Wednesday, April 29, 2009
လူအမြင်ကပ်စေသောဆုနှင့်ပြည့်စုံခြင်း
ဒီပိုစ့်ကိုတော့ ချစ်တူမတော်မိရောင်ကတက်ဂ်ပါတယ် မိုးခါးလဲ တက်ဂ်ပါတယ်
တွေ့ချင်တဲ့သူ ၁၀ ယောက်တဲ့ ၁၀ ယောက်တော့မရှိပါဘူး မောင့် ကိုပဲတွေ့ချင်တယ်ပြောလိုက်ရင် တက်နေအုံးမယ် ခိခိ
အရင်ကလဲ မောင်ဂျဲတို့ နောက်ဘယ်သူတွေလဲမသိဘူး ရှိသေးတယ် တက်ဂ်ကြတာ
မှတ်တောင်မမှတ်မိတော့ဘူး ဟိဟိ ၀ါသနာပို့စ့်ကော ဘယ်လိုနိုးထသလဲဆိုလားဘာဆိုလား နောက်ဘာလဲမသိရှိသေးတယ်ထင်တာပဲ
အဲတာသာကြည့်တော့ မရေးဖြစ်တာပါ
စိတ်မဆိုးကြဘူးမျှော်လင့်ပါတယ် (အဲ့လူတွေကတော့ ပေါ်ကိုမလာကြတော့တာ ဟိ)
တက်ဂ် ပိုစ့်တွေကို လိုက်လိုက်ဖတ်တော့ လူတွေ အများစုရေးတာက
သူတို့တွေ့ချင်တဲ့သူတွေအများစုက ဘလောခ်သူငယ်ချင်းတွေပါ
တချို့ကျတော့လဲ စတက်ဂ်ကတည်းက ပြောထားပြီးသားပါ
ရေးဖော်ရေးဘက်တွေပဲဖြစ်ရမယ်တဲ့လေ.........း)
(နနခ ကတော့ အိန်ဂျယ်လ်လီနာ ဆိုပဲ ခိခိ
အဲတာ ဆို ကိုယ်က ပစ်ပ် ကိုတွေ့မယ်နော် ခိခိ။ တီချမ်း ကိုတွေ့ချင်တယ်ပြောထားတဲ့ သူတွေ ကလဲ မကြာခင်ကိုတွေ့ကြရတော့မှာပါ ဥပမာပေးရရင်...........မြောင်း နဲ့ညီ နောက်တပတ်ဆိုရင် ကိုတွေ့ကြရပြီ
မိရောင်နဲ့ ကြယ်လဲ ဇွန်ကျရင် မိုးစက်လေးတွေနဲ့ တူတူတွေ့မယ်နော်......ခိခိ ကဗျာဆန်ပြန်ပြီ။ တချို့တွေဆိုရင်လဲတွေ့ပြီးကြပါပြီ ဦးမွန်နဲ့ မီးဇာလေ............၀ါဝါတောင်အဆစ်ပါသေးနော် ခင်ပါတယ်သူတို့ကိုတော့)
တချို့တော်တော်များများက အတက်ဂ် ခံရလို့ရေးတာပေါ့နော်
ပြီးတော့ စိတ်ဝင်စားစရာကောင်းတာ တခုက
ရေးကြတဲ့အထဲမှာ အိမ်ကို အမြဲလာလာအားပေးတဲ့ အတွက်တွေ့ချင်တာ ဆိုတာ ပါပါတယ်
then it keeps me thinking..........း)
တကယ်ကိုအဲလိုပဲလား လာလာအားပေးလို့တွေ့ချင်တာလား? လာအားမပေးရင် မတွေ့ချင်တော့ ဘူးလား?
(ဒီလိုစာတွေ ရေးရင် ချစ်စိန် ဆိုတဲ့ အကောင်က မကြိုက်ဘူးဆိုတာ သိပါတယ် မကြိုက်ရင်လဲမမန့်နဲ့ပေါ့ ဖိုးစိန်ရယ် မကြိုက်ဘူးလို့ ပွင့်ပွင့်လင်းလင်းမန့်ရင်လဲ စိတ်မဆိုးပါဘူးနော်၊ အရင်တပိုစ့်ကိုလဲ လာမန့်တော့ မကြိုက်ဘူးလို့ ဘွင်းဘွင်းပဲပြောခဲ့ပါတယ်လေ ဟုတ်တယ်ဟုတ် အဲလိုပြောတာ စိတ်မဆိုးတတ်ပါဘူး မကြိုက်ဘူးလို့ပြောတာ ကို ကြိုက်ပါတယ် ခိ နားရှုပ်သွားလားမသိ)
လူတွေအများစုက တက်ဂ်ပိုစ့်လေးတွေ ကို ချစ်စရာကောင်းအောင်ရေးကြပါတယ်
အဲတော့ လူ့ကန့်လန့်ကျတော်က တက်ဂ်ပိုစ့် ကိုမုန်းစရာကောင်းအောင်ရေးမလားလို့
ဘယ်သူ့ကိုမှမတွေ့ချင်ပါဘူးလေ
လောက မှာ ကိုယ်လိုချင်သလိုသာဖြစ်လို့ကတော့ ကောင်းတာပေါ့
ဒါပေမယ့် တကယ့်တကယ်မှာတော့ လောက ကြီးကအဲလောက်သဘောမကောင်းပါဘူး
ပြီးတော့ ခုတလော ကိုယ့်ကိုယ်ကိုယ်ပြန်ဆန်းစစ်တော့ (သတိရရင် ၃ လ တခါ ၆ လ တခါ လုပ်လေ့ရှိပါတယ်....စာဖတ်သူလူကြီးမင်း လူမကြီးမင်း လဲ စိတ်ဝင်စားရင်လုပ်ကြည့်ပါ) ကိုယ်တော်တော်အစွန်းတဘက်ကိုရောက်နေပါပေါ့လားလို့ သတိထားမိတယ် (တယောက်ယောက်ကိုများတော်တော် အောပ်ဆက်စဒ် obsessed ဖြစ်နေသလားလို့ပါ ဟင်းဟင်း ရယ်ကြမယ် မျက်နှာတွေမဲ့နေပြီ....... ဟောဟော .........ဒီစာကြောင်းလဲတွေ့ရော အင် ငါ့စိတ်ထဲမှာ ဖြစ်နေတာ တီ သိနေပါလားလို့တွေးတယ်............ဟောဟော ပြီးတော့
ပြုံးလာပြီ ............
ပြုံးလာပြီ .................
ပြုံးလာပြီ ..............................
မျက်နှာက အော်....တတ်လဲတတ်နိုင်တဲ့လူတွေ.........ပြီးတော့
စဉ်းစားနေတယ် ...................
စဉ်းစားနေတယ် ................................
စဉ်းစားနေတယ် ...........................................
တီချမ်းတော်တော်ဆိုးလို့....ဘယ်သူလဲ လို့ လဲမေးစရာမလိုတော့ ပါဘူးနော်
အားလုံးလဲသိနေတော့လေ......း).........)
မဆီမဆိုင် ကမျူး ရဲ့ စည်းအပြင်ကလူကိုသတိရမိသေးတော့....း) ကိုယ့်ကိုကိုယ်ပြောချင်တာပါ အဲလိုအသေဆိုးနဲ့သေမယ်ထင်တယ် နော်..............း(...........
တကယ်ပါ တွေ့လဲ ရတယ် မတွေ့လဲ ရတယ်
မိသားစုတွေ ကိုတောင်မတွေ့ချင်လို့ အဝေးကိုပြေးလာတာပဲလေ
နောက်တခု က လူတွေ က စာထဲမှာ ခင်ရင် တမျိုး အပြင်မှာ တမျိုးမို့ပါ
တကယ်တွေ့တော့လဲ စိတ်ထဲမတွေ့တာတွေရှိတတ်ပါတယ်
အဲ့ခါကျ ကိုယ်က အားနားပြီး ဟန်ဆောင်မခေါ်နိုင်တော့ ခက်တယ်
စိတ်ထဲမတွေ့ရင် လဲ ကိုယ်က လုံးဝ မျက်နှာမှာကိုပေါ်နေတာလေ
ဘွင်းဘွင်းပဲ ဟန်ဆောင်လို့ကိုမရ........း(
တွေ့ချင်တဲ့သူတွေ လုံးဝ မရှိဘူးလားဆိုတော့ ရှိပါတယ်
မတွေ့ရရင်လဲ ဘာမှမဖြစ်ဘူးလို့ပြောချင်တာပါ
အဲလိုပြောရတာက လဲ လောကသဘာဝလေနော်
ကဲကဲ ..............တော်ပါပြီ လေနော်
ဒီလောက်ဆို ဖတ်တဲ့သူ တော်တော်အမြင်ကပ်နေလောက်ပြီ
ခိခိ
ဆက်ရေးရင် တွေ့တော့ အခုတ်ခံနေရမယ် မျက်နှာကို ခိခိ
လူတော်တော်များများက အကောင်းလေးတွေ ရေးတော့ ကိုယ်က ကန့်လန့်တိုက်ကြည့်တာပါ
နောက်ရသ တမျိုး ပေးတာပေါ့ ကြိုက်ချင်ကြိုက် မကြိုက်လဲနေ ရတယ် (ကြားလား ဖိုးစိန် လုံးဝမကြောက်ဘူး မင်းကို ဟဟဟ)
အကောင်း နဲ့ အဆိုး၊ ချစ်စရာ နဲ့ မုန်းစရာ၊ အပျော် နဲ့ ၀မ်းနည်း ဆိုတာ တွေကလဲ ဒွန်တွဲနေတာမှလား
အဲလိုပေါ့ ပြောကြတာက လောကသဘာဝ ၀ှတ်ဝှတ် ယို့.............ယို့...........၀ှတ်စ်အပ်
မင်းတို့လက်တွေလေထဲမှာ မြှောက်ထားလိုက်...............ဖြစ်နိုင်ရင်ခြေတွေလဲမြှောက်ကြည့်စေချင်တယ် ဘောင်းဘောင်းလေးတော့ ၀တ်ထားပေါ့နော်.....း)..........ကြည့်လို့တော့ လှမှာပါ လက်ကော ခြေကောမြှောက်ထားရင် ခိခိ
ကဲကဲ ရေးလိုက်ပြီနော် မိုးခါး နဲ့ မိရောင် ညည်းတို့လဲ ကြိုက်ချင်ကြိုက်
မကြိုက်လဲနေ ရတယ် လာတော့ အော်နဲ့ ခိခိ
စကားမစပ် မိုးခါး လေးရေးတဲ့ ပိုစ့်ပုံကိုတော့ တကယ်ပဲ နှစ်သက်မိပါတယ် ကောင်မလေး က ပရယ်ဇန်တေးရှင်းကောင်းတယ် သူတွေ့ချင်တဲ့ သူတွေ ကို ဘာ့ကြောင့် တွေ့ချင်တာလဲ ဆိုတာ သေသေချာချာရေးထားလို့ပါ ကိုယ်က သူ့လောက်စာရေးမကောင်းတော့ ဒီလိုအမြင်ကပ်စရာလေးထွက်လာတာပေါ့ စိတ်မဆိုးကြဘူး မျှော်လင့်ပါတယ် စိတ်ဆိုးရင်တော့ လဲ ကိုယ့်ဒေါသနဲ့ကိုယ်ပဲနော် ဘာမှမတတ်နိုင်ဘူး..................း)
အားလုံးကို ပိစ်....................နော်
A Chen
8:11am
29th April 2009
Home
Bkk
15 comments:
  1. ချစ်တီရေ ...... တာဝန်ကျေပါတယ်။ ဘယ်လိုပဲရေးရေး အခုလို မအားတဲ့ (အသည်းတွေ အစိတ်ပေါင်း ၁၅၀၀ လောက်)ကြားထဲက ရေးပေးလို့။ ဘာပဲဖြစ်ဖြစ် တိုတောင်းတဲ့လူ့ဘ၀လေးမှာ အခုလိုလေး ဆုံခွင့်ရတာပဲကျေးဇူးတင်ရမှာပါ။ ပါလာပြန်ပြီ မောင် က။ ဘယ်လိုဖြစ်။ ငိုလိုက်မှာနော် ဗြဲ. ......
    ချစ်တူမ
    တီခေါ်တဲ့မိရောင်
    ReplyDelete
  2. တီချမ်းရေ
    ReplyDelete
  3. ဒေးဗစ် ရေ နင့်မျက်နှာ ကို ငါ ဒီတသက် ပြန်မမြင်ချင်တော့ ဘူးလို့ ရေးတာဟေ့ တကယ်ပဲ
    အစားအသောာက်လောက်ပဲ သိတယ်
    ReplyDelete
  4. ဟီးဟီး
    တီရေ
    ရေးတာပဲကျေးဂျူးတင်ရမှာပေါ့ နော့
    မအားတဲ့ကြားက ရေးပေးရတာလေ နော့
    မောင့်နဲ့ အကျူအပျက်ခံပြီးရေးပေးရတာလေ နော့
    ဒါကြောင့် ကျေးဇူး
    but သို့သော်ငြား .. ဒူ့မှ တွေ့ချင်ဝူးချို့ရို့
    တီကိုမုန်းတယ် တီကိုမုန်းတယ် ...
    တီပြန်အော်သံ (နင်မုန်းတာထက်ပိုမုန်းတယ် ..) ဒီအချိန်တွင် တီသည် တောင်တတောင်၏ထိပ်တွင်ဖြစ်သည် .. စကပ်လေး လေတွင် တလွင့်လွင့်နှင့် .. မိုးစက်မိုးဖွားလေးများ တဖွဲဖွဲကျနေချိန် ..
    :D:D
    ReplyDelete
  5. တီတွေ့ချင် ချင် မတွေ့ချင်ချင် တွေ့ချင်ပါတယ်
    ReplyDelete
  6. တီရေ..ရှုပ်နေတာဘဲ...ဘာတွေမှန်းမသိဘူး...
    ကြယ်ဖြူစင်ရေ နင့်မျက်နှာ ကို ငါ ဒီတသက် မမြင်ချင်တော့ ဘူးလို့ ရေးတာဟေ့ တကယ်ပဲ အသဲကွဲဖို့လောက်ဘဲသိတယ်..
    (တီပြန်အော်သံ)
    ReplyDelete
  7. ဒီမှာမောင်ချမ်း
    ကျုပ်ဆိုလိုတာကိုမင်းသဘောမပေါက်ဘူး
    အိမ်ကိုလာလည်တယ်လာအားပေးတယ်ဆိုကတည်းက
    အိမ်ရှင်ကိုသံယောဇဉ်ရှိလို့ပေါ့ နလပိန်းတုံးရဲ့
    ဒီလောက်အင်တာနက်ပေါ်မှာဘလော့စာမျက်နှာတွေ
    ဖတ်စရာမှတ်စရာတွေအမျာ့ အများကြီးရှိတဲ့ထဲက ကိုယ့်စာမျက်နှာပေါ်လာ
    ကိုယ့်ပိုစ့်ကိုဖတ် ကိုယ့်ကိုအားပေးစကားပြောကြားပေးတဲ့ အကိုအမတွေကို
    သံယောဇဉ်ဖြစ်ပြီးတွေ့ချင်တယ်ဆိုတာဆန်းသလား
    သူတို့ကလဲမမြင်ရဘဲနဲ့အိမ်လာအားပေးစကားပြောတယ်ဆိုကတည်းက
    အဲဒီအပေါ်ကိုလေးစားမှုတစ်ခုနဲ့တုန့်ပြန်ရမှာပေါ့
    then it keeps me thinking..........
    စဉ်းစားသေသေချာချာ နှဖူးပေါ်လက်တင်ပြီးတော့
    မောင်မင်းကြီးသားကိုတွေ့ချင်တယ်ဆိုတာလဲ ဒီလိုသံယောဇဉ်နဲ့ပါ
    မတွေ့ချင်နေပါ တွေ့ချင်ပါတယ်လို့ရေးတဲ့သူရဲ့သံယောဇဉ်တွေကိုမခနဲ့ပါနဲ့
    အားလုံးနဲ့ဆန့်ကျင်ပြီးရေးတာကိုတော့မပြောလိုဘူးလေ
    ဒါကတော့ ကိုယ့်လိုက်ဖ် နဲ့ ကိုယ့်စတိုင်
    ကျုပ်လဲမဝေဖန်ဘူး
    ဒါပေမယ့်ဖတ်ရသူရင်ထဲ ခနဲ့တဲ့တဲ့လေသံမျိုးကြီးဝင်စွက်နေတာကတော့
    ရင်ထဲကိုထိသလိုပဲ
    တက်ဂ်ပိုစ့်ကိုချစ်စရာကောင်းအောင်ရေးတာမဟုတ်ဘူး
    ရင်ထဲမှာရှိနေတဲ့အချိန်လေးတခဏမှာဖြစ်ပေါ်လာတဲ့စိတ်ခံစားမှုကိုချရေးတာ
    မောင်မင်းကြီးသားရေးတဲ့စာတွေရော
    ချစ်စရာကောင်းအောင်ရေးနေတာလား
    မဝေဖန်ဘူး
    တွေ့ချင်ပါတဲ့သူကိုအဲလိုရွဲ့ရေးတဲ့အသုံးအနှုန်းတွေကိုမကြိုက်တာတော့အမှန်ပဲ
    ကျုပ်ကိုယ်တိုင်လိုလိုလားလားတွေ့ချင်ပါတယ်လို့ပြောတာကို
    မဲ့ပြုံးပြုံးခနဲ့တယ်လို့ခံစားရလို့ပါ
    ဒါကတော့မင်းသဘောနဲ့မင်း
    ဒီပိုစ့်ကိုလဲစိတ်ထဲမတွေ့ဘူး
    ဆန်ရင်းနာနာဖွတ်တဲ့
    ဒီစာကိုလဲချစ်လိုရေးတာပါ
    မချစ်ရင်ဝင်တောင်မမန့်ဘူး
    ဖိုးစိန် မျောက်လောင်း ဖိုးရှုပ်
    ခေါ်ချင်သလိုခေါ်နိုင်တယ်
    ReplyDelete
  8. အမြင်ကတ်ရုံတင်မဟုတ်ဘူး
    ဖြစ်နိုင်ရင်စကားတစ်ခွန်းတည်းနဲ့အသေသတ်ချင်တာ
    ReplyDelete
  9. စိတ်လုံးဝမဆိုးဘူးနော်
    ဒေါသလဲမထွက်ဘူး
    အလှည့်ကျတော့မနွဲ့ကြစတမ်းပါ ချစ်ချမ်းရယ်
    ဒီရေဆိုတာ အတက်အကျရှိပါတယ်
    ReplyDelete
  10. မတွေ့ချင်လဲနေဝေ့ နောက်အိမ်လာဖို့မခေါ်နဲ့ ဟွန်းးးးး
    လုံးဝပဲ အစားမပါလို့ကတော့ ဒါပဲ
    ReplyDelete
  11. အောင်မလေး မန့်သွားကြတာ မိရောင် အဒေါ်ကို... တီရေ သေဖို့သာပြင်ထား တီ့ကိုသတ်ကြတော့မယ်တဲ့။ ပြေးထား ပြေးထား ...
    ညည်ကလည်းအေ ဒီလောက်လေးမှ ပြေးရရင် အစထဲက ကျုပ်မသလျှမ်းဘူး။ ခွိခွိ (တီ့စကားပြောသံ)
    ReplyDelete
  12. T chan,
    Your every single words are so green and wide (seinn gar).
    Take care! I concern for your security. :P
    Glacier
    ReplyDelete
  13. လူတွေ က စာထဲမှာ ခင်ရင် တမျိုး အပြင်မှာ တမျိုးမို့ပါ
    တကယ်တွေ့တော့လဲ စိတ်ထဲမတွေ့တာတွေရှိတတ်ပါတယ်
    (ကြိုက်သွားပြီ။ အမှန်တွေပြောလို့။)
    အဲ့ခါကျ ကိုယ်က အားနားပြီး ဟန်ဆောင်မခေါ်နိုင်တော့ ခက်တယ်
    စိတ်ထဲမတွေ့ရင် လဲ ကိုယ်က လုံးဝ မျက်နှာမှာကိုပေါ်နေတာလေ
    ဘွင်းဘွင်းပဲ ဟန်ဆောင်လို့ကိုမရ.......
    (တူလိုက်တာ..)
    ReplyDelete
  14. မတွေ့ ချင်ဘူးဆို လို့ ဝမ်းသာ လိုက်တာ
    အာ ၀ါး x တစ် သိန်း
    မတွေ့ လို သာပဲ တွေ့ များတွေ့ ရင်မောင်ငယ်တို့ အငြိမ်နေရမှာမဟုတ်ဘူး
    မတွေ့ တာ ကောင်းတယ်
    :P
    ဟားဟား
    ReplyDelete