Friday, April 29, 2011

လရောင်လမ်း နှင့် အခင်းဖြစ်ပွားခြင်း

မောင်တေဇာ (လရောင်လမ်း) ရဲ့ စာတွေကို သွားသွားဘတ်နေကြပါ။ တခါတခါ တော်တော်သဘောကျတာ တွေ့ရင် ကါန်မန့် ရေးတတ်ပါတယ်။ ခုလဲကါန်မန့် ရေးတဲ့ထဲက တခု အတော် သဘောကျလို့ ပြန်ရှယ် ချင်ပါတယ်။ အော်ရီဂျင်နယ် က ဒီမှာပါ


အခင်းဖြစ်ပွားမှု (Phenomenological)



အဲလိုပဲ ဖြစ်သွားတယ်
ကဲ့ရဲ့ဖို့မဟုတ်၊ ချီးမြှောက်ဖို့မဟုတ်
သေချာတာက အဲလိုပဲ တကယ်ဖြစ်သွားတယ်
အဲဒီဖြစ်စဉ်အတိုင်း ကျွန်တော်လိုက်သွားကြည့်မယ်
အနည်းဆုံး မဆုံးသေးတဲ့အထိ။

Phenomenological

It just happens.
Worthy of neither polemics nor compliments.
The fact is that it really happens.
I will follow the phenomenon,
At least, until it ends.

တေဇာ (လရောင်လမ်း)

7 comments:



Addy Chen said...

မောင်တေဇာ နောက်ဆုံး အကြောင်း က မြန်မာလို နဲ့အီး လို ကွန်ထရာဒစ်နေလားလို့



အင်္ဂလိပ်လိုမှာတော့ ပြဿနာမရှိဘူးထင်တယ် တီချမ်း။ မြန်မာလိုကို `ဘာသာပြန်ဖတ်´ ဖတ်တဲ့အခါကျတော့ နည်းနည်းလေး ပြောရင် ပြောစရာဖြစ်နေတယ်။ အဲဒါက `အနည်းဆုံး မဆုံးမချင်း´ လို့မသုံးဘဲ၊ `အနည်းဆုံး မဆုံးသေးတဲ့အထိ´ လို့ သုံးလိုက်လို့လည်း ဖြစ်မယ်။

ဥပမာ-
I read the poem until its end.
ဒီကဗျာကို မဆုံးမချင်း (Negative) ဖတ်တယ်၊ (ဒါမှမဟုတ်)
ဒီကဗျာကို ဆုံးတဲ့အထိ/တိုင်အောင် (Positive) ဖတ်တယ်။

မြန်မာဘာသာကို ဖလှယ်တဲ့အခါမှာ `မဆုံးမချင်း´ လို့ Negative နဲ့ပြန်ပြန်၊ `ဆုံးတဲ့အထိ´လို့ Positive နဲ့ ပြန်ပြန်၊ အဓိပ္ပာယ် တူတူပဲ ဖြစ်နေတယ်။ မဆုံးမချင်းဖတ်ဖတ်၊ ဆုံးတဲ့အထိ/တိုင်အောင်ဖတ်ဖတ် ကဗျာတစ်ပုဒ်လုံးပြီးအောင် ဖတ်လိုက်တာချင်း တူတယ်။

နောက်ထပ်ဥပမာတစ်ခုပြောရရင်
He held the power until his death. ကို မြန်မာဘာသာပြန်မယ်ဆိုရင်
သူဟာ အာဏာကို မသေမချင်း ဆုပ်ကိုင်ခဲ့တယ်။
(ဒါမှမဟုတ်)
သူဟာ အာဏာကို သေတဲ့အထိ/တိုင်အောင် ဆုပ်ကိုင်ခဲ့တယ်။
(ဒါမှမဟုတ် ကျွန်တော် ကဗျာမှာသုံးထားသလို)
သူဟာ အာဏာကို မသေသေးတဲ့အထိ ဆုပ်ကိုင်ခဲ့တယ်။

မြန်မာလိုမှာ Positive/Negative ကွဲနေပေမယ့် `အနက်´မှာ အတူတူချည်းပဲ ဖြစ်နေတယ်။

You don't know what you can achieve until you try.
ဒီလိုဝါကျမျိုးကျတော့ `မကြိုးစားသေးတဲ့အထိ´ (ဒါမှမဟုတ်) `မကြိုးစားမချင်း´ လို့ Negative နဲ့ မြန်မာလို ဖလှယ်မှပဲ အဆင်ပြေတာကို တွေ့ရတယ်။ အဲဒါက ရှေ့မှာ Negative (don't know) ပါနေလို့ဖြစ်လိမ့်မယ်။

ကဗျာက Present Continuous ကိုတော့ will ပြောင်းလိုက်တယ်ဗျာ။ အမြင်မတော်တာရှိရင် နည်းနည်းထောက်ပါ တီချမ်း၊ ကျွန်တော်လည်း သိသလောက်နဲ့ လျှောက်ရေးတယ်။း)


Addy Chen said...

ဟုတ်ကဲ့ ပေါက်ပြီ ကိုကိုတေဇာ ပြောတာကောင်းတယ်

အမှန်က မဆုံးမချင်း လို့ပြန်ရင် ပိုဘတ်ရတာ ချောမှာ

မသေသေးတဲ့ အထိ နဲ့ မသေမချင်း ဘတ်ရတာ ကွာသလိုပေါ့ အသုံးကွာတယ် ထင်တာပဲ

နောက် အက်တစ်ပက်စစ် လေနော် အီး အသုံးမှာက

ဥပမာ English စစ်တွေ ဆိုရင် i cut my hair လို့ မှ မရေးတာ
i had my hair cut ဆိုမှ သဒ္ဒါ အရမှန်မယ်လေ အခုနောက်ပိုင်း တော့ တီတို့ ပတ်ဝန်းကျင်မှာ က အမေရိကန် အီး အပျက်တွေ ပဲ သုံးတာများနေတာလဲပါတယ် ခုနောက်ပိုင်းပိုဆိုးတယ် အမေရိကန် ရုပ်ရှင်တွေမှာ အမဲကောင်တွေက စကားပြောရင် he don't she don't တွေ တောင်လာတယ်
မောင်တေဇာ ကဗျာ တိုတွေမှာ အစကတည်း အီး ကို သဒ္ဒါ မှန်အောင် သုံးတာတွေအတွေ့များတယ် အဖေ့ ဆီက ရတာထင်တယ်

အခုဟာကတော့ ခုန က ပြောသလို မောင်ရင့် စကားလုံး အသုံးအနှုန်းရွေးချယ်မှုပေါ့ မဆုံးမချင်း လို့ မောင်ရင် သုံးရင် မဆုံးသေးတဲ့ အထိ ထက် ပိုလှမယ် လို့ ကိုယ်ကထင်တယ်

ဒါက ဘတ်သူဘက်က ခံစားချက် (တခါတခါ စာဘတ်သူက အသိဥာဏ် ရှိတယ် သူစာဘတ်ကျေတယ် လို့ သူ့ကိုယ်သူ ထင်တဲ့ အခါ စာရေးသူ ကို စမ်းတာ တော့မဟုတ်ဘူး စာရေးသူ ကဗျာရေးသူ ရဲ့ လွတ်လပ်ခွင့် ကိုထိပါးတတ်တယ် ကိုယ်လို လူတွေအဖြစ်များတယ် အမှန်ကတော့ မောင်တေဇာ ရေးတာ ကောင်းတယ် ကြည့်တဲ့ ခံစားတဲ့တဲ့ ထောင့်မတူတာပါ)

မနေနိုင်မထိုင်နိုင် တတ်သလောက် မှတ်သမျှ ပြန်ဆွေးနွေးကြည့်တယ်

ကြည့်လိုက် ဒီနေရာမှာ တတ်သလောက် မှတ်သလောက် လို့ ပဲ သုံးရင် ရတယ် ကိုယ်က မှတ်သမျှ လို့ကွန့်သုံးတယ်

ပြန်ဆွေးနွေးကြည့်တယ် လို့ ပညာရှိချင်ယောင်ဆောင် (ဟန်ဆောင်) ပြီး ရေးသေးတယ်



ကျေးဇူး တီချမ်းး)


Addy Chen said...

mg tay zar if u agree i would like to post this comments at my blog
including ur poem of course with ur link stated.

only if u agree
i think this is a good conversation and i think it will benefits some people at least, see i am being proud again...



Why not? T chan. I agree. :)


Addy Chen said...

အိုကေ နော် အဲ့တာဆို လုပ်ချလိုက်တော့မယ်

2 comments:

  1. ကျနော့်လဲ မတောက်တခတ်လေး အခင်းသွား အဲ့..ပွားခွင့်ပေးပါ တီချမ်း
    မြန်မာလို အဓိပ္ပာယ် ဆိုလိုရင်းတူပေမဲ့ အလေးအပေါ့ အတိမ်အနက်(emphasis)တော့ ကွာမယ်လို့ထင်ပါတယ် ဒါကလဲ တီချမ်းတို့ ကျနော်တို့လို စာဖတ်ကျေချင် ယောင်ဆောင်တတ်ကြတဲ့ ပျဉ်ညာယှိများသာ နားလည်ကြမှာပါနော့်...:P :P

    ReplyDelete
  2. ပြောတာကောင်းတယ် ခင်မေအေး

    ReplyDelete