Tuesday, April 21, 2009

အိမ်ရှေ့ မင်း ထန်းတော


အိမ်ရှေ့ မင်း ထန်းတော

နေပူပူ လွင်ပြောင်ပြောင်မှာမှ
ရေဖြူဖြူ ရင်ကိုဆူအောင်ပ
သောက်ကြဖို့ တဲ့  မြူတွေပြင်
တို့ တောရွာတောင်ဓလေ့ မှာမို့ 
ကြောင်၊ ချိုး ရယ်၊ လယ်မြေ ၊ ကြွက်တွေနဲ့ 
ဝိုင်းဖွဲ့ ကာ ထိုင်ကြ ကာပ
လှဲ့ လိုက်ပါ သူငယ်ချင်းရဲ့ ခွက်ကို
အရက်ချို ရင်ကို မြတာမို့ 
ရမက်ပိုဘ၀င်ကိုကြွစေတဲ့ 
အပူမြေ အိမ်ရှေ့ မင်းမှာလ
ထန်းတက်တဲ့ ပွဲ။

A Chen
Edited at 11:31 pm
Wrote during the trip to Mandalay
14th Mar 2008
(for ko joker)

9 comments:

  1. တယ်ဆိုတဲ့စာပါလား

    အရင်တုန်းက ကဗျာဖွဲ့ပုံစံမျိုးနော်..

    လွမ်းတောင်လွမ်းသွားပြီ နေရာလေးကို..

    ReplyDelete
  2. တီက လေးချိုးလည်း စပ်တတ်တယ်နော်။ ဟိဟိ
    အရမ်းကောင်တဲ့ကဗျာလေးပါ။
    ကြောင်၊ ချိုး ရယ်၊ လယ်မြေ ၊ ကြွက်တွေနဲ့ တဲ့ အဲဒါတွေနဲ့ မမြည်ဘူး တီရာ...... တောဆန်ဆန် ပဲကြီးလှော်နဲ့ပဲ မြည်းမယ်နော်

    ချစ်တူမ
    တိခေါ်တဲ့ မိရောင်

    ReplyDelete
  3. ဒီလိုကဗျာမျိုး ပိုကြိုက်တယ် ကိုယ်တိုင်တော့ စပ်တတ်ဘူး
    for ko joker ဆိုတော့ ကိုသီဟသစ်အတွက်လား?

    ReplyDelete
  4. yes သူသောက်ချင်တယ်ဆိုလို့း)

    ReplyDelete
  5. သောက်ကြပါစို့ မောင်တို့ရယ်
    တောစပ်မှာကွယ်
    နေပူချင်ပူ ငါမမူးချင်ဘူး
    ထန်းတောထက်မှာ မြူး

    အဟဲ... တီတီတို့ မမူးတတ်တာ ဒီဒီတို့ အသိ...

    ReplyDelete
  6. ဒါလဲကောင်းတာပဲ
    ကြိုက်တယ်
း)
    အားလုံး ရသတစ်မျိုးဆီ...
း)

    ReplyDelete
  7. သောက်မယ်ဗျို့...လာလာ ဂွပ်ဂွပ်

    ReplyDelete
  8. ထန်းရေ တိုက်နေတယ် ကြားလို့ တီရေ

    ReplyDelete
  9. အမြည်းကပ်စားမယ် :p

    ReplyDelete