Monday, April 6, 2009

အလိုရှိသည် ဆုတော်ငွေ ၁၅၀၀

အလိုရှိသည် ဆုတော်ငွေ ၁၅၀၀

တခါက ရွာလေးတရွာ မှာ ကောင်လေးတယောက်ရှိတယ်တဲ့
အဲဒီကောင်လေး မှာ အလွန်ဆိုးရွားတဲ့အတွေ့အကြုံလေးတွေ ရှိခဲ့တယ်တဲ့
အဲဒါကြောင့် သူ့ ရဲ့ နှလုံးသား ကို ခြံထဲ မှာ ၀င်းခတ်ပြီးထားပါသတဲ့
တနေ့တော့ မျောက်တကောင်ဘယ်ကနေ မှန်းမသိ
ရောက်လာပြီး ကောင်လေးရဲ့ခြံထဲကနေ အချစ်တွေလာလာခိုးစားပါသတဲ့
ကောင်လေးလဲ အစကတော့ မျောက်လေး က ချစ်စရာကောင်းတာနဲ့
စားပါစေလေ ဆိုပြီးခွင့်ပြုထားသတဲ့
နောက်တော့ အဲဒီမျောက်ကောင်ဟာ ကောင်လေးက ချစ်ပြီးခွင့်လွှတ်ထားမှန်းသိတော့
အချစ်တွေ ကို ကောင်းကောင်းမစားပဲ
စားလိုက်၊ ပစ်လိုက်၊ ချိုးလိုက်၊ ဖဲ့လိုက်လုပ်လာပါသတဲ့
ပြီးတော့ အဲဒီမျောက် က ရွာထဲ က တခြားခြံတွေ မှာလဲ
အချစ်တွေ လိုက်လိုက် ရှာစားပါသတဲ့
အဲတာနဲ့ ကောင်လေး ကို မျောက်က မေ့မေ့ ထားပါသတဲ့
ကောင်လေးမှာတော့ တမျှော်မျှော်နဲ့ ပေါ့လေ
ကြာတော့ ကောင်လေးလဲ သူ့ခြံထဲ က အချစ်တွေ ကိုပစ်ပြီး
သူ့ထက်ကောင်းတယ်လို့ မျောက်ကထင်နေတဲ့ တခြားခြံတွေ ကို အရောက်များနေတဲ့
မျောက် ကို အမြင်ကပ်လာတယ်တဲ့ကွယ်
ခုတော့ အဲဒီ တခြားခြံ ကိုအရောက်များနေတဲ့ မျောက် ကို နောက်တခါ ပြန်လာရင် ပစ်ရအောင်ဆိုပြီး
ကောင်လေးက ဦးစိတ်တို ဆီ က နေ နှစ်လုံးပြူး သွားငှားနေပါသတဲ့
မရရင် ကတွတ်ပီ တို့ရွာက သူကြီး ဖိုးစီ ဆီ ဆက်သွားငှားမယ်ပြောတယ်
အဲတာမှမရသေးရင် မိုးဆိုးကျော် ဖိုးထော် ဆီဆက်မတဲ့ကွယ်
အဲတော့ ပြောကြပါ သိရင် နှစ်လုံးပြူးဘယ်က ရနိင်မလဲ ဆိုတာရယ်
နောက်အဲဒီ မျောက် ကိုတွေ့မိရင်လဲပြောကြပါ
လို့ ကောင်လေးက အိမ်နီးနားချင်း ရွာနီးချုပ်စပ်တွေ ကို ကြေညာထားပါသတဲ့

ဟော
ဟော
ဟိုမှာ....... ပြောနေရင် ဆိုနေရင်းတွေ့ ပြီ

မျောက်စုတ် မျောက်နာ ဒိုင်းဒိုင်းဒိုင်း ညှောင့်
ဘူးညွန့် အရီး ညွန့် ဒိုင်း ညှောင့်……………………..

တီချမ်း
နေ့လည် ၁း၀၅ နာရီ
ဧပရယ်လ ၆ ရက် ၂၀၀၉ ခုနှစ်
ခြံထဲတွင်ရေးသည်
ကြုံတိုင်းတရွာကျော် က ဘန်ကောက် ရွာ
ပဲခူးရိုးမ

24 comments:

  1. This comment has been removed by the author.

    ReplyDelete
  2. (Pho)စိန်မျောက်မျောက်?

    ReplyDelete
  3. တွေးလဲတွေး ရေးလဲရေးတတ်ပါပေ့

    ReplyDelete
  4. မျောက်ကို နှစ်လုံးပြူးနဲ့ မပစ်နဲ့ သေနတ်ပြီးတဲ့ မျောက်ရှိနိုင်တယ်.
    သူ့ကို အချစ်ပဲ ပြန်ကျွေးလိုက်...နည်းတော့ ရှိတယ် အချစ်ထဲမှာ မေတ္တာနဲ့ သစ္စာထည့် ဂရုဏာ ခပ်ထူထူလေး အပေါ်က အုပ် ပီးတော့ မျောက်ကလေး ကို ကျွေးလိုက် ဒီခြံထဲက အချစ်ပဲ သူစွဲတော့မှာပေါ့

    ReplyDelete
  5. ခိခိ ကျေးဇူး ပါဦးမွန်ရယ် သူ့နည်းတွေလာပေးနေတယ် ကွိကွိ
    မယုံမရှိနဲ့နော် သူ့နည်းတွေ က အစွမ်းတွေဗျ
    ခိခိ
    လူပိုရှိန်အောင်ထပ် ကြော်ညာပေးလိုက်တယ် ကွ

    ReplyDelete
  6. တီစိတ်တို ပါလား...
    တခါခြံကျော်ဖူးတဲ့ မျောက်က နောက်တခြံကျော်ဖို့လည်း ၀န်လေးမှာ ဟုတ်ဘူး.. ဟီးဟီး :D (စတာ)
    သေနတ်နဲ့ မပစ်နဲ့ ငပိစိမ်းစားနဲ့ တို့လိုက်

    ReplyDelete
  7. အေးဟုတ်ပါ့ နနခရယ်
    မျောက်တွေက ငပိကြောက်တယ်ဟုတ်

    ReplyDelete
  8. အမလေး
    ကြုံတိုင်းတရွာကျော် က ဘန်ကောက် ရွာ မှာ မုန်တိုင်းတိုက်နေပါလား....
    မုန်တိုင်းပြီးသွားရင်တော့ လေပြေလာတော့မယ်ထင်တယ်...
    ဟဲဟဲ
    နောက်တပို့ စ်က လေပြေအကြောင်းလား တီ......
း)

    ReplyDelete
  9. မဟုတ်ဘူး ဘိန်းပန်းချိုရေ
    လေပြေ က နောက်တယောက် ခိခိ

    ReplyDelete
  10. T chan,
    Calm down! This cheeky monkey is just taking a stroll. He will be back to you soon. So-----cook delicious foods for him and all of us.
    If he will be still naughty, cook him.

    ReplyDelete
  11. လူကိုယ်တိုင် မနိုင်တော့လို့ အရပ်ကူပါကယ်ပါနဲ့ တီတီတစ်ယောက်တော့... သေနတ်ကလည်း စိန်မျောက်မျောက် လုသွားတာကိုး... ဒါကြောင့် တီမှာ ခုန်ဆွ ခုန်ဆွ ဖြစ်လို့ ... အဟီးးး

    ReplyDelete
  12. မိန်းမဆိုတာ မျောက်တွေ (ဆောင်းလေ) ပမာညီတဲ့....
    အရှိန်ကုန်ရင်ပြန်လာလိမ့်မယ်... စိတ်လျှော့ပါ...။

    ** မျောက်သားစားချင်ဘူးနော်... သေနတ်တွေ လိုက်ငှားမနေနဲ့...။

    ReplyDelete
  13. သြော်...စိတ်တို..စိတ်တို...
    မျောက်တို့သဘာဝ တွေ့ရာခြံမှာ စားနေကျဆိုတော့
    မျောက်ကိုအပြစ်ပြောရင်လဲ မျောက်ကတော့ စားနေအုံးမှာပဲ..
    အဲ..ဒါပေမယ့်..
    စိတ်တိုခြံကိုရောက်တော့
    သေးပိန်ချုံလှီး အားမသန်ရော်ဝါပြီး
    မြေသြဇာမကောင်း ရေမနိုင်တဲ့ အချစ်ပင်တွေကို
    စိတ်မကောင်းစွာငေးမောရင်းနဲ့ ဘယ်လိုပြုပြင်ပေးရမလဲလို့
    စဉ်းစားပြီးကိုင်ကြည့်နေချိန်မှာ စိတ်တိုက ဒေါသရှေ့ထား
    ခိုးစားတယ်လို့ ယိုစွတ်စွဲနေပါပေါ့လား...
    မျောက်မင်းစေတနာကို ဒီစိတ်တိုအတွေးနက်နက်မစဉ်းစာလေတော့
    မျောက်မင်းလဲ ညစ်ချစ်ဇောနဲ့
    စိတ်တိုရဲ့ အချစ်ပင်ကို ရွှေပြွန်တော်ကနေ
    ရွှေရေတော်သာပန်းလို့ စိတ်တို နှလုံးပြူးကိုဆွဲ
    ထွက်ပြေးသွားတာနေပါလိမ့်မယ်
    ထင်တာပြောတာနော်

    ကွိကွိ..ကွိကွိ...ဟိ..ဟိ..ဟိ

    ဖိုးစိန်

    ReplyDelete
  14. ဪ မျောက်ညိုမျောက်ညို
    မျောက် သဘာဝ တွေ့ရာခြံမှာစား တွေ့ရာနေရာမှနေ၊ အိပ်၊ အိမ်မပြန်
    အဲတာတွေ ကို မျောက်သဘာဝ ဆိုပြီးခွင့်လွှတ်လို့ရပါတယ်

    မြေသြဇာ ကိုလဲ ဒီဆူပါ ပြောင်းသုံးပါ့မယ်
    နောက်အချစ်ပင်တွေ ကိုကိုင်ရင် နူးနူးညံ့ညံ့ ကိုင်တွယ်ပါကွယ်
    တို့ အချစ်ပင်တွေ က အရမ်းကို ကြွတ်ဆတ်နေပြီ အထိမခံဘူး

    လှေ က လ လိုက်နေချိန် မှာ ဘယ်နှယ် မျောက်မင်းမိုက် ကို အင်း ဒုက္ခ ဒုက္ခ
    အင်းမျောက်မင်းမိုက်ရင် တော့ မျောက်ရွာ မျောက်ကမ္ဘာပျက်ရချေရဲ့ ခိခိ

    ဪ နှစ်လုံးပြူးကို ဆွဲသွားတဲ့မျောက်
    ဒီတခါ မိများမိရင်တော့ ရေသွန်တဲ့ရွှေပြွန်ကို ရွှေကပ်ကြေးတော်နဲ့ သာဖြတ်
    ၇ ပိုင်းပြတ်ရော့လဟယ် သယ် မျောက်ငမိုက်သား
    တိုစေရော့ ဒန်ဒန့်ဒန့်

    ReplyDelete
  15. ကောင်းတယ် ကောင်းတယ်
    မောင်မောင်မျော်က တိုနှံနှံလေး ဖြစ်သွားတာပေါ့
    ဒါမှ ခြံ ခဏခဏ ခုန်လို့မရမှာ :)

    ReplyDelete
  16. I က ဘယ်သူ့ဘက်ကမှ ပြောဘူးဗျာ
    ကိုယ့်ဘာသာကိုယ်နေနေတာ

    ReplyDelete
  17. စိတ်ညစ်ရတယ်..
    ပျော်နေတာ ၀မ်းသာ

    ReplyDelete
  18. မျောက်ဖိုးစိန် အစား ရင်မောမိပါသေး

    ReplyDelete
  19. ဟိဟိ
    သားသားဆီမှာ နှစ်လုံးပြူးတော့မရှိဘူး...။
    ပစ်စရာ အတိုတော့ရှိတယ်
    လာယူလှည့်

    ReplyDelete
  20. တီရေ ဘယ်လိုများဖြစ်နေရပြန်တာတုန်း။ ဒီမျောက်ကို သေနတ်နဲ့မပစ်ပါနဲ့။ တခြားခြံသွားမစားနိုင်အောင်ပဲ ခြေထောက်တွေကိုရိုက်ချိုးထားလိုက်။ :P

    ReplyDelete
  21. တီချမ်းက ကပ်ကြေးတော်နဲ့ညှပ်ယူပြီး အာလူးနဲ့ချက်စားဖို့
    ကြံနေတယ်ပေါ့ တီနော် ဟွန်းးးးးးးးးး

    ReplyDelete
  22. ဒီနေ့ကံမကောင်းပါလား ဖြစ်သွားတာပေါ့ .. :D

    ReplyDelete
  23. တီရေ...
    ဒီတခါ ရွှေကတ်ကြေးတော်ကိုသေခြာသိမ်းထားဦး
    ထပ်ပြီး ယူသွားဦးမယ်
း)

    ခရီးက ပြန်လာရင်လဲ လေပြေအကြောင်း ဆက်..
း)

    ReplyDelete