Thursday, September 30, 2010

freedom of speech/different perspectives

3:05 PM me: http://www.youtube.com/watch?v=ixy0vRE3H-U&feature=related
http://www.youtube.com/watch?v=gfzylYuz62Q&feature=related
i think she says a lot of "you know"
3:07 PM you might have some files of her in ur system
3:08 PM she is an asylum refuge
http://www.youtube.com/watch?v=KETpWWtB0SA&feature=related
3:09 PM look at this one
she seems like i don't know,
nervous
but i also felt like she has been forced to say like this
like she has to read it by heart and say it in the public "u know"
________________________________________ 8 minutes
3:18 PM MS: :)
I like her speech the other day whatever it counts saying UN cannot/is not doing anything
it is good
but i never like Burma campaign UK
3:19 PM these girls are like puppets
me: i know
MS: That's why I don't even read Little Daughter
me: that's how i feel like too
i wonder whether they really believe what they r doing
or even know what they are doing
3:20 PM may be this is another form of British colonialism
u know another round
MS: How can they know dear?
me: that's why i mean
MS: They have not been brought up like us
me: tz studied IR in Myanmar
people can go to library of course
so a lot of the information they speak out there are just not 100% correct
3:21 PM MS: it is absolutely true
me: they keep on saying that life in Myanmar is difficult
i don't agree with that
may be they don't have enough survival skills
this is just interesting
MS: in My friend office there is one British woman saying Education system in Myanmar is very bad
me: i want to write something about this but then i think better stay out of it and
let them do their things
3:22 PM MS: My friend replied that it was what the British had done
me: at least someone need to do this
haha
MS: it was not like that before
when we were with our kings
:)
me: after listening a lot of her speech
3:23 PM i am more sure that she is just a token prune
MS: yeah
me: they are just some kids happen to get abroad and SPEAK English
that's all
http://www.youtube.com/watch?v=BF7xiHFyGKA&NR=1
listen to this one is terrible
3:24 PM MS: the boss is Mark Farmaner
me: the boss of who?
MS: the boss of Zoya Phan
Nang Seng …
and now
Wainin Pwint Thon
3:25 PM me: but for all of it
i think her pronunciations is OK
hehe
MS: :)
3:26 PM My dear
and on the other hand
please understand
it is their career
3:27 PM me: yes
a girl needs to eat
i know
3:28 PM a boy too
otherwise we will end up on the street
MS: yeah
we still have a career
but not them
they will end up accusing the bad things of the govt
3:29 PM sometimes I am thinking about it
me: agree
MS: Is Aung SSK really happy with her life?
me: what if they cannot do this
what will they do
and i don't think they can do this even in England for the rest of their life
i mean for nothing as a tangible results
3:30 PM i know what u mean
MS: Once she is famous and if she returned to England leaving Myanmar like this
me: not her publicity life that make people think she is a heroin
MS: She will also lose her future
me: but her real life as a person right?
MS: yeah
me: i am so glad to have the same IQ level friend to talk things like this u know what i mean
3:31 PM u can't talk to ruree like this hehe
or may be she should do something like this too
if she deadly wanna be famous
3:34 PM i want to post what we had talked on my post
what do u think?
3:36 PM MS: u can post anonymously
:)
3:37 PM me: what about ur name
but again every bodies names MS right hehe
if u r OK
do u want to edit a little bit
MS: no
I don't want to
3:38 PM me: what does u mean by a little daughter?
MS: The world might forget about Nelson Mandela
me: u don't want to what?
edit?
MS: Little Daughter was a book written by Zoya Phan
me: aww
do u have a link?
3:39 PM do u get the pdf i send?
3:40 PM MS: which pdf?
me: about her father?
prisoner file
mya aye
is the name
MS: aw
yeah
i got it
3:41 PM But I am sorry
I don't want to read anything
3:42 PM me: send to me then
MS: They have done these activities against the govt and they are put into prison
It is worth
At least they have done something
But people in the jungle
in the rural villages
they did not do a single thing
3:43 PM and some were raped some were killed
But their stories remained untold
Whatever people say
3:44 PM On the account of respecting the lost one who suffered the loss for the crimes they did not commit
I will not read or comment on who is right who is wrong
3:45 PM me: well darling
they are not refuges yet and not asylum yet
and beside they might not speak English
i thinks that what happened
3:46 PM MS: But they breath Oxygen
They drink water
They don't breath CO2 and drink urines
________________________________________ 5 minutes
3:52 PM me: well
even we breathe and eat the same thing
we think differently
otherwise everybody will be the same
i think that's why communism does not work and failed

အတိတ်

အတိတ်

စွန်ငယ်လေးကြိုးပြတ်ပြီ
မြင်နေဆဲ ဝေးသွားပြီ
ကူကယ်ရာမဲ့ လွတ်လပ်မှုမှာ လွင့်ပြီ

ကိုယ်တိုင်ထွက်ပြေးတော့မည်
ထောင်ခြောက်ပြွန်းအချစ်မှသည်
မိုင်ထောင်ချီဝေးလဲ ကိုယ်တယောက်တည်း ထွက်ခဲ့

အိပ်မက်မှာ ကိုယ်လိုတာချစ်ခြင်း
နိုးအထမှာ ဒဏ်ရာသာ ရစ်ကြွင်း
မင်းပေးတဲ့ အရာရာ ညစ်နွမ်းသည်
ဖြူစင်စွာနေချင်သူ
ယောင်ချာချာ ကိုယ်မိုက်ပြီး မူး

မှားပြီ ကိုယ်မှားပြီ မင်းကိုယုံတာမှားပြီ
ချစ်မိအပြစ်ရှိသည်
ကိုယ်ရဲ့ကမ္ဘာမှာ ကိုယ်သာကျန်ရစ်

ဝေးပြီ တို့ဝေးပြီ ချစ်လာတာကြာခဲ့ပြီ
အဆုံးသတ်နားရောက်ပြီ
ရင်ထဲမှာ ဆူးငြိ

လာ လာ လာ လာ
ကိုယ့်တယောက်ထဲဘာသာ ရူးပြီ

A Chen
2:30 PM
29th September 2010
Wednesday
Immigration Office
Bangkok

လွမ်း

လွမ်း

ဟေး
မင်းလေးကိုသိပ်လွမ်းသည်
ဒီအချိန်ပြတင်း အပြင်မှာ မိုးတို့ကျနေပြီ
ရင်မှာ သိပ်နွမ်းသည်
မျက်ဝန်းများ(လဲ) ညိုလွန်းပြီ
ဒီအချိန်မင်းဘယ်ရောက်ကာ ပျော်ပြီးမေ့နေပြီ

ဟေး
မင်းလေးကိုသိပ်လွမ်းသည်
ရင်မှာ ခံစားတာတွေ အတိတ်သို့ လွင့်ပျယ်ပြီ
ကိုယ်ဆိုချင်စကားတွေ
မြိုသိပ် (လွန်း) လို့ ကြပ်မွန်းပြီ
ဒီအချိန်မင်းဘယ်ရောက်ကာ ကိုယ့်အားမေ့နေပြီ

အိုမင်းမရှိခဲ့ရင် အတိတ်လဲမရှိပြီ စိတ်နာတာတွေမရှိ
ဒါတောင်ချစ်ခွင့်ရှိရင် မင်းပဲ ရွေးချယ်မည်
အိုမင်းမရှိခဲ့ရင် ကိုယ့်ဘဝကလေ လမ်းတောင်ဘယ်မှာမသိ
အရာရာ အပျော်တွေဆိတ်သုန်းပြီ အရာရာအဓိပ္ပါယ်တောင်မရှိ
အိုး……
ဟေး
မင်းလေးကိုသိပ်လွမ်းသည်
ဒီအချိန်မင်း ဘယ်ဆီမှာ ပျော်ပြီး (ကိုယ့်အား) မေ့နေပြီ

ကိုယ်မျှော်လင့်နေသလို ကိုယ့်အားလွမ်းပါမည်

歌词

如果没有你
演唱:莫文蔚

Hey~我真的好想你
现在窗外面 又开始下着雨
眼睛干干的 有想哭的心情
不知道你现在到底在哪里

Hey~我真的好想你
太多的情绪 没适当的表情
最想说的话 我该从何说起
你是否也像我一样在想你

如果没有你 没有过去
我不会有伤心
但是有如果 还是要爱你

如果没有你 我在哪里
又有什么可惜
反正一切来不及
反正没有了自己

Hey~我真的好想你
不知道你现在到底在哪里

Hey~我真的好想你
现在窗外面 又开始下着雨
眼睛干干的 有想哭的心情
不知道你现在到底在哪里

Hey~我真的好想你
太多的情绪 没适当的表情
最想说的话 我应该从何说起
你是否也像我一样在想你

如果没有你 没有过去
我不会有伤心
但是有如果 还是要爱你

如果没有你 我在哪里
又有什么可惜
反正一切来不及
反正没有了自己

Hey~我真的好想你
不知道你现在到底在哪里

你是否也像我一样在想你

A Chen
4:30 PM
29th September 2010
Wednesday
Immigration Office
Bangkok

Tuesday, September 28, 2010

အရှေ့တွေး အနောက်တွေး

အရှေ့တွေး အနောက်တွေး

ဒီနေ့

ထူးမခြားနား ဘန်ကောက်နေ့ရက်တရက် ကိုဖြတ်ရပြန်ပါတယ်။

ဘာလုပ်သလဲလား…?

တနေ့လုံးအိပ်တယ်။ ညနေပိုင်းကျတော့ ရုံးဆင်းချိန်လောက်မှထတယ်။ (ဟုတ်ကဲ့ ရုံးမတက် ပါဘူး)
ပြီးတော့ ရေမိုးချိုးပြီးတော့ ဘာစားရမလဲ စ စဉ်းစားပါတယ်။ ရဲလေးနဲ့ ထိန်ဝင်းကလဲ ကိုယ့်ကို လာပြီး “ဘာစားမလဲအကို…?” လို့လာမမေးကြပါဘူး။ အဲ့တာနဲ့ပဲ (သူများတွေအတွက်) ရိုးရိုး တန်းတန်း (ကိုယ့်အတွက်) ပျင်းရိငြီးငွေ့ဖွယ်ကောင်းလှစွာ ညနေပိုင်းအစာရှာဖို့ ကိုစရပါတယ်။ “ခွေးအ” တွေဆိုရင်လဲအကောင်းသား သုဿန် ထဲသွားပြီး အလောင်းကောင်တွေ တူးစား လိုက်ယုံပဲ လို့ တွေးမိပါသေးတယ်။ နောက်တော့ ကိုယ့်အတွေးကို ကိုယ်သဘောကျလို့ နှုတ်ခမ်းသက်သက်နဲ့ ရယ်လိုက်မိပါရဲ့။

ဘန်ကောက်ကီရန်း တွေရဲ့ ပုံမှန်နေ့တဓူဝ နေ့တနေ့ကတော့ ဘယ်လိုနေမလဲ ကိုယ်မသိခဲ့ပါ။ နှစ်နှစ်ဆိုတဲ့ အချိန်အတွင်းမှာတောင် ကိုယ်တကယ် သေချာမသိခဲ့ပါဘူး။ ကိုယ့်ရဲ့နေ့တွေဟာ အိပ်ရင်အိပ် မအိပ်ရင် အလုပ်မှာ ဆိုတော့လဲလေ။ ကိုယ်ဟာ စက်ရုပ်ဖြစ်မှန်း မသိ ဖြစ်နေခဲ့ တာကြာပေါ့။ အဲ့တာကိုကလဲ ဘန်ကောက်ကီရန်းတွေရဲ့ ပုံမှန်တနေ့တာ ဖြစ်နိုင်ပါတယ်။

ကိုယ့်အတွက်ကတော့ တနေ့လုံးအိပ် အိပ်ရာကထ စားစရာရှာစား တကယ့်ကို အခြေခံ လိုအပ်ချက်ပဲ လုပ်ချင်တာပါ။ အဲ့လိုပဲ လုပ်ခဲ့တယ်။ ဘဝက တိုတိုလေးပါ အရေးမပါတာတွေ အရေးမကြီးတာတွေ အရေးလုပ်စရာမလိုတာတွေအတွက် အချိန်မပေးနိုင်ပါဘူး။

အရေးကြီးတာကတော့ အအိပ်နဲ့ အစားပါပဲ။ တခါက ကိုယ်ရေးဖူးသလိုပဲပေါ့ ကိုယ့်ဆီကနေ ဘယ်သူမှ ယူမသွားနိုင်တဲ့ အရာတွေထဲမှာ အဲ့နှစ်ခု က အဓိက ကျတယ်လေ။ ထားပါတော့ တခုကိုလုပ်ပြီးပြီဆိုတော့ ကျန်တဲ့တခု ကို ဆက်ဖြည့်ဖို့အတွက် အစာရှာထွက်ရပါတယ်။

ဘာစားရမလဲလဲ မသိပါဘူး။ ချက်ပြုတ်စားချင်တဲ့ စိတ် မဖြစ်တာလဲ ကြာလှပေါ့။ တနေ့လုံး လိုလို အိပ်နေခဲ့တာဆိုတော့ ကိုယ့်အတွက်က မနက်စာ နေ့လည်စာ ညစာ ပေါင်းစားရမှာပါ။ နိုးနိုးချင်း ဖျော်သောက်ထားတဲ့ ငှက်ပျော်သီး တခွက်တော့ ရှိပါရဲ့။ ဗိုက်ထဲကို ဒီနေ့အတွက် ပထမဆုံးဝင်တဲ့ အဟာရပေါ့။ အဲ့တာနဲ့ပဲ အိမ်နားက စင်တာတခုကိုသွားပါတယ်။

ဘာစားရမလဲ………………………?

စားချင်တာက အမဲသားကို ငရုတ်ကောင်း အသီး နဲ့ကြော်တဲ့ ဟင်းနဲ့ ထမင်းပုံ ပြီးတော့ ကြက်ဥ ဟပ်ဖ်ဖရိုင်လေးနဲ့စားချင်တာပါ။ ရှာတော့ မတွေ့ပါဘူး။ အဲ့တာနဲ့ လျောက်ကြည့်ရင်းနဲ့ နောက်ဆုံးတော့ ဘာစားဖြစ်သလဲဆိုတော့ JFK အဲလေ KFC ပါ။ အဲ့ဒီ ကြက်ကြော်ကို စားဖို့ တန်းစီနေရင်းနဲ့မှ ဒီပိုစ့်လေးကို ရေးဖို့အတွေးပေါက်တာပါ။ တန်းစီ ပြီး ကြက်ကြော်ရလာတော့ ကိုယ်တယောက်ထဲထိုင်စားရင်း ဆိုင်ရဲ့ မှန်နံရံကနေတဆင့် အပြင်ဘက်က သွားသွားလာလာ လူတွေကို ကြည့်ရင်း အတွေးတွေ များရပြန်ပါတယ်။ အဲ့လို တွေးတတ်တာကပဲ စာရေးချင်တဲ့ စိတ်တွေကို ဖြစ်ထွန်းစေတယ်ထင်ပါတယ်။

စားပြီးသွားတော့ လမ်းလျောက်ပြန်ပါတယ်။ စင်တာက အိမ်နဲ့ မနီးမဝေးပါ။ အမှန်ကတော့ မဝေးပါဘူး။ ဝေါ့ခ်ကင်း ဒစ်စတန့်ပါ။ ဓါတ်ရထားနဲ့ဆိုရင် တမှတ်တိုင်ပါပဲ။ မိုးကတဖွဲဖွဲလေး တော့ရွာနေပါတယ်။ ဒါပေမယ့်လဲ ကိုယ်က ဘယ်တုံးကမှ မိုးရွာတာ ကို စိတ်အနှောင့် အယှက်မဖြစ်ခဲ့သလို မိုးရွာထဲမှာ လမ်းလျောက်ဖို့ ကိုလဲ မတုံ့နှေးခဲ့တာဆိုတော့…

နားထဲမှာ နားကြပ်ကိုတပ်ရင်း မိုးရွာထဲမှာ လမ်းလျောက် သီးချင်းလေးတအေးအေး ညည်း ရတာ သိပ်ကို အရသာရှိပါတယ်။ လွတ်လပ်တယ်ဆိုတာ ဘာကိုပြောတာလဲဆိုတာကို စကားလုံးတွေနဲ့ အဓိပ္ပါယ် ဖွင့်ပြစရာမလိုဘဲနဲ့ နားလည်ချင်ရင် မိုးရွာထဲမှာ သီချင်းဆိုရင်း လမ်းလျောက်ပါ။ ဒီလိုအချိန်မျိုးမှာ ကိုယ်အမြဲ လိုလို ညည်းဖြစ်တဲ့ သီချင်းကတော့ “မိုး….လေးဖွဲတုံးသတိရတယ်…..မြင်နေတဲ့ပြတင်းတံခါးဆီပဲ……သွားလို့မော့ကြည့်…………….ပြောလိုက်ချိန် တကိုယ်ရေ ထဲ မိုးစက်တွေအလယ်…..” ဆိုတဲ့ သီချင်းပါပဲ။

လမ်းမှာ မီးနီမိနေတော့ အကြာကြီး ရပ်စောင့်ရပါသေးတယ်။ ကားတွေအတွက်တော့ မီးက စိမ်းနေတယ်လေ။ လူတွေအတွက်ပဲ မီးနီတာ။ ရပ်စောင့်နေရင်း မြန်မာပြည်မှာဆို ရပ်စောင့် စရာမလိုဘူးလို့ တွေးမိပါသေးတယ်။ အနှစ်နှစ်ဆယ်လုံးလုံး ကျင့်သုံးလာတဲ့ အမူအကျင့်တွေ အတွေးအခေါ်တွေက နိုင်ငံရပ်ခြားမှာနှစ်နှစ်လောက် နေလိုက်ယုံနဲ့တော့ ချက်ချင်း ဘယ်ပြောင်းနိုင်ပါ့မလဲ။

မီးပွိုင့်မှာ ရပ်နေရင်း ဓါတ်တိုင်ကို မော့ကြည့်မိတော့ လှပတဲ့ ညရှုခင်း တခု ကို မထင်မှတ်ဘဲ တွေ့လိုက်ရပါတယ်။ မိုးဖွဲဖွဲလေးတွေ ရွာနေတုံးမှာ ဓါတ်တိုင်အောက်ကနေ လမ်းမီးလုံး ကိုမော့ကြည့်ဘူးပါသလား မိတ်ဆွေ…?

တဖွဲဖွဲရွာနေတဲ့ မိုးလေးတွေက ရေစက်တစက်ဖြစ်သွားဖို့လောက်အထိလဲ မကြီးဘူးလေ။ ရေမှုန်လေးလောက်နဲ့ပဲ ဝေ့ကာ ဝဲကာနဲ့ အောက်ကို ကျလာလိုက်ကြတာ လှပတဲ့ မြင်ကွင်းက ကိုယ့်ကို အတွေးတွေ ဝေစေတာပေါ့။ လူ့ဘဝလိုပဲလေ….ဘယ်ကမှန်းမသိတဲ့ ဟိုးအမြင့်ကြီး ကနေ လွတ်ကျလာလိုက်ကြတာ နောက်ဘယ်မှာဆုံးမယ်မှန်းမသိတဲ့ တနေရာကို မရောက် ခင်အထိ ကိုယ်တို့ဘဝတွေဟာ လွတ်လွတ်ကျွတ်ကျွတ်ကြီးကို ပြုတ်ကျနေတာပါလား?။ နောက်ပြီး အခုလိုအဆက်မပြတ် ပြုတ်ကျလာနေတဲ့ ရေမှုန်လေး တွေဟာ လမ်းခုလတ်မှာ တမှုန်နဲ့တမှုန် ပေါင်းစပ်သွားကြတာလဲရှိရဲ့။ ကိုယ့်ဘာသာ သီးခြား ကျဆင်းနေကြတာတွေလဲ ရှိရဲ့။ လူတွေနဲ့ မတူဘူးလား…?

အိမ်ပြန်ရောက်တော့ ရေမိုးချိုး ပြီးတော့ ဂျူးရဲ့ စာအုပ်တအုပ်ကို ပြန်ဘတ်မိပြန်ပါတယ်။ “ကံကြမ္မာကိုမယုံကြည်ကြသူများ” တဲ့…..ငယ်ငယ်တုံးက ဘတ်တာနဲ့မတူတာက ဒီတခေါက် ကိုယ်ပြန်ဘတ်တဲ့ အချိန်မှာ လုပ်ငန်းအတွေ့အကြုံတွေအရ သူရေးတဲ့ ဆေးပညာရပ်ဆိုင်ရာ ဝေါဟာရတော်တော်များများ ကိုနားလည်လာတာပါပဲ။ မဆီမဆိုင် တခုတွေးမိသေးတယ်… ငယ်ငယ်က ဂျူးကို ကြိုက်ခဲ့တာ ကိုယ့်ရဲ့ မသိစိတ်က ဆရာဝန်ဖြစ်ချင်နေတဲ့စိတ်တွေ ကဲနေ ခဲ့လို့များလားလို့…။ ခုတော့လဲ သေသေချာချာ အရွယ်ရောက်လာတော့ “ကိုယ်” ဆရာဝန် မဖြစ်ချင်ခဲ့တာ သေချာပါတယ်လေ။ တကယ်ဖြစ်ချင်လို့ ကြိုးစားခဲ့တဲ့သူတွေကိုတော့ (တကယ့် ဆရာဝန်တွေကိုတော့) ခုထိအားကျမိတုံးဘဲ။ ကိုယ်တိုင်သာမဖြစ်ချင်တော့တာ သူတို့ကို ဂျူတီ ကုတ်ဖြူဖြူလေးတွေနဲ့တွေ့ရင်၊ ဆရာဝန်ရုပ်တကယ်ပေါက်တဲ့ မျက်နှာ ကြည်ကြည်လေးတွေ (အစိမ်းရောင် (ငွေကြေးရဲ့အရောင်) သန်းမနေတာမျိုး တချို့ဆရာဝန်တွေက ဘူဇွာရုပ် ပေါက်တယ်ပြောရမလား ချစ်တီးရုပ်ပေါက်တယ်ပြောရမလား) တွေတွေ့ရင် တကယ့်ကို နှစ်ချိုက် သဘောကျမိနေပါသေးတယ်လေ။

နောက်တော့ ရေချိုးကာနီး မောင်က ဖုန်းဆက်တယ်။ နေကောင်းရဲ့လားတဲ့။ တခါတခါ လူတယောက်ကိုယ့်ကို ဂရုတစိုက်ရှိတတ်တာကို ကျေနပ်နေပေမယ့် အခါများစွာတွေမှာ တော့လဲ ကိုယ်က ရှုပ်တယ်ထင်တတ်ပြန်ပါသေးတယ်။ (ပြောပါတယ် ကိုယ်က မကောင်းဘူုး လို့)

ခုတော့လဲ ညရောက်ပြန်လို့ ပုံမှန် လုပ်နေကျအတိုင်း ရုပ်ရှင်လေးဘာလေးကြည့် အီးမေးလ်လေး ဘာလေးစစ်၊ စာလေးဘာလေး (ဒီနေ့လို) သေချာ အာရုံရလာရင်ရေး။

အော်ကုန်သွားပြန်ပြီ ပုံမှန် နေ့တဓူဝ နေ့တနေ့…

နီးလာပြန်ပေါ့ တရက်….

A Chen
2:47 AM
28th September 2010
Home
Bangkok

Sunday, September 26, 2010

မှုံဝေဝေ နားလည်ခဲ့တယ်

မှုံဝေဝေ နားလည်ခဲ့တယ်

ခံနိုင်ရည်မဲ့သည် ကြုံဆုံချစ်ကွဲဇာတ်တွေ
တကယ်ကိုလွန်လွန်း(ခဲ့)ပြီ
သူလေ ကြင်နာတာငတ်သည်
အယောင်အဆောင်ချစ်ခြင်းများစွာ
ကြုံလာခဲ့ဘူး ရိုးပြီ

အမှန်တရား လား?
ကိုယ့်ကိုပေးတဲ့ မင်းရဲ့အချစ်များ
ဟန်ဆောင်ထား လား?
ကိုယ့်မှာ မူးယစ် နောင်တများ

ကိုယ်တကယ်တုံးသလား
တကယ်ကို တုံးသလား
ဟိုတချိန်က သူပေးတဲ့ အနမ်းများ
တူတူထိုင်ကာ ပြောခဲ့ စကားများ
တို့ ရဲ့အနာဂတ်က မှုန်လို့ ဝါး
ချိုသကာ ပျားစကား
ကိုယ်လေယုံမှတ်လို့မှား
ကိုယ်အများထဲက တယောက်တဲ့လား?
ဝန်ခံကာ သူမပြောခဲ့လဲ
ခုတော့
ကိုယ်ခံစားရ
ဟူး…ခံစားရ

A Chen
12:35 AM
26th September 2010
Home
Bangkok

Thursday, September 23, 2010

အလွမ်းဋီကာ

အလွမ်းဋီကာ

မောင် စာရေးထား နော်
အရမ်းချစ်တယ်

တစ်ခါတစ်ခါကိုယ့်ကိုကိုယ်ကိုဘာဖြစ်ချင်မှန်းမသိ
ဘာလုပ်လို့လုပ်ရမှန်းမသိအောင်လွမ်းနေရဖူးတယ်
လွမ်းနေတဲ့အချိန်မှာဘာပဲလုပ်လုပ်တိုက်ဆိုင်မှုတွေကများနေတတ်တယ်
ငြိမ်ငြိမ်လေးနေရင်လည်းသူ့အကြောင်းပဲတွေးပြီးလွမ်းတယ်
လှုပ်ရှားလိုက်တိုင်းလဲအတူတူရှိခဲ့တုန်းကအကြောင်းတွေသတိရပြီးလွမ်းတယ်
တစ်နေရာသွားမယ်ကြံလိုက်တိုင်းအတူတူသွားသွားစားစားအချိန်တွေကိုလွမ်းတယ်
အလွမ်းဆိုတာလူတစ်ယောက်ရဲ့ စိတ်နဲ့ဖြစ်တည်မှုကိုပြောင်းပြန်လှန်တတ်တယ်
ပြီးတော့လူတိုင်းမဖြစ်မနေကြုံရတတ်တယ်
အလွမ်းတိုင်းမှာမျှော်လင့်ချက်ဆိုတာလည်းရှိတယ်
အဲဒါကချစ်သူတိုင်းကြားမှာရှိတတ်ပါတယ်လွမ်းပြီးရင်ပြန်ဆုံရမယ်ဆိုတာပေါ့
အဲဒီပြန်ဆုံမဲ့နေ့မရောက်မချင်းရင်ကွဲမတတ်လဲလွမ်းနေရပါတယ်
ရူးမတတ်ဆိုတဲ့ခံစားချက်ကိုလည်းကိုယ်တွေ့ကြုံရပြီးပါပြီ
ဘယ်လောက်ပဲခံစားရခံစားရအတူတူနေခွင့်မရသရွေ့ တော့လွမ်းနေရအုံးမှာပဲလေ
အလွမ်းဆိုတာကလည်းအချစ်ရဲ့ မြစ်လက်တက်တစ်ခုမဟုတ်လား

Wednesday, September 15, 2010

ငါ မင်းကို မိုးတိမ်တွေပေါ်မှာ ချစ်မယ် (အခန်း-က-၉)

(၉)

“ဝက်ဝံက ငါ့ဆီက ဓါတ်ပုံတပုံတောင်းသွားတယ်သိလား” မက်ဒေါနယ်မှာ နေ့လည်စာစားနေရင်းကျမ ကျိရိ ကို ပြောပြလိုက်ပါတယ်။

“ဘာဓါတ်ပုံလဲ?”

“ကျောင်းသားကဒ်အတွက်ရိုက်ထားတဲ့ ပိုစ့်စကတ်ပုံပါ၊ သူကြမ်းပေါ်ကနေကောက် ရတာ ”

“သူက ဘာလုပ်မလို့တုံး” ကျိရိက မျက်လုံးပြုးရင်းမေးပါတယ်။

“ငါလဲမသိဘူးလေ၊ တကယ်လို့ sexy lara ကသာ ငါ့ကို အဲ့ဒီအချိန်က ကြည့်မနေရင် ငါမပေးပါဘူး”

“သူနင့်ကို လိုက်ချင်လို့များလား?” ကျိရိ က ဘာဂါ ကို ကိုက်ရင်းမေးပါတယ်။

“မဟုတ်လောက်ပါဘူး….?”ကျမ ခေါင်း ကို တချက်သပ်လိုက်ရင်း ဖြေလိုက်တယ်။ အစက ကျမ ဆံပင် ကို ပြန်သွားဖြောင့်မလို့ဘဲ။ ဒါပေမယ့် ကောက်ထားတာ မကြာသေးတဲ့ ဆံပင် ကို အတင်းပြန်ဖြောင့်ရင် ဆံပင်ကပျက်ပြီး ဖွာသွားတတ်တယ်လို့ ကြားဘူး ထားတော့ ပိုရုပ်ဆိုးသွားမှာ ကြောက်တယ်လေ။ အဲ့လို ပြန်ဖြောင့်လိုက်မှ ဟင်းရွက်ခြောက် ထုပ် နဲ့ တကယ် ပိုတူနေအုံးမယ်။ အဲ့တော့ ကျမမှာ နေ့တိုင်း အဲ့ဒီ ဆံပင်ကိုပဲ သေချာ အချိန်ပေးပြီးတော့ ဂရုတစိုက်နဲ့ တမင်တကာ ဖြီးနေရတယ်။ အတတ်နိုင်ဆုံး ဝက်ဝံနဲ့ မတူအောင်လို့လေ။ အဲ့တာအကုန် သူ့အပြစ်ပဲ။ မနက်တိုင်း မှန်ရှေ့မှာ ဘီးဖြီးတဲ့အချိန်ဆို သူ့ကို သတ်ပစ်ချင်လောက်အောင်မုန်းမိတယ် တကယ်ပဲ။

“နင်ကြည့်လိုက်စမ်း…ဘယ်သူလဲလို့?” ကျိရိက ကျမ လက်ကို အလန့်တကြား ဆုပ်ကိုင်ပြီး ပြောတယ်။

ခပ်မြင့်မြင့် ခပ်တောင့်တောင့် အရိပ်တခု မှန်တံခါးကို တွင်းဖွင့်ပြီး လူတယောက် ဆိုင်ထဲကို ခပ်ဖြည်းဖြည်းနဲ့ လှမ်းဝင်လာတယ်။ ကျမရော ကျိရိရော နှစ်ယောက် စလုံး “ကြောင်” သွားကြတယ်။ ဒီလိုမျိုး ဘာဂါဆိုင်မှာ “ရီလု” ကိုတွေ့ရလိမ့်မယ်လို့ မထင်ထားဘူးလေ။ သူမက မျက်နှာပြောင်နဲ့ ဆံပင်တွေကို ခေါင်းပေါ်မှာ ပင့်တင် ပြီး ခပ်မြင့်မြင့် ခပ်ပွပွ ကပိုကရိုလေး စည်းထားတယ်။ ကိုယ်ပေါ်မှာလဲ စွပ်ကျယ်လက်ပြတ်နဲ့ ဂျင်းဘောင်းဘီ ခပ်နွမ်းနွမ်း စုတ်စုတ်တထည် ကို ရိုးရိုးလေးပဲ ဝတ်ထားတယ်။ ထသွား ထလာ သာမန်လူငယ် ပုံစံနဲ့ပါပဲ ဒါပေမယ့် သူ့ကို ကြည့်ရတာ သိပ်မိုက်တယ်။

“သူလဲ မက်ဒေါနယ်စားတာပါပဲလား? ကျိရိက အရမ်းကိုကျေနပ်တဲ့ပုံနဲ့ ပြောတယ်။

ရီလု က သူ့လိုပဲ ခပ်စုတ်စုတ် ဂျင်းဘောင်းဘီ ဝတ်ထားတဲ့ ကောင်လေး ချောချောလေးတယောက်နဲ့ပါ။ နှစ်ယောက်စလုံး အရမ်းကို ချစ်ကြည်နူးနေကြတဲ့ ပုံစံနဲ့ ကောင်တာရှေ့မှာ တန်းစီ နေကြတယ်။ ရီလုက သူမရဲ့ လက်တဘက်နဲ့ ကောင်လေးရဲ့ လက်ကို ချိတ်ထားတယ်။ ပြီးတော့ ခေါင်းကိုလဲ ကောင်လေး ပုခုံးပေါ်မှာ မူမူနွဲ့နွဲ့လေး မှီပြီးထားတော့ အရမ်းလဲ ပျော်နေတဲ့ပုံနဲ့ လက်ကို ဟိုလွှဲဒီလွှဲလုပ်နေသေး တယ်။

သူတို့က ဘာဂါနဲ့ အားလူးချောင်းကြော်တွေ ဝယ်ကြတယ်။ လူတွေအများကြီး ကလဲ သူတို့ကို တကူးတက ရပ်ကြည့်လို့။ ကြည့်ရတာ ရီလု ရုတ်တရက်ပေါ်လာလို့ အားလုံး က အရမ်းကို အံ့အားသင့်နေကြပုံပဲ။ ဘယ်သူမှတောင် သူ့ကို အော်တိုရေးခိုင်းဖို့ သတိရကြပုံမရဘူး။ သူမ ဘာဂါ ကို တဘက်ကစားရင် ခပ်မိုက်မိုက် ပြန်ထွက်သွားတာကိုပဲ ကြည့်နေမိကြတယ်။ ပြီးတော့ ဆိုင်အပြင်ဘက်မှာ အသင့်ရပ်ထားတဲ့ ကားတစီး ပေါ်တက် သွားကြတယ်။

“အဲ့ကောင်လေးက သူ့ရည်းစား အသစ်များလား? ကြည့်ရတာ မျက်နှာများမယ့်ပုံပဲ” ကျိရိက ပြောပါတယ်။

ခုနက ရီလု ဆိုင်ထဲကိုဝင်လာတုံးက သူမ ကျမ ကို တွေ့သွားမှာ သိပ်ကြောက်သွားခဲ့တယ်။ အထူးသဖြင့် ကျမ ခေါင်းကိုပေါ့။ ကျမစိတ်ထဲမှာ ကျမ ဟာတကယ်တော့ ဒေါင်းယောင်ဆောင်တဲ့ ကျီးလို ဒါမှမဟုတ် ဦးနှောက်မရှိတဲ့ နာမည်ကြီးတွေ လုပ်သမျှ ဘာမဆိုလိုက်တုတဲ့ လူငယ်တယောက်လိုပဲ ခံစားလိုက်ရတယ်။ အဲ့လိုမျိုး ကျမ ကို မမြင်စေချင်ဘူးလေ။ ရှက်စရာဘယ်လောက်ကောင်းသလဲ။ တကယ်လို့ ဝက်ဝံလဲရှိနေရင် သူ့ရဲ့ ကျမနဲ့ တပုံစံထဲ ညှပ်ထားတဲ့ ဆံပင်ပုံနဲ့ ဆိုရင်တော့ ကျမရဲ့ နေရထိုင်ရခက်ခြင်းတွေ ကို တဝက်ခွဲပေးလို့ ရမှာဘဲ။

Monday, September 13, 2010

ငါ မင်းကို မိုးတိမ်တွေပေါ်မှာ ချစ်မယ် (အခန်း-က-၈)

(၈)

ကျမနောက်မှာ ထိုင်တဲ့ ဝက်ဝံ က သိပ်ကို ငြိမ်ပါတယ်။ ဘယ်လောက်အထိလဲ ဆိုရင် ငြိမ်လွန်းလို့ တခါတခါ တကယ်ကော အဲ့ဒီလူတယောက် ရှိမှ ရှိရဲ့လားလို့ ထင်မိတဲ့ အထိပါဘဲ။ သူတခါမှ ဆရာကို စာလှမ်းမေးတာမျိုး မတွေ့ဘူးဘူး၊ အတန်းထဲမှာတော့ သူက မျက်လွှာချသမား” တွေထဲမှာပါတယ်။ ကျမ တခါတခါ ပုခုံး ပေါ်ကနေ ကျော်ပြီးတော့ သူ့ ကိုခိုးကြည့်တတ်ပါတယ်။ သူ အိပ်များပျော်နေသလားလို့ပေါ့လေ။ တကယ့်ကိုပါပဲ ခဏခဏ ဆိုသလို သူက စားပွဲပေါ် လက်မှောက်ချပြီး အိပ်နေတတ် ပါတယ်။ တခါတခါ ကျတော့ စာအုပ် တအုပ်အုပ်ကို ခိုးဘတ်နေတာတွေ့တယ်။ ဘတ်နေရင်းနဲ့ ကြည်နူးနေတဲ့ သူ့မျက်နှာ ကိုကြည့်ရတာ သေချာတယ် ကျောင်းစာနဲ့ ပတ်သက်တာတော့ ဟုတ်ပုံမပေါ်ဘူး။ ပြီးတော့ အလယ်တန်း စတုတ္ထနှစ်ပဲ ရောက်နေပြီ လက်ရေးလက်သားကလဲ ညံ့ပါ့၊ ကွေ့လိုက်ကောက်လိုက်နဲ့ မူလတန်း ကျောင်းသားကျနေ တာပဲ။ ပြီးတော့ ပျင်းတဲ့နေရာမှာလဲ နံပါတ် “၁” ပဲ။ သူဘယ်တုံးက မှ အိမ်စာ ထပ်တာ မတွေ့ရဘူး။ ကျမတို့က အတန်းထဲမှာ အိမ်စာတွေ စာအုပ်ထပ်စရာတွေရှိရင် နောက်ဆုံး အတန်းကနေ အရှေ့ဆုံးတန်းအထိ တဆင့်ပြီး တဆင့် လက်ဆင့်ကမ်းသွားကြရလေ့ ရှိတယ်။ ကျမက စာအုပ်ထပ်ဖို့ သူ့ကို လှည့်ကြည့်လိုက်တဲ့ အခါတိုင်း သူက ဘာမှမသိ သလို ပုံစံနဲ့ ပခုံးတွန့်တွန့် ပြလေ့ရှိတယ်။ အဲ့လို အချိန်မျိုးမှာဆို စင်မင်းက သူ့အတွက် ဖုံးကွယ်ပေးတတ်တယ်။ သူတို့နှစ်ယောက် ဘယ်တုံးကများ ချစ်သူငယ်ချင်းတွေ ဖြစ်သွားကြသလဲတော့မသိဘူး။ မုန့်စားဆင်းချိန်တိုင်းလဲ တူတူ အမြဲ တတွဲတွဲတွေ့ရလေ့ ရှိတယ်။ ကျောင်းအချိန်တွေမှာဆိုရင် သူတို့ ရဲ့ ဘေးနဲ့ ရှေ့မှာ ထိုင်နေတဲ့ ကျမ ဟာ လူအပိုတယောက်လိုပဲ။ အဲ့အရွယ်ယောက်ျားလေးတွေ အကုန်လုံးက မိန်းကလေးတွေကို ဂရုမစိုက်ကြဘူး၊ အထင်မကြီး ကြဘူးလား မသိပါဘူး?။

အိမ်စာမလုပ်တဲ့ ဝက်ဝံဟာ သင်္ချာမှာတော့ သိပ်တော်ပါတယ်။ အရှေ့တန်းကနေ ပြန် လက်ဆင့်ကမ်းလာတဲ့ သင်္ချာ အဖြေလွှာစာရွက်တွေ ကနေတဆင့် ကျမ သူ့အဖြေလွှာ ရမှတ် ကို အမြဲတွေ့ရလေ့ရှိတယ်။ စာမေးပွဲ စစ်တိုင်းစစ်တိုင်း သူက သင်္ချာမှာ အမြဲ (၁၀၀) အမှတ်ပြည့်ပဲ။ တခါတလေကျရင် လူပုလေးက သူ့ကို အတန်းရှေ့ထွက်ပြီးတော့ ကျောက်သင်ပုန်းပေါ်မှာ သင်္ချာပုစ္ဆာ တွက်ခိုင်းတတ်ပါတယ်။ သူက တိတ်တိတ်ဆိတ်ဆိတ် နဲ့ပဲ ပြီးအောင် တွက်တတ်တယ်။ တွက်တာလဲ တခြား လူတွေအကုန်လုံးထက် မြန်တယ်။ လူပုလေးမျက်နှာ ပေါ်မှာ အံ့သြတဲ့ အရိပ်တွေ ဖြတ်သွားတာတောင် ကျမ တွေ့ဘူးတယ်။ အားရင်းတခါက ပြောတဲ့ သင်္ချာ မေးခွန်းလွှာ ခိုးတာ သူ့အတွက်မဟုတ်ဘူးဆိုတာ ဟုတ်လောက်တယ်။ ဒါပေမယ့် တခြား ဘာသာ တော်တော်များများ မှာတော့ သူက ညံ့တဲ့ အထဲမှာတောင်ပါပါတယ်။ အိမ်စာ မထပ်နိုင်တဲ့ အတွက်လဲ ခဏခဏ အပြစ်ပေးခံရတတ် တယ်။ ဒါလဲ ဒင်းက မမှတ်ပါဘူး။ နောက်ဆုံး sexy lara ရဲ့ အိမ်စာ ကိုတောင် မထပ်ဘဲ သူမို့နေရဲတယ်။

တနေ့ ကျမတို့တွေ ဆရာမ sexy lara ရဲ့ အတန်းမှာ စာသင်နေကြတဲ့ အချိန်ပါ။ အဲ့နေ့က sexy lara ကြည့်ရတာ သာမန်ထက် ပိုပြီး စိတ်လက်ကြည်သာနေသလိုပဲ။ ကျမတို့ အားလုံးကိုလဲ ချောကလက် ဘီစကစ်တွေ ကျွေးပါသေးတယ်။ ရုတ်တရက် ကျမ ကျောကိုနောက်ကနေ လူတယောက်က လက်နဲ့လှမ်း ကုတ်လိုက်တာ ခံစားလိုက်ရတယ်။ ကျမလှည့်ကြည့်လိုက်တော့ ဝက်ဝံ ဖြစ်နေတယ်။ ကျမ ကို နောက်ကနေ လက်နဲ့ ကုတ်နေတာ သူပေါ့။ ပါးစပ်မှာတောင် ချောကလက် ဘီစကစ်တွေ ကပ်နေသေးတယ်။

“မင်း ကြမ်းပြင်ပေါ်မှာ ကျနေတာမှလား?” သူက ကျမရဲ့ ကျောင်းသားပိုစ့်စကတ် ဆိုက် ဓါတ်ပုံတပုံ ကို လှမ်းပေးရင်း ပြောပါတယ်။ ဓါတ်ပုံက ကြည့်ရတာ ကျမ ပစ္စည်းတွေ ယူတုံးက လွယ်အိတ်ထဲကနေ မတော်တဆ ကျသွားတယ်ထင်ပါရဲ့။

“ကျေးဇူးပဲ”

“မင်းရဲ့ ဓါတ်ပုံ………..ငါ့ကို…….ပေးလို့ ရမလာ…?” သူက ရှက်တက်တက် ပုံစံနဲ့ ပြောပါတယ်။

ကျမ စက္ကန့်ပိုင်းလောက် ကြောင်တောင်တောင်ဖြစ်သွားတယ်။ အဲ့အချိန်မှာပဲ sexy lara က ကျမ ကို ကြည့်နေတာနဲ့ ဝက်ဝံကို ဇာတ်လမ်းမြန်မြန်ဖြတ်ဖို့ အတွက် သူ့ကို အဲ့ဓါတ်ပုံ ပေးလိုက်မိပါတယ်။

Sunday, September 12, 2010

ငါ မင်းကို မိုးတိမ်တွေပေါ်မှာ ချစ်မယ် (အခန်း-က-၇)

ဒေါ်ဂျူ ရဲ့ တောင်းဆိုမှုအရ ဆက်ရေးလိုက်တယ်နော် အရင်ကဟာတွေ ပြန်ဘတ်ချင်ရင်...

ငါ မင်းကို မိုးတိမ်တွေပေါ်မှာ ချစ်မယ် (အခန်း-က-၁)
ငါ မင်းကို မိုးတိမ်တွေပေါ်မှာ ချစ်မယ် (အခန်း-က-၂)
ငါ မင်းကို မိုးတိမ်တွေပေါ်မှာ ချစ်မယ် (အခန်း-က-၃)
ငါ မင်းကို မိုးတိမ်တွေပေါ်မှာ ချစ်မယ် (အခန်း-က-၄)
ငါ မင်းကို မိုးတိမ်တွေပေါ်မှာ ချစ်မယ် (အခန်း-က-၅)
ငါ မင်းကို မိုးတိမ်တွေပေါ်မှာ ချစ်မယ် (အခန်း-က-၆)

တကယ်လို့ တခုဆီကလစ်မလုပ်ဘဲ အကုန်လုံးကို တစုတဝေးထဲ ဘတ်ချင်ရင်တော့ အောက်က လေဘယ်မှာ အခန်းဆက်ဝတ္ထုရှည်ဆိုတာ ကို နှိပ်လိုက်ပါနော်

(၇)


တနင်္ဂနွေနေ့။ ကျမထုံးစံအတိုင်း ကိတ်မုန့်ဆိုင်မှာ အလုပ်ဆင်းရပါတယ်။ အားရင်း လဲကျမ နဲ့တူတူပဲ အလယ်တန်းအဆင့် လေးတန်း ကိုတက်ရပါတယ်။ ကျမ က အားရင် ကို စင်မင်း အကြောင်းပြောပြလိုက်ပါတယ်။
“သူဘယ်လိုနည်းလမ်းကောင်းနဲ့များ ဝိတ်ချလိုက်တာလဲ?” အားရင်းက အံ့သြ တကြီးလေသံနဲ့ ကျမကိုမေးပါတယ်။
“ငါမမေးမိဘူး။ သူက ငါနဲ့ လဲ စကားသိပ်မပြောဘူးဟ။ အဲ့ဒီအချိန်က လွတ်နေတဲ့ ခုံဆိုလို့ ငါ့ဘေးက ခုံပဲရှိတာလေ။ သူ့ပုံစံကြည့်ရတာ တခြားရွေးချယ်စရာမရှိတော့လို့ သာ ငါနဲ့လာထိုင်ပုံပဲ” ကျမ က မဲ့တဲ့တဲ့ နဲ့ ပြန်ဖြေလိုက်ပါတယ်။
အဲ့ဒီအချိန်မှာပဲ ကိတ်မုန့်ဆိုင်ရှေ့မှာ တန်းစီနေတဲ့လူတန်းကြီးကြားကနေ ဆန့်ထွက်လာတဲ့ လယ်သာရှုးဖိနပ် ဝတ်ခြေထောက်တုတ်တုတ်တစုံကို ကျမတွေ့လိုက် ရပါတယ်။ အဲ့ဒီလယ်သာရှုးဖိနပ်ဝတ်ခြေထောက် တုတ်တုတ်ကြီးက လူတန်းကြီးရဲ့ ဘေး ကို နည်းနည်း ခွဲပြီး ခြေချဲရပ်လိုက်တဲ့ အချိန်မှာ မတော်တဆ ၂ လက်မတိတိမြင့်တဲ့ ဒေါက်တခု ကို ကျမတွေ့လိုက်ရပါတယ်။
“ဘုရားရေ…အဲ့တာ လူပုလေး…” ကျမ ပါးစပ်ကလဲအော်ရင်း ချက်ချင်း လိုလို ထိုင်ချလိုက်ပါတယ်။ အားရင်း ရဲ့ စကတ်အောက်ခြေစွန်းကို ဆွဲပြီး အသံတိုးတိုးနဲ့ အော်ရင်း အရောင်းကောင်တာ စားပွဲနောက်မှာ ကွယ်ပြီး ပုန်းနေလိုက်တယ်။
“အော်….အဲ့တာနင်ပြောပြောနေတဲ့ အတန်းပိုင်လူပုလေးပေါ့လေ။ သူဒီလောက် ပု တာတောင် နင်က မြင်သေးတယ်?” သူမက ခြေဖျားလေး ထောက်ပြီး ကျမ ပါးစပ်မှာ တချိန်လုံး ဂါထာ လိုရွတ်ရွတ်နေတဲ့ ဂန္တဝင် လူပုလေး ကို လှန်းကြည့်ပါတယ်။
“ငါ သူ့ရဲ့ ဖိနပ်ဒေါက်ကို မြင်တာဟဲ့” ကျမ တိုးတိုးလေး ပြောလိုက်ပါတယ်။
“အင်း…ငါတွေ့ပြီ” အားရင်း က ပြောတယ်။
ကျမက အားရင်းရဲ့ ခြေသလုံးနားမှာ ဝပ်ပြီး ပုန်းနေတုံးပဲ။
“ကိတ်မုန့် တတုံးပေးပါ” ခဏနေတော့ လူပုလေးရဲ့ ဈေးဝယ်တဲ့ အသံ ကို ကျမ အရောင်း ကောင်တာ တဘက်ကနေ ကြားရပါတယ်။
“သူထွက်သွားပြီ” အားရင်းက ကျမရဲ့ ပုခုံး ကို ကပုတ်ပြီး အသိပေးပါတယ်။
ကျမ မတ်တပ်ရပ်ရင်း သက်ပြင်း ကိုချလိုက်တယ်။ ကိတ်မုန့်ကို ဝယ်ပြီး လှည့်ထွက်သွားတာနဲ့ တပြိုင်နက် နည်းနည်းလေးမှ ထပ်စောင့်နိုင်ပုံမရတဲ့ လူပုလေး ရဲ့ကျောပြင်ကိုတွေ့ရတယ်။ ကိတ်မုန့် တလုတ်ကို ဇွန်းနဲ့ ကိုက်ပြီးတော့ ပါးစပ်ထဲကို အသားကုန် ထိုးသွင်းနေတဲ့ပုံပဲ။ သူ့ကြည့်ရတာ ငတ်နေတာ တော်တော်ကြာတဲ့ပုံနဲ့ အရာသာရှိရှိ စားနေလိုက်တာ။
“ငါဒီမှာ အလုပ်လုပ်နေတယ်ဆိုတာ သူလုံးဝ သိလို့မဖြစ်ဘူး” ကျမ ပြောလိုက် တယ်။
“ဘာလို့လဲ?...နင်တို့ကျောင်းက ကျောင်းသားတွေကို အချိန်ပိုင်း အလုပ်လုပ်ဖို့ခွင့် မပြုဘူးလား?” အားရင်းက ကျမ ကိုမေးပါတယ်။
ကျမ လူပုလေးရဲ့ ကိတ်မုန့်ကို အငမ်းမရ စားနေတဲ့ ကျောပြင်ကိုကြည့်ရင်း
“တကယ်လို့ သူ့ကို ဒီလိုပုံနဲ့ ငါမြင်တာသာ သိသွားရင် ငါ့ကို ကောင်းကောင်း ပုံစံပေးလိမ့်မယ်” လို့ ကျမ ပြောလိုက်ပါတယ်။
“သူ့ကြည့်ရတာ သနားစရာကောင်းလိုက်တာနော်။ အရပ်ဒီလောက်ပုတော့ ငယ်ငယ်ကဆို ခဏခဏ ကလေးအချင်းချင်း အနိုင်ကျင့်ခံရမှာပဲ” အားရင်းက ဆိုပါတယ်။
သူမရဲ့ မျက်စိထဲမှာတော့ ဘယ်ယောက်ျားတယောက်မဆို မိဘမဲ့ကလေးတွေ လိုပဲ သနားစရာကောင်းနေတော့တာပဲ။
“ဝက်ဝံ ကျောင်းရသွားပြီလား?” ကျမ က အဆက်အစပ်မရှိမေးလိုက်တယ်။
“မရသေးဘူးထင်တယ်” သူမက ပြန်ဖြေတယ်။
“အဲ့တာဆိုဘယ်လိုလုပ်ကြမှာလဲ…ကျောင်းတွေပဲပြန်ဖွင့်နေပြီ။” လို့ ကျမက ပြော လိုက်တယ်။
နောက်တပတ်ခြားပြီးတော့ ကျမနဲ့ အားရင်း ကိတ်မုန့်ဆိုင်မှာ ထပ်တွေ့ကြပြန် ပါတယ်။
“ဟဲ့ လက်စသတ်တော့ ဝက်ဝံ က နင်တို့ကျောင်းမှာ ရသွားတာကိုး” ကျမ ကို အားရင်း က သတင်းပေးပါတယ်။
“ဟင်…ဘယ်အတန်းမှာလဲ?” ကျမ အံသြတကြီးမေးလိုက်မိတယ်။
“နင်နဲ့တူတူပဲ အလယ်တန်းအဆင့်ရဲ့ စတုတ္ထတန်းလေ။ ဘယ်အတန်းလဲတော့ ငါလဲသေချာမသိဘူးဟ။ နင်တို့ အတန်းထဲမှာရော ဒီရက်ပိုင်းမှာ ကျောင်းလာတဲ့ နောက်ကျ ကျောင်းသားသစ်မရှိဘူးလား?”
“ဝက်ဝံရဲ့ နာမည်ကဘာလဲ?” ကျမ အလန့်တကြား မျက်လုံးမိတ်လိုက်မိတယ်။
“ဝန်မိုးညို”
“ဟင် လက်စသတ်တော့ သူကိုး” ကျမ အော်ပြီးပြောလိုက်မိတယ်။
“နင် သူ့ကို တွေ့ပြီးပြီပေါ့?”
“နင်ပြောတဲ့ ဝက်ဝံဆိုတာ တကယ့် ဝက်ဝံ လိုပဲ ထွားထွား မြင့်မြင့် မဟုတ်ဘူး လား?”
““ဝက်ဝံ” ဆိုတာ သူ့နာမည်ပြောပါဟ။ ငါသူနဲ့မတွေ့တာ နှစ်နှစ်တောင်ရှိသွားပြီ။ အဲ့တော့ သူ အရပ်ပိုမြင့်လာလား ထွားလာလား မသိတော့ဘူးဟ၊ ငါမှတ်မိသလောက်ကတော့ သူက ပုတဲ့အထဲမှာ လုံးဝမပါတာတော့ သေချာတယ် အရပ် ဆက်ထွက်သေးလားတော့မသိဘူး”
“အေး… သူအရပ်ဆက်ထွက်လာသေးတယ်” ကျမ သူ့စကား ကို ဖြည့်ပြီးပြောပေး လိုက်တယ်။
“ဘယ်လိုဖြစ်တာလဲပြောပါအုံး” အားရင်းက စိတ်အားထက်သန်စွာနဲ့မေးပါတယ်။
“ငါ သူ့ဆံပင် ပုံ ကို ကြည့်မရဘူး” ကျမ မကျေမနပ်ရေရွတ်လိုက်တယ်။
ကိစ္စကဒီလိုပါ။ တနင်္လာနေ့က ကျောင်းတက်တော့ ပထမအချိန်ကို သင်ဖို့လာတဲ့ လူပုလေးရဲ့ နောက်မှာ သူ့ထက် ခေါင်းနှစ်လုံးလောက်ပိုမြင့်နေတဲ့ ကျောင်းသားသစ် တယောက်ပါလာပါတယ်။
“ကဲ မင်းက ဟိုနားက နောက်ထပ် အရွက်ခြောက်ကေတယောက်ရဲ့ ဘေးမှာ သွားထိုင်ချေ” လို့ လူပုလေးက ကျမကို လက်ညိုးညွှန်ပြီး ကျောင်းသားသစ်ကို ပြောပါ တယ်။
တတန်းသားလုံးဆီ က ထိန်းမရတဲ့ ရယ်သံတွေထွက်လာပါတယ်။ အဲ့ဒီ ပုခုံးပေါ်မှာ လေးတေးတေး လွယ်အိတ်ကို ချိတ်ထားတဲ့ အရပ်မြင့်မြင့် ပိန်ပိန်နဲ့ ကောင်လေးက ရှက်တက်တက်ကြောင်တောင်တောင် မျက်နှာထားနဲ့ ကျမနဲ့ စင်မင်းနောက်က လွတ်နေတဲ့ ခုံတန်းမှာဝင်ထိုက်လိုက်ပါတယ်။ လက်စသတ်တော့ သူကလဲ ကျမလိုပဲ “ရီလုကေ” ကောက်ထားတာကိုး အဲ့တာကြောင့် ကျမမှာ နေရင် ထိုင်ရင်းတတန်းလုံးရဲ့ ဟာသဖြစ်ရ တာပေါ့။
“ဘယ်လိုစိတ်ကူးနဲ့များ ယောက်ျားတယောက်ဖြစ်ပြီးတော့ ဆံပင်ကို သွားကောက် ထားရတာပါလိမ့်?” ကျမနဲ့ကျိရိ မုန့်စားဆင်းတော့ အိမ်သာထဲမှာ အတင်းတုတ် နေကြ ပါတယ်။
“ကြည့်ရတာ သူလဲ ရီလု သီချင်းတွေ ကြိုက်လို့နဲ့တူပါတယ်” ကျိရိက ပြောပါတယ်။
“ငါ့ဆံပင်တွေ အကုန်ပြန်သွားဖြောင့်ပစ်မယ်” ကျမ အိမ်သာမှန်ထဲက ကိုယ့်ပုံကို ကိုယ် လှမ်းကြည့်ရင်း ပြောလိုက်ပါတယ်။
“သူက ဆံပင်တွေကောက်ထားတယ်…? သိပ်အံ့သြဖို့ကောင်းတာပဲ။ သူတလျောက်လုံး ဘိုသီဘတ်သီနဲ့ အလှအပ လဲမကြိုက်ဘူး။ ဘယ်လိုပြောပြော ဆံပင် သွားကောက်မယ့် ယောက်ျားတယောက်လို့ ယုံစရာမရှိဘူး။ ပြီးတော့ ကောက်လိုက် တော့လဲ “ရီလုကေ” ကောက်တယ်။ ငါ့အထင် တခုခုတော့ ရှိကိုရှိရမယ်ဟ” အားရင်း က ဘယ်လိုမှ မယုံနိုင်တဲ့ မျက်ဝန်းတွေနဲ့ ပြောပါတယ်။
“ဘာလို့များ အဲ့လိုဖြစ်ရတာပါလိမ့်” ကျမ ကိုယ့်ခေါင်း ကိုယ်ကိုင်ပြီး နှုတ်ခမ်းဆူ ပြောလိုက်ပါတယ်။
ကျမ မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရတဲ့ ဝက်ဝံနဲ့ ကျမ အားရင်းဆီက ကြားထားတဲ့ သူရဲကောင်းဆန်ဆန် ဝက်ဝံနဲ့ ဘယ်လိုမှ ဆက်စပ်လို့မရဘူးဖြစ်နေပါတယ်။ အဲ့ဒီရက်ပိုင်း ကျမ သူ့ကို လှည့်မကြည့်ဖြစ်အောင်နေမိတယ် ဘာလို့လဲဆိုတော့ သူ့ကို လှည့်ကြည့်မိရင် ကိုယ့်ကိုကိုယ် မှန်ထဲမှာ ပြန်ကြည့်နေရသလိုပဲ။ ကျိရိကတောင်ပြောသေးတယ်။ တကယ်လို့ ကျမကသာ စကတ်ဝတ်တာမဟုတ်ရင် သူက ကျမတို့ကိုလူတောင်မှား နိုင် တယ်တဲ့။

Friday, September 10, 2010

၁၈-၂၄

၁၈-၂၄

တနေ့က အသက် ၅၀ လောက်ရှိနေပြီ ဖြစ်တဲ့ ဘိုးတော်တပါး နဲ့ စကားစမည် ပြောဖြစ်တယ်။ ဘိုးတော် ဆိုတာ ဒီနေရာမှာ အဖိုးကြီး ကို ဆိုလိုတာပါ။ သူ့လို့ အသက်အရွယ် ရောက်ပြီဆိုရင် အကောင်းဆုံးကတော့ အသက် ၁၈ ကနေ ၂၄ နှစ်ကြားရှိတဲ့ မိန်းကလေးတွေကို ရှာပြီး ရည်းစားထားသင့်တယ်တဲ့။ ပြောရဲတယ်နော်။

အဲ့တာနဲ့ ကိုယ်က “ဘာလို့ ၁၈ ကနေ ၂၄ ကြားလို့ ပြောရတာလဲ” လို့မေးတော့ သူက… (ရှေးလူကြီးတွေ ပြောထားတဲ့ ဒွေးချိုး လေးတိုး လို့ ပြန်မဖြေပါဘူး) “ဒီအသက်အပိုင်းအခြားမှာ ရှိတဲ့ ကောင်မလေးတွေက လူကို အရမ်းမတွယ်ကပ်တတ်ဘူး” လို့ ဆိုပါတယ်။ ရှင်းပါ့မယ်။ လူကို မတွယ်ကပ်တာ မဟုတ်ပါဘူး ပြောချင်တာ က နှစ်ယောက်တဘဝ အတူတူ ပေါင်းဖက် ကြရမယ့် အနာဂတ်တို့၊ အိမ်တဆောင် မီးတပြောင်တို့၊ ဘာဘာ ညာညာ တို့ ကို မတောင်းဆို တတ်ဘူး၊ သူတို့ရဲ့ ကမ္ဘာက ပန်းချီဆရာတယောက် လက်စွမ်းပြ ထားတဲ့ ပန်းချီကား တချပ်လို အရောင်စုံတွေနဲ့ ပြည့်နေသေးတယ်။ သူက သူမ ကိုစွန့်ပစ်မယ့် အခွင့်အရေးထက် သူမက သူ့ကို စွန့်ပစ်မယ့် အခွင့်အရေးက ပိုများနေသေးတယ်။ သူ့အနေနဲ့ ဘာမှ တာဝန်ယူ စရာ မလိုဘူး။

ဒါပေမယ့် အသက်၂၅နှစ်ကျော်သွားတဲ့ မိန်းမတွေ အနေနဲ့ကျတော့ လွယ်လွယ် နဲ့ ခါထုတ်ဖို့ ခက်သွားပြီ။ အဲ့လောက်မလွယ်တော့ဘူး။ ယောက်ျားတယောက်ကို ချစ်မိပြီဆိုရင် သူမတို့ တွေက ကတိကဝတ်တွေ ဘာတွေ လိုချင်လာကြတယ်။ တောင်းဆိုလာကြတယ်။ အိမ်ထောင် ပြုဖို့ ရည်ရွယ်လာကြတယ်။ အဲ့ဒီယောက်ျားက သူတို့လိုချင်တာ၊ တောင်းဆိုတာတွေကို မလိုက် လျောနိုင်တဲ့ အခါကျရင် အနေအထားက တခါတခါ သူမ အပေါ်မတရားသလို ဖြစ်သွားတတ်တယ်။ ဒါကြောင့် ဒီအသက်အရွယ် ရှိတဲ့ မိန်းမတွေကခွာထုတ်ဖို့၊ ပစ်ဖို့ ပိုခက် တယ်။

သူက အဲ့လိုပြောတော့ ကိုယ်က သူ့ကို ဟာသ ဖောက်ပါတယ်။
“အဲ့တာဆို ဦး ဘေးနားမှာ ဘာလို့ အသက် ၃၀ ကနေ ၄၀ ပတ်ဝန်းကျင် ရှိတဲ့ မိန်းမကြီးတွေ ကိုပဲတွေ့နေရတာလဲ? ၁၈ နဲ့ ၂၄နှစ်ကြားက ကောင်မလေးတွေရော်?” လို့မေးတော့ သူက “ဟ ပြောပြီးပြီလေ ငါ့ကောင်ရ။ အသက် ၃၀ ကျော်တဲ့ မိန်းမတွေက ပစ်ရခက်ပါတယ်လို့” လို့ပြန် ဖြေပါတယ်။ သူ့ဟာနဲ့ သူကတော့ တော်တော်ဟုတ်နေတဲ့ ဘိုးတော်ပါပဲ။

ဟုတ်တော့ ဟုတ်ပါတယ်။ ၁၈ ကနေ ၂၄နစ် ကြားဆိုတာ တော်တော့်ကို လှပခဲ့တဲ့ နေ့ရက် တွေပါ။ အဲ့အချိန်တွေတုံးက လူတယောက် ကိုချစ်တယ်ဆိုတာ ချစ်ချင်လို့ ကိုချစ်တာပါ။ လက်ထပ်ဖို့ ချစ်တာမဟုတ်ပါဘူး။ တကယ်လို့ ယောက်ျားတယောက်ကို နှစ်နှစ်ကာကာ နက်နက်ရှိုင်းရှိုင်း ချစ်နေမိတယ်ဆိုရင်တောင် မိန်းကလေး အနေနဲ့ အဲ့သူနဲ့သာ သေတပန် သက်တဆုံး ပေါင်းဖက်ကြရမယ် လို့တထစ်ချ မတွကထာ်းကြပါဘူး။ (အဲ့ဒီ အသက်အရွယ် တုံးကပြောတာနော် ချွင်းချက်တွေ ဓလေ့ထုံးစံတွေ ဆိုတာထက် အရှိကိုအရှိအတိုင်း မြင်စေ ပြောစေ၊ ဝန်ခံစေချင်ပါတယ်) အဲ့ဒီ အသက်အရွယ်မှာဆိုရင် ကလေးဆန်လို့လဲ ရသေးသလို အချစ်ဆိုတဲ့ ကစားပွဲမှာ ရှုံးနိမ့်လို့လဲရသေးတယ်။ မချစ်သင့်တဲ့ သူတယောက်ကို ကိုယ်က မှား ချစ်မိတယ်။ ချစ်မိလို့ ကိုချစ်မိ တယ်။ မသင့်တော်ဘူး မအပ်စပ်ဘူး ဆိုတာ ကို သိသိရက်နဲ့ ကိုချစ်မိတယ်။ မှားတယ် ဆိုတာ သိတယ်။ ချစ်တယ်။ ဘာဖြစ်သေးလဲ။ မှား နိုင်သေးတယ်။ မှား နိုင်တဲ့ အရင်းအနှီး ရှိနေသေးတယ်။ နုပျိုမှုရှိသေးတယ်။ နောက် တယောက်ကို ထပ်တွေ့ဖို့ ထပ်ချစ်မိဖို့ ထပ်ချစ်နိုင်ဖို့ အခွင့်အလမ်းတွေ ရှိနေသေးတယ်။ ကျန်နေသေးတယ်။ အချိန်တွေ ရှိနေသေးတယ်။ တကယ် ပြောတာပါ။ နုပျိုနေသေးသ၍ ပျိုမျစ်နေသေးသ၍ အစကနေ ပြန်စလို့ ရသေးတယ်။ ဘဝ လက်တွဲဖော် ကို နောက်တယောက် ထပ်ရှာနိုင်သေးတယ်။ အဲ့ဒီ အသက်အရွယ်မှာဆိုရင် မိန်းကလေးတွေက သူမရဲ့ဘဝမှာ အချစ်ဇာတ်လမ်းလေးတွေကိုသာ ဖြစ်နိုင်ရင်နောက်ထပ် အကြိမ်ခပ်နည်းနည်းလောက်ပဲဖြစ်ဖြစ် ထပ်တွေ့ကြုံမြည်းစမ်းကြည့် ချင်သေးတာပါ။ နောက်ထပ် ယောက်ျား နည်းနည်းလောက်ဖြစ်ဖြစ် ထပ်သိချင်သေးတယ်။ ဒီလောကကြီးအကြောင်းကို ထပ်စူးစမ်းချင်သေးတယ်။ မာယာတွေကိုလေ့လာချင်သေးတယ်။

ဟော အသက် ၂၅ လဲ ရောက်ရော မိန်းကလေး စိတ်ထဲမှာ ရုတ်တရက် ထိန်းထိန်းသိမ်းသိမ်း နေချင်စိတ်တွေဖြစ်လာတယ်။ သူဘဝကို အလေးထားတတ် လာပြီလေ။ သူလေးနက်တတ် လာပြီပေါ့။ ဘဝ ဆိုတာကို သူစတင်တွေးတောလာပြီလေ။ သူရင့်ကျက်လာပြီလေ။

ဒီအချိန်မှာ ချစ်သူရှာတာ ချစ်သူထားတာ ဆိုတာ လက်ထပ်ဖို့ အတွက် အခြေခံ အုတ်မြစ် ပေါ့။
ဒီလိုအသက်အရွယ်မှာ သူနဲ့တဘဝလုံး တသက်လုံး လက်တွဲပါ့မယ် လို့မရည်ရွယ်ဘဲနဲ့တော့ ဘယ်သကောင့်သား ယောက်ျားတယောက်ကမှ သူ့ ဘဝလမ်းကြောင်း ကိုမနှောင့်ယှက်လေနဲ့။ ကလေး ဆန်လို့ ရတဲ့၊ အချစ်မှာ ရှုံးနိမ့်လို့ ရတဲ့ အသက်အရွယ်က လွန်သွားခဲ့ပြီလေ။

ဒီအရွယ်က တကယ့်ကို ရင်းနှီးရတော့မယ့် အရွယ်။
ကဲ အခုက စပြီနော်။

1:08 AM
10th September 2010
Friday
Home
Bangkok


Thursday, September 9, 2010

စိတ်ညစ်စရာတွေကို…xxx… အတွက်ပဲ ထားလိုက်ပါ

စိတ်ညစ်စရာတွေကို…xxx… အတွက်ပဲ ထားလိုက်ပါ

တခါတလေ အဖြစ်မှန်တွေက ဒီလိုဖြစ်နေတတ်တယ်။ ကိုယ်ချစ်နေတဲ့လူက တယောက်၊ ကိုယ်နဲ့ ဘာမဆိုမပြောတာ မရှိဘူးဆိုပြီး ပွင့်ပွင့်လင်းလင်း ကိုယ့်ဘဝမှာ ဖြစ်ပျက်သမျှ ကိစ္စ အကုန်လုံးပြောလို့ရတဲ့ စိတ်ချင်းရင်းနှီးတဲ့ သူက နောက်တယောက်။ အဲ့လိုအဖြစ်မျိုး စာဘတ်သူ ကြုံဖူးလား…?

အဲ့ဒီ ဘာမဆိုပြောလို့ ရတဲ့ လူကို ကိုယ်တို့ တွေ ချစ်မလာမိခဲ့ဘူး၊ အဲ့လိုပဲ အပြန်အလှန် အနေ နဲ့ ကိုယ်ချစ်တဲ့ သူကိုလဲ ဟိုတယောက်လိုမျိုး ဘာမဆိုပြောလို့ရတယ်ဆိုတာမျိုးဖြစ်မလာခဲ့ဘူး။

လူနှစ်ယောက် စွယ်တော်ရွက်တရွက်လို နှစ်ကိုယ့်တစိတ် နှစ်ရွက်တဘဝ ချစ်နေကြတဲ့ အချိန် မှာ ကိုယ့်ဘဝရဲ့ ဘယ်လိုကိစ္စမျိုးကိုမဆို ချစ်တဲ့သူကို ဖွင့်ဟပြောဆိုတိုင်ပင် ချင်တတ်ကြ တယ်။ နောက်မှ ကိုယ်တို့တွေ ဘာကို သင်ယူလာမိသလဲဆိုတော့ တချို့ကိစ္စတွေ ကို ကိုယ့်ချစ်သူ ကိုပြောလို့ရပေမယ့် တချို့ ပြောလို့မရတာတွေ ရှိလာတယ်။ ဘာလို့လဲဆိုတော့ တချို့ကိစ္စတွေကို သူကမနာလိုဖြစ်တတ်ပြီးတော့၊ တချို့ကိစ္စတွေကို သူက စိတ်ပူတတ်တယ်။ တချို့ ကိစ္စတွေကျတော့ သူ့ကို ရှင်းပြဖို့ လိုပြန်တယ်။ အကြောင်းပြချက်တွေ ပေးရမယ်။ တခါတခါမှာ လူတွေ ရဲ့ အမြင်တွေက မတူတတ်တဲ့ အတွက် အဲ့လို ကိစ္စတွေကြောင့်ပဲ သဘောထားကွဲလွဲ တတ်ကြတယ်။ နောက်ဆုံး ကုန်ကုန်ပြောရရင် ရန်ဖြစ် စကားများကြတဲ့ အထိတောင်ဖြစ်နိုင်တယ်။

တခါတလေ ချစ်သူနဲ့ ကိုယ်နဲ့ ကြားမှာ ဖြေရှင်းလို့ မရတဲ့ ပြဿနာသေးသေးလေးတွေ ရှိနေ တတ်တယ်ဒ အဲ့လို အခါများစွာမှာ ကိုယ်တို့တွေဟာ ကိုယ်တို့ ရဲ့ အယုံကြည်ရဆုံး အချစ်ဆုံး အခင်ဆုံး သူငယ်ချင်း ဆီကိုပဲ သွားရင်ဖွင့် ရတာပဲမှလား။ ချစ်တဲ့ သူကိုပြောရင် အမြင်မတူလို့ အစကဖြစ်နေတဲ့ ပြဿနာသေးသေးလေးကပဲ ခုနက ပြောတဲ့ မတူတဲ့ အမြင်တွေကြောင့် ပြဿနာ အကြီးကြီး ဖြစ်သွားနိုင်သေးတယ်လေ။

မတူညီတဲ့ တမိသားနဲ့ တမိသားကနေ လာတဲ့ လူနှစ်ယောက် သမီးရည်းစား (သားရည်းစား) တွေဖြစ်ကြတယ်ဆိုတာ တယောက်ကို တယောက် ချစ်မိသွားလို့ပါ။ နှစ်ယောက် အကြား အာဝါဟ ဝိဝါဟ လို အချစ် တဏှာ ကာမ ပါတဲ့ စိတ်တွေလဲရှိကြမှာပေါ့။ ဒါပေမယ့် နှစ်ယောက် စလုံး အရာရာ မှာ ခံစားချက် အမြင် သဘောထား တူကြမယ်လို့တော့ မျှော်လင့်လို့မရဘူးလေ နော်။ အဲ့လိုပဲ ကိုယ်ချစ်မိတဲ့ သူကလဲ အရာရာ ကို ပွင့်ပွင့် လင်းလင်း ရင်ဖွင့် တိုင်ပင်နိုင်မယ့် သူ (တိုးတိုးဖော်) ဖြစ်မယ်လို့ ပြောလို့မရဘူးလေ။

တကယ်တော့ တမိသားတယောက်နဲ့ ဘာမဆို ဖွင့်ဟ တိုင်ပင်လို့ ရတဲ့ သူငယ်ချင်းကောင်း တိုးတိုးဖော် ဖြစ်ခွင့်ရတာလဲ တကယ်တော့ မလွယ်ပါဘူး။ ဘာလို့လဲဆိုတော့ သူငယ်ချင်းတွေ အများကြီးကြားမှာမှ သူကကိုယ့်အတွက် အကောင်းဆုံး နားထောင်ပေးနိုင်တဲ့သူ ဖြစ်လာ တယ်လေ။ သူက ကိုယ့်ကို မနာလို အူတို သဝန်တို ဖြစ်မှာ ကိုလဲ မပူရဘူး။ သူနဲ့ ကိုယ် အမြင်မတူ သဘောထားမတူတဲ့ အတွက် ရန်ဖြစ်မှာလဲ မပူရဘူး။ ပြဿနာ တခုအပေါ် မတူတဲ့ ရှုထောင့်ကနေ မြင်တတ်တဲ့ သူရဲ့ အမြင်တွေ တွေကိုလဲ မင်းက အရမ်း တန်ဖိုးထားတယ်၊ သူကလဲ မင်းရဲ့ မတူတဲ့ အမြင်တွေ ကို ခင်ခင်မင်မင်နဲ့ပဲ ချစ်ချစ်ကြည်ကြည် နားထောင်ပေး နိုင်တယ်။ ဒါပေမယ့် နှစ်ယောက်ကြားမှာ ဒီလောက် ချစ်သူချင်းတွေ မှာတောင် မရှိနိုင်တဲ့ နားလည်မှုမျိုး ရှိနေရက်သားနဲ့တောင် မင်းတို့ နှစ်ယောက် စလုံး ကုတင်တခုထဲမှာ အိပ်ချင်တဲ့ ဆန္ဒမျိုး တစေ့ ကလေးမှတောင် မဖြစ်ပေါ်လာခဲ့ဘူး။ အချစ်ဆန်တဲ့ ရင်ခုန်ခြင်းမျိုးလဲ မရှိလာခဲ့ဘူး။ မီးပန်းဆန်တဲ့ ဓါတ်ပြုချင်းမျိုးလဲ မဖြစ်လာခဲ့ဘူး။

ကိုယ့် စိတ်ကို အသိဆုံးလူ နဲ့ ကိုယ်ရဲ့ ချစ်သူ ဆိုတာ အဲ့လောက်နည်းနည်းကလေးပဲ ကွာခြားမှု ရှိတာပါ။ အတ္တနည်းနည်းလေး ထပ်ဖြည့်ပြောရရင် ကိုယ်တို့တွေဟာ စိတ်ညစ်စရာ ကိစ္စတွေ နဲ့ ပြဿနာတွေကို ကိုယ့်စိတ်ကို အသိဆုံးသူ (သူငယ်ချင်းကောင်းလဲ ဖြစ်ချင် ဖြစ်မယ်) အတွက်ထားတတ်ကြပြီးတော့၊ အချိန်တွေ နဲ့ နွေးထွေးမှု တွေကိုတော့ ကိုယ့်ချစ်သူ အတွက် ထားတတ်ကြပါတယ်။ ချစ်သူဆိုတာ ကိုယ့်ကို ချစ်ဖို့ ကြင်နာဖို့ အဖော်ပြုဖို့ပါ။ ကိုယ့်စိတ် ကို အသိဆုံးသူကတော့ ကိုယ့်ရဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်ကို နားထောင်ပေးဖို့၊ ကိုယ်နဲ့ အတူတူ အဖြေကူရှာပေးဖို့၊ ကိုယ်လိုအပ်တဲ့ အချိန်မှာ ကိုယ့်ကို အားပေးဖို့ စသဖြင့်ပေါ့လေ။ ချစ်သူဆိုတာကတော့ ဘဝရဲ့ လက်တွဲဖော်ပေါ့။ စိတ်ချင်းနီးစပ် ရင်းနှီးတဲ့ သူကျတော့ ဘဝမှာ အဲ့လောက် နည်းနည်းလေးပဲ ပိုဝေးတဲ့ အကွားအဝေး ရှိနေ တယ်။ ဒါပေမယ့် အဲ့ဒီ အကွာအဝေး နည်းနည်းလေးက ပဲ ကိုယ်တို့ နှစ်ယောက်ကို ဘဝမှာ ဘာမဆို ပြောလို့ ရတဲ့ နီးစပ်ခြင်း ကိုပေးတယ်လေ။

A Chen
4:35 AM
7th September 2010
Tuesday
Home
Bangkok

ကိုယ်… လက်ထပ်သင့်ပြီလား…?

ကိုယ်… လက်ထပ်သင့်ပြီလား…?

မိန်းမတွေဟာ လက်ထပ်သင့်ပြီဆိုတဲ့ အသက်အပိုင်းအခြားနဲ့ ပတ်သက်လာရင် သိပ်ပြီး စမ်း စမ်းတင့် (sensitive) ဖြစ်တတ်ကြပါတယ်။ ကဲ စာဘတ်သူကကော ပြောပါအုံး။ မိန်းမတွေ အတွက် ဘယ်အရွယ်က လက်ထပ်ဖို့သင့်တဲ့ အရွယ်လဲ…? အဖြေတော့မမှားစေနဲ့နော်။

ကိုယ့်အထင်တော့ ၂၇ ၂၈ လောက်ကနေစတယ်ထင်ပါတယ်။ နောက်ပြီး အသက် ၃၅ ၃၆ လောက်ရောက်လာပြီဆိုရင်တော့ လက်မထပ်သင့်တော့တဲ့ အရွယ် ဒါမှမဟုတ် လက်ထပ်သင့် တဲ့ အရွယ်ကိုလွန်သွားပြီပေါ့။ တခုပြောချင်သေးတယ် မိန်းမတော်တော်များများ (ဒီနေရာ မှာ တခုခုကို ငြင်းချင်ရင် တော်တော်များများဆိုတဲ့ စကားလုံး အသုံးအနှုန်း ကိုသေချာ နားလည် အောင် လုပ်ပြီးမှာ အကျိုးနဲ့အကြောင်းနဲ့အချက်နဲ့အလက်နဲ့ လာငြင်းစေချင်ပါတယ်) ဟာ ဘဝမှာ ကိုယ့်ဘဝ တခုလုံး ကို ယောက်ျားတယောက်လဲထဲ ဝကွက်အပ်ပြီး ပုံအပ် ဖို့အတွက် လက်ထပ်ဖို့စဉ်းစားကြတဲ့ အကြောင်းအရင်းများစွာတွေထဲမှာ တော်တော် အဓိက ကျတဲ့ တခုက ဘာလဲ ဆိုတော့ “လက်ထပ်ဖို့ သင့်တဲ့ အရွယ်ရောက်လို့” လို့ယူဆကြလို့ဆိုတာပါပဲ။

တကယ်တန်းကျတော့ တော်တော်စိတ်ပျက်ဖို့ကောင်းပါတယ်။ သိပ်ကြောင်တာပဲလို့လဲကိုယ် ကတော့ ထင်တယ်။ လက်ထပ်ဖို့သင့်တော်တဲ့ အသက်အရွယ်ဆိုတာ ဘယ်သူက သတ်မှတ် တာလဲ? ကမ္ဘာပေါ်မှာ လက်ထပ်ဖို့သင့်တော်တဲ့ အသက်အရွယ်ဆိုတာ မရှိပါဘူး။ ကလေး မွေးဖို့ သင့်တော်တဲ့ အသက်အရွယ်ပဲ ရှိတယ်။ မိန်းမတွေဟာ ၃၀ ကျော်ပြီဆိုတာနဲ့ကလေးမွေး ဖို့ အတွက် အန္တရာယ် ရှိနိုင်တယ်ဆိုတဲ့ ဒိန်းဂျား ဇုမ်ထဲကို ရောက်လာပါတယ်။ သွေးဆုံး ပြီဆိုရင်တော့ မမွေးနိုင်တော့ဘူးပေါ့။ (အသင့်တော်ဆုံး အသက်အရွယ် အပိုင်းခြားက ၁၈ ကစတယ် ဆိုပါတယ် ၂ နှစ်ခြား တယောက်မွေး ၄ ယောက်လောက်ဆို အတော်ပဲ ပြောပါတယ်။ စာအုပ်ထဲမှာ ဘတ်ဘူးတာပါ။ သားဆက်ခြား ကျန်းမာရေး၊ ကလေးရော အမေပါ ပြည့်ဝစွာ ကျန်းမာရေး၊ ကလေးလဲ လိုအပ်သော မိခင်နဲ့ နေချိန် စတာတွေလဲပါမယ် ထင်ပါတယ်။)

တကယ်လို့သာ ကိုယ်က ကလေးယူဖို့ ရည်ရွယ်ချက်မရှိဘူးဆိုရင် ကလေးမွေးသင့်တဲ့ အရွယ် မှာလဲ ဘာမှ လက်ထပ်နေစရာမလိုသေးပါဘူး။ ခုလိုဆေးပညာတွေ မိုးထိအောင် တိုးတက် နေတဲ့ ခေတ်ကြီးမှာ အသက် ၄၀ ကျော်မှာ သားဦးမွေးလဲ ဘာမှပြဿနာမရှိပါဘူး။ အဲ့ဒီအချိန်ရောက်ရင် လူ့ဘဝ ကိုလဲ တော်တော်ဖြတ်သန်းပြီးပြီ ဖြစ်တဲ့ အတွက် အတွေ့အကြုံ တွေ ကများနေပြီ၊ ငွေကြေးလဲ စုမိဆောင်းမိနေပြီဆိုတဲ့ အခါကျတော့မှ ကလေးယူတာ ပိုတောင်အဆင်ပြေနိုင်ပါသေးတယ်။ အဆင်သင့် မဖြစ်သေးဘဲ ကလေးယူပြီး ဒုက္ခရောက်မှာ ထက်စာရင်ပိုပြီးတော့လဲ သင့်တော်နို်င်သေးတာပဲ။

နောက်တခုပြောချင်တာ တကယ်တော့ မိန်းမတွေမှာ လက်ထပ်ဖို့ သင့်တော်ပြီ ဆိုတဲ့ အသက် အရွယ် ဆိုတာ မရှိပါဘူး။ လက်ထပ်ဖို့ သင့်တော်တဲ့ အသက်အရွယ်ရောက်ပြီ လို့ထင်တဲ့ “စိတ်” ပဲရှိတာပါ။ အသက် ၃၀ ရောက်ရင် အိမ်ထောင်ပြုကို ပြုရမယ် လို့လဲ ဘယ်ဥပဒေကမှ မသတ်မှတ်ထားပါဘူး။ တကယ်လို့ ကိုယ်က အဆင်သင့်မဖြစ်သေးရင်၊ စိတ်ဓါတ်မရင့်ကျက် သေးရင် အချစ်အပေါ်အမြင် အိမ်ထောင်ရေးအပေါ်အမြင်တွေကလဲ မရင့်ကျက်နိုင်သေးပါဘူး။ အဲ့လိုဆိုရင်တော့ လက်မထပ်သေးတာက ပိုကောင်းပါတယ်။

မိန်းမတွေက များသောအားဖြင့် အိမ်ထောင်ပြုပြီးရင် ယောက်ျားတွေက ပြောင်းလဲ သွားလိမ့်မယ်လို့ ထင်တတ်ကြတယ်။ (မရခင်ကတော့ ဖျာလိုလိပ်၊ခေါင်းပေါ်တင် ရရင်တော့ အောက်မှာချ ခြေနဲ့နင်းဆိုတဲ့ ရှေးလူကြီး တွေ ထားခဲ့တဲ့ စကားပုံတွေက ပြပါတယ်) ပြီးတော့ အိမ်ထောင်ပြုတယ်ဆိုတာ တမိသားနဲ့ တမိသား တသားတည်းဖြစ်အောင် ပေါင်းကြတဲ့ လူနှစ်ယောက် တူတူပါဝင်ကပြကြရတဲ့ ဇာတ်လမ်းတပုဒ် လို့ထင်တတ်ကြပါတယ်။ လက်ထပ် ပြီးတော့မှသာလျင် သူတို့ထင်ထားတာတွေ တခုမှမဟုတ်ပါလားဆိုတဲ့ အမှန်တရား ကို သိလာကြတယ်။ အဲ့တာဆိုရင်လဲ ဘဝနဲ့ ပတ်သက်တဲ့ အတွေ့အကြုံလေးတွေ နည်းနည်းပါးပါး ပိုလေ့လာဆည်းပူးပြီးတော့မှ လက်ထပ်ပေါ့။ ဟုတ်တယ်မှလား?။

ယောက်ျားတွေအတွက်ကျတော့ လက်ထပ်ဖို့ သင့်တော်တဲ့ အသက်အရွယ်ဆိုတာ မရှိပါဘူး။ နောက်ပြီး ကလေးမွေးဖို့ သင့်တော်တဲ့ အသက်အရွယ်ဆိုတာလဲ မရှိဘူး။ ကျန်းမာသန်စွမ်းတဲ့ ယောက်ျားတယောက်ဖြစ်နေသမျှ အသက် ၉ ၀ ရောက်နေရင်လဲ သူက ကလေးမွေးဖို့အတွက် စွမ်းဆောင်နိုင်ပါသေးတယ်။ (ဟုတ်တယ် စာဘတ်သူပြောချင်တာကို သိတယ် ဘုရားသခင်က မတရားဘူး အဲ့တာကြောင့် မြန်မြန် ကမ္ဘာပေါ်မှာ မထားတော့တာတဲ့)

နောက်တခုက ယောက်ျားတွေမှာလဲ လက်ထပ်ဖို့သင့်တော်ပြီလို့ ထင်တဲ့ “စိတ်” ရှိဖို့ကျတော့ လဲလိုပါသေးတယ်။ ဒါပေမယ့်သူတို့အတွက် ပိုပြီး “အရေးတကြီး” လိုအပ်တာ နောက်တခု ရှိ သေးတယ်။ ဘာလဲ သိလား?

“ဘဏ်အကောင့်” ခပ်ကြီးကြီးတခုပေါ့။…

A Chen
9th September 2010
Thursday
Home
Bangkok

Tuesday, September 7, 2010

ချစ်တယ်ဆိုတာ တယောက်တည်းရဲ့ ကိစ္စပါ

ချစ်တယ်ဆိုတာ တယောက်တည်းရဲ့ ကိစ္စပါ

ငယ်ငယ်တုံးက (၁၅ ၁၆ ချစ်တတ်ကာစ၊ တင့်တင့်တို့အရွယ်တုံးကပေါ့) အချစ်ဆိုတာ လူ နှစ်ယောက် နဲ့ ဆိုင်တဲ့ ကိစ္စ၊ တခါတလေ အဲ့တာထက်ပိုရင် ၃ ယောက် နဲ့ဆိုင်တဲ့ ကိစ္စ၊ ၄ ယောက်နဲ့ ဆိုင်တဲ့ ကိစ္စ လို့ ထင်ထားခဲ့ဖူးတယ်။ နောက်မှ တဖြည်းဖြည်းနဲ့ နားလည်လာခဲ့တာ က အချစ် ဆိုတာ တကယ်တော့ ကိုယ့်တယောက်တည်းနဲ့ ဆိုင်တဲ့ကိစ္စပါ။

ကိုယ်တို့တွေ အချစ်နဲ့ ကိုယ့်ကိုကိုယ် ရင့်ကျက်အောင် တည်ဆောက်ကြရတယ်။ တွေ့ကြုံကြ ရတယ်။ ခံစားကြရတယ်။

လူတယောက် (တချို့) ကို ချစ်ခဲ့ကြဖူးတယ်။ အချင်းချင်း အပြန်အလှန် ရိုက်ခတ်ခဲ့ကြတယ်။ အပြန်အလှန် သက်ရောက်မှုတွေ ရှိခဲ့ကြတယ်။ အပြန်အလှန် ပြောင်းလဲခဲ့ကြတယ်။ ဒီလိုနဲ့ တနေ့ ကိုယ်တို့တွေ အကြောင်းကြောင်းကြောင့် လမ်းခွဲခဲ့ကြတဲ့ အခါ အဲ့ဒီ ရိုက်ခတ်မှုတွေ၊ သက်ရောက်မှုတွေနဲ့ ပြောင်းလဲမှုတွေကတော့ ကိုယ်တို့နဲ့အတူ ကျန်နေခဲ့ကြတယ်။ တချို့ တွေက ကိုယ်တို့ကြားမှာ ရှိခဲ့ဖူးထက် အချစ်တွေထက်တောင် ပိုရှည်ကြာသေးတယ်။ နောက် တခုက ခုနကပြောတဲ့ ပြောင်းလဲမှုတွေကြောင့် နောက်ဆုံး လမ်းခွဲကြတဲ့ တနေ့မှာ ကိုယ်တို့ တွေ ဘယ်လောက်ပဲ ကြိုးစား ကြိုးစား အစကနဦးနေ့တွေကလိုမျိုးတော့ မတူတဲ့ ကိုယ်တို့တွေ (ဒီနေရာမှာ ကိုယ့်ကိုကိုယ် ရိုးသားတယ်လို့မသုံးနိုင်တော့တာ သေချာပါတယ် အဲ့ဒီအတွက်လဲ ကိုယ်စိတ်မကောင်းဖြစ်မိလားဆိုတော့ မဖြစ်မိပါဘူး) ဆီကို ပြန်မရောက်တော့ဘူး။

လူတွေ ဘယ်နှယောက်ကိုပဲ ချစ်ခဲ့ချစ်ခဲ့၊ ဘယ်လောက်ပဲ ကြည်ကြည်နူးနူး ချစ်ခဲ့ချစ်ခဲ့၊ နာနာကျင်ကျင် ချစ်ခဲ့ချစ်ခဲ့၊ နောက်ဆုံးတနေ့မှာ ကိုယ်တို့တွေဟာ “လူတယောက်ကို ဘယ်လိုချစ်ရမယ်” ဆိုတာကို သင်ယူ တတ်မြောက်သွားတာမဟုတ်ဘဲ၊ “ကိုယ့်ကို ကိုယ် ဘယ်လိုချစ်ရမလဲ” ဆိုတာကိုပဲ သင်ယူတတ်မြောက်သွားတာပါ။

ဒီလိုနဲ့ အချစ်ကနေတဆင့် ကိုယ်တို့တွေဟာ ကိုယ်တို့ကိုကိုယ်တို့ လေ့လာ လာမိကြတယ်။

တကယ်တော့ ကိုယ်တို့တွေဟာ ကိုယ်တို့ထင်ထားသလောက် လူတယောက်ကို ဘယ်တုံး ကမှ သေချာ မချစ်ခဲ့ကြပါဘူး။ ကိုယ်တို့တွေ အချစ်နောက်ကို လိုက်နေတယ်ဆိုတာ တကယ်တော့ မတူတဲ့ ရှုထောင့်မျိုးစုံ ကနေ ကိုယ့်ကိုကိုယ် နားလည်လာဖို့ ကိုယ်တို့နောက်ကို ကိုယ်တို့ လိုက်နေကြတာပါ။

ကိုယ်တို့တွေ “လူတယောက်ကို ချစ်ခြင်း” နဲ့ “လူတယောက်ရဲ့ အချစ်ခံရခြင်း” ဆိုတာကနေ တဆင့် ကိုယ့်ကိုကိုယ် လေ့လာ သင်ယူနေကြတာပါ။ ကိုယ်တို့ ကို ကိုယ်တို့ နားလည်အောင် ကြိုးစားနေကြတာပါ။ အဲ့ဒီ ကိုယ်တို့ အချစ်ကို ရခဲ့တဲ့လူတွေ ကိုယ်တို့ ချစ်တာ ကိုခံခဲ့ရတဲ့ လူတွေ ဟာ တကယ်တော့ ကိုယ်တို့ ရဲ့ ဘဝတွေကို အချစ်ကနေတဆင့် ရင့်ကျက်စေတဲ့ သင်ခန်းစာတွေ chapter တွေပါ။

တနေ့မှာ ကိုယ်ဝန်မခံဘဲနဲ့ကို မနေနိုင်တာတခုက ဘာလဲဆိုတော့ ကိုယ်တခြားလူတွေကို မချစ်ဘဲနေနိုင်တယ်။ ကိုယ့်ကို ကိုယ်မချစ်ဘဲနဲ့တော့ ဘယ်လိုမှမနေနိုင်ဘူး။ ကိုယ်အချစ်ဆုံး ဆိုတာကလဲ တကယ်တော့ ကိုယ်ကိုကိုယ်ပါပဲ။

အချစ်ဆိုတာ ချည်နှောင်မှုပါပဲ။ မလွတ်လပ်ခြင်းတမျိုးပေါ့။ ကိုယ့်ကိုကိုယ် “အဆုံးသတ်နိုင်” ပြီ ဆိုမှ အဲ့ဒီ အနှောင်အဖွဲ့ကနေ လွတ်မြောက်ခြင်းကို ရမှာပါ။

ယောက်ျားတယောက်ကို ချစ်နေတုံးကဆို ကိုယ်က သူ့ကို ငုံထားမတတ်တောင် မဟုတ်ဘူး။ ဖြစ်နိုင်ရင် မြိုတောင်ချထားချင်တာ။ သူ့ရဲ့ စိတ်ခံစားမှုရော ကိုယ်ခန္ဓာတခုလုံးပါ အကုန်လုံး အလုံးစုံ ပိုင်ဆိုင်ချင်တာ။ ဘယ်တော့မှ မခွဲဘူးဆိုတာမျိုးပေါ့။ ဒါပေမယ့် တနေ့လဲကျတော့ ကိုယ်က သူ့ကို မြိုချထားရာကနေ ပြန်ထွေးထုတ်ချင်လာပြန်ရော။

ဘာလို့လဲဆိုတော့ ကိုယ့်ကိုကိုယ်သိလာပြီလေ။ သူ့ကို ပြန်ထွေးထုတ်လိုက်ခြင်းအားဖြင့် “သူ့ရဲ့လွတ်လပ်မှု” ကို သူ့ကို ပြန်ပေးရာရောက်သလို “ကိုယ့်ရဲ့လွတ်လပ်မှု” ကိုလဲ ပြန်ရှာ ယူရာကျတယ်။

A Chen
12:47 AM
Tuesday
7th September 2010
Home
Bangkok

မှတ်ချက်။

တိတိ နဲ့ စကားပြောရာကနေ ရေးဖို့ စိတ်ကူးဖြစ်လာတာပါ။ ရေးရင်ရေးရင်းနဲ့ ပြန်ဘတ်တော့ ကိုယ့်ဘာသာကိုယ် ဘာကိုဆိုလိုချင်မှန်းတောင် သေချာ မသိတော့ပါဘူး။ ပြောချင်တာကို ပြောတတ်သလို ပြောချနေရင်းနဲ့ ရှုတ်ကုန်တယ်ထင်တယ်။ အချစ်ဆိုတာကလဲ အစကတည်း က ခပ်ရှုပ်ရှုပ်မှလား။ တကယ်လို့ စာဘတ်သူကသာ ဘတ်လို့နားလည်တယ်ဆိုရင် ကိုယ်အရေးကောင်းလို့ မဟုတ်ဘဲ စာဘတ်သူတော်လို့ လို့သာမှတ်ပါ။

Friday, September 3, 2010

ဆေးလိပ်သောက်တဲ့ မိန်းမ

Justify Fullဆေးလိပ်သောက်တဲ့ မိန်းမ

“စိတ်ညစ်နေတဲ့အခါ ဆေးလိပ်လေးတလိပ်လောက် တဖွာနှစ်ဖွာလောက် သောက်ချင်တယ်။ ဆေးလိပ်မူးတဲ့အရသာက အရက်မူးသလိုပဲ နှစ်လိုဖွယ်ရာကောင်းပါ့မလား…?” လို့ သူငယ်ချင်း ကောင်မလေး တယောက်က မေးလာပါတယ်။

စိတ်ညစ်လို့ သောက်တယ်။ ပျော်လို့သောက်တယ်၊ အဖော်ကောင်းလို့သောက်တယ်။ အထီးကျန်လို့ သောက်တယ်။ ဘာ့ကြောင့်ပဲသောက်သောက် ဘာပဲ လုပ်လုပ်ပါ ကိုယ်လုပ်နေ တဲ့ ကိစ္စတခုမှာ ကိုယ်တကယ် ဘာလုပ်နေသလဲဆိုတာကိုသေသေချာချာ ကိုယ်ကိုယ်တိုင် သိဖို့ပဲလိုပါတယ်။ ကိုယ် ဘာလုပ်နေလဲ သိရအောင်လဲ တခါတလေ အချို့အနေအထား တွေမှာ အရင်လုပ်ကြည့်ဖို့ လိုပါတယ်။ အရာတိုင်းတော့ မဆိုလိုဘူးပေါ့။ စကား ကပ်ကျန် မနေအောင် ပြောရတာပါ။ ကိုယ်ကတော့ ဘယ်အရာမဆို လုပ်ကြည့်ရမယ် ဆိုတဲ့ လူမျိုးပါ။ လုပ်ပြီးတော့မှ ကိုယ်ကြိုက်မကြိုက် ကို ကိုယ့်ဘာသာ ကိုယ့် တန်ဖိုးနဲ့ကိုယ် judge လုပ်ပေါ့။ ကိစ္စတော်တော်များများ ကို စမ်းသပ်ဖို့ဆိုတာကတော့ ကိုယ်က strong ဖြစ်ဖို့ပဲ လိုတယ်။ ကိုယ် ဆေးလိပ်သောက်ဖူးတယ်။ ဒါပေမယ့် ကိုယ်ဆေးလိပ်စသောက်ဖူးတာ ခုနပြောခဲ့တဲ့ အကြောင်းပြချက်တွေထဲက တခုကြောင့်မှ မဟုတ်ဘူး။

ကိုယ် ဆေးလိပ်စသောက်ဖူးတာ အေးစိမ့်တဲ့ ရာသီဥတုကြောင့်လို့ပြောရင် နည်းနည်းများ “ကြောင်” နေမလား…?
ဒါမှမဟုတ် အချစ်ကြောင့် လို့ပြောရင် “ပိုကြောင်” သွားမလား…?
ပရိတ်သတ်ကြီးပဲ ဆုံးဖြတ်ပါလေ။

တကယ်ပါ။

၂၀၀ရ ခုနှစ် ဧပရယ်လ ရှန်ဟိုင်းမြို့။ ရာသီဥတု က အေးငွေ့ငွေ့လေး။ ပါးစပ် ကိုဟပြီး (ဟူး) လို့လုပ်လိုက်ရင် ပါးစပ်က အငွေ့တွေထွက်တဲ့ ရာသီဥတုမျိုးပေါ့။ ကိုယ့် ခွင့်ပိတ်ရက် တွေမှာ ရှန်ဟိုင်းမှာ သူ့ချစ်သူနဲ့ လိုက်နေနေတဲ့ သူငယ်ချင်းတယောက် ဆီကို အလည်ရောက်ဖြစ်ခဲ့ တယ်။ သွားတုံးကတော့ သူငယ်ချင်းဆီမှာနေပြီး ရှန်ဟိုင်းမြို့ ကြီးကို လျောက်ကြည့်ဖို့ပေါ့။ ဒါပေမယ့် ဖြစ်လာတာက…

လောကကြီးဆိုတာ အဲ့လိုပါပဲ မထင်မှတ်တာတွေ ထင်မှတ်မထားတာတွေ ဖြစ်တတ်ပါတယ်။

ရောက်ရောက်ချင်းညမှာပဲ ကိုယ့်ကို သူငယ်ချင်းက ရှန်ဟိုင်းရဲ့ နာမည်ကြီး ဂေးကလပ် တခု ကိုခေါ်သွားပါတယ်။ အဲ့မှာ ကိုယ့်စိတ်ကို လှုပ်ရှားစေမယ့် ဆုပ်ကိုင်လှုပ်မယ့် သူတယောက် ကို စတွေ့ရတာပါပဲ။ ကလပ်ထဲရောက်တော့ ကကြခုန်ကြတဲ့ လူတွေကြားထဲ ဟိုတိုးဒီတိုးပေါ့။ ခဏနေတော့ သူငယ်ချင်းက အရက်သွားယူမယ်ပြောတော့ ကိုယ်က အင်းလို့ ပြန်ပြော လိုက်ပါတယ်။ သူငယ်ချင်း ထွက်သွားပြီး ခဏ အကြာမှာပဲ ကိုယ့်အနား ကို သူရောက်လာ ပါတယ်။ ပြီးတော့…..သူက ကိုယ့်ကို “ကိုယ် မင်းနဲ့ ကလို့ ရမလား” လို့ မေးလာတယ်။ …

အဲ့အချိန်မှာ ကိုယ်က ဆရာမ ဂျူး ရဲ့ “ချစ်သူရေးတဲ့ ကျမ ရဲ့ ညတွေ” ကို ဘတ်ပြီးကတည်း က အသည်းအသန် ကြိုက်နေတဲ့ စကားတခွန်းရှိပါတယ်။ အဲ့တာက အမျိုးသား ဇာတ်ဆောင် “နေသန်” ပြောတတ်တဲ့စကားတခွန်းပါ။ တယောက်ယောက်က သူ့ကို တခုခုတုံ့ပြန် ပြောဆို တဲ့ အခါမျိုးမှာပေါ့။ ဥပမာ သူ့ကို “ကျေးဇူးတင်ပါတယ်” လို့ (မင်းသမီး နာမည် မမှတ်မိ) ကပြောတဲ့ အခါ သူက တခြားသူတွေလို “you are welcome” လို့ မဖြေဘဲ “sure” လို့ ဖြေလေ့ရှိပါတယ်။ ဂျူးကတော့ “သေချာတာပေါ့” လို့ ရေးထားပါတယ်။ ဝတ္ထု အသွားက ဘိုဆန်တဲ့ အတွက် ကိုယ်က စာရေးသူပြောချင်တာကို အဲ့လိုနားလည်လိုက်ပါတယ်။ အဲ့တာနဲ့ သူက ခုနလိုမေးလာတဲ့ အခါမှာ ကိုယ့်အဖြေက “က လေ” မဟုတ်ဘဲ “သေချာတာပေါ့/sure” ဖြစ်သွားပါတယ်။ အတိုပြောရရင် သူနဲ့ကိုယ်နဲ့ ကကြပြီးတော့ နောက်ဆုံး သူ့အိမ်ကို ကိုယ်သူနဲ့ ပါသွားပါတယ်။(အပေါစားဆန်လိုက်တာနော် လို့တွေးနေသလား…? ဒါပေမယ့် မပူပါနဲ့ ခုနက ပိုစ့်အစမှာ ကိုယ်ပြောခဲ့သလိုပဲ ကိုယ် ဘာလုပ်နေသလဲ ဆိုတာ ကိုယ့်ဘာသာ သေသေချာချာ သိပါတယ်) ကိုယ့်သူငယ်ချင်း ရဲ့ ရည်းစားအိမ်မှာနေမယ် သူငယ်ချင်းနဲ့ လျောက်လည်မယ် ဆိုတဲ့ နှစ်ပတ်တာ ဟော်လီးဒေးက မျှော်မှန်းထားသလို ဘာမှဖြစ်မလာဘဲ သူငယ်ချင်း အိမ်ကို “လုံးဝပြန်မရောက်တော့ခြင်း” နဲ့ အဆုံးသတ်သွားပါတယ်။ သူငယ်ချင်းကတော့ ခုထိ ကြုံရင် ကြုံသလို အစဖော် စကားလုပ်ပြောမြဲပါ။ ကိုယ့်အတွက်ကတော့ တကယ့်ကို ရင်ခုန်တိမ်းမူး ဖွယ်ရာ အဆက်မပြတ် စိတ်လှုပ်ရှားစရာ (ကိုယ်သာ English လိုရေးတဲ့ blogger ဆိုရင် ဒီနေရာမှာ spontaneous ဆိုတဲ့ စကားလုံးကို အသေအချာသုံးမှာပါ) ပျော်ရွှင်ဖွယ်ရာ နေ့ရက် လေးတွေပါဘဲ။ ကိုယ့်ဘဝရဲ့ ပထမဆုံးတွေထဲက ပထမဆုံး အတွေ့အကြုံတခုကိုလဲ သူကပဲ အဲ့ဒီ “ည”မှာ ပေးခဲ့တာပါ။ “ချစ်သူရေးတဲ့ ကျမရဲ့ ည” လို့ ပဲ ပြောရမလား….“ကျမ ရဲ့ ည” လို့ ပဲ ရိုးရိုး စင်းစင်း (ဒါပေမယ့် ပိုင်ပိုင်နိုင်နိုင်) ပြောရမလား…?။

အရာရာတိုင်းအတွက် ပထမဆုံးအခေါက် ဆိုတာ ရှိတတ်တယ်မဟုတ်လား…၊ သူက ဂျာမန် လူမျိုးပါ။ အသက်က အဲ့အချိန်မှာ ကိုယ့်ထက် နည်းနည်းပဲ ကြီးပါတယ်။ ကိုယ်က ၂၆ သူက ၃၀ စွန်းစပေါ့။ ဘီယာ ကိုရေ လိုသောက်တယ်။ ဆေးလိပ်ကို အမျှင်မပြတ်အောင်ဖွာတယ်။

တခုတော့ ဝန်ခံချင်ပါတယ်။ အရင်တုံးက ကိုယ် အင်္ဂလိပ် ရုပ်ရှင်တွေ ကြည့်တိုင်း အမြဲ လိုလို အမှတ်ရနေတဲ့ ဇာတ်ဝင်ခန်း တခုရှိတယ်။ ရုပ်ရှင်တော်တော်များများမှာ မကြာမကြာ လဲပါတတ်တာမျိုးပါ။ မင်းသားနဲ့ မင်းသမီး လိင်ဆက်ဆံပြီးတိုင်း ကုတင်ပေါ်မှာ အဝတ်မဲ့ ကိုယ်ခန္ဓာကိုယ်တွေကို စောင်နဲ့ပတ်ထားပြီးတော့ ဆေးလိပ်တလိပ်ကို တူတူရှိုက်ဖွာ ကြတာ မျိုးလေ။ ဂျူလီယာရောဘတ်တောင် ရုပ်ရှင်တကားထဲမှာ လုပ်ဖူးတယ်လို့ ထင်ပါတယ် နောက် အန်ဂျီ… နောက် ကိုယ့် စိတ်ထဲမှာ စွဲမြဲနေတာက တရုတ်မင်းသမီး စူးချီ (Shu Qi) ရုပ်ရှင် ဇာတ်ဝင်ခန်းတခန်းမှာ ဆေးလိပ်သောက်တဲ့ ပုံပါ။ သိပ်လှတယ်၊ ခန့်ညားတယ်လို့ ကိုယ်ထင်ပါတယ်။ ဆေးလိပ်ကို လှအောင် သောက်တတ်တဲ့ မိန်းမပဲ။ ထားပါ။
အဲ့လို မျိုး ကိုယ့်အမြဲ လုပ်ကြည့်ချင်ခဲ့ဘူးတယ်။ အဲ့ညက ကိုယ့် အာသီသတွေ ပြည့်ဝခဲ့တယ် ပေါ့။ မိုက်ပါတယ်။ ငြိမ့်ငြိမ့်လေးနဲ့ လွင့်လွင့်လေး။ အရင်တုံးက ကိုယ် ဆေးလိပ်ကို ဖွာဖူး ပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် သောက်တာမျိုးမဟုတ်ဘူး။ သူငယ်ချင်းတွေ အတွက်မီးငြိ ပေးတာ မျိုးပါ။ အဲ့ဒီညကတော့ ကိုယ်ဆေးလိပ်ကို ဘဝမှာ ပထမဆုံးအကြိမ် အဖြစ် သေသေချာချာ သောက်ဖြစ်သွားတယ်။ သောက်တတ်သွားတယ်။ သောက်မိသွားတယ်။ ဆေးလိပ်နဲ့ အတွင်းကျကျ ရင်းနှီးသွားတဲ့ ညပေါ့။

-စိမ့်အေးနေတဲ့ ရှန်ဟိုင်း ရာသီ ဥတု ကို အပြစ်တင်ရမလား…?
-ဆွဲဆောင်မှု ရှိလွန်းတဲ့ သူ့ကို အပြစ်တင်ရမလား…?
-မောပန်းမှု လှိုက်ဖိုမှု ဆန္ဒပြည့်ဝမှု တွေနဲ့ ငြင်းဆန်ဖို့ အားအင် ချိနဲ့နေတဲ့ ကိုယ့် ခန္ဓာကိုယ် ကို အပြစ်တင်ရမလား…?
-ညှို့ဓါတ်ပြည့် ပင့်ကူအိမ်မှာ တွယ်ငြိနေတဲ့ ရုန်းမရတဲ့ ကိုယ့်ရဲ့ စိတ်ကိုပဲ အပြစ်တင်ရမလား…?
- (Not that I want to deny any of this…)
ခုနက ပိုစ့် အစမှာ ကိုယ်ဘာလုပ်နေတာ ကိုယ်သေသေချာချာ သိတယ်လို့ ပြောခဲ့တယ်နော် ခုတော့ အင်း……………………..ခုတော့ ကိုယ် သိပ်မသေချာတော့ဘူး။

ဘာပဲဖြစ်ဖြစ် ဘာ့ကြောင့်ပဲဖြစ်ဖြစ် ဘယ်သူ့ကြောင့်ပဲဖြစ်ဖြစ် အဲ့ဒီ “ည” က ကိုယ် ဆေးလိပ် တလိပ်ကို ပထမဆုံး လူတယောက်နဲ့တူတူ (ရုပ်ရှင်တွေထဲမှာလို ကိုယ်ကြည့်ဖူး၊ သောက် ကြည့်ချင်ဖူးခဲ့တဲ့အတိုင်း) သောက်ဖူးသွားပါတယ်။ မိုက်တယ်။ မှတ်မိနေတယ်။ အခုထိ အဲ့ဒီ အရသာ ကို….။ မမေ့သေးဘူး……………………

နောက်နေ့တွေမှာ…. သူနဲ့ ကိုယ်နဲ့ ရာသီဥတု စိမ့်နေအောင်အေးတဲ့ ရှန်ဟိုင်းမြို့ကြီးရဲ့ လမ်းမတွေပေါ်မှာ လမ်းလျောက်ရင်း လက်တွေကို ကုတ်အင်္ကျီထဲ ထိုးထည့်ရင်း၊ ကော်ဖီဆိုင် ရဲ့အပြင်ဘက်စားပွဲခုံလေးတွေပေါ်မှာ၊ ရှန်ဟိုင်း ကမ်းနားလမ်းမကြီးပေါ်မှာ၊ နွေးထွေးနေတဲ့ သူ့ရင်ခွင့် ဂျက်ကက်အောက်မှာ ဆေးလိပ်တွေတူတူသောက်ခဲ့ကြပါတယ်။
သောက်ခဲ့ကြဖူး ပါတယ်…..
သောက်ခဲ့ကြဖူး ပါတယ်…..
သောက်ခဲ့ကြဖူး ပါတယ်…..

ဒီအကြောင်းအရာတွေက ကိုယ့်ရဲ့ ခေါင်းထဲမှာ သဘောကျ စွဲငြိနေတဲ့ ရုပ်ရှင်ပြကွက် ဇာတ်ဝင်ခန်း တခုလိုပဲ ခုထိ အကြောင်းတိုက်ဆိုင်တိုင်း မျက်စိထဲရောက်ရောက် လာတတ် ပါတယ်။ ဒီလိုနဲ့ ကိုယ် ဆေးလိပ်သောက်တတ်လာခဲ့တယ်။

သူ့အကြောင်း ကို ကိုယ့်ရဲ့ top ten မှာလဲရေးဖူးပါတယ်နောက် သူနဲ့ ဆေးလိပ်သောက်တဲ့ အကြောင်း၊ ရှန်ဟိုင်းမှာ ဆေးလိပ်သောက်တဲ့ အကြောင်းကိုလဲ ကိုယ့် ကဗျာတွေ တော်တော် များများမှာ ရေးဖူးပါတယ်။

ကိုယ့် ဘာသာ အာရုံနောက်လိုက်လျာရှည်နေတာနဲ့ ပြောချင်နေတဲ့ ပိုစ့်အကြောင်းတောင် ပျောက်သွားတယ်။ အဲ့လိုပဲ။ အတွေးတွေနဲ့ စီးမျော နတ်ကရာ ကျီးမော့။
ပိုစ့်အစမှာ အဲ့လိုမေးလာတဲ့ သူငယ်ချင်းမလေးကို ကိုယ်ပြန်ပြောပြတဲ့ နောက်သူငယ်ချင်းမ လေးတယောက်ရဲ့ အဖြစ်အပျက် ကလေးတခု ရှိပါတယ်။ နားထောင်ကြည့်နော်။

ဟိုးအရင်တုံးက ကိုယ့်မှာ ဆေးလိပ်အရမ်းသောက်တဲ့ မိန်းကလေး သူငယ်ချင်း တယောက် ရှိ(ခဲ့/နေ)တယ်။ သူက ဆေးလိပ်ကို အရမ်းသောက်တာ တလိပ်ပြီး တလိပ် ဆက်တိုက် ဆိုသလိုပဲ မီးမပြတ်စေရဘူး။ ဖြစ်ချင်တော့ သူ့ရည်းစား ကောင်လေးကလဲ ဆေးလိပ်သောက် တဲ့သူဆို ကျားကျား မမ အလွန်မုန်း၊ အင်မတန်မုန်း၊ ခါးခါးသီးသီးမုန်း။ အဲ့တော့ သူ့မှာ သူ့ကောင်လေးနဲ့ ချိန်းတွေ့မယ့် အခါတိုင်း ပါးစပ် ကိုဆေးရတာနဲ့ ပလုတ်ကျင်းရတာနဲ့ ပါးစပ်ကို အမွှေးနံ့ဖျန်းရတာနဲ့ စတဲ့ အပရိကတွေ နဲ့ အင်မတန် အလုပ်ရှုပ်တတ်ပါတယ်။ မိတ်ကပ်က သူ့အတွက် ပရိုက်ရောရတီ မဟုတ်ဘဲ ဆေးလိပ်နံ့ပပျောက်ရေးက သာလျင် အဓိက ဖြစ်နေပါတယ်။

တညကျတော့ ကိုယ်နဲ့သူ၊ သူ့အခန်းထဲမှာ စကားပြောနေကြပါတယ်။ သူက ဆေးလိပ်ကို တလိပ်ပြီး နောက် တလိပ် အမျှင်မပြတ် သောက်နေတာ နှစ်ဗူးလောက် ကုန်သွားပါတယ်။ အဲ့အချိန်မှာဘဲ သူ့ကောင်လေးဆီက ဖုန်းလာပါတယ်။ သူ အိမ်အနားရောက်နေတယ်တဲ့ နောက် ၁၀ မိနစ်လောက်နေရင် ရောက်မယ် လို့ ပြောလာပါတယ်။

ကိုယ့်သူငယ်ချင်းမ “ပြာ”သွားတဲ့ပုံကို ခုထိမျက်နှာထဲက မထွက်ဘူး(ကာလာချယ်တဲ့ အပြာရောင် ကိုပြောတာမဟုတ်ဘူးနော် တင်စားတာ တင်စားတာ စကားလုံးနဲ့ ဝိသေသန ပြုတာ)။ ချက်ချင်းရေချိုးခန်းထဲပြေးဝင်ပြီး သွား သွားတိုက်ပါတယ်။ သွားတိုက်နေရင်း တန်းလန်းနဲ့ ရေချိုးခန်းထဲကနေ ပြေးထွက်လာပြီးတော့ ကိုယ့် ကို ပြတင်းပေါက်တွေ ကူဖွင့်ခိုင်းပါတယ်။ ဆေးလိပ်ငွေ့တွေကို ယပ်ခတ် ထုတ်ခိုင်းပါတယ်။ သူ့ပါးစပ်ထဲမှာ သွားတိုက်ဆေး အမြုပ်တွေနဲ့ သွေးတွေနဲ့။ သွားတိုက်ဆေးနည်းနည်းကလဲ သူ့ ရင်သား ပေါ်မှာ ကျနေပါသေးတယ်။ လောလွန်းတော့ သွားတိုက်တာလဲ သွေးအလိမ်းလိမ်းနဲ့ပေါ့။

ပြီးသွားတော့ ပါးစပ်တခုလုံး အပြည့် ပရုတ်နံ့တွေနဲ့ ဒါတောင်မှ သူက လုံလောက်တယ် မထင်သေးပါဘူး။ အလန့်တကြားနဲ့ မီးဖိုချောင်ထဲဝင်ပြီးတော့ ပုလင်းထဲက ဝီစကီ နည်းနည်း ကို အလောတကြီး မော့လိုက်ပါသေးတယ်။ ဆေးလိပ်နံ့တွေ ကို အရက်နံ့နဲ့ ဖုန်းမယ်ပေါ့။

ဒီလိုနဲ့ နောက်ဆုံးတော့လဲ သူတို့တွေ ကွဲ သွားကြပါတယ်။ ကိုယ်နဲ့ သူ ကြုံကြိုက် တိုက်ဆိုင် လို့ အဲ့ဒီ ညက အကြောင်းတွေ ကို ပြန်ပြောင်းပြောဖြစ်ကြတဲ့ အခါတိုင်း သူက သူရူးမိုက် ခဲ့တာတွေကို သတိရတဲ့ အနေနဲ့ အေးစက်စက် မဲ့တဲ့တဲ့ “တချက်” ပြုံးတတ်ပါတယ်။

လူတယောက်အတွက်နဲ့ ကိုယ့်ကိုကိုယ် (ကိုယ်မဟုတ်တာတခု ကို အားစိုက်ထုတ် ဟန်ဆောင် ပေးတယ်) ဆိုတာ အချစ်စစ်လား…? ဒါမှမဟုတ် အချစ်ကို ခေါင်းစဉ်တတ်ထားတဲ့ ခပ်ညံ့ညံ့ ပေးဆပ်မှုလား…၊ ပြုံးနေတဲ့သူမှာ မျက်ရယ်စတွေနဲ့ ဆိုတဲ့ စကား ကို မဆီမဆိုင် (သို့) ဆီဆီ ဆိုင်ဆိုင် သတိရမိပါသေးတယ်။ ကိစ္စတခုကို လုပ်တော့လုပ်နေတယ်။ စိတ်ပါလက်ပါ (သို့) လုပ်ချင်လို့ လုပ်နေတာမျိုးတော့မဟုတ်ဘူးလေ။ ဒီကြားထဲမှာ ပေးဆပ်လိုက်ရတာက ကိုယ့်ရဲ့ အမူအကျင့် (ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ) ကိုယ်လုပ်လေ့ရှိတဲ့ ကိုယ့်ကိုကိုယ် စိတ်ကျေနပ်စေတဲ့ အကျင့် ဝသီ အလေ့အထ ကိုယ့်ရဲ့ ရစ်သမ် စတာတွေပါတယ်။

ကိုယ်သိချင်တာ တခုပဲ ရှိတယ်။ အဲ့ဒီတုံးက သူမက ဆေးလိပ်မသောက်ထား ချင်ယောင် ဆောင်တာ အောင်မြင်တာလား…၊ ဒါမှမဟုတ် သူက မသိချင်ယောင်ဆောင်တာ အောင်မြင် တာလား….ဆိုတာပါပဲ။

အဲ့ဒီ မေးခွန်းကို အခုအချိန်ထိ….ကိုယ်မမေးဖြစ်ခဲ့ပါဘူး……သိချင်တာက သိချင်တာ သပ်သပ် ပဲလေ……………….နော်။

A Chen
5:11 AM
2nd September 2010
Friday
Home
Bangkok

Thursday, September 2, 2010

ကန်ထုတ်ပစ်ချင်တဲ့ ယောက်ျားနဲ့ မိန်းမ

ကန်ထုတ်ပစ်ချင်တဲ့ ယောက်ျားနဲ့ မိန်းမ

ယောက်ျားတယောက်ကို မလိုချင်တော့ဘူးဆိုရင်၊ ကိုယ့်ကို ခွာစေချင်ရင်၊ သူ့ကိုမချစ်တော့ရင် နည်းနည်းလေးမှ မခက်ပါဘူး အောက်ဖော်ပြပါ စကားတွေထဲက တခွန်းခွန်း ကိုသာပြောပ လိုက်ပါ။ ကိုယ့်နားကနေ အမြန်ဆုံးနည်းနဲ့ ပန်းကန်လုံးစီးပြီးလစ်ပါလိမ့်မယ်။ ဘယ်လောက် မြန်မြန်လစ်စေချင်သလဲဆိုတာပေါ်မူတည်ပြီးတော့လဲ စကားတွဲတွေကိုရောနှောတွဲစပ် အသုံး ပြုနိုင်ပါသေးတယ်နော်။ ဥပမာ…

“ရှင်တော်တော်မွဲတာပဲ”
“ေ-ာက္သံုးကလဲ တစက္မွမက်”
“ကျမ အရင်တုံးက ရည်းစားက ရှင့်ထက်အဆ ၁ ထောင် ၁ သောင်းမက သာတယ်”
“ကျမ ရှင့်ကို နည်းနည်းလေးမှ လေးစား အထင်ကြီး လို့မရဘူး”
“---ရဲ့ ရည်းစား ကိုကြည့်စမ်း ပိုက်ဆံအရှာ ဘယ်လောက်တော်သလဲ ရှင်နဲ့များတခြားစီ သူများ ချီး နည်းနည်း သွားရှုလိုက်အုံး”
“ရှင့်နဲ့အတူနေရတာ ကျမအတွက် တကယ့်ကို လောက ငရဲကျနေတာပါပဲ”
“ရှင့်အမေ က လဲ သိပ်မုန်းဖို့ကောင်းတာ”
“ရှင့်ညီမ ဆိုတာကလဲ သိပ်ရုပ်ဆိုးလွန်းလို့ ယူမယ့် လူမရှိတာနေမှာ”
“လစာ ကို တလတလ ကျမ မအပ်လို့ ဘယ်မယားငယ် ကိုပေးချင်နေသေးတာလဲ”
“နောက်ကို ရှင့်သူငယ်ချင်းဆိုတဲ့ ဟာတွေ အကုန်လုံး ကျမ အိမ်အရိပ် ကိုမနင်းစေနဲ့ ကျမ သူငယ်ချင်းဆိုတာ ရှင့်အတွက်လဲ သူငယ်ချင်းပဲ လို့ မှတ်ထား”
“အလုပ်ပြီးတာနဲ့ အိမ်ကို တန်းပြန်ဖို့စဉ်းစားပါ ဘယ်မှ အလေနတော လိုက်ဖို့ မစဉ်းစားနဲ့”
“ရှင့်အရင် ရည်းစားက ရှင့်ကို ဘာကြည့်ကြိုက်တာလဲဟင် ကျမတော့ စဉ်းစားလို့မရဘူး”
“နေ့တိုင်း နေ့တိုင်း ကျမ ကို “အရမ်းချစ်တယ်” လို့ ပုံမှန်ပြောရမယ်”

မင်းရည်းစားက “ကိုယ့်ရဲ့ အိုင်ဒီယာကတော့….” လို့ ပြောတဲ့ အချိန်မှာ သူ့စကား ကိုဖြတ် ပြီးတော့ …..“ဟာ့ ဟာ့ ဟ…တိတ်စမ်း ဘာအိုင်ဒီယာလဲ အိုင်ဒီယာ ဆိုတဲ့ စကားလုံး ကိုကော ရှင် က စာလုံးပေါင်းတောင်မှ မှန်အေင် ပေါင်းတတ်လို့လား?” လို့ ပြောပစ်လိုက်ပါ။

မင်းရည်းစား က သူ့သူငယ်ချင်းတွေနဲ့ ကမ္ဘာ့ရေးရာတွေ ပြောနေတဲ့အချိန်မှာ သူတို့ဘေးနား သွားထိုင်ပြီးတော့ ရယ်ဟဟ နဲ့ “အော် ရှင်က ကမ္ဘာ့ရေးရာ ဆိုတာ ကိုလဲနားလည်သေး သကိုး…ဆန်အိုးထဲမှာ ဆန်မရှိရင်ကော ဘာရေးရာလဲ ပြောစမ်းပါအုံး” လို့ ခနဲ့တဲ့တဲ့ မေးပါ။

တီပြောတာယုံပါ အထက်ပါ စကားတွေထဲက တခွန်းခွန်း ကိုသာ မျက်နှာစေ့စေ့ ကြည့်ပြီး ပြော ထည့်ပလိုက် အဲ့ဒီ မင်းမမြင်ချင်တော့တဲ့ ယောက်ျား ချက်ချင်း မင်းရှေ့က ပျောက်သွားစေ ရမယ်။

ကဲ နောက်တခု…
တီချမ်းက ဂျန်ဒါ စန်းစတစ် (Gender sensitive) ဖြစ်တယ်လေ အဲ့တော့ ယောက်ျား ကိုပဲ တဘက်သတ် မရေးပါဘူးနော်။ မိန်းမတွေကိုလဲရေးရမှာပေါ့….ဟုတ်တယ်မှလား…?

မိန်းမတယောက်ကို ကိုယ့်အနားကနေ အမြန်ခွာထုတ်ပစ်ချင်ရင်လဲ နည်းနည်းမှ မခက်ပါဘူး။ အောက်ဖော်ပြပါ စကားတွေထဲက တခွန်းခွန်းကို သာပြောပလိုက်ပါ။ ဟယ်ရီပေါ်တာ ရဲ့ မှော် ကြိမ်လုံးတောင် မလိုဘူး အပ်ချလောင်းဆိုတာနဲ့ အလင်းအလျင်နဲ့ “ဟုတ်” ခနဲ ပျောက်သွား စေရမယ်။

“မင်း အသက်ကြီးလာရင် တော်တော်ကြည့်ရဆိုးမှာဘဲ”
“မင်းရဲ့ ခါးက ၂၉ လက်မ ဆိုတာ ဟုတ်မှဟုတ်ရဲ့လား”
“မင်းရဲ့ ဖင်က ငါ့အိမ်က ရေဇလုံထက်တောင် ပိုကြီးသေး”
“မင်း အင်္ကျီ ဝတ်ထားတာ မဝတ်ထားတာ ထက်ပိုကြည့်ကောင်းတယ်”
“မင်းကို ဘယ်သူတယောက်မှမချစ်ခဲ့ဘူးဘူးထက်တယ်”
“မင်း အလှနည်းနည်းပြင်မှ ပိုကောင်းမယ် မိတ်ကပ်မလိမ်းထားရင် မင်းမျက်နှာက လူမြင်လို့ တောင်မကောင်းဘူး”
“မင်းရဲ့ အိုင်ကျူက ၇၀ တောင်ရှိပါ့မလားဟင်”
“မင်း တမျက်နှာလုံး ကိုဖြစ်နိုင်ရင် ပလပ်စတစ် ဆာဂျရီ လုပ်ပြီး ပြင်ပလိုက်သင့်တယ်”
“မင်း အမေက မွဲလိုက်တာ တေနေတာပဲ”
“မင်း အဖေက ဘာမှ အဖြစ်မရှိဘူး သတ္တိကြောင်တဲ့နေရာမှာ ကြွက်ကတောင် အဘ ခေါ်ရ မယ်”
“ငါ့မှာ လိင်စိတ်ဆိုင်ရာ အကြမ်းဖက် စိတ်ဖောက်ပြန်မှု ရှိတယ်လို့ ငါ့ရဲ့ ဆိုက်ခီယာထရစ် က ပြောတယ်”
“မင်းတယောက်ထဲကိုပဲ ချစ်ဖို့ဆိုတာ ငါ့အတွက်မဖြစ်နိုင်ဘူးနော်”
“မင်းကိုချစ်တာ ထက် ငါ့ကိုငါ ပိုချစ်တယ် သိလား”
“ငါ ရှာထားတဲ့ ပိုက်ဆံတွေ ကို လွယ်လွယ် သုံးပစ်မယ် မစဉ်းစားနဲ့”
“ချိန်းတွေ့တိုင်း ကုန်ကျစရိတ်ကို တူတူခံကြမယ်”
“အခုထက် မင်း ပိုရုပ်ဆိုးလာအုံးမယ်ဆိုရင် မင်းကို ငါမပေါင်းနိုင်တော့ဘူး”

တွေ့တယ်မှလား မိန်းမတယောက်ကို မလိုချင်တော့ရင် “မင်းကို ငါမချစ်ပါဘူး၊ မချစ်တော့ဘူး” လို့ပြောတာထက် ပိုအကျိုးသက်ရောက်မှုရှိတဲ့ စကားတွေ အများကြီးရှိတယ်။ ခုနက ပြောထား တဲ့ စကားတွေ တခုခု သာပြောကြည့် မပြတ်ရင် ကြိုက်သလိုပြော။

ကဲ ပြီးပြီ။ ပြောချင်တာတွေလဲ ပြောပြီးပြီနော်။ ကြော်ငြာဝင်မယ်။

ဒေါက်ထရိတ် ခင်မိမိချမ်း
Freelance လင်ကွဲမယားကွဲ အကြံပေး
ဆက်သွယ်ရန်
ဖုန်း………………
လိပ်စာ………………

A Chen
4:12 AM
2nd September 2010
Thursday
Home
Bangkok

Wednesday, September 1, 2010

ယောက်ျားတွေ ရဲ့ ရင်သား

ယောက်ျားတွေ ရဲ့ ရင်သား

လက်စသတ်တော့ ယောက်ျားတွေမှာလဲ “ရင်သားပြဿနာ” ရှိနေတာပါလား။

ပေါက်ပေါက်ရှာရှာနော် ယောက်ျားတွေရဲ့ ရင်သားတဲ့။ ဒီလိုပါပဲ တီချမ်းရေးတဲ့ စာတွေကို တချို့ကတော့ လွတ်လပ်လွန်းတယ် လို့ထင်ကြတယ်။ တချို့ကကျတော့လဲ မသင့်တော်တာ တွေရေးလွန်းတဲ့ဟာကြီးပေါ့လေ။ တချို့ကျတော့လဲ တီက အမှန်တွေ သိပ်ရေးတာပဲတဲ့။ တခါတခါကျတော့ ကိုယ်လဲ တွေးမိပါတယ်။ ကိုယ်မှဒီလိုတွေမရေးရင် ဘယ်သူက ရေးမလဲ နော်။ ကိုယ့်စာတွေမှာ လဲ ယူသော်ရ၏ ဆိုတာလိုပေါ့။ ကိုယ့်စာတွေ ဘတ်တဲ့ မိန်းမတွေ ကတော့ ယောက်ျားတွေအကြောင်း သူတို့မသိရသေးတာတွေ သိရတော့ အကျိုးရှိမယ်ထင် ပါတယ်။ ယောက်ျားတွေကတော့ သူတို့နဲ့ ဆန့်ကျင်ဘက် ခံစားရမှာပေါ့။ထားပါတော့။ ပိုစ့်ပြန်ဆက်မယ်။

မိန်းမတွေက (အများစုက) ရင်သား သေးလွန်းရင် မလှဘူး၊ ကိုယ့်ကို ကိုယ် ယုံကြည်မှု မရှိဘူး၊ ကိုယ်တို့ စိတ်ထဲမှာ ခံစားရတာကို ပြောတာပါ (ကိုယ်တို့ ဖွင့်ပြောသည်ဖြစ်စေ မပြောသည် ဖြစ်စေပေါ့) အဲ့လိုပဲ ကြီးလွန်းရင်လဲ မကောင်းဘူး ထင်တတ်ကြပြန်ပါတယ်။ ကဲ ဘယ်လိုပြော မလဲ လူ့အလို နတ်မလိုက်နိုင် မိန်းမအလို ဘုရားတောင် မလိုက်နိုင်ဘူး။ ကဲပါ ကိုယ်က မိန်းမတွေအကြောင်းပဲ ပြောနေတာ ဒီပိုစ့် က တကယ်တော့ ယောက်ျားတွေ ရဲ့ ရင်သား အကြောင်းပြောမလို့ မဟုတ်လား။

ခုနက ပြောခဲ့သလိုပဲ မိန်းမတွေက ရင်သားပြဿနာကို ကိစ္စကြီး တရပ် လိုဖြေရှင်းနေရချိန်မှာ ယောက်ျားတွေမှာလဲ အဲ့ဒီ ပြဿနာ က ရှိနေပါတယ်။ တလောကမှ အက်စီဒန်တယ်လီး ခင်ခဲ့တဲ့ (မှတ်ချက်။ ကိုယ်က စလစ်ဘရစ်တီတွေနဲ့ ဟန်းအောက် မလုပ်ပါဘူး ဒါပေမယ့် ဒီလို အက်စီဒန်းတယ်လီး ခင်သွားတော့လဲ စာဘတ်သူတွေအတွက် အကျိုးရှိမယ့် သုတေသနလေး လုပ်ခဲ့တယ်ပေါ့) ဒီနိုင်ငံက ၄၂ လက်မတိတိ “လူတွေအားကျ”တဲ့ ကြွက်သားပြည့် ရင်သား ရှိတဲ့ နာမည်ကြီး အဝတ်အစားမော်ဒယ်တဦးက ပြောပါတယ် “ရင်သားကြီးတာဟာ ကျတော့ အတွက်တော့ စိတ်ရှုပ်စရာ၊ သိမ်ငယ်စရာ၊ စိတ်အနှောင့်အယှက်ဖြစ်စရာ ကိစ္စတခုပါ။ ရင်သား ကို ကျစ်လစ်သွားစေမယ့် အားကစားတခုခု ရှာလုပ်ချင်ပါတယ်။ အဲ့ဒီ ရင်သားကြီး တာကြောင့် ပဲ ကျတော့မှာ အမြဲလိုလို မလိုလားအပ်တဲ့ ပြဿနာတွေ ကြုံတွေ့ရပါတယ်။ လူတွေဝိုင်းကြည့် တိုင်းလဲ မျက်စိ နဲ့ ဘလက်ကာယာ အလုပ်ခံရသလို ခံစားရတယ်။ နောက်ပြီး အဝတ်အစား မော်ဒယ်တယောက်အနေနဲ့ ပြောရရင် ရင်သားကြီးတိုင်း အင်္ကျီဝတ်ရင် ကြည့်ကောင်းတယ် လို့ပြော မရပါဘူး။ ကျတော် ဆိုအမြဲလိုလို အမဲရောင် အင်္ကျီတွေ ဝတ်လေ့ရှိတယ်။ ဒီလို ဝတ်ခြင်းအားဖြင့် ရင်သားကြီးတာကို ကြီးတယ်လို့ မထင်ရအောင် ကာကွယ်နိုင်တယ်လေ။

လက်စသတ်တော့ ရင်သားကြီးတဲ့ ယောက်ျားတွေမှာလဲ ရင်သားကြီးတဲ့ မိန်းမတွေ နဲ့ ခပ်ဆင်ဆင်တူတဲ့ ပြဿနာရှိတာပါပဲလား။ ဒါပေမယ့် သူတို့ရဲ့ ပြဿနာတွေ ကို ရင်သားသေးတဲ့ ယောက်ျား မိန်းမတွေကတော့ နားလည်နိုင်မှာ မဟုတ်ပါဘူး။ ဥပမာ နွေမှာ ပျော်တဲ့ အကောင်ပလောင်တွေက မိုးကို လက်မခံနိုင်သလိုပေါ့။

မိန်းမတွေ ရဲ့ ရင်သား က ယောက်ျားတွေ ကိုဆွဲဆောင်တယ်။ ဒါပေမယ့် ယောက်ျားတွေရဲ့ ရင်သားကတော့ မိန်းမတွေ ကိုဆွဲဆောင်တဲ့အပြင် ကိုယ်နဲ့ လိင်ချင်းတူတဲ့ ယောက်ျားတွေ ကိုလဲ ဆွဲဆောင်ပါတယ်။ သူတို့ရင်သားတွေကပဲ နှစ်ဆ တန်းခိုးကြီးတာလား ဒါမှမဟုတ် ….ကြီးလွန်းတာရဲ့ ဆိုက်အဖက်လား…?

“ကျတော့ ရင်သားကတော့ မိန်းမတွေအတွက် ပိုသင့်တော်တယ်လို့ ကျတော်ထင်ပါတယ်။ ကျယ်လွင့်တဲ့အတွက် မိန်းမတွေကို ကိုယ်ရောစိတ်ပါ အကာကွယ်ပေးနိုင်တယ်။ လုံခြုံတဲ့ ခံစားမှုကိုပေးနိုင်တယ်။ ယောက်ျားကောင်းတယောက်လို မိန်းမတွေကို အားကိုးချင်စိတ် ဖြစ် ပေါ်စေတယ်။ အင်း….ဒါပေမယ့် ကျတော့ ဂေး သူငယ်ချင်းအများစုကတော့ နည်းနည်း ပိုပိုသာသာကြီးတဲ့ ရင်သားရှိတာမျိုးကို ပိုသဘောကျကြ ကြိုက်ကြတယ်။ အဲ့လို ရင်သားမျိုး ကမှ လိင်ဆွဲဆောင်မှု ကိုဖြစ်စေတယ်လို့ ဆိုကြတယ်။” လို့ အဲ့ဒီ မော်ဒယ်က ဆက်ပြော ပါသေးတယ်။

တကယ်ပါ မပြောရင် သိမှာမဟုတ်ဘူး။ တလျောက်လုံး ယောက်ျားတွေ ရဲ့ ရင်သား က မိန်းမတွေ ကို လုံခြုံမှု ပေးနိုင်တဲ့ ကုတင်တလုံးလို့ ထင်ထားခဲ့တာ။ မိန်းမတွေ ကို မှီနား ခွင့်ပေးနိုင်တယ်။ ဘဝ အမောတွေ ချွေးသိပ်ဖြေစေနိုင်တယ်။ အနားယူ အိပ်စက်နိုင်တယ်။ လိုအပ်တဲ့အခါမှာ နာနာကျင်ကျင်နဲ့လ ခိုဝင်ဲ ငိုကြွေးနိုင်သေးတယ်။ မတွေးမိတာက ယောက်ျား တွေရဲ့ ရင်သားဟာ ကုတင်သာသာ မကပါဘူး မိန်းမတွေအတွက် “အိမ်”ပါ။ ရင်ခွင်လို့တောင် တင်စားခေါ်ဝေါ်ကြသေးတာ။ တချို့လူတွေက အိမ်ကြီး ရခိုင်နဲ့နေချင်ကြတယ်။ တချို့ ကျတော့လဲ အိမ်တခုမှာ အဓိကအကျဆုံးက နွေးထွေးမှု လို့ဆိုကြပြန်တယ်။ တချို့ကကျတော့ အိမ်ဆိုတာ အဆင်ပြေဖို့ အရေးအကြီးဆုံးတဲ့ ပြန်ချင်တဲ့အချိန်ပြန်နိုင်တာပေါ့တဲ့။

ဒါကြောင့် အကျဉ်းချုပ်ရရင် ကြီးမာကျယ်ပြန့်တဲ့ ရင်သားဖြစ်ပစေ၊ သေးကွေးတဲ့ ရင်သား ကျဉ်းကျဉ်းလေးဖြစ်ပစေ၊ ကြွက်သားအပြည့်နဲ့ ရင်သားဖြစ်ပစေ၊ အမွှေးတွေနဲ့ ရင်သားဖြစ်ပစေ မိန်းမတယောက်အတွက်တော့ အိမ်ကောင်းကောင်းတလုံးဖြစ်နိုင်ပါတယ်ဆိုတာပါပဲ။ ကိုယ့်ရဲ့ အိမ်မှာ နေမယ့် အိမ် ပိုင်ရှင် မိန်းမတယောက်ကိုတွေ့ပြီဆိုပါမှ ယောက်ျားတွေ ရဲ့ ရင်သားဟာ အဓိပ္ပါယ်ပြည့်ဝလာတယ်။ အကျိုးရှိရှိ အသုံးကျလာတယ်။ တည်ရှိနေရတာ အဓိပ္ပါယ် ရှိလာ တယ်။ အဲ့လိုပဲ အမြဲ မတ်မတ်ရပ်နေဖို့လဲ ခွန်အားတွေရှိလာတယ်မဟုတ်လား…?

မှတ်ချက်။ ယောက်ျားတွေ ရဲ့ “ရင်သား” ကို “ရင်ဘတ်” လို့ခေါ်ပါတယ်။ “ရင်ခွင်” လို့လဲ တင်စား သုံးနှုန်းကြသေးတယ်။

A Chen
5:03 AM
1st September 2010
Wednesday
Home
Bangkok