက်ခု တီ့ မျက်နှာ ပေါ်က လကမ္ဘာ ခွက်တွေ အဲလေ ၀က်ခြံ၊ဆင်ခြံ စတဲ့ မသိသားဆိုးရွားနေတဲ့ ဖုလေးတွေ ကိုလဲ ဖြောက်လို့ ရပါတယ်။ ဟော်..............တီ “၀”နေရင်လဲ ကွန်ပျူတာအဖက်တွေ နဲ့ မယ်စကြာဝဠာ အလား အထင်မှတ်မှားရအောင် ပြင်ဆင်ချက်လေးတွေ အနည်းငယ် မဆိုစလောက်လေးတွေ ကို ဖိုတိုရှော့ပ် photoshop ထဲမှာ အကုန်ပြင်လို့ ရပါတယ် အန်တီချမ်း ရယ် စိတ်မပူပါနဲ့နော်။
အန်တီချမ်း= အော် အင်း အဲတာ ဆိုရင် တော့ ကျေးဇူးပါပဲကွယ် ငှင်းငှင်းငှင်း...................နောက်လဲ မကြာမကြာ လာဗျူးနော် ဒီက ခဏခဏဖြေချင်နေတယ် ခိခိခိ................................
အန်တီချမ်းရဲ့တနေ့တာ....................
မနက်နိုးနိုးချင်း အချိန် ကိုကြည့်လိုက်တော့ ၁၁ နာရီပါ တီ က အဲလိုပဲ ညကိုနောက်ကျမှ အိပ် ပြီး မနက် ကို ထချင်တဲ့ အချိန်မှ ထပါတယ် ဒီနေ့ က စနေ ဆိုတော့ အိုကေတယ်လေ..........ဒီနေ့တော့ နိုးနိုးချင်း ချစ်တူမ မိရောင်နဲ့ စကားပြောပါတယ် နောက် ထုံးစံအတိုင်း ပိုစ့်သစ်တင် တတောင်တောင်နဲ့ ပေါ်လာတဲ့ လူတွေ နဲ့ ချက် အင်းဒီနေ့ ဆို ဂရုချက်တောင်ချက်လိုက်ကြသေးတယ်......နာမည်ကျော် ဘလောခ် အကျော်အမော် တွေ ဖြစ်တဲ့ အဆိုတော်လေဒီ ဂါဂါ ရဲ့ အကိုတော် ဘလောခ် ဂါ ကိုကိုကာကာ။ သရဲကားတွေ ရိုက်ရင် မိတ်ကပ် ကူစရာမလိုလို့ ဒါရိုက်တာတွေ တော်တော် သဘောကျတဲ့ သရုပ်ဆောင်သစ်လေး မိုးခါး၊ (သူကခုလောလောဆယ်တော့ မိုးခါးနဲ့ ဒေါ်ဒေါ်နွေး ဆိုတဲ့ ခေတ်လွန်သရဲကားတကားရိုက်နေပါတယ်တဲ့ ကျောင်းကအပြန်လမ်းမှာ ကားအက်ဆီဒင့် တခု နဲ့ ကြုံရတဲ့ ကျောင်းသူမလေးနဲ့ ကားတိုက်ခံရပြီး ပွဲချင်းပြီး အစိမ်းသေ သရဲဖြစ် အမေနွေး (ခေါ်)ဒေါ်နွေးတို့ ရဲ့ ဆွတ်ပျံ့ကြည်နူး အသည်းနာ ၀မ်းနည်း သနား လွမ်းဆွေး သံဝေဂယူစရာ ဇာတ်ကားကောင်းလေး တပုဒ်ပါတဲ့။ (ဒါက မိုးခါးအတွက်ကျော်ညာ သူလဲ ကျော်အောင်ညာညာနေတာပဲ) နောက် သီချင်းတွေ ကို အပြားကြီးတွေ ပွတ်ပွတ်ပြီးဖွင့်တဲ့ ဒီဂျေ ကြယ်ဖြူစင် တို့နဲ့ပေါ့ ဂရုချက်ချက်ကြပါတယ်။ နောက်တော့ ၃ နာရီလောက်လဲ စကားပြောပြီးရော လက်တွေတော်တော်ညောင်းလာကြတာနဲ့ စကားစသတ်ပြီး မနက်စာခေါက်ဆွဲ ကို နေ့လည် ၂ နာရီကျော်ကျော်လောက်မှာ သွားတီးဖို့ပြင်ပါတယ်။
အောက်က ပုံတွေ က တီ အမြဲစားနေကြ အိမ်နားက အမဲလုံးခေါက်ဆွဲ(ညာဘက်ကပုံ)ပါ။
ဘေးက သူငယ်ချင်းမှာစားတဲ့ ၀က်သားလုံးညှပ်ခေါက်ဆွဲပါ။ နှစ်မျိုးစားလို့ ရအောင် ထည့်ပေးထားပါတယ်။
နောက် တီ က အချို မကြိုက် တဲ့တွက် သံပရာသီး နဲ့ ငရုတ်သီးဆီသတ်ထားတာ ထည့်အပြီးပုံရယ် မွှေထားတဲ့ ပုံရယ်ပါ။
နောက် စားပြီးတော့ သူငယ်ချင်း တယောက်က ဖုန်းဆက်လာပြီး ဂျေဂျေ JJ= Jut tu jut Market မားကတ် လို့ ခေါ်တဲ့ weekend market ပိတ်ရက်ဈေး ကိုသွားမလားမေးပါတယ်။ တီလဲပျင်းပျင်းရှိတာ ရယ်၊ နောက်အပင်လေးတွေ လဲနည်းနည်းဝယ်ချင်တာနဲ့ သွားမယ်လေလို့ပြောလိုက်ပါတယ်။
အဲ့တာနဲ့ နေ့လည် ၃ နာရီမှာစားတဲ့ မနက်စာစားပြီးတော့ အိမ်ပြန်ရေမိုးချိုးပြီး ဓါတ်ရထားနဲ့ ချီတက်ပါတယ်။ တီ့အိမ်ကနေဆို ဂျေဂျေ မားကတ်တည်ရှိရာ နောက်ဆုံးမှတ်တိုင်ဖြစ်တဲ့ မိုချစ် ကို ၅ မှတ်တိုင်စီးရပါတယ် ဘန်ကောက်မြို့ရဲ့ မြောက်ဘက်စူးစူးကိုပါ။ ခဏလေးနဲ့ရောက်သွားပါတယ်။
ဒီပုံက ဓါတ်ရထား မှတ်တိုင် မှာ ကော်ဖီကျော်ညာတာပါ တီသဘောကျလို့ရိုက်လာတယ်။အနောက်က ကော်ဖီ စစ် မှာ အငွေ့လေးတွေ ထွက်ပြီး ကော်ဖီနံ့ သင်းသင်းလေးရအောင်လုပ်ထားပါတယ်။ မိုက်တယ် သိလား......
ဒါက လှေကားအဆင်းနားမှာရောင်းနေတဲ့ အချဉ်မျိုးစုံပေါင်းပါ။ မြင်တော့ မနေနိုင်ပြန်ပါဘူး
ကိုယ်ဝန်ဆောင်ခဲ့တဲ့ အချိန်တွေ ကိုတောင် ပြန်ပြောင်းအောင်းမေ့ သတိရ လွမ်းဆွတ် တမ်းတ မိသေးတော့
ဒီအောက်ကပုံတွေ ကတော့ ဂျေဂျေ ဈေးနားက ပန်းခြံပါ ဦးမွန်လေးခွ တလက်နဲ့ သွားသွားသောင်းကျန်းနေတာပေါ့...း)
ကဲကြည့်ကြပါအုံး ဘန်ကောက်မြို့ကြီးကို မလန်းစိမ်းဘူးလို့ ဘယ်သူပြောလဲ ကုန်ကုန်ကို တော်တော် သတိရသွားတယ် နာဂစ်မလာခင်ကဆို ကုန်ကုန်က တော်တော် လှတာပါ......
အီး...................လွမ်းတယ်..............
ဒါလေးကတော့ ကလေးကစားကွင်းပါ။ ကလေးကစားကွင်း နဲ့ ကလေးတွေ အဖေအမေ တွေ ကိုမြင်တော့ ကိုယ့် ရဲ့ ကလေးလိုချင်တဲ့ ရောဂါဟောင်း ကလေးရူးခြင်းက ပြန်ထလာပါတယ်.............
ကိုယ်ငယ်ငယ်လေးကတည်းက ကလေးရူးခဲ့တာပါ ကလေး တယောက်လောက် အမြဲလိုချင်ခဲ့တယ်။ ကြီးလာရင် ကလေးလေး တယောက်ယောက်လောက်တော့ မွေးစားမယ်ပေါ့ (ကိုယ်ကလဲမွေးစားကလေးဆိုတော့ ကိုယ့်ကလေးကိုလဲ အဲလိုပြုစုပျိုးထောင်ချင်ပါတယ် ပြီးတော့ ကိုယ်က ကလေးတယောက်ကို ပြုစုပျိုးထောင်ရတာကိုလဲ အနုပညာ တခု လို့မြင်တယ် ကိုယ်သင်ယူချင်တဲ့ သင်ယူခွင့်ရချင်တဲ့ အနုပညာ တမျိုးထဲမှာ သူလဲပါတယ်။ ထားပါလေ လမ်းလွဲကုန်မယ်..............း) နောက်ကြုံတော့ သပ်သပ်ရေးတာပေါ့နော်
ဒါကတော့ ဈေးထဲမ၀င်ခင် အစားအသောက်တန်းပါ နှစ်ဘက်နှစ်ချက်အပြည့်ပါပဲ
ဈေးထဲရောက်တော့ တော်တော် ပူတဲ့အတွက် သူငယ်ချင်းနဲ့ ဆိုင်တဆိုင်ဆိုင်မှာ ထိုင်ရအောင်ဆိုပြီး ဆိုင်ရှာပါတယ် နောက် တွေ့တော့ သရက်သီးဖျော်ရည်တခွက်သောက်ပါတယ် သောက်ပါအုံးလား တော်တော်ကောင်းတယ်။နောက်ဘေးနားက မက်မုံသီး လဲဝယ်စားပါသေးတယ်။
ဒါတွေကတော့ ဖျော်ရည်ဆိုင်ဘေးနားက အကြော်တွေ တမ်ပူရာတွေ ရောင်တဲ့ ဆိုင်ရယ်၊ ဆူရှီ ဆိုင်ရယ်ပါ။
ဒါလေးကတော့ လျောက်သွားရင်းနဲ့ တွေ့တော့ သဘောကျလို့ ဆိုင်ရှင် ကို မ၀ယ်ဘဲ ခွင့်တောင်းပြီးရိုက်လာတာပါ စားသောက်ဆိုင်တွေ ပလာဇာတွေ ဈေးတွေမှာ ဘုံ လူသုံး အိမ်သာရှိတာ အချက်ပြတဲ့ ပုံလေးတွေ ဒီဇိုင်းအမျိုးမျိုးနဲ့ပါ။
ဒါကတော့ တီ့ အကြိုက် “ဆွဲ” လက်ဖက်ရည်ပါ အပူအအေး နှစ်မျိုးရပါတယ် တီကတော့ အအေးပဲ သောက်ဖြစ်တာများတယ် နောက် လက်ဖက်ရည် ဆွဲနေတဲ့ကောင်လေး က ချစ်စရာကောင်းတဲ့ အတွက် သမိုင်းပေးတာဝန်အရ ၀ယ်သောက်ရပါတယ် ဟိဟိ .....း)............အတူလာ နောက်ထပ် သူငယ်ချင်းနှစ်ယောက် နဲ့တယောက်တခွက်
၃ ယောက်ဆိုတော့ ၃ ခွက် ဘတ် ၉၀ ပါ။
ဒါကတော့ လျောက်လည်ရင်း လျောက်ကြည့်ရင်း ညနေ ၆ နာရီ ထိုးတဲ့အတွက် ယပလက်တွေရဲ့ နိုင်ငံတော်သီချင်း ကိုနီးစပ်ရာစတေရှင်တွေကနေ လွှင့်ပါတယ် လူတွေ အကုန်ရောက်ရာနေရာ မှာ..............“ရပ်”........."stand still" ပါ။ အားလုံးကလဲ လေးစားလိုက်နာကြပါတယ် နိုင်ငံခြားသားတွေကအစပေါ့ ရွှေတွေနဲ့များ ကွာချက်နော်................ရုပ်ရှင်ရုံထဲက ဇာတ်လမ်းမပြခင် မတ်တပ်ထရပ် ရတဲ့ နိုင်ငံတော် သီချင်းနဲ့ အလံကို သတိရမိပါသေးတော့တယ်။
ဒါကတော့ တီ ၀ယ်လာတဲ့ ပန်းလေးတွေ ပါ ရေချိုးခန်းထဲ က ဘတ်တပ် ကြီးနားမှာထားပါမယ်။ရေမွှေးနံ့နဲ့ ဆပ်ပြာမြုပ်တွေထနေတဲ့ ရေနွေးကန်ထဲမှာ ရေစိမ်ချိုးရင်း ရုပ်ရှင်ကားတွေထဲက မင်းသမီးတွေ လို ခြေထောက်လေးနဲ့ အပင်လေးတွေကို တို့ထိကစားပါမယ် နောက်ကနေ မောင် ကိုကြီး ညီ ကလေးလေး ကောင်လေး စိန် တယောက်ယောက် က ဖက်ထားပေးပေါ့ ..................အဟိ..................ခုပုံကလဲ အဲဒီ ဘတ်တပ် ထဲထည့်ရိုက်ထားတာပါ ခိခိ
ဟိုဘက် ၃ ပင် က ဇလပ်ဖြူတွေပါ ဒီဘက်ကအပင်တော့ ဘာပင်ခေါ်လဲမသိ လှလို့ဝယ်လာတာ အရွက်တွေက သင်္ဘော ပင်ပေါက်နဲ့တော့ တူတယ် ဒါပေမယ့် ဂမုန်းအနွယ်ဝင်လို့လဲထင်တယ် အောက်မှာ အမြစ်က ဂျင်ဆင်းပင် ဥလိုဖြစ်နေတာလေ အဲတာကနေမှ အပင်ကပေါက်တာ။
ဂျေဂျေမားကတ် ကနေပြန်တော့ တော်တော် တောင် မိုးချူပ်နေပေါ့ အဲတာ နဲ့ ဒင်ဒင် တခါတည်းအုတ်ကြစို့ လို့ ဆိုတာနဲ့ ကိုးရီးယား စတိုင်လ် ဘတ်ဖေး ဘာဘီကယူး သွားတီးပါတယ် တယောက် ကို မှဘတ် ၉၉ ပါ သူ့စနစ်က မိုက်တယ် အရင် ကတော့ ၆၉ ဘတ်ပဲ အဲ ဒါပေမယ့် ဘတ်ဖေး ဖြစ်တဲ့အတွက် ယူလာသမျှ စားမကုန်ရင် ဒဏ်တပ်တဲ့အနေနဲ့ ၉၆ ဘတ်ပေးရပါတယ် ခုတော့ လဲ ကုန်ကုန် မကုန်ကုန် တယောက် ၉၉ ဘတ် ဖြစ်နေပါပြီ။သူက အကင်ရော အပြုတ်ရော နှစ်မျိုးစားပါ။ အကင်အိုလေး က သနားခါးကျောက်ပြင်လိုပါပဲ ရေလည်ခေါင်သောင်ထွန်းထားပါတယ် အဲပေါ်မှာ အသားတွေ ကိုကင်ပြီးတော့ ဘေးမှာ ပြုတ်ပါတယ်။ အရင် ရန်ကုန်မှာနေတုံးကတော့ အိမ်မှာ တချိန်လုံးလုပ်စားတဲ့ အစားအသောက်တွေထဲ မှာ သူသည်လဲ
တမျိုးအပါအ၀င်ဖြစ်ပါတယ်။
ကန်စွန်းရွက်၊ ဂေါ်ရခါး (ရှမ်းမြောက်အခေါ် စူကာ) အညွန့်၊ ပြောင်းဖူး၊ မုန်လာဥနီ (ခါကြက်ဥ)နဲ့ ကြွက်နားရွက်မှိုပါ။
ဝက်နဲ့ ကြက်၊ ဂဏန်း ပြည်ကြီးငါး ၀က်ချိုပြား နဲ့ ၀က်ဆီပါ။ သူငယ်ချင်းတယောက်က အမဲ မစားတဲ့အတွက် တီ ငတ်ပါတယ်။း) .....၀က်ဆီ က အိုးမကပ်အောင် အဲလိုအပေါ်ထိပ်တည့်တည့် မှာတင်ထားလိုက်ပါတယ် သူ့ဆီကနေ စီးကျလာတဲ့ အဆီ များကြောင့် အိုးအကပ် သက်သာပါတယ်၊ လန်းတယ်နော် အိုင်ဒီယာက..................း)
ဒါကတော့ အားလုံးစားချင်တာလေးတွေ ထည့်ကင်နေ၊ ပြုတ်နေတဲ့ ပုံပါ။
ဒါလေးကတော့ အချိုပွဲပါ။ မိဒီ ရေ ကန်စွန်းဥ က အကင်တော့မရသေးဘူး လောလောဆယ်
ဒါလေးနဲ့ ခဏ စိတ်ဖြေထားနော်။ အ၀ါရောင်အတုန်းလေးတွေ က ကန်စွန်းဥပါ၊ အောက်မှာ
ပဲနီ ကြီးကြီးတွေပါတယ်၊ ကျောက်ကျောရယ် အုန်းသီးဂျယ်လီရယ်ပါတယ် နောက်ရေခဲထည့် အချိုရည်လေးစမ်းစားရတာပါ။
ကန်စွန်းဥကို အသေကြိုက်တယ် ဆိုတဲ့ ကောင်လေး ကိုသတိရမိပြန်ပါတယ်။
စားသောက်ပြီးတော့ ဗိုက်ကို အနိုင်နိုင် သယ် ပြီးတော့ အိမ်ပြန်ရပါတယ်။ နောက် အိမ်ရောက်တော့ သရဲကား ကြည့်ပါတယ် မိုးခါးလေးတောင် သတိရမိသေးတော့............း)
ကဲကဲ တီချမ်းရဲ့တနေ့ တာ ကတော့ ဒီလောက်ပါပဲလေနော်။
အားလုံးကိုကျေးဇူး အထူးတင်ရှိပါတယ်လေနော်။
အာဘွား.........................................
ရွှတ်..........................................
A Chen
5:12 am
27th April 2009
Home
Bkk
(မအိပ်ရသေးပါ......း(............ဟင့်............)
22 comments:
  1. အစမှအဆုံးဖတ်သွားပါတယ်ပေါ့နော်.. :P
    ReplyDelete
  2. တီနော်
    လူကိုသိပ်နှိပ်စက်တယ်
း(((((((((((((((
    စားလို့မရတဲ့ပုံတွေတင်တယ်
    မုန်းတယ် မုန်းတယ် ရမ်းရမ်းမုန်းတယ် :P
    (တီပြန်အော်မှာ သိပါတယ် .. နင်မုန်းတာထက်ပိုမုန်းတယ် .. :)
    တီ
    ရေချိုးရင် သတိထားနော် ..
    ကန်ထဲမှာ ........ :P
    ReplyDelete
  3. အဲဒီလောက် အစားငမ်းနေမှဖြင့် မပြောလိုက်ချင်ဘူး။ အဲဒီနေ့က ချောင်းဆိုးနေလို့ ဆေးဝယ်ပြီကြောင်း မိရောင်ဆီ ဖုန်းဆက်တာဘာလို့ ချန်ခဲ့တာလဲ။ သွား ခေါ်ဘူး။ မိရောင်အတွက် အဲဒီခေါက်ဆွဲဝယ်လာမယ်ဆိုပြီး ရွှီးသွားတယ်။ ရေချိုးတာတောင် အနောက်က တစ်ယောက် အဖက်ခံချင်သေး။ ငါ့ အဒေါ်ကတော့လေ မနိုင်ဘူးဟေး။
    ကဲကဲ အားလုံးပဲ တွေ့တယ်နော် ချစ်တီရေချိုးရင် နောက်ကနေ တင်းတင်းလေးဖက်ထားပေးကြ။ ဟိဟိ
    တီ အိုကေနော်...
    ချစ်တူမ
    တီခေါ်တဲ့ မိရောင်
    ReplyDelete
  4. ချမ်းရေ ချမ်းရေနဲ့ ခေါ်သံကြားရင်လည်း ပြန်မထူးနဲ့နော် .. လုံတဲ့ နေရာရှာပုန်း သိလား .. :P
    ReplyDelete
  5. ဝက်သားလုံခေါက်ဆွဲကိုကြာဇံနဲ့စား
    ချင်တယ်ငရုတ်သီး
    စပ်စပ်
    သံပုရာသီးလေးညှစ်မွှေပေး
    ခုစားမယ်စားချင်လာပြီ
    ခုစားမယ်
    နေမကောင်းဘူး
    တီနော်
    ReplyDelete
  6. တီနော် နာ့အနား ရောက်တာတောင် နာ့ကို မခေါ်ဘူး ကျပ်သူကျပ်မှာ ရှင်က ပတ်ချင်သူနဲ့ပဲ ပတ်တာပေါ့လေ..
    ဘူဖေးလ်ကတော့ ကျူပ်အကြိုက်ဆုံး အခု ကျူပ်ရောဂါကို နံမည်တပ်ပေးကြတဲ့အထဲမှာ အလာဂျစ်ဖြစ်ပုံရတယ်ဆိုလို့ ပင်လယ်စာတွေ မစားရတော့ဘူးတဲ့ဟယ် ဗြဲ...
    ဘိုင်သဝေး ရှင့်အင်တာဗျူးကလဲလန်းလှချည်လား လန်ထွက်နေတာပဲ...မိုက်တယ် အဲ့တာမျိုးလေး များများရေးပေး
    ReplyDelete
  7. ဗျူးတဲ့သူရော အဗျူးခံတဲ့သူရော ပေါတောတောရယ် ..း)
    ““““နောက်ကနေ မောင် ကိုကြီး ညီ ကလေးလေး ကောင်လေး စိန် တယောက်ယောက် က ဖက်ထားပေးပေါ့ ..................အဟိ..................““““
    အဲဒါကတော့ဖိုးစိန်စိတ်ကောင်းဝင်နေတဲ့အချိန်ဖြစ်မှာပေါ့
    မဟုတ်လို့ကတော့ရေချိုးခန်းမှာပဲ တနေတာပြတ်လို့ ညစာငတ်သွားမယ်..
    ဟင်းး...ဟင်းးး...ဟင်းးးး..
    ချမ်းရေးထားတဲ့အောင်မြင်တဲ့နည်းလမ်းဆိုတာကြီးကိုတော့ဖတ်ရတာဖီးလ်မလာဘူး
    အပျော်အပျက်ဆိုပေမယ့်ဖတ်ရတာတစ်မျိုးကြီးရယ်
    ထားပါတော့ ဒါက ချမ်းရဲ့စာရေးတဲ့စတိုင်ဆိုတော့
    ကျနော်ဝေဖန်တာမဟုတ်ဘူးနော်
    အပြစ်တင်တာလဲမဟုတ်ဘူး တော်ကြာစကားများနေရအုံးမယ်
    လွန်တာရှိ ဝန်တာမိပဲ အခုတည်းက
    တနေ့တာက ချက် စားတာနဲ့ တင်အချိန်ကုန်တယ်ဆိုတော့
    ချမ်းကိုအားကျလိုက်တာ
    ကျနော့်မှာစားချင်တာမစားရနဲ့ 
    ချမ်းစားတဲ့ထဲက
    ငရုတ်သီးစပ်စပ်နဲ့ မွှေထားတဲ့ဝက်သားလုံးစပ်စပ်ကိုအရမ်းစားချင်နေတယ်
    ပြီးတော့ကော်ဖီ
    အစေ့ကြိတ်တာမြင်ကတည်းက စားချင်နေတာ
    ကော်ဖီအသေကြိုက်
    ပြီးတော့ကန်စွန်းဥ
    မြင်ရပီးမစားရတော့လဲ စိတ်ထဲကတစ်မျိုးကြီး
    မရောက်တာကြာလို့ အလွမ်းပြေလာလည်တယ်
    အရှည်ကြီးမန့်တယ်
    အရာရာတိုင်းကိုပံ့ပိုးပေးခဲ့တဲ့ချစ်ချမ်းကိုလဲကျေးဇူးတင်ပါတယ်
    ခင်မင်လေးစားစွာဖြင့်
    ဖိုးစိန်
    ReplyDelete
  8. အင်း
    ဒီပိုစ့်လေးရဲ့ ဘလောခ် အောင်မြင်ရေးနည်းလမ်းတွေက ရေးရင်းနဲ့ သရော်စာလိုလိုဖြစ်သွားတယ်
    တချို့တွေ က သူတို့ ကိုရေးတယ်ထင်ရင် လဲ တည့်တည့်ရေးပါတယ်ပဲပေါ့
    မဖြေရှင်းပါဘူး စရေးကတည်းက ရေးနေရင်းနဲ့ တချို့ တချို့ ကတော့ ကြိုက်မှာမဟုတ်ဘူးဆိုတာ သိပါတယ်
    အမှန်က ကိုယ့်ကိုယ်ကိုယ်ရေးထားတာပါ တကယ်လဲ အဲလိုလုပ်ခဲ့ပါတယ်
    ရယ်ရတာ တခုက အပေါ်က ဦးမွန်က အရမ်းကြိုက်ပြီးတော့
    အောက်က ဖိုးစိန်က မကြိုက်ပါဘူးတဲ့
    ရပါတယ်
    လွတ်လပ်စွာကွဲလွဲပါလို့ အစကတည်းကပြောထားတယ်လေနော်
    ReplyDelete
  9. အောင်မာ
    ငါ့ကိုများ အရီးတောင်းနဲ့ အမျိုးစပ်ပေးနေသေးတယ်။
    ဆိုးဆေးကိစ္စနဲ့ black list ၀င်သွားလို့ကတော့ အကုန် ဆွဲခေါ်မှာနော်။
    တစ်ယောက်တည်းတော့ မသွားဘူး။
    ReplyDelete
  10. တီချမ်းရဲ့ တစ်နေ့တာက ဂွတ်ဒ်လှချည်လားနော်
    အမဲ မစားလို့ ၀က်သားလုံးကို တီချမ်းဆီက ကြာဇံနဲ့ လဲစားသွားတယ်နော်၊ ညှပ်မကြိုက်ပါ။ အဲတော့ တီချမ်းက ညှပ်နဲ့ အမဲသားစား ညလေးက ၀က်နဲ့ ကြာဇံစားမယ်။ ငရုတ်သီးလဲ တီလိုထည့် အချဉ်လေးပါ ညှစ်ပေးနော် ဂွတ်ဒ်။
    သရက်သီးဖျော်ရည်လဲ လုသောက်သွားတယ်။ မက်မုန်သီးလဲ မြည်းသွားပါကြောင်း နော်။
    အကင်တွေလဲ စားသွားတယ်နော်၊ အမဲသားမပါတော့ ကောင်းမှကောင်း ရှောင်စရာ မလိုဘူးနော်။
    ကန်စွန်းဥလဲ အသေကြိုက်ပေါ့နော်၊ အဲ့လို ပဲနီရယ် ကျောက်ကျော၊ ဒီ့ပြင် ဟိုဟာ ဒီဟာ ဆက်ထည့်ရင် မလေးမှာ ABC ခေါ်တယ်နော်၊ သောက်ကောင်းတယ်။
    တီ့ရဲ့ တစ်နေ့တာက ညလေးရဲ့ တစ်နေ့တာဆို ဘယ်လောက်ကောင်းမလဲနော်....
    ခင်လျက်နော်... :P
    ReplyDelete
  11. ဟွန်း... ယောင်ပီးတော့ သူ့ဘလော့ကို ရောက်သွားတာ
    နေ့လည်စာ မစားခင်.... ဗိုက်တော်တော် ဆာသွားတယ်
    တီချမ်း... တော်တော်ဆိုး
    လူကိုလည်း ဒေလီယာတဲ့
    ဟွန်းယယယ ပြောချင်ဘူး...
    အခုမှ ပဲ .. အရီးတားက အရီးတောင်းမှန်း သိတော့တယ်
    အမြဲစိမ်း Ever Green လို့ရေးထားတာ
    ဘယ်ဟုတ်မလဲ...
    ဆေးဆိုးထားလို့ စိမ်းနေတာကိုး
    ဟီ.. ဟိ
    ReplyDelete
  12. သူ ပဲစားနေတယ် အခုထိ တောင်းထားတဲ့ ဝက်မျှစ် ကျတော့ မချက်ကျွေး
    ဘူး ..။
    ခေါ်တော့ဘူး
    ReplyDelete
  13. ယပလက်သူများ အသားကတော့ ညိုမြ လို့ပဲခေါ်ရမယ်။
    ပုံထဲမှာကလည်း ကျော ပဲမြင်ရတယ်။
    စားစရာတွေတော့များသား မြင်ရတာ။
    နည်းလမ်းက ၅ ခုကြီးတောင် ရှိတာကိုး။ ရေးတာတွေ ဟုတ်ပေမယ့် ရေးတဲ့ ပုံကြီးကြောင့် ဖတ်ရတာ မသက်သာ။ ဖြူဖြူကျော်သိမ်းကို နောက်ထားတဲ့ အင်တာဗျူးတုန်းကလည်း ဒီလိုမျိုးပုံ ဖတ်ရဖူးတယ်။ ရိုးရိုးရေးပါ လို့ အားပေးပါတယ်။
    ကွန်မန့်ရေးရင် ရန်များလွန်းလို့ တို့များတော့ စိတ်လျော့ပြီး သက်သက်သာသာ ပြောင်းရေးပါတယ်။ (မဆိုင်တာ ပြောတယ် ထင်ဦးမလားမသိဘူး ရေးသာရေးရတယ် စိတ်ကမဖြောင့်)
    ပီအမ် (ညပိုင်း) ကို ဘာဆိုလိုမှန်း မသိပါ။ ဘယ်သူမှ ၀င်မမေးတော့ ကိုယ့်ဘာသာပဲ မေးရတယ်။ အဖြစ်က ဆိုးထှာ။
    အရီးတောင်းက မ rita ကို ပြောမှန်း သူကိုယ်တိုင် ရေးတဲ့ မန့် မြင်မှ သိတော့တယ်။
    စာရှည်သွားဘီ...။
    ReplyDelete
  14. ညနက်ကြီးမှ ပဲ လာဖတ် လာစားတယ် တီရေ၊
    ReplyDelete
  15. ခုမှဖတ်ဖြစ်တယ် တီတီချမ်း။
    အစမှအဆုံးသေချာဖတ်သွားပြီး အရမ်းကို
    လေးစားအားကျမိပါကြောင်း။အားပေးနေမယ်တီတီချမ်း။
    :)....ဒီSite လေးကိုရောက်တိုင်းအမြဲပျော်ရွှင်ရပါတယ်။:)
    ReplyDelete
  16. ကြည့်ပြီးသွားရည်တောင်ကျတယ်တီရယ်.. ဟင့်
း(
    ReplyDelete
  17. တီ..
    ဘာလို့ဆွဲ လက်ဘက်ရည်လို့ခေါ်တာလဲ
    အဲဘူဖေးကိုစားချင်တယ်...
    ဂျယ်လီ အသေကြိုက်...
    အဲပုံထဲကဟာ စားချင်တယ်...
း(
    အဲဒါတော့ကောင်းဝူးးးး
    အဲ ၀က်ဆီကို စားချင်ဝူးးးးးးး
း(
    ReplyDelete
  18. T chan,
    I do like Jut tu jut Market very much. I usually turn around every section again and again. I think one day is not enough to see all shops. Now, i prefer JJ Mall becaus of air con. If you go to Jut Tu Jut in the afternoon, oh my god, sooooooooooooo hot.
    By the way, I will be back to MM on 7. Why would you go back to Ygn early?
    Glacier
    ReplyDelete
  19. စားစားတီရေ။ တီပဲစားနေ။ ဟွန့်။ သူများမှာတော့ စာမေးပွဲရှိလို့ ချက်လည်းမစားနိုင် အပြင်ကိုလည်းအဝေးမသွားနိုင်။ အနားကဆိုင်မှာပဲစားနေရတာ လူလည်းပုစွန်ရုပ်ပေါက်တော့မယ်။
    ReplyDelete
  20. သူများ သရေကျအောင်လို့.. :(
    ဗိုက်ဘယ်တုန်းက ကြီးဖူးတာလဲ??
    ReplyDelete
  21. 29 Apr 09, 21:48
    littlebrook: မန့်မရလို့ စီဘောက်မှာရေးသွားတာ ဆောရီးတီရေ
    29 Apr 09, 21:47
    littlebrook: သင်ယူရမယ့် အနုပညာတဲ့ ... ကျွန်တော်လည်း အဲ့လိုမြင်တယ် ကလေးလေးတစ်ယောက် ဘယ်လိုကြီးပြင်းလာသလဲနော်
    ReplyDelete