Tuesday, April 28, 2009

ဧရာဝတီ

သူငယ်ချင်း တယောက်ရဲ့ လက်ရာ ဓါတ်ပုံလေးပါ
သူက ကော်ဖီစားပွဲ ဘုတ်အုပ်တအုပ် (Coffee table book) ထုတ်ဖို့ လုပ်နေတာပါ
တီ တို့ ရပ်ကွက်ထဲက (HIV/AIDS fields) သူနဲ့ ခင်တဲ့ စာတိုပေစ တွေ ရေးလေ့ရှိတဲ့
သူတွေ ကို အကူအညီတောင်းပါတယ်
တီလဲပါတယ်ပေါ့ (စိတ်ကြီးနည်းနည်းဝင်နေတယ်နော်.......ဟွန်း.....ငါကွ)

သူ့စာအုပ်အတွက်က အင်္ဂလိပ်လိုရေးပေးရမှာပါ
အင်စပရေးရှင်းက တော်တော်နဲ့မလာတဲ့အတွက်ကြာနေပါတယ်
ခုလောလောဆယ်တော့ ဒါလေးထွက်လာပါတယ်
နောက်မှ အင်္ဂလိပ်လိုဘာသာပြန်ပြီးပေးလိုက်မယ် စဉ်းစားထားပါတယ်
ဖြစ်မလာရင်လဲ နောက် တပုဒ်ဖြစ်သွားနိုင်ပါတယ်
ဒါလေးတော့ ကိုယ့်ဘာသာ ကြိုက်လို့ တင်ထားလိုက်ပါတယ်
ပြီးတော့ သူ့စာအုပ်က
ရီဂျင်နယ် မှာထုတ်မယ့် စာအုပ်ဆိုတော့ မကောင်းရင် ကိုယ်က အခွက်ရှဲပါမယ်
အဲတော့ ကောင်းကောင်းလေးရေးချင်ပါတယ်
ပြီးတော့ ပြောမယ်ဆိုရင် ဒါက ဘာပဲပြောပြော ကိုယ့်ရဲ့ အင်္ဂလိပ်လို
ပထမဆုံးပရင့် ဖြစ်နိုင်တယ်လေနော် ရီဂျင်နယ်မှာပြောတာပါ
အရင်ကတော့ ဘာဘာညာညာ လေးတွေရှိခဲ့ပါတယ် နောက်များမှ ကြုံရင်တင်ပေးပါမယ်
ကိုငှက် ရဲ့စာတကြောင်းကြိုက်လို့ ယူထားပါတယ်.............း)




ဧရာဝတီ

မေခ နဲ့ မေလိခ ကနေ
စလာလိုက်တာ
သူပေါ့
ရာဇ၀င်များရဲ့သတို့သမီးလေ

မြောက်ကနေတောင်
တို့မြန်မာ တပြည်ထဲပိုင်တာ
အစရော အဆုံးရောပေါ့

ဟိုးဖြူဖြူ နှင်းတောင်လွှလွှ ကစလို့
မြစ်ကျဉ်းတွေ၊ တောင်စဉ်တွေဖြတ်
မြေပြန့်ကို သူရောက်ခဲ့ပြီ
မြစ်မင်းဧရာဝတီ

ပုဂံ ကို ပတ်ခွေကာစီးဆင်း
လူမင်းတွေ ဘယ်လိုပြောင်းပြောင်းလဲ
ပြည်သူတွေကို မပြောင်းခဲ့တဲ့ သူ့သဘောထား
ခုထိမရိုးသေးဘူး ပေးဆပ်ဆဲပဲ

မြစ်ဝ က ဆန်အိုး ခုတော့ကွဲခဲ့ပေါ့
လူတွေဖြစ်လာတယ်
လူတွေ ပျက်သွားတယ်
အမှိုက်တွေမျောလာတယ်
နှူံးတွေဖြစ်သွားတယ်

ရွှေတွေကျင်တော့ပြဒါးတွေကများ
လူတွေနဲ့ငါးတွေက….ဒုက္ခများ
နောက်ဆုံးတော့ ဘာကျန်သလဲ

ဘာပဲဖြစ်ဖြစ် ငါကတော့
စီးဆင်းဆဲ စီးဆင်းမြဲ
“နေ”ဘယ်မှာဝင်မလဲ
တနေရာရာပေါ့ကွာ
မကျေနပ်ရင်
နောက်မြစ်ကွေ့မှာတွေ့မယ်

A Chen
2:24 am
28th April 2009
Home
Bkk

9 comments:

  1. ကြိုက်တယ် တီရေ :D

    ReplyDelete
  2. ကောင်းတယ် တီ..
    လူမင်းကြီးပါတာက လွဲလို့.. အဟတ်..
    တကယ်ကောင်းတာပါ..
    နောက်မြစ်ကွေ့မှာ ဆုံကြတာပေါ့

    ReplyDelete
  3. အရမ်းကြိုက်တယ်!!!
    အပိုဒ်တိုင်းကို စိတ်ကူးထဲမှာ ပုံဖော်မိတယ်။

    ReplyDelete
  4. အရမ်းကောင်းလွန်းတယ်တီတီချမ်းရေ။
    ဧရာဝတီကိုပုံဖော်ရေးသွားလိုက်တာများ
    ရသပေါင်းစုံ။:)

    ReplyDelete
  5. ဘာပဲဖြစ်ဖြစ် ငါကတော့
    စီးဆင်းဆဲ စီဆင်းမြဲ
    “နေ”ဘယ်မှာဝင်မလဲ
    တနေရာရာပေါ့ကွာ
    မကျေနပ်ရင်
    နောက်မြစ်ကွေ့မှာတွေ့မယ်

    ချစ်တီ .. ဒီအပိုဒ်လေးကို အရမ်းကြိုက်တယ်။ အမြဲတမ်း စီးဆင်းနေတဲ့ ဧရာဝတီလို ထာဝရတည်တံ့တဲ့ အချစ်မျိုးကို ချစ်တီပိုင်ဆိုင်နိုင်ပါစေလို့။

    ချစ်တူမ
    တီခေါ်တဲ့ မိရောင်

    ReplyDelete
  6. ဘာပဲဖြစ်ဖြစ် ငါကတော့
    စီးဆင်းဆဲ စီဆင်းမြဲ
    “နေ”ဘယ်မှာဝင်မလဲ
    တနေရာရာပေါ့ကွာ
    မကျေနပ်ရင်
    နောက်မြစ်ကွေ့မှာတွေ့မယ်။

    ကျေနပ်ပါဒယ်။ နောက် မြစ်ကွေ့လဲ ရှိဒေါ့ဘူး။ ပင်လယ်ကြီးပဲ ကျန်တော့တယ်လေ။
    ကဗျာလေး အတွေးပေး၏။ ကောင်း၏။

    ReplyDelete
  7. မကျေနပ်ဘူးကွာ။ နောက်မြစ်ကွေ့မှာတွေ့မယ်။

    ReplyDelete
  8. ပုံလဲမိ.. ကဗျာလဲမိုက်တယ်..
    ကဗျာအသိမ်းလေးလှတယ် တီတီ

    ReplyDelete
  9. နေပါဦး လူမင်းကို ဘာလို့ ထည့်ရတာလဲဟင်။
    လူမင်းဆိုတာ ကျန်စစ်သားလား

    ReplyDelete