Friday, April 29, 2011

သက်သက်လွတ် ပဲကြာဇံကြော် နဲ့ ယိုးဒယား ပဲကြာဇံ သုပ်

ဒီတခါတော့ အပြောင်းအလဲ ကလေးဖြစ်အောင် သက်သတ်လွတ်ပဲကြာဇံ ကြော် နဲ့ ယိုးဒယား ပဲကြာဇံ သုပ် ကိုတင်ပေးမယ်နော်။ တလောက အသားတွေ ချည်းချက်စားနေတော့ အီလာပြီ။ အအီပြေပေါ့။





ပဲကြာဇံ ကို ရေနွေးနဲ့ပြုတ်ပြီး ရေအေးစိမ် စစ်ထားပါ။ ပဲကြာဇံ နော် ကြော်စားတဲ့ ဆန်ကြာဇံ မဟုတ်။ ပဲဟင်းထဲထည့်တာ ကြာဇံချက် ချက်တာမျိုးနော်။ Glass Noodle လို့ ခေါ်တယ် vermicelli မဟုတ်။ မမှားပါစေနဲ့နော် ကြော်ရတာ အရမ်းလွယ်ပါတယ် ကိုယ်ကြိုက်တဲ့ အသီး အရွက်လေးတွေကို လှီး ပြီး ရေဆေးထားအုံးနော် တီကတော့ အလွယ်ပဲ ရှိတဲ့ ဂေါ်ဖီထုပ် နဲ့ ဟိုတလောက ဝက်သား နန့်ဖစ်အောဝ် တုံးက ကျန်တဲ့ ဆလပ်တွေ ကို ထည့်ဖို့ ကြံတယ်





ဆီပူ အိုးနဲ့ငရုတ်သီး ခြောက် ကို နည်းနည်း အရင်ထည့်ကြော်ပါ အနံလေးမွှေးနေအောင်ဖြစ်ပါတယ် ပြီးရင်တော့ ဂေါ်ဖီတွေ ကြော် ဆား အချိုမှုန့် ထည့် ပဲငဲပြာရည် နည်းနည်း ထည့် ပြီးတော့ မှ ခုန က စိမ်ထားတဲ့ ကြာဇံ ကိုထည့် ခဏ ကြော်လိုက်ရင် ရပါပြီ ကြိုက်တတ်ရင် အသား၊ ကြက်ဝက်။ ကြက်သွန်ဖြူ နီ တွေ လဲ ထည့်ကြော် လို့ ရပါတယ် အရောင် လှချင်ရင် အရွက်တွေ ကို အရောင်ပါတာရွေးထည့်ပေါ့ ဥနီ တို့ မုန်ညှင်း တို့ ဘရိုကိုလီ တို့ ဘေဘီကောန်း တို့





ကဲ ဒါဆိုရင်တော့ မြန်ကောင်း သက်သာ လွယ်ကူ အရသာရှိပါပဲ သက်သတ်လွတ် ပဲ ကြာဇံ ကြော် တပွဲ ရပါပြီ ထမင်း နဲ့စားစား သူ့အတိုင်း စားစား အိုအိရှိပါပဲနော်
တီကတော့ ရိုးရိုးလေးပဲ အိမ်က လက်ကျန် အကုန်ဖြတ်တာ ဆိုတော့ သက်သက်လွတ် ဖြစ်သွားတယ်
မြည်းကြည့်ကြပါအုံးနော်


နောက်တမျိုးကတော့ ဒီမှာ ယမ်းဝန်းဆင့် လို့ ခေါ်တဲ့ ပဲကြာဇံ ယိုးဒယားစတိုင်လ် သုပ်ပါ သူက တော့ အသုပ်ဖြစ်တဲ့အတွက် ကြိုတင်ပြင်ဆင်ရတာတွေကပဲ ပိုများပါတယ် ကြည့်ကြည့်ရအောင်နော်





ပထမဆုံးကတော့ ပုစွန်ခြောက် သေးသေးလေးတွေ ကို ရေနွေးဖျော် လိုက်ပါတယ် ပြီးတော့ ရေစစ်ထားပါ နောက်ဝက်သား တောက်တောက်စင်း (တီကတော့ စင်းပြီးသားပဲ ဝယ်လိုက်တယ် အလွယ်) ကို ရေစပ်စပ်လေးနဲ့ ကြော်လိုက်ပါ ပုံ ၂ ကိုကြည့် နောက် ပုံ ၃ ကတော့ အစာပလာ ပြင်တာပါ ပန်းရောင်လေးတွေက ဝက်သားချဉ်ချောင်း ကိုချေထားတာပါ ဘေးက သံပရာသီး နောက် ခုန က ရေစပ်စပ်နဲ့ ကြော်ထားတဲ့ ဝက်သား တောက်တောက်စင်း ကြက်သွန်နီ ပါးပါးလှီး နဲ့ ငရုတ်သီးစိမ်း ပါးပါးလှီး အလယ်က မြေပဲလှော် အခွံချွတ်ထားတာ





ပြုတ်ပြီး ရေစစ်ထားတဲ့ ပဲကြာဇံတွေကို နယ်မဲ့ ဇလုံထဲ ထည့်ပါ ကြက်သွန်နီ နဲ့ ငရုတ်သီးစိမ်းတွေ ထည့်ပါ အစာပလာ တွေထည့်ပါ ဆား အချိုမှုန့် သကြားနည်းနည်း (အရသာလေးအောင်ပါ) ပြီးတော့ ပုစွန် ငံပြာရည် နည်းနည်း ထည့်ပါနော် သံပရာသီး စိပ်တွေ ကို ညှစ်ထည့်ပြီး နယ်လိုက်ရင် အရသာရှိတဲ့ ပဲကြာဇံ သုပ်တပွဲ ရတာပေါ့ လွယ်မှလွယ် မြန်မှမြန် ကောင်းမှကောင်း ပဲနော်.......





ဒါကတော့ ဆာဗ် လုပ်ခါနီးမှာ အသင့်လှော်ထားတဲ့ မြေပဲ တွေ ကိုထည့်လိုက်တာပါ နယ်တဲ့ ထဲ ထည့်မနယ်ပါဘူးနော် ပျော့ ကုန်မှာစိုးလို့ပါ





ပြီးရင်တော့ အချိုတည်းစရာ ပိန္နဲသီး စေ့ပြုတ် ဆီ နဲ့ ဆားလေးနဲ့ တို့ စားလိုက်ရင် စိမ့်နေတာပေါ့ တီချမ်း က အိမ်လည်လာတာ အစေ့ ကြီးပဲ ကျွေးတယ် မပြောပါနဲ့ အသီးလေးလဲ စားပါ အမွှာလိုက် ခွာပြီးသားတွေ ဝယ်လာတာ

A Chen
4:54 PM
29th April 2011
Friday
Bangkok

5 comments:

  1. အမယ်လေးဗျ ချက် ချက်နိုင်လွန်း ကျနော် အကြိုက်ဆုံးဗျ
    ချက်နိုင်ကြပါစေ စားနိုင်ကြပါစေ ဗျာ ပါရမီကောင်းကြတာကိုး

    ReplyDelete
  2. သူ့ဟာတွေကလည်း ဖြူစုတ်စုတ်နဲ့တော် ငြုတ်သီးမှုန့်လည်း မပါဘူး၊ ဒီက အစပ်မှ ကြိုက်တာ။ ပိန္နဲသီး အိမ်မာကိုတော့ ကြိုက်စ်....:))

    ReplyDelete
  3. ချက်လွန်း လို့ ချက်ကြီးလို့တောင် နာမည်ပြောင်းမလားလို့ပဲ ရွှေဇင်ဦး ရေ

    အံမယ် ဒေါ်ချစ် ဖြူဖတ်ဖြူရော်ကလဲ ကရော်ကမည် မဟုတ် ကောင်းနေတာပါနော်

    ဟုတ်ဒလယ် ဗစ်ရေ

    ReplyDelete
  4. ယန်ဝူစင်းကိုး။ ထမင်းနဲထင်နေတာ မြေပဲနိုင်းချင်းနဲ့ဆိုတော့။

    ReplyDelete