Thursday, April 30, 2009

ကျွေးမယ်ပြောထားတဲ့ ရှမ်းအာလူးထမင်းချဉ်......း)

အရင်တနေ့ က အားလုံး ကိုကတိပေးထားတဲ့အတိုင်းတင်ပေးလိုက်ပါတယ်။
အထွေအထူးရေးချင်စိတ်လဲမရှိပါဘူးလေ.....(စိတ်မချမ်းသာပါ လောလောဆယ်..း(..........)
အဲတော့ မြန်မြန်ပဲ ပြောပြမယ် ဘယ်လိုချက်ရလဲ ဆိုတာ................




ပထမ ဆုံး အာလူးတွေကို ကြိုတင်ပြုတ်ထားပါတယ် နောက် ကျက်မကျက်သိရအောင် တူလေးနဲ့ ထိုးထိုးပြီး စမ်းပါတယ်။ ရပြီဆိုရင်တော့ အအေးခံထားပြီး ခုပုံမှာပြထားသလို အခွံခွာပြီး ကြေနေအောင်ချေထားပါတယ်။




နောက်တော့ ခရမ်းချဉ်သီးလေးတွေ ကို ပထမ ရေနဲ့ အရင် ပြုတ်ပါတယ်။ နောက် အခွံလေးတွေ ခွာထားပါတယ် ပုံမှာပြထားတဲ့အတိုင်းပါ။ နောက်တော့ ဆီလေးနည်းနည်း ထည့်ပြီး ဆား အချိုမှုန့်၊ နနွင်းမှုန့် သင့်ရုံထည့် ဟင်းအနှစ်လေးတွေဖြစ်သွားအောင် ချက်ပေးပါတယ်။

ဒါကတော့ အာလူးထမင်းနဲ့ စားဖို့ ငရုတ်သီးကြော်ထားတာပါ။
ပြီးတော့ ကြက်သွန်နီ ကို ပါးပါးလှီး ပြီးတော့ ကြွတ်ကြွတ်လေးရအောင်ကြော်ယူပါတယ်။ နောက်ဆီပူအိုးကနေ ကြက်သွန်နီကြော်တွေ ကိုဆယ်ပြီးအအေးခံပါတယ်။ ဖြစ်နိုင်ရင်တော့ ကြက်သွန်နီ ကို တင်ကြို လှီးထားပြီး နေလှမ်းထားနိုင်ရင်ပိုကောင်းပါတယ်။ နောက်ကြက်သွန်ကြော်ဆီကို အာလူးထမင်းနဲ့ စမ်းစားဖို့နည်းနည်းချန်ထားပါတယ်။

နောက်တဆင့်ကတော့ အရေးကြီးတဲ့ ထမင်းနယ်အဆင့်ပဲဖြစ်ပါတယ်။ ခုန က ချက်ပြီးအအေးခံထားတဲ့ ထမင်း ရယ်၊ ပြုတ်ပြီးချေထားတဲ့ အာလူးရယ်၊ ချက်ထားတဲ့ ခရမ်းချဉ်သီးအနှစ်ရယ် စတာတွေကို ဇလုံကြီးကြီး တခုထဲမှာ ထည့် ပြီးတော့ ဆား နဲ့ အချိုမှုန့်သင့်ရုံထည့် ပြီး နယ်ဖတ်ရပါတယ် နယ်တဲ့နေရာမှာ တနေရာ ထဲကိုဦးတည်ပြီး လှည့်လှည့်နယ်ပေးရင် ပိုကောင်းပါတယ် အာလူး၊ ခရမ်းချဉ်အနှစ် နဲ့ ဆား၊ အချိုမှုန့် စတာတွေ ပိုပြီး သမ မျှတအောင်ပါ။ နယ်ရင်းနည်းနည်းမြည်းကြည့်ပြီး အရသာ ကို လိုတိုး ပိုလျော့ လုပ်ပါတယ်။
ရပြီဆိုရင်တော့ အလုံးလေးတွေ သင့်အောင်လုံးပြီးပြင်ထားရင် စားလို့ရပါပြီ။
အာလူးထမင်းနဲ့တူတူ စားဖို့အတွက် က ဂျူးမြစ်ရနိုင်ရင်အကောင်းဆုံးပါ မရရင် ဆလတ်ရွက်စတာတွေနဲ့ လဲ နှစ်သက်သလို သုံးဆောင်နိုင်ပါတယ်။ ခုလဲ တီ က အဲတာတွေ တခုမှအလွယ်မရနိုင်လို့ အလွယ်ရတဲ့ သခွားသီးလေးနဲ့ ပဲ ဖြစ်သလိုလွေးပါတယ်။ နောက်တီ ကြိုက်တတ်လို့ နံနံပင်နဲ့တွဲစားပါတယ်။ ပိုစားကောင်းအောင် ကြက်သားကြော်လေး ၀ယ်တွယ်ပြန်ပါတယ်။
အောက်မှာတော့ မစားခင် ဒီလိုပြင်ဆင်ထားပါတယ်


ကြက်သွန်ကြော်နဲ့ ငရုတ်သီးတောင့်ကြော်ပါ။

သခွားသီးနဲ့ နံနံပင်ပါ။



ကြက်ကြော်ပါ။



ကဲ အခုလိုဆိုတော့ စားသောက်ချင်စဖွယ် ပြင်ဆင်ထားတဲ့ ရှမ်းရိုးရာ အာလူးထမင်းချဉ်ပါ။ တချို့ကလဲ ကြိုက်တတ်ရင် ငါးနဲ့ချက်လို့ရပါတယ်။ တီကတော့ လူမျိုးဘာသာမရွေး အားလုံးစားလို့ ရအောင် သတ်သတ်လွတ်ပဲလုပ်ထားတယ်လေနော်။ ပြီးတော့ တီက ဒါပထမ ဆုံးအကြိမ်ချက်ကြည့်ခြင်းပါ။ အဆင်ပြေပြေစားလို့ဖြစ်တဲ့အပြင် တော်တော်လေးကို အရသာရှိတာတွေ့ရပါတယ်။ (တယ်တော်တဲ့ ငါပါလားနော်...ယောင်းမတော်ချင်တဲ့ မောင်ရှိအစ်မတွေ၊ တူမတော်ချင်တဲ့ တူရှိအဒေါ်တွေ၊ မရီးတော်ချင်တဲ့ အကိုရှိ ညီမတွေ၊သမီးချွေးမ တော်ချင်တဲ့ သားရှိအမေတွေ တိုးတိုးတိတ်တိတ် ဆက်သွယ်ကြနော် နံပါတ်စဉ်အလိုက်တွေ့ဆုံပေးမယ် အားလုံးကို...ခိခိ) နောက်တခု က ချက်တဲ့နေရာ မှာ တီ က တီ့အမေ ချက်ကျွေးတာ မြင်ဖူးနေကြအတိုင်း သတိရတာလေးတွေထည့် ဖြည့်ချက်ရတာပါ။ ကိုယ်တိုင်တောင်တခါ မှမလုပ်ဖူးဘူးလေ ဒါက ပထမ ဆုံး....း)။ ခုတော့..................အားလုံးကို စားစေချင်လို့ ကြိုးစားပမ်းစားချက်ထားပါတယ်။ စားသွားကြနော်။ နာမည်တွေ တပ်ပြီးမခေါ်တော့ဘူး တော်ကြာ ကျန်ခဲ့တဲ့သူတွေ က ဘယ်သူ့တော့ မခေါ်ဘူးပေါ့လေ.... ဘာလဲမကျွေးချင်ဘူးလား.......... စသဖြင့် စကားနာထိုး စကားများ စကားရှုပ်ရတာတွေကြောင့်ပါ။
ဖတ်မိတဲ့ သူတွေ အားလုံးကို စေတနာရှိရှိကျွေးတယ်လို့ပဲမှတ်ပါနော်။
ပိုစ့်ကို အခု သူငယ်ချင်းတွေ အားလုံးပြန်သွားမှရေးရလို့ စောင့်ပြီးစားချင်တဲ့သူတွေ ကိုလည်း တခါတည်းတောင်းပန်လိုက်တယ်နော်။
အားလုံးကိုချစ်တဲ့ တီချမ်း
A Chen
1:25 am
1st May 2009 (May day)
Home
Bkk

24 comments:

  1. ဗိုက်ဆာဧ။်.. စမ်းလုပ်ကြည့်ဦးမယ်၊ ခါတိုင်း ငါးထမင်းပဲ လုပ်ဖြစ်တယ်၊ နည်းပေးတာ ကျေးဇူးပါ

    ReplyDelete
  2. စားသွားတယ်။ စေတနာပါလို့ထင်တယ်။ ပိုကောင်းတယ်။

    ReplyDelete
  3. ကြိုက်တယ်
    စားသွားပြီး
    ပြန်လာရင်ဘာဝယ်လာမလဲ
    စောင့်နေမယ်

    ReplyDelete
  4. တီရေ...စမ်းလုပ်ကြည့်မယ်..စားလို့ကတော့အရမ်းကောင်းမှာ
    သေချာတယ်...

    ReplyDelete
  5. မနက်စာ ထမင်းချဉ် လာလွေးသွား ပါဒယ်

    ReplyDelete
  6. T chan yay,
    Thanks for your sharing. Looks delicious and clean. I wanna eat it so much.
    Whats wrong with that; ခင်ခဲ့တာလေးတွေ ကို တကယ်နှမြောမိတယ်
    ကိုယ်နောက်ဆို ဆင်ခြင်တော့မယ်
    T chan yay, lock your heart and try to be thick skin!!!!!
    With Metta.
    Glacier

    ReplyDelete
  7. ချစ်တီရေ....... ညကလာမစားလိုက်ရဘူး။ အခုမှ လာစားရတယ်။ အေးနေပြီ။ မစားရ၊ ပုံကြည့်၊ သရေကျ ရတဲ့ ဘ၀ပါလားနော်။ ဒါပေမယ့် လုပ်စားတတ်အောင်တော့ အဆင့်ဆင့် လေးသင်ပေးထားလို့ ရှဲ့ရှဲ့နော်။ ဒါကြောင့်တီကို အရမ်းချစ် ရော့ အာ.....၀ါးးးးးးး X 100000

    ချစ်တူမ
    တီခေါ်တဲ့ မိရောင်

    ReplyDelete
  8. သွားရေကျသွားသည်... ဂလု
    ဒါနဲ့ ရှမ်းထမင်းချဉ်ကို စားချင်စရာဖြစ်အောင် လက်အိတ်မသုံးပဲ ဒီအတိုင်းပဲ ထမင်းကို နယ်တယ်နော်... အဟိ ဒါကြောင့် မမကွန်က စားကောင်းတယ်လို့ ပြောသွားတာနေမှာ.. :D

    ReplyDelete
  9. တီရေ လာစားတရ် အိပ်ယာနိုးနိုးချင်းဗိုက်ချာရို့  ။ တီရက်ချက်ဒယ် ။ တိုဟူးနွေးကို ပြောတာပြောတာ ကျွေးလည်းကျွေးဝူး ။ ချက်ကျွေးနော်နော်နော်နော်ရို့  ။ ခုတော့ ရှမ်းအာလူးထမင်းလေးပဲ မွေးရပ်မြေအလွမ်းပြေချားတွားပီ ။

    မှတ်ချက် ။ ။ ပါဆယ်ဆွဲသွားသေးသည် ။

    (ကိုရဲ)

    ReplyDelete
  10. အော် အိမ်ထောင်ပြုပြီးရင် ဖိုးစိန်ပဲ စာဖိုမှူးခန့်ရ ကောင်းမလား။ Addy ပဲ စာဖိုမှူးခန့်ရကောင်းမလား။ ဟင်းပြိုင်ချက်ခိုင်းပြီး ဆုံးဖြတ်ရကောင်းမလား။

    ReplyDelete
  11. တီတီချက်ကြီးကွ...
    တီတီဆိုတဲ့သီချင်းကိုသိလိုက်တယ်နော်.. ဘာတဲ့..
    ...ကောင်ကလေးက ရည်းစားများတယ် လူတွေ ၀ိုင်းပြီး တားမြစ်ကြတယ် အောင်မလေး ကြောက်စရာ လန့်စရာ မင်းရဲ့ အကြောင်းတွေပဲ .... ဆိုပဲ.. ဟဟဟ.. လုပ်ထားကွ တီတီရ :D

    ReplyDelete
  12. ကြည်ပီး သရေ များတောင်ကျမိပါ၏၊ စားချင်လိုက်တာ တီရေ၊ ခုတော့ ခုတော့

    ReplyDelete
  13. တီ ကိုည ထဲကစောင့်နေရတာ...
    မနေနိုင်လို့ အိပ်သွားရော........
    ခုမှ စားရတယ်.....
    ရှလွတ် ရှလွတ်
    ကောင်းပ....
း)

    ReplyDelete
  14. ကောင်းလိုက်တာ..ကြိုက်မှကြိုက်
    လာတာနောက်ကျလို့ ကုန်သွားပြီလားမသိ

    ReplyDelete
  15. ကောင်းမှကောင်း :D

    ReplyDelete
  16. Hi T

    really love to read ur blog. while M' reading ur post, i could understand ur kindness.

    ReplyDelete
  17. စမ်းပြီး လုပ်ကြည့်ဦးမယ် .. မှတ်သွားတယ် တီရေ ..
    အမြည်းစားလိုက်ဦးမယ် :P

    ReplyDelete
  18. ရှမ်းထမင်းချဉ် ကို အရမ်းကြိုက်တာ တီရ
    ကျွန်တော့အမေက တော့ ခရမ်းချဉ်သီးနဲ့ ပဲနယ်ပြီး အလုံးလုံး တယ်.. ပြီးတော့ မှအဲ့အလုံးထဲ ကြက်သားထည့်ထားတာ..။
    မောင်နှမတွေ အတုန်းကြီးတာ ရွေးလို့ မရအောင်လေ

    ReplyDelete
  19. ကျမတို့နယ်ဘက်က အစားသောက်မပာုတ်တော့လုပ်နည်းမသိဘူး. ခုတော့နောက်လုပ်စားအတွက်မှတ်သွားပြီ.။ ထွက်လာတဲ့ပုံစံကတော့ ကျမတို့ဘက်ဆီက သထုံထမင်းဝါ အတိုင်းပဲ..။မုန့်ပာင်းခါး ပာင်းရည်နဲ့တွက်စားရတာမျိုးပေါ့....။

    ReplyDelete
  20. ညက menu ထဲ ရှမ်းထမင်းချဉ်ဆိုတာ တွေ့လို့ ဘယ်လိုလုပ်လဲ ရေးပါဦးပြောမလို့ အတော်ပဲ...။

    ReplyDelete
  21. If it is not good, it's due to your method and not me :P.

    ReplyDelete
  22. တီရေ..တီကိုသိပ်ခင်ချင်တာပဲ ခင်လို့ရမလား?

    ReplyDelete