Thursday, April 2, 2009

ပင်လယ်၊ တောတောင်၊ နေမင်း၊ ဘ၀ နဲ့ လူ

ထုံးစံအတိုင်းပါပဲ တီချမ်း တယောက်လက်ဆော့ပြန်ပါတယ်။ ဒီတခါလဲ ထုံးစံအတိုင်းပါပဲ မယ်ဘုတ်နဲ့ပါ။ အဲထူးတာလေးကတော့ နောက် နှစ်ယောက်ထပ်ပါလာတာပါ။
ပြောပြပါမယ်။

ဒီလိုလေ………………………………..
တနေ့သောအခါ မှာ တီချမ်းက ဂျီတော့ခ် ကနေ ထုံးစံအတိုင်း ဘယ်သူ့မက်စေ့ခ်ျ ကိုကလိရမလဲလိုက်ရှာပါတယ်။ အဲမှာ ထုံးစံအတိုင်းအရင်ဦးဆုံးပစ်မှတ်ထားမိတာကတော့
မိုက်မိုက်လေးတွေ တင်တတ်တဲ့ မယ်ဘုတ်ပေါ့။ သူကလဲဖြစ်ချင်တော့ အဲဒီနေ့ က
တော်တော် မိုက်တဲ့ စာလေးတကြောင်းတင်ထားပါတယ် (မိုက်မှာပေါ့ သူရေးတာ မှမဟုတ်တာ ခွိ)။
ကဗျာရဲ့ ပထမ ဆုံးအပိုဒ်ပါပဲ မှင်နီ နဲ့ရေးထားတာပါ။
ဖြစ်ပုံက ဒီလိုလေ မယ်ဘုတ် က ကိုတာရာကြီးကို အရမ်းကြိုက်တယ် (တီ နဲ့အတူတူပဲ)။
အဲတော့ သူက ကိုတာရာကြီး ရဲ့ အဆိုအမိန့်ခေါ်မလား တိုလီမုတ်စလေးတွေ ကို တင်တင်ထားတတ်တယ်။ တီက လဲ သွားသွားကလိတတ်တယ်။ အဲနေ့ ကလဲ မယ်ဘုတ် တင်ထားတာ ကို တီက သူရေးတဲ့ဟာအထင်နဲ့ သွားဖျက်အဲ သွားဆက်ရေးပါတယ်။
တီ တပိုဒ်ရေးပြီးမှ သူက ဘာပြောလဲ ဆိုတော့ မိုက်တယ် တဲ့ ဒါပေမယ့် အဲဒါငါရေးတာ မဟုတ်ဘူးတဲ့။ သေရော………………

အဲဒါနဲ့ရေးကလည်းရေးပြီးနေပြီ၊ တီတို့အားကျတဲ့ ကိုတာရာ ဆိုတော့ လဲ သူ့စာ ကို တီ တို့ကြောင့် ပျက်မသွားစေချင်ဘူး။ အဲဒါနဲ့ ရေးမယ်ဆိုလဲကောင်းကောင်းဆက်ရေးဆိုပြီ ပြောနေတုံးမှာပဲ မယ်ဘုတ်နေတဲ့ ရွှေနိုင်ငံတော် က နက်ကျ သွားပါတယ်။
ဇာတ်လမ်းက အဲမှာ မှ စတာပါ။ ကံဆိုးသူက တော့ မောင်ရှင် အဲလေ မယ်ညီ ပေါ့။
သူကို တီ က အတွေးကောင်းကောင်း၊ ခရီရေးရှင်း (creation) ကောင်းကောင်း၊
(innovation) အင်နိုဗေးရှင်းကောင်းကောင်း နဲ့ စာ ကောင်းကောင်းလေးတွေ ရေးလို့ လူငယ်ပေမယ် တီက လေးစားတယ်။ အဲဒါနဲ့ တီ က တီရေးထားတဲ့ အပိုဒ်ရယ် ကိုတာရာ ရဲ့ “အော်” ပိုဒ်ရယ် ပြပြီးတော့ ဆက်ခိုင်းပါတယ်။ နောက်တော့ မယ်ဘုတ်ပြန်တက်လာတော့ သူ့လဲတပိုဒ်ကစ်စေပါတယ်။ နောက်ဆုံးတပိုဒ်ကတော့ တီ ဖီးလ်လာလို့ ထပ် ထည့်တာပါ။ အစကရေးထားတာ က “မောင်မရှိတဲ့ နွေက ဟန်မလုပ်နိုင်အောင် ပူတယ် ချစ်ရတာ ဖိနပ်ပါးတယ်” ပါ။ နောက်သိပ်မကြိုက်တာနဲ့ ထပ်ပြောင်းပါတယ်။ “ဘောင်မရှိတဲ့နွေကလဲ ဟန်မလုပ်နိုင်အောင် ပူတယ် လူဖြစ်ရတာ င၀က်ရှားတယ်” လို့ရေးထားတာပါ။ အဲမှာ မယ်ညီ က င၀က် နဲ့ တွဲထားတဲ့ အဓါပ္ပါယ် ကို နားမလည်ဘူးတဲ့။ ပြောချင်တာ က လူဖြစ်ရတာ ပိုက်ဆံ ရှာရခက်တယ်ပေါ့။ ဒါပေမယ့် မတင်ခင် မှာပဲ အယ်ဒီတာ ဒေါ်ညီ မကြိုက်တဲ့အတွက် နောက်ဆုံး ခုစာဖတ်သူရှေ့မှောက်ရောက်နေတဲ့ ဗားရှင်းဖြစ်သွားပါတော့တယ်။ ပိုတော့ မိုက်သွားတယ် ထင်တာပဲ။ “မောင်” အပိုဒ်က ရေးပြီးတီ လဲမကြိုက်ဘူး။ သဘာဝအကြောင်းကြားမှာ ကြောင်နေတယ် ထင်လို့။ ဘာပဲပြောပြော တီနဲ့ ၀ါသနာတူ တဲ့ မယ်ဘုတ်ကိုကျေးဇူး တင်ပါတယ်။ တီနဲ့ သူ ကလိ လို့ ဒီလိဲု ကဗျာလေးတွေ ဖြစ်ဖြစ်လာတာပေါ့။ စာဖတ်သူ များက လဲကြိုက်ကြ၊ အားပေးကြ တယ်ဆိုလို့ ၀မ်းသာပါတယ်။ ခုတပုဒ်ကိုလဲအားပေးကြပါအုံးနော်။
(အံမလေး ဟဲစကားချီးက တင်တော်တော်ရှည်တယ် လက်ညောင်းလိုက်တာနော်)

စာကြွင်း။ ။ ဪ နောက်ဆုံးပြောစရာ တခု ကျန်နေသေးတယ်။ ခေါင်းစဉ်ပေါ့ တီတော်တော်ခေါင်းချောင် သွားတယ် စဉ်းစားရတာ မယ်ညီ ကိုကူစဉ်းစားခိုင်းတော့ သူလဲမထွက်ဘူး ဖြစ်နေတယ်။ နောက်တော့ တီ က တီလုပ်နေကြ ထုံးစံအတိုင်း ကိုတာရာ ရဲ့ စာအုပ်ထဲက နည်းကိုသုံးပါတယ်။ ဘီ လေးလုံးပါ။ သိချင်တဲ့ လူများ ရှာဖတ်ကြ ပါ။
ခိခိ ပြောပြဘူး သိချင်ရင်စာအုပ်ဝယ်ဖတ်။
အဲလိုနဲ့ပဲ ဒီလိုကဗျာ နဲ့လဲလိုက်တဲ့ခေါင်းစဉ်မိုက်မိုက်လေးထွက်လာပါတော့တယ်။


ပင်လယ် တောတောင် နေမင်း ဘ၀ နဲ့ လူ

အရောင်မရှိတဲ့ ရေကလည်း
ပင်လယ်လုပ်ပြီး ပြာတယ် . . .
လောကကြီးက မာယာများတယ်။
(ကိုတာရာ)

တောင်မရှိတဲ့မြေက လည်း
ဟန်လုပ်ပြီး မာန်တယ်
တောအုပ်ကြီးက ညာတာများတယ်
(တီချမ်း)

လောင်စာမရှိတဲ့ နေကလည်း
အပူထုတ်ပြီး စွာတယ်
သဘာဝကြီးက အာဏာပြတယ်
(ညီညီ)

အပြန်မရှိတဲ့ လမ်းကလည်း
ဂလန်ဂဆန်လုပ်ပြီး ကြမ်းတယ်
ဘ၀က ကွေ့ကောက်တယ်
(မယ်ဘုတ်)

ဘောင်မရှိတဲ့ နွေ ကလည်း
ဟန်မလုပ်နိုင်အောင်ပူတယ်
လူဖြစ်ရတာ မှားတယ်။ ။
(တီချမ်း)

ကိုတာရာ၊ နီညန်း၊ မယ်ဘုတ် နှင့် တီချမ်း တို့
ပင့်ကူအိမ်ကွန်ယက်ပေါ်တွင်
၃၁ ရက် မတ်လ ၂၀၀၉ ခုနှစ် က
နေ့လည် ၂း၃၀ ခန့်အချိန်တွင်ရေးသည်။

9 comments:

  1. အဟား... ရေလယ်မိုက်တယ် တီတီရေ...

    ReplyDelete
  2. စောင်မရှိတဲ့ ကင်းသမားကလဲ
    ချောင်မှာသွားပြီးကွေးနေတယ်
    ယောက္ခမအိမ် မီးလောင်နေတာ
    သူမသိဘူး.............. :P

    ReplyDelete
  3. ဘာမှ မရှိတဲ့ဖိုးစိန်လဲ
    ချောင်ထဲမှာ ဆွေးနေတယ်
    လူတွေက မာယာများတယ်
    အခုတော့ အပူကန်
    မူမမှန်ပဲဖျားနေတယ်

    ReplyDelete
  4. ကောင်းလိုက်တာ...ကောင်းလိုက်တာ တီတီရေ....
    ၄ ယောက်လုံး ရဲ့ အတွေးလေးတွေက ကောင်းလိုက်တာ...
    အားကျရပါတယ်.....:)

    ReplyDelete
  5. ပြန်ဆိုတေးပြီးတဲ့နောက်
    ထပ်ဖွဲ့ကဗျာ ပေါ့လေ.

    ReplyDelete
  6. မောင်မရှိတဲ့ အောင်ကလည်း
    တွေ့ကရာကောင် လိုက်လိုက်ကြောင်တယ်
    မျက်နှာကိုက တော်တော်ပြောင်တယ်

    :D

    (ခက်ဆစ်။ ။ အောင် = blogger ၏ နာမည်ရှေ့ဆုံး စာလုံး
    တွေ့ကရာကောင် = for example ဖိုးစိန်၊ သပသ၊ သဟသ)

    စိတ်မဆိုးကြေး ။ ၄ ယောက်လုံး
    ချစ်လို့စတာ :)

    ReplyDelete
  7. တီချမါး်၊ နီညမ်း၊ မယ်ဘုတ်၊ ရီတာ အားလုံးတော်သည်။

    ReplyDelete
  8. ဒေါ်ရီတာ နင့်ကိုငါမုန်းတယ် ဟု တီချမ်း က
    ကမ်းစပ်နားသွားကာ ထမီ ကို မ ၍အော်သည်
    ဒေါ်ရီတာ မှ ချောက်ကမ်းပါးအနီးတွင် ရပ်၍ မယ်တီချမ်း နင်မုန်းတာထက်ပိုမုန်းတယ် ဟုပြန်အော်သည် ခိခိခိ
    (မယ်မဒီ နှင့်မာကျူရီ)

    ReplyDelete
  9. မိုက်တယ် တီချမ်းရေး)

    ReplyDelete