Wednesday, April 22, 2009
ပထရား မှာ ၀င်တဲ့ “နေ” နဲ့ “ရွှေတံငါ” ပြီးတော့ “အချိန်တွေတိုင်းမှာ” လွမ်းနေတဲ့ “ဂျပ်ဆင်ထိပ်က လရိပ်ပြာ”
ရွှေတံငါ-၀င်းဦး
ဒေါင်းစကြာမင်းရယ်
ဖန်ဝါနောက်ကျွန်းယွန်းချိန်မယ်
တောင်ညိုတောင်တန်းမှိုင်းလို့ရယ်
ဂယက်တွေဖွေးလို့ကွယ်
သဲကမ်းသောင်ကျွန်းဆွယ်
နေခြည်ပက်ဖြန်းလွမ်းချင်ဖွယ်
နာဝါလှေကလေးစီးလို့ရယ်
အသက် ကိုမွေးကြတယ်
ရေပြင်ကျယ်မြစ်ကမ်းရိုးတလျောက်မယ်
ကွန်ယက်ဖွင့်ကာ ၀မ်းစာ ရှာနေကြတယ်
သဲကမ်းသောင်ကျွန်းဆွယ်
နေခြည်ပက်ဖြန်းလွမ်းချင်ဖွယ်
နာဝါလှေကလေးစီးလို့ကွယ်
ကွန်ပက်ရှာတယ်အိုလှေ ကလေးမျောကာရယ်
အသက် ကိုမွေးကြတယ်
တူနှစ်ကိုယ် လျောင်းမွေ့ကြရာဝယ်
ဆောင်းငွေ့ကကြွယ်ကြွယ် လောင်းကလေးနဲ့ ကွယ်
ရာသီလေတွေ ကုန်ခမ်းတော့ကွယ်
နေရယ် အားလပ်တဲ့ချိန်ခါဝယ်
တူနှစ်ကိုယ် လျောင်းမွေ့ကြရာဝယ်
ဆောင်းငွေ့ကကြွယ်ကြွယ် လောင်းကလေးနဲ့ ကွယ်
မျောလို့နေကာရယ် မိုးကိုလဲဂရုမစိုက်တယ်
မျောလို့နေကာရယ် ဆောင်းကိုလဲဂရုမစိုက်တယ်
ဧရာ စုံဝယ် နွဲကြအသွယ်သွယ်
မောင့်သက်လယ် သွားမယ်
ငါးမျှားစို့ကွယ်
ငွေစန္ဒာရောင်ရယ်
တိမ်မိလ္လာကြားဝယ် ထွက်ပေါ်လာစဲမယ်
ရွှေတံငါရေလယ်ပြင်မှာကွယ်
လှေငယ်စင်ကာရယ်
အိုပိုက်ကွန်များကို အနားပေးကာ ပျော်ပျော်နေချင်တုံးမယ်
ခင်ခင် ရယ် ပြုံးတယ်
လသော်တာဝန်းနယ် တွေးမိတယ်
အချစ်ရယ် တူနွဲဖို့ဖြင့် မောင်တွေးမိတော့တယ်
ခင်ခင်ရယ် အစဉ်ကွယ်
မောင်လေတွေးမိတွေးရာ
တွေးမိပါတယ်...............
(ဟိုး ငယ်ငယ်ကလေးလေး ဘ၀ထဲက ကိုယ်အရမ်းကြိုက်ခဲ့တဲ့ သီချင်းပါ
မေ့မေ့ ဒိုင်ယာရီ ထဲက တွေ့တာ
ဖေဖေ က ဆိုဆိုပြ ခဲ့တယ် ထင်ပါတယ်
ကိုယ်နဲ့ ဒီသီချင်းလေးက ငယ်ငယ်လေးထဲ က ရင်းနေတယ်
ကလေးဘ၀ က လွမ်းစရာကောင်းလိုက်တာ....
ဖေ နဲ့ မေ ကိုလဲ သတိရတယ်
ပုံတွေ က တော့ ဒီတပတ် ပထရားသွားတုံးက ရိုက်ခဲ့တာ ပါ။ ပထရားရဲ့ နောက်ကျ သင်္ကြန်အကြောင်းသပ်သပ်ရေးပါအုံးမယ် ခုဒီပိုစ့်က သီချင်းလေးကို ခံစားစေချင်လို့ ပါ
ပင်လယ်ကတော့ အလကားပဲ ကိုယ်တို့ ဆီက ငွေဆောင်လောက်မလှဘူး
ငပလီ ဆို ယှဉ်စရာတောင်မရှိ ကျွန်းတွေတော့ လှတယ်ပြောတယ် ဒီမှာ
နောက်မှ သွားဖြစ်ရင် တင်မယ်)
ဂျပ်ဆင်ထိပ်က လရိပ်ပြာရယ် -ထူးအိမ်သင်
နေ၀င်ပြီဆိုရင် ကိုယ်လေ ငိုချင်တယ်
ရင်မှာ နာကျင်စွာဆွေးတယ်
အဆောင်မှာ မှောင်ရီ ၀ိုးတ၀ါးနဲ့
နံရံတွေပေါ်မှာ ပုံရိပ်ကလေးရယ်
နှလုံးသားက အစွဲအလမ်းများလဲ
မီးလိုလောင်ကျွမ်းခဲ့ လွမ်းမိတယ်
(မီးမထွန်းတဲ့အခန်းကျဉ်းလေးထဲ
လိပ်ပြာငယ်လေးဝဲ
အိုး...................)
ဂစ်တာသံတွေရယ် ကိုယ်သီဆိုနေမယ်
ရင်ကိုခုန်စေတဲ့ သီချင်းရယ်
အမှောင်မှာ အသာအယာ နားစွင့်ခဲ့
သူဟာခင်တွယ်နေမှာပါပဲကွယ်
အရင်းနှီးဆုံး နှလုံးသားများနဲ့ နားလည်နိုင်ခဲ့လဲ
အခုတော့ကွယ်
ဂျပ်ဆင်ထိပ်က လရိပ်ပြာရယ် (လွမ်းမိတယ်)
အဆောင်သူလေးမှာ ဆွေးမြေ့လို့ကြေကွဲ (လွမ်းမိတယ်)
သူဘယ်ရောက်နေလဲ မသိတော့ပြီပဲ (လွမ်းမိတယ်)
အမှောင်ရိပ်ထဲမှာ တိတ်တဆိတ်မျက်ရည်ဝဲ.......
နွေကျောင်းပိတ်ရက်တွေ လွန်ချိန်မှာ
သူပြန်မလာနိုင်ပြီပဲ
ဘာကြောင့်လဲကိုယ်မသိခဲ့ပါ
ဂျပ်ဆင်ထိပ်က လရိပ်ပြာရယ်
ရင်ခုန်နေစဉ်မှာမြင်ယောင်လာပြန်တယ်
ပြာရီမှုန်ဝေတဲ့အတွေးရယ်
ကိုယ်သာမပီပြင် နှိုးတ၀က်နဲ့
အဆောင်သူရယ်အိပ်မက်ပေးတယ်
မီးမထွန်းတဲ့အခန်းကျဉ်းလေးထဲ
လိပ်ပြာငယ်လေးဝဲ
အိုး...................
(ထူးအိမ်သင် ရဲ့ ဂျပ်ဆင်ထိပ်က “လရိပ်ပြာ” ပါသောင်ပြင်ပေါ်လမ်းလျောက်ရင် ညည်းမိတဲ့သီချင်းနောက်တပုဒ်ပါ
ဒီလောက်ဆို ကိုယ်ဘယ်လောက်
စိတ်ကူးယဉ်တတ်တယ် ဆိုတာ ရိပ်မိလောက်ရောပေါ့နော်.... :D ....)
အချိန်တွေတိုင်းမှာ-လေးလေးဝါး
တိမ်ပြာပြာ နေရောင်မှာ ရွက်လွှင့်လို့နေ
ရွှေရောင်နေ့များ ကိုယ်လေလွမ်းနေမိတယ်
ရင်ထဲမှာ ခိုဝင် အချစ်ဆုံးလေးမျက်နှာ
အဝေးကချစ်သူ
ရွှေခြည်မျှင်များ ပင်လယ်ပြင်ထဲဆင်းသွားပြီ
ငွေရည်ခြုံလွှမ်းလို့ ညရောက်ပြန်ခဲ့
နေ့တနေ့ကုန်ဆုံးသွား
နောက်တနေ့ရောက်လာအုံးမယ်
အချစ်ဆုံးလေး
အချိန်တွေတိုင်းမှာ
မင်းအကြောင်းတွေ ကိုယ်တွေးတယ်
မျှော်လင့်ခြင်းများရှင်သန်မြဲကွယ်
အကြင်နာဆုံးလေး ကိုယ်လွမ်းလို့နေတယ်
အချိန်တွေတိုင်းပဲ
(ကိုယ်သိပ်လွမ်းမိခဲ့ အိုမင်းအကြောင်းတွေးတိုင်း)
(အိုး.........နေ့ရက်တွေတိုင်း......)
မြင်ယောင်နေတယ်
ရင်ခုန်လာတယ် အဝေးကချစ်သူ
လိုချင်ပါတယ် အရင်လိုနွေးထွေးတဲ့အနမ်းတွေ
အိပ်မက်တွေနဲ့ ကိုယ်လေအသက်ဆက်လို့နေမိတယ်
ုမြင်နေဆဲပဲ
အချိန်တွေတိုင်းမှာ
မင်းအကြောင်းတွေ ကိုယ်တွေးတယ်
အိုငွေကြယ်များနဲ့
နေရောင်များလား
သတိရမှုများ
အိုအချိန်တွေတိုင်းပဲ
နေ့ညများပြောင်းလဲ သွားတဲ့ ဒီလောကထဲ
အချစ်စစ် တရားနဲ့ ကိုယ့်မှာ တည်ငြိမ်ခဲ့...အိုး.......
ဟိုး..........
စွဲလမ်းတဲ့ မင်းအကြောင်း
အချိန်တိုင်းပဲ စိတ်မှာတွေးရင်း
အချိန်တိုင်းအချစ်ရေ.....
(လေးလေးဝါး ပထမ ဆုံးထွက်တဲ့ အခွေထဲမှာပါတဲ့သီချင်းပါ
ကိုယ့်နားထဲစွဲသလို ပါးစမ်ဖျားမှာလဲ စွဲနေတယ်
ခရီးသွားရင်ခဏခဏ ညည်းဖြစ်တဲ့သီချင်းတပုဒ်ပဲ
အမှတ်တရ ပြန်ထည့်ထားတယ်)
A Chen
10:05 am
20th April 2009
Office Bkk
12 comments:
  1. ကဗျာကို နောက်မှ သေချာဖတ်မယ်။ ဒါပေမယ့် ဂျင်ဆင်ထိပ်က လရိပ်ပြာတော့ မသိဘူး။ ထိပ်ပြောင်ပြောင်နဲ့ ကျောင်းဆရာကြီးတော့ ရှိလောက်တယ်။ ကျောင်းဆရာကြီးက တီချမ်းကို လွမ်းနေလို့ပါတဲ့... :D
    ReplyDelete
  2. ချစ်တီရေ...... ဂျက်ဆင်ထိပ်က လရိပ်ပြာတဲ့။ တော်သေးတယ်နော် သစ်ပုတ်ပင်အောက်က ခုံတန်းမဟုတ်လို့။ ဟဟဟ
    စတာနော်...
    ချစ်တူမ
    တီခေါ်တဲ့ မိရောင်
    ReplyDelete
  3. nye: ဟိုသီချင်းနဲ့မတူဘူးနော်.. `သဲသာသောင်နဲ့ ငွေရောင်ကမ်းဆွယ်.. ရွက်ကြိုးဆင်တဲ့ အင်တိုင်းဝါး. ကုက္ကလင်နဲ့ လှေယဉ်များရယ်.. နာဝါ လှေများတွေရယ် ဆွေးသူကိုကယ်ယူပါလှည့်.. လမ်းကြုံရင်ခေါ်စေချင်ငဲ့ ´ ဆိုတဲ့ဟာ..
    အဲဒါကြိုက်တယ်
    လရိပ်ပြာလည်းကြိုက်တယ်
    လေးလေးဝါးသီချင်းကတော့ မသိ
    ReplyDelete
  4. ဆည်းဆာပုံလေးတွေ လှတယ်၊ Pataya ကို အလုပ်ကိစ္စနဲ့ပဲ သွားဖူးလို့ ကမ်းခြေတောင်မရောက်ဖူးဘူး၊ Host က lady boy ဆိုတော့ Boys Town ပဲ လိုက်ပြတယ်၊
    ဝင်းဦးသီချင်းနဲ့ ထူးအိမ်သင်သီချင်း ဘယ်က ရနိုင်မလဲဟင်? အိမ်က မေမေလဲ ဝင်းဦးသီချင်းအရန်းကြိုက်တယ်၊
    ပန်းတွေ ကြွေနေတာတွေ့ရင် "ပန်းခင်းလမ်းပဲ လျှောက်ပါ" ဆိုတဲ့ သီချင်းကို အလိုလို အော်ဆိုဖြစ်တယ်၊ ဟား၊
    ReplyDelete
  5. အဲဒီ ၂ ပုဒ်စလုံးသူငယ်ချင်းတွေ ပို့ပေးထားလို့ရှိတယ် လိုချင်ရင် ပို့ပေးမယ် အီးမေးလ်ပြော
    ReplyDelete
  6. I have inspired and written a short story based on this Htoo Eain Thinn's song. I always considered why he didn't come back when school opened after summer holidays. 5 5 5 5 5 (laugh in Thai)
    ReplyDelete
  7. blue_gem24@yahoo.com
    Thank you.
    ReplyDelete
  8. ရွှေတံငါ...သိပ်ကောင်းတဲ့သီချင်းလေးပဲ။ ၀င်းဦးဆိုထားတဲ့ အသံကိုတောင် ပြန်ကြားယောင်မိတယ်။ အိမ်မှာ အခွေရှိခဲ့ဖူးတယ်။ နောက်တော့ ဘယ်ရောက်သွားလည်း မသိတော့ဘူး။ အမေတို့အဖေတို့က ၀င်းဦးကြိုက်တယ်လေ။ သူတို့က ခေတ်ဟောင်းသီချင်းတွေဖွင့်တော့ ကိုယ်လည်း ခေတ်ဟောင်းတေးတွေကို ငယ်ငယ်ကတည်းက ကြိုက်တတ်ခဲ့တယ်။ စာသားနဲ့ အဓိပ္ပာယ်တွေကလည်း လှတယ်လေ။
    ReplyDelete
  9. စူးနွယ်ရေ
    မလားကျားလားမသိလို့
    ရိုင်းရင်ခွင့်လွှတ်
    တီ့ မှာ ရှိတယ် လိုချင်ရင် ပို့ပေးမယ်
    ReplyDelete
  10. ဒီနေ့ ဖရော်ဖက်ဆာက ဆူတယ်။ ပေပါတွေအချိန်မှီမတင်နိုင်လို့ တဲ့ တီချမ်းရယ်။ ရှင်တို့ နဲ့ လျောက်သွားရတာ အင်မတန်မှပျော်တယ်။ ပထရားက ကျနေကြီးကို ကြည့် ပင်လယ်ကမ်းစပ်က သဲနဲ့ ရေကြားလျောက်ရင်း ရှင့်လို ကဗျာတွေတော့ မမြင်မိဘူး။ မြင်မိတာက ဘင်္ဂလားဒေ့ရှ်ကို ဖြတ်ပြီး အဲဒီ အချိန်က မြန်မာပြည်အနောက်ပိုင်းကို ၀င်မယ့် မုန်တိုင်းပဲယာခေါင်းထဲမှာရှိတယ်။
    ReplyDelete
  11. တီချမ်းရေ..မစူးနွယ်ပါရှင်။ ၀င်းဦးရဲ့သီချင်းနဲ့ ထူးအိမ်သင်ရဲ့ သီချင်း ပို့ပေးပါလားဟင်။ အရမ်းကြိုက်လို့ပါ။ ကျေးဇူးတင်ပါတယ်နော်။
    nofretete.echt@gmail.com
    ReplyDelete