Sunday, April 24, 2011

ရှမ်းရိုးရာ ဝက်သား နန့်ဖစ်အောဝ် (သို့) ရှမ်း ဝက်သား ခရမ်းချဉ်သီးချက်

ခုတလော ဟင်းတွေချည်းချက်နေတယ် လို့အပြစ်မတင်ကြပါနဲ့....သင်္ကြန် က အားရက်တွေ ရတာရယ် အမေရောက်နေတာရယ်နဲ့ပေါင်းပြီး ချက်ထားတာတွေ အကုန် ဓါတ်ပုံရိုက်ပြီး တင်ထားလို့ပါ အကုန်တင်ပြီးတော့ save လုပ်ထားခဲ့တယ် ကိုယ်ခရီးထွက်နေလဲ ဘယ်ရောက်ရောက် ကြုံရင် ကြုံသလိုတင်လို့ရတာပေါ့။

ခုတော့ တခါ ရှမ်းရိုးရာ နန့်ဖစ်အောဝ် လို့ခေါ်တဲ့ ခရမ်းချဉ်သီး ဝက်သား ပဲပုပ်ချက်ပေါ့။ အရမ်းအရသာရှိတယ် ဒီအတိုင်း ရိုးရိုး အရွက်တွေနဲ့ စားလဲရတယ် ထမင်းနဲ့စားလဲကောင်းတယ်။

.......အို..........ဘယ်လိုစားစား ကောင်းမှကောင်း.....အိုအိရှိပဲ....





ဒီပုံကတော့ မချက်ခင် ပြင်ဆင်နေတဲ့ အမေနဲ့သူ့သားမက် (မောင်) နဲ့ပါ။ တည့်ကြတယ် တွေ့လား။ ကြက်သွန်ဖြူ ခွာနေကြတာပါ။ တည့်လွန်းလို့ ခက်နေတယ် တခါတခါ ကိုယ်နဲ့မောင် ရန်ဖြစ်ရင် အမေက သူ့ သားမက်ဘက်ကပါတယ်။ ကိုယ့်အတွက် သိပ်ခက်တယ် အမှန်က သူတို့ မတည့်မှ ကိုယ့်အတွက် ကောင်း မှာ လေ။ ခုလောလောဆယ်တော့ အမေက ဂျွန်လ အထိနေမှာဆိုတော့ ကိုယ့်မှာ မောင်နဲ့အတူ မအိပ်ရဘဲယောက္ခမ နဲ့တထောင့်တည ဖြစ်နေတယ်.....





ဒါတွေကတော့ ချက်ပြုတ်ရန် ပြင်ဆင်ရာ အဆင့်ဆင့်ပေါ့နော်.....ခွာပြီးသားကြက်သွန်ဖြူတွေ နဲ့ ငရုတ်သီးတွေ ကိုရေဆေးပြီး စစ်ထားပါတယ်။ ဒုတိယ ပုံက ကြိတ်စက်ထဲထည့်ကြိတ်မယ့် ကြက်သွန်ဖြူ ငရုတ်သီစိမ်း နဲ့ပဲပုပ်ချပ်တို့ ပါ ပဲပုပ်ကို တချပ်ခွဲသုံးပါတယ်။ ဒီနေရာမှာ ငရုတ်သီးစိမ်း ကော ကြက်သွန်ဖြူကော ကပ်စေးမနဲ ပါနဲ့ ထည့်သာထည့်ပါ များလေ စားကောင်းလေပါပဲ.... အကုန်ရောပြီး ကြိတ်စက်ထဲထည့်ကြိတ်ထားပါ

နောက်ဆုံးပုံကတော့ ခရမ်းချဉ်သီးပါ သေးလေးတွေကလဲ ခရမ်းချဉ်သီးတွေပါပဲ ကိုင်းသီးခေါ်ပါတယ် မြန်မာပြည်မှာတော့ အလွယ်ရတယ် ဈေးထဲမှာ ကိုင်းသီးလို့မေးလိုက်ရင် ရတယ် ဒီမှာတော့ ပါရာဂွမ်မှာ သွားရှာတာတောင် ကိုယ်လိုချင်တာ သေချာမရဘူး...ပုံမှာ ပြထားတာပဲ ရခဲ့တယ် စိတ်ကြိုက်တော့ မဟုတ်ပေမယ့် ရှိတာလေးနဲ့ဖြစ်အောင်ချက်တတ်တာ တီချမ်းပဲပေါ့နော် ခရမ်းချဉ်သီး ဝက်သားချက်က ကိုင်းသီး နဲ့ မှ ကောင်းတာပါ သူက ပိုချဉ်တယ်လေ ......အရသာပိုရှိတာပေါ့.........





ဒါကတော့ ထည့်ချက်မယ့် ဝက်သားကြိတ်သားပါ။ ဘာမှ မနယ်ထားပါဘူး ဝယ်လာတဲ့ အတိုင်း ကြိတ်ပြီးသားပဲ။ ခရမ်းချဉ်သီးတွေကိုတော့ ပုံမှာ ပြထားသလို ပါးပါးလေးတွေ လှီးထားပါ။ နောက်ဆုံးပုံက နံနံပင် ကို သေးသေးလေး စိပ်စိပ်လေးတွေ လှီးထားတာပါ။ သူလဲနောက်ဆုံး အိုးချခါနီးကျရင် အုပ်ရပါမယ်။





အကုန်ပြင်ဆင်ထားပြီးပြီဆိုရင်တော့ စချက်ပါမယ်။ ဆီကို အိုးလေးထဲထည့်ပြီး အပူပေးပါမယ်။ ဆီပူလာပြီဆိုရင် ခုန က အကုန်ရောကြိတ်ထားတဲ့ ကြက်သွန်ဖြူ ငရုတ်သီးစိမ်း နဲ့ ပဲပုပ် ကို ဆီသတ်ပါမယ် မွှေးလာတဲ့ အထိ နည်းနည်းနွမ်းကုန်တဲ့အထိ ဆီသတ်ပေးပါ။ ရွှေရောင်လေးသန်းလာတဲ့အထိပေါ့နော်......(တီချမ်းက ဂရန်းဒ် (ဂီအာအေအန်ဒီ) ဆန်တဲ့အတွက် ဝါလာတဲ့အထိလို့ မသုံးပါဘူး ပိုပြီး ဟိုက်ဆို (အိတ်ခ်ျအိုင်အက်စ်အို) ဆန်အောင် ရွှေရောင်သန်းလာ တယ်လို့သုံးပါမယ်နော် အချေပေါ့အေတို့ရယ်)





နောက်တဆင့်အနေနဲ့ ခုန က ကြက်သွန်ဖြူ ငရုတ်သီးစိမ်း ပဲပုပ် ဆီသတ်တာမွှေးလာပြီဆိုရင် နနွင်းမှုန့် နဲ့ အရောင်တင်မှုန့်တွေ ထည့်ပါမယ် ခဏကြော်ပေးပါ ပြီးရင်တော့ ခုန က လှီးချွတ်ထားတဲ့ ခရမ်းချဉ်သီး ရိုးရိုးကော ကိုင်းသီး ကော ကို ထည့်ပါမယ် ပြီးရင် ခရမ်းချဉ်သီးတွေ နွမ်းလာတဲ့အထိ ဆက်ကြော်ပေးပါ။ သူက နည်းနည်းကြာကြာလေးကြော်ရပါတယ် ခရမ်းချဉ်သီး အခွံတွေပါ နွမ်းကုန်ပြီး အနှစ် လိုလိုဖြစ်လာတဲ့ အထိ ကြော်ပေးပါမယ်နော် ချိုချဉ်ပေါ့ ငံ မြည်းပြီး ဆား အချိုမှုန့် ထည့်ပါ......





ရပြီဆိုရင်နောက်တဆင့်အနေနဲ့ ခရမ်းချဉ်သီးအနှစ်တွေ အရသာမြည်းပြီးရင် ခုန က ဝက်သားကြိတ်သားတွေ ကိုထည့်ပါမယ် လိုအပ်ရင် ရေ နည်းနည်းထည့်နိုင်ပါတယ် ပြီးရင်အသားကျက်အောင် ကြော်ပေးပါ အချိုအငံအပေါ့ ကို ထပ်မြည်းပေးပါ လိုတိုး ပိုရေနည်းနည်းရောပါ ခဏလေးနေလို့ တခါ ထပ်ဆူပြီးပြီဆိုရင်တော့ ဆီပျံမပျံ နည်းနည်းကြည့် ရေ နည်းနည်းခမ်းပြီး ဆီပျံစပြုပြီဆိုရင်တော့ ချလို့ ရပါပြီ မီးပိတ်လိုက်ပြီးတော့ ခုနက ပါးပါးသေးသေးလေးတွေလှီးထားတဲ့ နံနံပင် ကို အုပ်လိုက်ပါ။ ဒယ်အိုးထဲ ခဏ ထားထားလိုက်ပါ။





ဒါကတော့ ရေသေချာဆေးကြောထားတဲ့ ဆလပ်ရွက်အကြွပ်ပါ။ ပန်းကန်ထဲကို ဒီလို ပုံထည့်ပြီးတော့ သခွားသီးလေးတွေနဲ့ ဆာဗ် လုပ်လို့ရပါပြီ။





ပြီးရင်တော့ ဆာဗ်လုပ်ဖို့အတွက် ခုန က အိုးထဲက ခရမ်းချဉ်သီး ဝက်သားချက် ရှမ်းရိုးရာ အခေါ် နန့်ဖစ်အောဝ် (ဝ သတ်ပါနော်) ကို တည်ခင်းကျွေးမွေးလို့ ရပါပြီနော်......သူက ခရမ်းချဉ်သီးနဲ့ချက်ထားတာ ဖြစ်တဲ့အတွက် အထားခံအောင် ပိုတာ တွေ ကို သပ်သပ်ဖယ်ပြီးတော့ ရေခဲသေတ္တာ (သိပ်မသစ်တော့) ထဲ ထည့်ထားပါမယ်။ ကုန်သလောက်ပဲ ပန်းကန်ထဲထည့်စားပါ။ သေချာ မသိမ်းရင်နောက်နေ့ အမြုပ်တွေ ထွက်လာပါလိမ့်မယ် အဲ့တာဆိုရင် ပစ်ရပြီပေါ့။

စားနည်းကတော့ ထမင်းပူပူနဲ့ နယ်ဖတ်စားလို့ရသလို ခုနက ပြတဲ့ အရွက်ထဲ ကို နည်းနည်းစီ ဇွန်းလေးနဲ့ ခပ်ထည့်ပြီးတော့ စားလဲရပါတယ် သခွားသီးလေးနဲ့ကလော်ပြီး စားလဲ ကောင်းပါတယ်

နောက်တမျိုးစားလို့ရသေးတဲ့ တနည်းက ခုနက ဆလပ်ရွက်ကြွပ်ကြွပ်ထဲ ကို ဆန်ပြားခေါက်ဆွဲအရွက် ကိုအနေတော် လေးတွေ လှီးထား ပြီးတော့ အုပ်ထည့်၊ ဆန်ပြား (ညှပ်ခေါက်ဆွဲဖတ်) မရှိရင်လဲ မုန့်တီဖတ်လေးတွေ ထည့်ပြီး ဝက်သားလေးတွေ ကလော်ထည့်ပြီး သွားရည်စာ အနေနဲ့ စားလို့ ရပါသေးတယ်။

ကြိုက်သလိုစား စားတဲ့သူမှန်သမျှကြိုက်တဲ့ တီချမ်း လက်ရာ ခရမ်းချဉ်သီး ဝက်သားချက်ပါပဲရှန်..........အို........ဘယ်လိုစားစား အိုအိရှိ ကောင်းမှကောင်း သိပ်ဟောက်ချိဇ် ပါပဲ.........

နောက်တိုး...
ပေါက် ကိုပြောရင်းနဲ့အမေ့ ကိုမေးကြည့်တော့ သက်သတ်လွတ် အနေနဲ့စားချင်ရင် ပဲပြား အသားတု စတာတွေနဲ့ ချက်ရင်လဲ ရပါတယ်တဲ့


A Chen
7:10 PM
23rd April 2011
Saturday
Home
Bangkok

39 comments:

  1. ဖတ်နေရင်းနဲ့တောင်စားချင်းလာပြီ တီချမ်းရေ။

    ReplyDelete
  2. Looks so so delicious. Am mouthwatering already. Thank you for sharing KAM.

    ReplyDelete
  3. တအားကြိုက်တာ ပဲပုပ်ကို။ ရှမ်းစာတွေဆို သိပ်ကြိုက်စ်စ်

    ReplyDelete
  4. ချက်ပါ.. ချက်ပါ.. ချက်နိုင်တော့လည်း ချက်ကြပေါ့လေ..
    (အမွှေပေါ့.. ဟီး)

    ReplyDelete
  5. စားချင်ယိုက်ထှာ................... :S

    ReplyDelete
  6. တီချမ်း ရေ

    ကျနော် လာဖတ်ပါတယ် လိုင်းမကောင်းလို့ မန့်မသွားရတာ ဝဲပေါက်တာ နဲ့ ဘလော့ဂ် တွေဖြုတ်ချထားလို့ အသစ်တက်မှန်း မသိတာပါ

    အခု ပဲပုတ် ဝက်သားချက်လေး စားချင်လိုက်တာ ချက်စားမယ် နောက်ပြီး ညှပ်ခေါက်ဆွဲ ဖတ်နဲ့ စားရင်လည်း ကောင်းမဲ့ပုံဘဲ

    ကျေးဇူး
    သြ ဒါနဲ့ မောင် ကလည်း တနေ့တခြားပိုပို ချော လာသလိုဘဲနော်

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  7. nice to read about your cooking. thanks

    ReplyDelete
  8. ကောင်းမယ်ဆိုတာသိပြီးသား တီလက်ရာကို

    ReplyDelete
  9. လုပ်စားကြည့်ဦးမယ် တီ...း)

    ReplyDelete
  10. စားချင်ရင်လာစားပေါ့ အင်ဗာတာရယ်

    အနောနိမတ်စ် က မဝင်းလား?

    ဒေါ်ရီတာ စလုံးမှာကော ပဲပုပ်ဝယ်ရလား ချက်ကြည့်လေ လွယ်တယ်

    ချက်တယ် သူသူရေ သိပ်သိပ်သိပ်ချက်.......စ်

    စားချင်လာစားပေါ့ ခရေတွန်.....

    ဦးရွှေဇင် က ယောက်ျားကြီး မဟုတ်ဘူးလားဘယ့်နှယ့် ....သူများ အမျိုးသားကို........

    နောက် အနောနိမတ်စ် ၂ နဲ့ ၃ လာဘတ်တာကျေးဇုးပါ သေချာတာပေါ့ တီ့လက်ရာဆို ကောင်းပြီးသား အိုအိရှိ

    လုပ်ကြည့် ပီအိုနီ....ဖြစ်ရင် ပြန်လာပြော မဖြစ်ရင်လဲ လာပြော...

    ReplyDelete
  11. စားချင်စရာလေး..။
    မလောက်ငမှာစိုးလို့ ငေးပြီးပြန်သွားတယ်.။
    တရက်လောက် သတ်သတ်လွတ်ချက်ကြည့်ပါအုန်းမယ်။
    ကျေးဇူးကမ္ဘာပါ..။


    ပေါက် =Pauk

    ReplyDelete
  12. ဒေါ်ပေါက်ရေ သတ်သတ်လွတ်ချက်ရင် ပဲပြားနဲ့ အစားထိုးပြီးချက်ကြည့် မိုက်ဒလယ်

    ReplyDelete
  13. ပဲပုပ်ကြိုက်တော့စားကောင်းမှာသေချာတယ်။

    ReplyDelete
  14. ဒီနေ့ ပဲ ချက်စားပြီးဘီ ကောင်းလိုက်တာ ..

    ReplyDelete
  15. iora ကောင်းတာတော့ သေချာတာပေါ့ တီချက်တာပဲ

    ဗစ် မိုက်တယ်နော်....ဆလပ်ရွက်နဲ့ထုပ်စားသေးလား မိသစ်ကိုကော ကျွေးသေးလား

    မနံတာ...သားမက် နဲ့ယောက္ခမ က တည့်နေကြတယ်လေ မီး ဂွမ်းတာပေါ့

    ReplyDelete
  16. အန်တီချမ်းရေ ဒီဟင်းကရှယ်ပဲ
    ပဲပုပ်ရှာပြီးချက်ပစ်ပလိုက်ဦးမယ်
    :))))

    ReplyDelete
  17. သေချာတာပေါ့ ကျော်နှင်းဆီလွင် ရေ...အံမလေး ရှည်ထှာ..

    ReplyDelete
  18. တီချမ်း အိမ်မှာ ပဲပုပ်လည်းရှိ၊ ပဲပုပ်အမှုန့်လည်း ရှိပါ့။ အမက ရှမ်းသေလို့ ဝင်စားတာလို့ ကိုယ့်ဘာသာ ဇွတ်လုပ်ထားတာလေ။
    အဲဒါမျိုး ချက်ဖူးတယ်တော့်၊ ဝက်သားကြိတ်ထားတာနဲ့တော့ မဟုတ်ဘူးပေါ့။ ဝက်သား သုံးထပ်သားနဲ့ ချက်စားတာ။ ခု တီချမ်း ချက်ထားတာလည်း စား ကောင်းမဲ့ပုံ။ သားမက်နဲ့ ယောက္ခမတည့်တော့ ညည်း စိတ်ချမ်းသာရတာပေါ့အေ....:)

    ReplyDelete
  19. မထင်နဲ့ဒေါ်ချစ်ရေ
    တည့်လွန်းတော့လဲ မကောင်းဘူး ရှင့်
    နောက် ကို ရှမ်းစာတွေ တင်ပေးအုံးမယ် ရှမ်းခေါက်ဆွဲချက်တာ ရှိသေးတယ် ကျိုင်းတုံနည်း ပုံတွေရိုက်ပြီး သား မတင်ရသေးတာ နောက်နေ့ပေါ့နော်

    ReplyDelete
  20. စားချင်ဒယ်ဒီဒီချမ်းရယ်.. ဟင်း.. ဟင်း..

    ReplyDelete
  21. လာလေ လာလေ ကိုကိုတင်ဇာအေး ရဲ့ နောက်နေ့ ကျရင် ကျိုင်းတုံ ရှမ်းခေါက်ဆွဲ ချက်မယ်

    ReplyDelete
  22. I like shan food.Your curry make me hungry at late late night.Hummmm....delicious:P BTW ur mg looks handsome...:)
    Gyidaw

    ReplyDelete
  23. အင်း အနောနိမတ်စ်တွေကို ဘယ်လိုလုပ်ရပါ့ ဂျီးဒေါ် ကတော့ ဖြိုးမှလား

    ReplyDelete
  24. ဆလပ်ရွက်နဲ့ ထုပ်စားလိုက်တာ သတိရတော့မှ ဆလပ်ရွက်တထုတ်လုံးနီးပါးစားပစ်လိုက်တယ်ဆိုတာ သိတော့တယ် ဟိ

    ReplyDelete
  25. ဒီလိုကောင်းတာ မှလား မမဗစ်......
    ဆန်ပြား (ညှပ်ခေါက်ဆွဲ ရွက်လေး) ကို ဆလပ်ရွက်ထဲမှာ ထည့်ပြီးမှာ ကလော်စားရင် ပိုတောင်ကောင်းသေး.......

    ReplyDelete
  26. Thank for the receipe. ချက်စားကြည့်မယ်။း)

    ReplyDelete
  27. NO,no,no,,,,,,,,,This Gyidaw who asked for montloneyepaw is from Geneva,SWITZERLAND,One of your regular readers.I don't leave comment sometime cos of rush time .....OK........:)

    ReplyDelete
  28. no,no,no,This Gyidaw who asked for montloneyepaw is from Geneva,SWITZERLAND.I often visited your blog.I don't leave comment sometimes cos of rush.
    Have a good time with ur mom n mg......:)

    ReplyDelete
  29. ဟုတ်ပါပြီ ကြီးတော်ရယ် အဲ့တာကြောင့် အနောနိမတ်စ်တွေကို နာမည်နဲ့ရေးဖို့ပြောတာ

    ReplyDelete
  30. I cooked according to ur recipe & tried with shan noodle. very tasty but forgot to put corriander leave :). I'll try again this weekend.
    Thanks T Chan. love to read your cooking style.
    WD

    ReplyDelete
  31. WD means Wendy. You don't know me. Chose 'Anonymous' as I don't know which one to choose. I like to read your writing style especially cooking recipe.
    WD

    ReplyDelete
  32. တီချမ်းဘလော့ဂ်ကို နေ့တိုင်းလာလည်ပီး သားရေကျကျပြန်ရတယ်ကွယ်

    ReplyDelete
  33. တီချမ်းရဲ့ ဘလော့လေးကိုအခုမှတွေ့လို့ အခုပဲလာလည်သွားပါတယ်..
    အစားအသောက်အားလုံးကိုအရမ်းကြိုက်ပြီး သရေကျသွားတယ်..
    အရမ်းကိုအရသာရှိပြီး စားလို့တော်တော်ကောင်းမှာ..
    တီချမ်းတင်သမျှလေးတွေလည်း ဖတ်ချင်လို့ mail submit လုပ်ခဲ့တယ်..
    ကျေးဇူးနော်..
    :)

    ReplyDelete
  34. ခင်ယမုံရေ

    အီးမေး စပ်မစ် လုပ်တာ ရမရပြန်ပြောပေးပါကွယ်

    ReplyDelete
    Replies
    1. Confirmed တဲ့ တီချမ်းရေ..
      တီချမ်း ချက်သမျှ ရေးသမျှတွေအကုန်လုံးကို နည်းယူဖို့ ဖတ်ဖို့စောင့်နေမယ်နော်..
      တီချမ်းစာလေးတွေဖတ်ရတာ ပျော်ဖို့ကောင်းတယ်..
      စိတ်ချမ်းသာတယ်..
      တီချမ်းလည်း စိတ်ချမ်းသာကိုယ်ကျန်းမာနဲ့ အရာအားလုံးပြည့်စုံပျော်ရွှင်ပါစေ...

      Delete
    2. ခင်ယမုံ ရတယ်ဆိုရင် တီ့ ဒီအီးမေးလ် ကို ဖော်ဝပ်ပေးပါလား

      တီစမ်းတာ မရလို့ဘယ်လိုပုံ နဲပ လာလဲ ကြည့်ချင်တယ်
      ပုံတွေကော ကြည့်လို့ ရလား အီးမေးလ်မှာ

      chenaddy@gmail.com

      Delete
  35. ပုံတွေပို့သေးလားတီချမ်း..
    အခုထိတော့ဘာမှမမြင်ရဘူး..
    confirmed လို့တော့ပြောတာပဲ..စစ်ကြည့်ပေးနော်..
    ဖတ်လို့ရအောင်လည်းလုပ်ပေးနော်..
    yamone13@googlemail.com နဲ့ တီချမ်းကို forward လုပ်ထားတယ်..
    ကျေးဇူးတီချမ်း

    ReplyDelete