Saturday, April 16, 2011

ဝက်ကုန်းဘောင် နဲ့ အချိုပွဲ

ဒီနေ့ အတွက် ချက်ကြ ပြုတ်ကြ တီချမ်း နဲ့ အစားအာဟာရ အစီအစဉ် အရ စာဘတ်သူတွေကို ချက်ကျွေးချင်တာကတော့ ဝက်ကုန်းဘောင်လေးပါတဲ့ကွယ် (အမှန်ကတော့ ကြက်ကုန်းဘောင် က ပိုပြီးတော့ မူလ ကျပါတယ်) တီတို့ကတော့ မောင်ကလဲကြက်သားမစားတာနဲ့ အိမ်မှာကလဲ ဝက်ပဲ အစားများတာဆိုတော့ ဝက်ပဲ ကုန်းဘောင် လိုက်ပါတယ်။ ချက်နည်းကလဲ အင်မတန်မှ လွယ်ကူမြန်ဆန် သက်သာ အရသာရှိ ဆိုတော့ တီ့ မိုတို နဲ့ လဲကိုက်တဲ့ အတွက် တီက အဲ့တာပဲ ပြင်ဆင်ချက်ပြုတ်လိုက်ပါတယ်နော်





ပထမဆုံး ကုန်းဘောင် ကြော်မယ့် ဝက်သား ကို အရင်နှပ်ရမယ် ပါမယ် ဝက်သားလေးတွေ ကို အနေတော် အတုံးလေးတွေ တုံးလိုက်ပါ။ ပြီးရင်တော့ ငရုတ်ကောင်းမှုန့်နည်းနည်း၊ ကော်မှုန့် နည်းနည်း (Tapioca powder) ၊ ပဲငံပြာရည် အနောက် နည်းနည်း၊ ဆားနည်းနည်းထည့်ပြီး နယ် ပြီး ခဏ နပ်ထားပေးပါ။ အသားမကပ်စေချင်ရင် နယ်တဲ့ အခါ ဆီ နည်းနည်းလေး ထည့်နယ်ပေးပါ။ ဘာလို့လဲဆိုတော့ ကော်မှုန့်ပါတော့ အသားတွေ ကပ်ကုန်မှာစိုးလို့ပါ။

ပြီးရင်တော့ ဘေးက ပုံ -၂- အတိုင်း ကြော်လှော်ရာမှာ ထည့်မယ် အမည်လေးတွေ ပြင်ဆင်လှီးချွတ်ထားပါမယ်။ ကြက်သွန်နီဥ ကို ၈ စိပ်ကွဲအောင် လှီးထားပါ။ ငရုတ်သီးခြောက် နည်းနည်းထည့်ပါမယ်။ ဂျင်း ကိုတော့ ပါးပါးလေး ဖြစ်နိုင်ရင် အချောင်းလေးတွေ တီ့ ပုံထဲမှာ ပြထားတဲ့ အတိုင်းလှီးပါ။ ပြီးရင်တော့ ကြက်သွန်ဖြူ ကိုဆီသတ်တဲ့အခါ မွှေးအောင် နှုတ်နှုတ်စင်းထားပါမယ် နော်။

တလက်စတည်း ပြောချင်တာက တရုတ်ရိုးရာဟင်းတွေက နေဆင်းသက်လာတဲ့ ကုန်းဘောင် ကို မူလ ဘူတ ကတော့ (ကုန်းဘောင်ကျီးသင်း) လို့ခေါ်ပါတယ် ကုန်း ဆိုတာကတော့ (နန်းတွင်) လို့ အဓိပပ္ဗါယ် ရပြီးတော့ ( ပေါဝ်) မြည်သံစွဲဘောင် ကတော့ (ရတနာ) လို့ အဓိပ္ဗါယ် ရပါတယ် အဲ့တော့ ကုန်းဘောင်ကျီးသင်း ဆိုတာ နန်းတွင်ရတနာပေါ့ ကြက်သား ဟင်းလျာပေါ့ တရုတ်တွေက ဟင်းကြော်တဲ့ အခါ ပြင်ဆင်တဲ့ အခါ ပွဲလှဖို့ အရောင်စုံအောင် လုပ်တတ်တဲ့ အတွက် ဒီ နန်းတွင်ရတနာ ကြက်သားဟင်းလျာ ကို ကြော်လှော်ချက်ပြုတ်တဲ့နေရာမှာ အဝါ အတွက် မျစ်နုလေးတွေ၊ ပြောင်းဖူးကလေးလေး (ဘေဘီကွန်)၊ ငရုတ်ပွအဝါ၊ ပန်းဂေါ်ဖီ နောက် အနီရောင်အတွက် မုန်လာဥနီ သို့ ခါကြက်ဥ ငရုတ်ပွ နီ နောက် အစိမ်းရောင်အတွက်ကတော့ ဘိုစားပဲ၊ ငရုတ်ပွ စိမ်း၊ ဘရိုကိုလီ စတာတွေထဲက ကြိုက်နှစ်သက်ရာ ထည့်ပါ။ အဲ့တာတွေ မှ မရှိသေးဘူးဆိုရင်တော့ ကြက်သွန်မိတ်လေးတွေ ထည့်ကြော်လဲရပါတယ်။ တရုတ်ဟင်းဆိုရင် စေ့ ရှန်း ဝိတ် ဆိုတဲ့ အချက် ၃ ချက်ပါရပါမယ်တဲ့ စေ့ ဆိုတာ က အရောင် ကိုပြောတာပါ ရှန်း က အနံ့ ကိုပြောတာဖြစ်ပြီးတော့ ဝိတ် ဆိုတာ က (ဝိတ်တက် အဲလေ) အရသာ ကို ပြောတာပါ။ အဲ့အချက် သုံးချက်ပါမှ ဟင်းလျာကောင်း လို့ သတ်မှတ်ပါတယ်တဲ့။ တီက တော့ ဟုတ်တာတွေ ကော မဟုတ်တာတွေ ကော ဖောလျော လိုက်ပြီနော် ချင့်ချိန်ပြီး ယုံသင့်တာကိုပဲ ယုံဖို့ က စာဘတ်သူ ကိစ္စ.....

တီကတော့ ခုနက ပြောတဲ့ အသီး အရွက်တွေ အကုန် မရှိတာရော မကြိုက်တာရော ကြောင့် ဘာမှ မထည့်ပါဘူး





ပြင်ဆင်တာတွေအကုန်ပြီးပြီဆိုရင်တော့ ကြော်ပါမယ် ပထမဆုံး ဆီပူမှာ ခုနက နယ်ပြီး နပ်ထားတဲ့ ဝက်သားတွေ ကို အရင် လုံး လိုက်ပါမယ် အသား ကိုပိုနူးညံ့ပြီး အရသာ ဝင်အောင် ပါ ပြီးရင်တော့ အရင်ဆယ်ပြီး ပုံမှာ ပြထားတဲ့ အတိုင်း ပန်းကန်တခုနဲ့ သပ်သပ်ဆယ်ထားပေးပါ





ပြီးရင်နောက် တဆင့် အနေနဲ့ ခုနက အိုးထဲမှာ ကျန်နေတဲ့ ဆီနဲ့ပဲ ငရုတ်သီး ခြောက်ကို အရင်ကြော်ပါမယ် မွှေးလာပြီဆိုရင်တော့ ကြက်သွန်နီ ဂျင်း ကြက်သွန်ဖြူတွေ အကုန် တခါတည်း ထည့်ကြော်ပါ ပုံမှာပြထားတဲ့ အတိုင်း ကြက်သွန်တွေ နွမ်းလာတဲ့အထိ ကြော်ပေးပါ





ပြီးရင်တော့ ပုံမှာပြထားတဲ့ အတိုင်း ခုနက လုံးထားတဲ့ ဝက်သားတွေ ကို ထည့်ကြော်ပါ ခဏလေး ကြော်ပေးပြီးရင် နောက်ဆုံးပုံထဲက အတိုင်း သကြား နည်းနည်း နဲ့ ခရုဆီ ထည့်လိုက်ပါ နှံ့အောင် မွှေ ပေးပြီး ခဏ နေရင် အိုးချလို့ ရပါပြီ....





ပြီးရင်တော့ ဆာဗ့် လုပ်မယ့် ပန်းကန်ထဲ ကိုလောင်းထည့်လိုက်ရင် ထမင်း ပူပူလေးနဲ့ လွေးစရာ တရုတ်နန်းတွင် ရတနာ ဟင်းလျာ ဝက်ကုန်းဘောင် ကို ရတော့တာပါပဲ





ဒါလေးတွေကတော့ တီ့ အိမ်နားက ဝယ်စားတဲ့ ယိုးဒယား အချိုပွဲလေးတွေပါ ကျောက်ကျော ရယ် ကောက်ညှင်း ရယ် ရွှေဖရုံသီး ကြက်ဥ ပူတင်း အစာသွတ်ရယ်ပါ စားလိုက်ကြပါအုံးနော်

A Chen
11:20 PM
Sunday
17th April 2011
Home
Bangkok

3 comments:

  1. အား .. အချိုပွဲတွေ ပိုကြိုက်တယ်ဗျ။

    ဂျူက ၀က်သားမစားတော့ ကြက်သားနဲ့ချက်ကြည့်ဦးမယ်။ တခါမှ ကြက်ကုန်းဘောင် မချက်ဖူးဘူး။ ကျေးစ်။

    ReplyDelete